Tarot By Moe MaKha 🃏 Trust the cards. Trust your path. Trust yourself. Welcome to the beginning of something meaningful.

Pick A Pile အတိတ်က နာကျင်မှုတွေပြီးရင် သင့်ထံ ရောက်ရှိလာမယ့် အချစ်သစ်နဲ့ မျှော်လင့်ချက် 🔮စိတ်ကို လုံးဝ အနားပေးပြီး အသက်က...
25/07/2026

Pick A Pile

အတိတ်က နာကျင်မှုတွေပြီးရင် သင့်ထံ ရောက်ရှိလာမယ့် အချစ်သစ်နဲ့ မျှော်လင့်ချက် 🔮

စိတ်ကို လုံးဝ အနားပေးပြီး အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ် လုပ်လိုက်ပါ။ သင် ဆန္ဒရှိရင် မျက်လုံးကို မှိတ်ပြီး သင့်ကို အဆွဲဆောင်ဆုံး ပုံလေးဆီသို့ သင့်ရဲ့ စိတ်က အလိုလို လမ်းညွှန်သွားပါစေ။ သင့်ရဲ့ အနာဂတ်ဟာ သင့်ကို စကားပြောဖို့ စောင့်နေပါတယ်။

PAGE ကို LIKE AND FOLLOW လေး လုပ်ပေးသွားကြပါအုံး
ရွေးထားတာလေးတွေ မန့်ပေးသွားပါအုံး ခဗျ

တစ်ခုသတိပေးချင်တာကလေ 𝓰𝓮𝓷𝓮𝓻𝓪𝓵 𝓻𝓮𝓪𝓭𝓲𝓷𝓰 မလို့ ကိုယ်နဲ့မကိုက်ညီတာမျိုးရှိတတ်ပါတယ်

ကိုယ်နဲ့ 𝓔𝓷𝓮𝓻𝓰𝔂 ကိုက်ရင် 𝓹𝓸𝓼𝓽ကို 𝓵𝓲𝓴𝓮 & 𝓼𝓱𝓪𝓻𝓮 လုပ်ဖို့မမေ့နဲ့နော်

တားရော့ မေးမယ်ဆိုရင်တော့

ရရှိနိုင်တဲ့ updated Package လေးတွေပါ

https://web.facebook.com/share/p/1BcuQzGXJ5/

Standard Reading တွေက 48 နာရီအတွင်း အဖြေလေးတွေ ပို့ပေးပါတယ်ဗျ

Urgent Reading လေးတွေကတော့ 3 နာရီအတွင်း အဖြေလေးတွေ ပို့ပေးပါတယ်

Cb မှာစာပို့မရရင် Telegram username () ဆက်သွယ်လို့ရပါတယ်ခဗျ

My Socials 📩
🌐 Facebook:
https://web.facebook.com/profile.php?id=61575631083176
🎥 YouTube:
https://www.youtube.com/channel/UChwKCZIhsB0BZ6rqg1_FKow
📸 Instagram:
https://www.instagram.com/tarot_by_moemakha
🎵 TikTok:
https://www.tiktok.com/
🍋 Lemon8:
https://s.lemon8-app.com/al/GgQdpZfYMf
ပိုမိုတိကျတဲ့ Personal မေးခွန်း မေးမြန်းလိုပါက သက်ဆိုင်ရာ Page CB or Tele or Whatapp သို့ လာရောက် မေးမြန်းနိုင်ပါတယ် ခဗျ။ 💗
တားရော့ မေးမယ်ဆိုရင်တော့
ရရှိနိုင်တဲ့ updated Package လေးတွေပါ
https://www.facebook.com/share/p/1BJxwpkuRW/
send Message to CB
or
Tele -
or
Whatapp - +66943143185







#တားရော့
#တားရော့ဗေဒင်
#ဗေဒင်

ဂုဏ်ယူပါတယ်! 🌟သင် ရွှေရောင်လိပ်ပြာလေးကို အမှတ်မထင် တွေ့ရှိခဲ့ပြီမို့ ဒီကံကောင်းခြင်းလေးကို သိမ်းဆည်းထားလိုက်ပါ။ နောက် ၃ ...
25/07/2026

