Nyi Nyi Aung ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Nyi Nyi Aung, สถานปฏิบัติธรรม, Bangkok.

ဗုဒ္ဓံသရဏံဂစ္ဆာမိ☸
ဓမ္မံသရဏံဂစ္ဆာမိ☸
သံဃာသရဏံဂစ္ဆာမိ☸
🙏🙏🙏🙏🙏
ကိုယ်နာသော်လည်း မိမိ စိတ်ကို မနာရလေအောင်နေဖို့ရာ ဓမ္မကိုအဖော်ပြုနိုင်ကြပါစေ ကြည်နူးချမ်းမြေ့စွာ တရားတွေ့နိုင်ကြပါစေခဗျာ🙏🙏🙏🙏🙏

08/02/2026

Ashin Nandamãlãbhivamsa - အရှင်နန္ဒမာလာဘိဝံသ

ပါမောက္ခချုပ်ဆရာတော်ဓမ္မမှတ်စု #ပါမောက္ခချုပ်ဆရာတော်ဓမ္မမှတ်စုmoment

02/02/2026

🙏🙏🙏သစ္စာရွှေစည် တရားတော်များ Thitsarshwesi #သစ္စာရွှေစည်ဆရာတော်ဘုရားကြီးသစ္စာရွှေစည်ဆရာတော်ဘုရားကြီး #တရားတော်များ ပါမောက္ခချုပ်ဆရာတော်ဓမ္မမှတ်စု☸☸☸

အရှင်သာရိပုတ္တရာပရိနိဗ္ဗာန်စံတော့ အရှင်အာနန္ဒာကမြတ်စွာဘုရားကို လျှောက်တယ်- "အရှင်ဘုရား , အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံသ...
02/02/2026

အရှင်သာရိပုတ္တရာပရိနိဗ္ဗာန်စံတော့ အရှင်အာနန္ဒာကမြတ်စွာဘုရားကို လျှောက်တယ်-

"အရှင်ဘုရား , အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံသွားပြီကြားတော့ စိတ်မကောင်းဖြစ်လိုက်တာ။

အရှေ့ အနောက် တောင် မြောက် အရပ်မျက်နှာတွေတောင် မသိအောင်
ဖြစ်နေပါတယ်ဘုရား။

တရားဓမ္မတွေလည်း
တပည့်တော်စိတ်ထဲ ပေါ်မလာတော့ဘူး။

တရားနှလုံးသွင်းလို့လည်း မရဘူး ဖြစ်နေပါတယ်ဘုရား" တဲ့။

သောတာပန်ပုဂ္ဂိုလ်ပေမယ့် စိတ်ဆင်းရဲမှုတွေ ဖြစ်နေတယ်။

"အဲ့ဒီလိုကြားရတော့ တပည့်တော်မှာအင်မတန်မှ စိတ်ဆင်းရဲမှုတွေ ဖြစ်ရပါတယ်ဘုရား" တဲ့။

မြတ်စွာဘုရားက
လမ်းကြောင်းဖြောင့်ပေးတဲ့အနေနဲ့

"နေပါဦး အာနန္ဒာ
ရှင်သာရိပုတ္တရာ ပျံလွန်တဲ့အခါ မင်းဆီက သီလတွေ ပညာတွေ ပါသွားလို့လား?" တဲ့။

"အဲ့ဒီလိုတော့ ပါမသွားပါဘူး"တဲ့။

"ရှင်သာရိပုတ္တရာမထေရ်မြတ်က ဆုံးမတတ်တယ်။

တရားဓမ္မတွေ ဟောတတ်တယ်။ ပညာရှိတယ်။

သူဟောပြောမယ့် တရားဓမ္မကို နာရမယ့်
အခွင့်အရေး ဆုံးရှုံးသွားလို့ပါဘုရား"တဲ့။

"အာနန္ဒာ သင်္ခါရတရားဆိုတာ ဘယ်ဟာမှ မမြဲဘူး။

ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာ။

ပုဂ္ဂိုလ်ကို အားမကိုးနဲ့။
ပုဂ္ဂိုလ်ကို အားကိုးရင် ထိုပုဂ္ဂိုလ်က မကြာခင်ဘဲ ပျောက်ဆုံးသွားတတ်တယ်။

ထိုအခါ အားကိုးစရာ မရှိတော့ဘူး။"

မြတ်စွာဘုရားက
"အတ္တာဟိ အတ္တနော နာထော- မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာ"တဲ့။

ကိုယ်ကျင့်သုံးထားတဲ့ တရားဓမ္မသည်သာလျှင်
ကိုယ့်ရဲ့ကိုးကွယ်ရာ။

ပုဂ္ဂိုလ်ဆိုတာ တကယ်အားဖြင့် ကိုးကွယ်ရာ မဟုတ်ဘူးတဲ့, အကူအညီလောက်သာ ရတာ။

မြတ်စွာဘုရားဟောတဲ့ ဂါထာအပြည့်အစုံက

"အတ္တာဟိ အတ္တနော နာထော, ကောဟိ နာထော ပရောသိယာ

မိမိသာလျှင် မိမိရဲ့ကိုးကွယ်ရာ ဖြစ်တယ်,
မိမိမှတစ်ပါး တစ်ခြားပုဂ္ဂိုလ်သည် ကိုးကွယ်ရာ ဘယ်မှာ ဖြစ်နိူင်ပါ့မလဲ။ မဖြစ်နိူင်ဘူး။"

ဘာဖြစ်လို့ မဖြစ်နိူင်တာလဲဆိုရင် ကိုယ်ကိုယ်တိုင် မလုပ်ဘဲနဲ့ ,
ကိုယ့်ကိုယ်ကိုယ် မဆုံးမဘဲနဲ့ ပေးလို့ကမ်းလို့ရတယ်ဆိုတာ မရှိနိူင်ဘူး။