ဂုဏ်ယူပါတယ်! 🌟

သင် ရွှေရောင်လိပ်ပြာလေးကို အမှတ်မထင် တွေ့ရှိခဲ့ပြီမို့ ဒီကံကောင်းခြင်းလေးကို သိမ်းဆည်းထားလိုက်ပါ။ နောက် ၃ နာရီအတွင်း သင့်ဆီ ပျော်ရွှင်စရာ သတင်းကောင်းတစ်ခု မုချရောက်လာတော့မှာပါ

ကောင်းကျိုး လိုရာဆန္ဒပြည့်ဝပါပြီ

゚viralシ

Leo season မှာ အချစ်ရေးကံကောင်းမယ် zodiac sign များLeo season (ဇူလိုင် ၂၃ မှ ဩဂုတ် ၂၂ ဝန်းကျင်) မှာ ဗဟိုပြုမယ့် စွမ်းအင်...
25/07/2026

Leo season မှာ အချစ်ရေးကံကောင်းမယ် zodiac sign များ

Leo season (ဇူလိုင် ၂၃ မှ ဩဂုတ် ၂၂ ဝန်းကျင်) မှာ ဗဟိုပြုမယ့် စွမ်းအင်တွေဟာ ရဲရင့်ခြင်း၊ တောက်ပခြင်း၊ ချစ်ခြင်းမေတ္တာနဲ့ ဖန်တီးနိုင်စွမ်းတွေကို ပိုမိုအားကောင်းစေပါတယ်။

​ဒီ Leo season အတွင်း အချစ်ရေးနှလုံးသားရေးရာမှာ ကံဇာတာ အတောက်ပဆုံးနဲ့ အလှပဆုံး ဖြစ်လာမယ့် Zodiac Sign (၃) ခု ကတော့

​၁. Leo
​
​လူလွတ်များအနေဖြင့် သင့်ရဲ့ မွေးနေ့ရာသီဖြစ်တာကြောင့် ဆွဲဆောင်မှု (Charisma) အပြည့်နဲ့ ဝင်းပနေမှာပါ။ ဘယ်သွားသွား လူတွေရဲ့ အာရုံစိုက်မှုကို ရရှိနေမှာဖြစ်ပြီး သင့်ကို သဘောကျစိတ်ဝင်စားမယ့်သူတွေ ဝိုင်းဝိုင်းလည်နေပါလိမ့်မယ်။

​စုံတွဲများအ‌ေနဖြင့် အချစ်ရေးမှာ ပိုမိုနက်ရှိုင်းတဲ့ ချိတ်ဆက်မှု ရရှိနိုင်ပြီး ချစ်သူရဲ့ အလေးပေး ဂရုစိုက်မှုကို အပြည့်အဝ ခံစားရပါလိမ့်မယ်။

​၂. Aries
​
​လူလွတ်များအနေဖြင့် Leo ဆိုတဲ့ မီးဓာတ် (Fire Sign) ရဲ့ စွမ်းအင်ဟာ Aries တွေရဲ့ ရာသီခွင် ၅ ခုမြောက်အိမ် (5th House of Romance & Passion) ကို လှုံ့ဆော်ပေးတာကြောင့် အချစ်ရေးမှာ ရင်ခုန်စရာတွေ၊ တပ်မက်စရာအချစ်တွေကို ဆွဲဆောင်နိုင်မှာပါ။
​စုံတွဲများအနေဖြင့် အချစ်ရေးမှာ ပျင်းရိစရာမလိုဘေး ခရီးတိုလေးတွေ သွားရတာ၊ သမီးရည်းစားဘဝအစတုန်းကလို ရင်ခုန်သစ်လွင်တဲ့ ခံစားချက်တွေကို ပြန်လည်ရရှိပါလိမ့်မယ်။

​၃. Sagittarius (ဓနုရာသီဖွား)
​
​လူလွတ်များအနေဖြင် အမြင်တူ၊ အတွေးတူ မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံရဖို့ အခွင့်အလမ်းများပါတယ်။ ခရီးသွားရင်းဖြစ်စေ၊ လေ့လာသင်ယူမှုဆိုင်ရာ ပတ်ဝန်းကျင်တွေမှာဖြစ်စေ သင့်အတွက် ရင်ခုန်စရာ ချစ်သူနတ်ဆိုးနဲ့ ဆုံတွေ့နိုင်ပါတယ်။
​စုံတွဲများအနေဖြင့် ချစ်သူနဲ့အတူ ပန်းတိုင်အသစ်တွေ မူဝါဒအသစ်တွေကို တိုင်ပင်ဆွေးနွေးရာမှာ ပိုမိုနားလည်မှုရရှိပြီး အချစ်ရေး ပိုမိုခိုင်မာလာပါလိမ့်မယ်။

゚viralシfypシ゚ ​
​
​
​
​
​
​
​

​

🍀🔮 Fire Signs (Leo, Aries, Sagittarius) တွေအတွက် အဓိက ကံကောင်းမယ့် ရာသီဖြစ်သလို၊ Air Sign ရာသီဖွားတွေဖြစ်ကြတဲ့ Gemini နဲ့ Libra တို့အတွက်လည်း ဒီ Leo season မှာ မိတ်ဆွေအပေါင်းအသင်းများကြားမှ အချစ်စစ်ကို ရှာတွေ့နိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရရှိနိုင်ပါတယ်။

24/07/2026

ဒီနေ့ကပ်လှုခဲ့တဲ့ပွဲတွေပဲဖြစ်ပါတယ် ဆုတောင်းတွေ ပြည့်ကြပါစေ မယ်တောါရင်ငွေ့လှုံထားတဲ့ပွဲများပဲဖြစ်လို ဆုတောင်းတွေပြည့်ပါပြီ သီးသန့်ပွဲကပ်ဖို့ အဆင်မပြေတဲ့ ၇ရက် ၈နေ့နံသားသမီးများအတွက်လဲ တပွဲသီးသန့်ကပ်လှုပေးဖြစ်ခဲ့ပါတယ် အားလုံးပဲ ဆန္ဒတွေပြည့်ပါပြီ

ဒီတခါ ​♏ Scorpio  တွေရဲ့ Dark side ဘက်ကိုသွားကြည့်လိုက်ရအောင် Dark Side ဆိုတဲ့အတိုင်းနဲနဲတော့ စပ်ပါလိမ့်မယ် 😂​♏ Scorpio ...
24/07/2026

ဒီတခါ ​♏ Scorpio တွေရဲ့ Dark side ဘက်ကိုသွားကြည့်လိုက်ရအောင်

Dark Side ဆိုတဲ့အတိုင်းနဲနဲတော့ စပ်ပါလိမ့်မယ် 😂

​♏ Scorpio

​ကိုယ်စားပြုသော Tarot ကတ်များ

Death,
The Devil,
Queen of Cups,
King of Swords

​အစမှာတော့ Scorpio တွေက ကမ္ဘာပေါ်မှာ စိတ်ဝင်စားဖို့ အကောင်းဆုံး၊ ဆွဲဆောင်မှု အရှိဆုံး လျှို့ဝှက်သည်းဖို လူသားကြီးတွေလိုပဲ ထင်ရတတ်တယ်။
Mysterious ဖြစ်တယ်။
စူးရှတယ်။
ကိုယ့်အပေါ်မှာ အရူးအမူး စိတ်ဝင်စားပြတတ်တယ်။
သူတို့နဲ့ရှိရင် ကမ္ဘာပေါ်မှာ တခြားဘယ်သူ့ကိုမှ မမြင်တော့ဘဲ အချစ်ကြီးပြီး သစ္စာရှိလွန်းတဲ့ လူတစ်ယောက်ကို ပိုင်ဆိုင်လိုက်ရသလိုမျိုး ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့် ရတတ်တယ်။