ကိုယ်ကိုယ်တိုင်ကျင့်သုံးမှ, ကိုယ့်စိတ်ထဲမှာ ဖြစ်အောင်လုပ်မှ ဖြစ်နိူင်တယ်။

ထာဝရအားကိုးရမယ့် အရာဟာ ကိုယ့်ရဲ့တရားပဲ။

ဟုတ်တယ်လေ ကိုယ့်ရဲ့တရားကသာ ကိုယ်နဲ့ အမြဲရှိနေမှာ, ဒီ့ပြင်အရာဟာ ကိုယ်နဲ့ အမြဲမရှိနိူင်ဘူး။

မိဘတွေက သားသမီးတွေကို အားကိုးရမယ်ထင်နေတာ။

သူတို့အလုပ်အကိုင်နှင့်သူတို့ တခြားရောက်နေရင် အားကိုးလို့ ရမှာမဟုတ်ဘူး။

မိတ်ဆွေတွေဆိုရင်လည်း သူတို့အလုပ်အကိုင်နှင့်သူတို့။
ကိုယ်လည်း ကိုယ့်အလုပ်အကိုင်နှင့်ကိုယ်။
ကိုယ်အားထားရာဆိုတာ ကိုယ့်ရဲ့တရားသာလျှင် ဖြစ်တယ်။

ဘဝခရီးကို ဖြတ်သန်းသွားရာမှာ ကိုယ်နဲ့အတူရှိနေမယ့် အရာက တရားသာ ဖြစ်တယ်။

ဒါ့ကြောင့် အားကိုးမှု မလွဲစေဖို့ လောကအမြင်နဲ့မတူတဲ့ အမြင်တစ်ခုကို ဟောတာ။

အတ္တာဟိ အတ္တနော နာထော, ကောဟိ နာထော ပရောသိယာ၊
အတ်တနာ ဟိ သုဒန်တနေ, နာထံ လဘတိ ဒုလလှဘံ။

"အတ္တာဟိ- မိမိကိုယ်တိုင်သာလျှင်
အတ္တနော- မိမိရဲ့
နာထော- ကိုးကွယ်ရာအားထားရာ ဖြစ်ပေတော့သည်" အဲ့ဒီလို စိတ်ထဲ မှတ်ထား။

ဒီကြားထဲ
သားအားကိုးရမလား သမီးအားကိုးရမလား
ဆွေမျိုးအားကိုးရမလား သွားမတွေးနဲ့။

အားကိုးမှားရင်တော့
တကယ့်အချက်ကျ
ဘယ်သူမှ မကယ်နိုင်ဘူး။

"အတ်တနာ ဟိ သုဒန်တနေ-
မိမိကိုယ်တိုင် မိမိ ဆုံးမ၍ တရားဓမ္မကို ကျင့်သုံးနိူင်ခြင်းဖြင့်
နာထံ- တကယ့်အားကိုး အားထားရာဖြစ်တဲ့ တရားထူးတရားမြတ်ကို
လဘတိ- ရနိူင်ကြပေ၏" လို့ မြတ်စွာဘုရား ဟောတော်မူခဲ့ပါတယ်။

ကိုယ့်ကိုယ်ကိုယ်အားထားဆိုတာ ဓမ္မကို အားထားရမှာကို ဆိုလိုတာ။

အားကိုးရာအစစ်က ကိုယ့်သန္တာန်မှာ ရှိတာ,
အပြင်မှာ မရှာနဲ့လို့ပြောတာ။

"ကိုယ့်ကိုယ်ကိုယ် အားထားရမှာ ကိုယ့်ကိုယ်ကိုယ် ဆုံးမရမှာ" လို့ ပြောတာ။

သူများကို ဆုံးမရတာလွယ်တယ်, ကိုယ့်ကိုယ်ကိုယ်ဆုံးမရတာကျ ခက်တယ်။

အတ္တာဟိ ကိရ ဒုဒ္ဒမော-
ကိုယ့်ကိုယ်ကိုယ်ဆုံးမရတာ ခက်တယ်။

မိဘတွေက သားသမီးတွေကို ဆုံးမကြတယ်။

လူကြီးသူမတွေက လူငယ်တွေကို ဆုံးမကြတယ်။

သူတစ်ပါးကို ဆုံးမရတာ လွယ်တယ်။

ကိုယ့်ကိုယ်ကိုယ် ဆုံးမရတာ ခက်တယ်။

အဲ့ဒီလို ကိုယ့်ကိုယ်ကိုယ် ဆုံးမလို့ ကိုယ်တိုင်ယဉ်ကျေးသွားပြီဆိုတော့မှ
အားကိုးရာအစစ်ကို တွေ့မှာ။

ကိုယ့်ကိုယ်ကိုယ်မဆုံးမနိူင်ရင် အားကိုးရာအစစ်ကို မရနိုင်ဘူးတဲ့။

ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်ကြီး

လေးစားရသောမူရင်ရသားသူခင်များ
ယခု page မှာ ထပ်မံရှယ်ခွင့်ပြုပါလို့
ခွင့်တောင်းပါရစေ🙏🙏🙏🙏🙏

#မူရင်းရေးသားပူဇော်သူအားဂါဝရပြုကူးယူမျှဝေပူဇော်ပါသည် #မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည

02/02/2026

သစ္စာရွှေစည် တရားတော်များ Thitsarshwesi #သစ္စာရွှေစည်ဆရာတော်ဘုရားကြီး #အရှင်ဉတ္တမ #တရားတော်များ ပါမောက္ခချုပ်ဆရာတော်ဓမ္မမှတ်စု

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Nyi Nyi Aungผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์