​သူတို့နဲ့ရှိရင် ကိုယ်က သူ့ရဲ့ စကြဝဠာတစ်ခုလုံး၊ သူ့ရဲ့ တစ်ဦးတည်းသော အသက်သက်သက်လို ခံစားရတတ်တယ်။
ဒါပေမယ့် အဲ့ဒီ အချစ်ကြီးမှုတွေက တကယ်တော့ “မင်းရဲ့ စိတ်ဝိညာဉ်ကအစ ငါပိုင်ရမယ်၊ ငါ့ကို ဘာမှ ဖုံးကွယ်လို့မရဘူး” ဆိုတဲ့ ဘုရင်ခံချုပ်ကိုင်မှု (Obsession) ဖြစ်နေတတ်တာ အဆိုးဆုံးပဲ။ သူက ကိုယ့်ကို ရိုးရိုးသားသား ချစ်နေတာမဟုတ်ဘူး သူ့စိတ်ကြိုက်ကစားမယ့် သားကောင်လို သဘောထားနေတာ 🤭
​Scorpio တွေက Trust issues (လူမယုံတတ်တဲ့စိတ်) အရမ်းကြီးပြီး သံသယစိတ် ပြင်းထန်တယ်။
ဒါပေမယ့် relationship မှာ “ငါကလွဲရင် ဘယ်သူ့ကိုမှ မကြည့်ရဘူး” ဆိုတဲ့ ချုပ်ချယ်မှုက တစ်ခါတလေ တစ်ဖက်လူကို ထောင်ကျနေသလိုမျိုး အသက်ရှူကျပ်စေတဲ့ အဆိပ်အတောက် ဖြစ်သွားတတ်တယ်။
​ကိုယ်က သူ့ရဲ့ အစစ်အမှန် နှလုံးသားပိုင်ရှင်လို့ ထင်နေချိန်မှာ
သူကတော့ ကိုယ့်ရဲ့အားနည်းချက် မှန်သမျှကို စုံစမ်းထောက်လှမ်းပြီး သူ့လက်ခုပ်ထဲကရေလို လုပ်ဖို့ ပြင်ဆင်နေတတ်တယ်။
​Scorpio တွေက confrontation ကို မကြောက်ဘူး။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းထက် ကွယ်ရာကနေ အကွက်ချပြီး တိုက်ခိုက်တတ်တယ်။
ဒါကြောင့် စိတ်ခုသွားရင်လည်း ချက်ချင်းအဆင်ပြေအောင်မလုပ်ဘူး။
မကျေနပ်ရင် စိတ်ထဲမှတ်ထားပြီး Mind games (ဉာဏ်ဆင်ကစားတာ) တွေ လုပ်တယ်။
စိတ်ကုန်သွားရင်လည်း ကိုယ့်ဘက်က သေလုမတတ် နာကျင်အောင် စကားလုံးတွေနဲ့ တိတ်တဆိတ် ထိုးနှက်တယ်။
​သူတို့ရဲ့ “ငါက သစ္စာရှိလွန်းလို့၊ ချစ်လွန်းလို့ပါ” ဆိုတဲ့ attitude က နောက်ဆုံးမှာ လူကို ပိုပြီး စိတ်မလုံခြုံမှုတွေ ဝင်လာစေတတ်တယ်။
​သေတ္တုချတဲ့အထိ မင်းတစ်ယောက်တည်းကိုပဲ ချစ်သွားမယ်လို့ အလေးအနက် ကတိတွေ ပေးထားတယ်။
Future plan တွေ၊ သွေးသစ္စာတွေလို လေးနက်ခိုင်မာစွာ ပြောထားတယ်။
Attention တွေ၊ စိတ်ခံစားချက်တွေကို အချိန်ပြည့်၊ အတိုင်းအဆမရှိ ပုံအောပေးထားတယ်။
ဒါပေမယ့် ကိုယ့်ဘက်က သူ့ကို တစ်ချက်လေး သံသယဝင်အောင် လုပ်မိတာနဲ့၊ ဒါမှမဟုတ် သူ့ရဲ့ စည်းကမ်းကို ကျော်မိတာနဲ့ suddenly toxic and manipulative (ချက်ချင်း ဉာဏ်ဆင်ချုပ်ကိုင်) ဖြစ်သွားတတ်တယ်။
​Scorpio တွေက သူတို့ကိုယ်သူတို့ အမြဲတမ်း Victim (အနစ်နာခံ သစ္စာရှိသူ) လို့ပဲ မြင်ချင်ကြလို့ Villain ဖြစ်နေတာကို အသိအမှတ်မပြုကြဘူး။
ဒါပေမယ့် အဲ့ဒီ အမှောင်ဘက်ခြမ်းကို သွားထိမိတဲ့အခါ အဆိုးဆုံး damage ကို ရက်ရက်စက်စက် ပေးသွားတတ်တယ်။
​ဘာလို့လဲဆိုတော့
သူတို့က “ငါတို့ လမ်းခွဲရအောင်” လို့ တည့်တည့်မပြောဘဲ
“မင်းက ငါ့ရဲ့ သစ္စာတရားနဲ့ မတန်ဘူး”
“မင်းက ငါ့ကို ဒဏ်ရာတွေ ပေးခဲ့တာ”
“ငါ မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”
ဆိုပြီး အတိတ်က ကိစ္စတွေကို အစဖော်၊ ကလဲ့စားချေ (Revenge) ပြီး relationship ကို ကမောက်ကမ ဖြစ်အောင် လုပ်တတ်လို့။
​Scorpio တွေက power and control addict (အာဏာနဲ့ ထိန်းချုပ်မှုကို အလွန်အမင်း စွဲလမ်းသူ) တွေ ဖြစ်တတ်တယ်။
အခြေအနေအားလုံးက သူတို့လက်ခုပ်ထဲမှာ ရှိနေတာကို ကြိုက်တယ်။
တစ်ဖက်လူက သူတို့မရှိရင် မဖြစ်တော့ဘဲ ဒူးထောက်လာတာကို ကြိုက်တယ်။
ဒါကြောင့် ချစ်စိတ် ကုန်နေတဲ့ relationship ကိုတောင် ကလဲ့စားချေချင်တဲ့စိတ်၊ နှိပ်စက်ချင်တဲ့စိတ်နဲ့ အပြတ်မဖြတ်ဘဲ အရသာပြေ ဆွဲထားတတ်ကြတယ်။
​သူတို့ရဲ့ problem က —
သူတို့ကိုယ်တိုင် မတည်ငြိမ်တဲ့ သံသယစိတ်တွေကို တစ်ဖက်လူအပေါ် ပုံချပြီး စိတ်ဆင်းရဲအောင် လုပ်တာ။ မင်းသားအမှောင် တွေလေ။
​ဒီနေ့ “မင်းက ငါ့ရဲ့ အသက်ပဲ” လို့ ပြောပြီး
နောက်နေ့ကျ ကိုယ်က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောတာကို မြင်ရင် “မင်းက ငါ့ကို သစ္စာဖောက်တာ” ဆိုပြီး ရက်ပေါင်းများစွာ သွေးအေးအေးနဲ့ ပစ်ထားတတ်တယ်။
​လူတွေကို hurt လုပ်နေတာကို ကောင်းကောင်းသိရုံတင်မကဘူး၊ တစ်ဖက်လူ နာကျင်နေတာကို ကြည့်ပြီး သူတို့ရဲ့ အတ္တကို အစာကျွေးတတ်ကြတယ်။
အဲ့ဒီ ရက်စက်တတ်တဲ့ စရိုက်ကပဲ တခြားသူအတွက် ကြီးမားတဲ့ trauma ဖြစ်လာတတ်တာ။
​The Devil / King of Swords shadow ဝင်လာတဲ့ Scorpio တွေကတော့ ပိုဆိုးတယ်။
အစက ပေးခဲ့တဲ့ နက်ရှိုင်းတဲ့ အချစ်တွေ အကုန်ပျောက်ကွယ်သွားပြီး ရုတ်တရက် ရန်သူတစ်ယောက်လို သွေးအေးရက်စက်ပြတတ်တယ်။
​မနေ့ကထိ ကိုယ့်ကို ဖက်ထားတဲ့သူက
ဒီနေ့ ချက်ချင်း ကိုယ့်ရဲ့ အားနည်းချက် မှန်သမျှကို ဓားလိုသုံးပြီး ရက်ရက်စက်စက် ပြောတယ်။
စာပို့ရင် Seen စားပြီး လုံးဝဥပေက္ခာပြုတယ်။
ကိုယ်က ဘယ်လောက်ပဲ တောင်းပန် တောင်းပန်၊ ပိုပြီး အနင်းခြေပြတယ်။
ဒါပေမယ့် “ပြတ်မယ်” လို့တော့ တိတိကျကျ မပြောဘဲ ကိုယ့်ကို စိတ်ရောဂါရအောင် နှိပ်စက်တယ်။
​အဲ့တော့ ပတ်သက်မိတဲ့သူက
“ငါ တကယ်ပဲ သူ့အပေါ် အမှားကြီးမှားသွားတာလား”
“သူ့ရဲ့ အမုန်းတွေအောက်ကနေ ငါဘယ်လို ရုန်းထွက်ရမလဲ”
ဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အကုန်ပျောက်ဆုံးပြီး Psycho ဝင်လာရတယ်။
​Scorpio တွေက မသိမသာ ရက်စက်တာ မဟုတ်ဘူး။ လူကို သတ်ပစ်မတတ် ရက်စက်တာ။
ဒါပေမယ့် သူ့ရဲ့ ကလဲ့စားချေတတ်တဲ့ အငြိုးကြီးလွန်းတဲ့ လုပ်ရပ်တွေက တစ်ခါတလေ သာမန်လမ်းခွဲတာထက်တောင် ပိုပြီး စိတ်ဒဏ်ရာ အကြီးကြီး ရတတ်တယ်။
​သူတို့က absolute loyalty (အကြွင်းမဲ့သစ္စာ) ကို အရမ်းလိုချင်လွန်းလို့ တစ်ဖက်လူရဲ့ လွတ်လပ်ခွင့်ကို ဖျက်ဆီးတတ်တယ်။
ကိုယ့်ကိုယ်ကို ဒဏ်ရာမရချင်လွန်းလို့ တစ်ဖက်လူကို အရင်ဆုံး နာကျင်အောင် လုပ်တတ်တယ်။
နောက်ဆုံးမှာတော့ အချစ်ကြီးပါတယ်ဆိုတဲ့သူက လူတိုင်းကို စိတ်ဒဏ်ရာတွေ ပေးခဲ့ပြီး ကိုယ်တိုင်လည်း “ငါပဲ အမြဲ သစ္စာဖောက်ခံရတယ်” ဆိုပြီး အမုန်းတရားတွေနဲ့ victim လို ပြန်ခံစားနေတတ်တာ Scorpio တွေပါပဲ။
​သူ့ကြောင့် ဘဝကြီးတစ်ခုလုံး ပြာကျသွားတာကို သူကတော့ သူပဲ စိတ်နာရပါတယ်ဆိုပြီး အေးစက်စက်နဲ့ ထွက်သွားတာ။
​ပျော့ပျော့လေးမဟုတ်ဘဲအဆိပ်ပြင်းပြင်းနဲ့တုပ်တတ်တဲ့ ကင်းမြီးကောက် တွေပါ။
​အစမှာ intense (ပြင်းထန်ဆွဲဆောင်မှုရှိ) ဖြစ်တယ်။
နောက်ပိုင်းမှာ possessive (အပိုင်စီးချုပ်ကိုင်) ဖြစ်တယ်။
နောက်ဆုံးမှာတော့ emotional damage အကြီးဆုံးပေးပြီး “မင်းက ငါ့အချစ်နဲ့ မတန်ပါဘူး” ဆိုတဲ့ အငြိုးအတေးအပြည့်မျက်နှာ နဲ့ ထွက်သွားတတ်တဲ့ sign တွေပါဘဲ ဗျာ။
​Scorpio တွေ မမှားဘူး။
အချစ်ကြီးပါတယ်ဆိုတဲ့ အဆိပ်တွင်းထဲ ကိုယ့်သဘောနဲ့ကိုယ် ခုန်ဆင်းမိတဲ့ ငါတို့မှားတာ 😩😤😤

Aries, Ta**us, Gemini, cancer, Leo, Virgo, Libra တွေရဲ့ dark side တွေတော့ရေးပီး တင်ပိးသွားပါပြီခဗျ ( page မှာ ရှာဖတ်နိုင်) ကျန်တဲ့ ရာသီခွင်တွေအတွက်လဲ အလှည့်ကျ ရေးပေးသွားပါမယ်ခဗျ
゚viralシfypシ゚

ဒီနေ့မယ်တော်ဆီ ပွဲကပ်သွားမှာဖြစ်ပါတယ်ပွဲကြီးစရင်းတွေ ပိတ်ပါပြီပွဲသေး အရေအတွက် ပွဲ 10 ပွဲ ရပါသေးတယ်ဒီနေ့ညနေ ၆နာရီဝန်ကျင်လ...
24/07/2026

ဒီနေ့မယ်တော်ဆီ ပွဲကပ်သွားမှာဖြစ်ပါတယ်
ပွဲကြီးစရင်းတွေ ပိတ်ပါပြီ
ပွဲသေး အရေအတွက် ပွဲ 10 ပွဲ ရပါသေးတယ်
ဒီနေ့ညနေ ၆နာရီဝန်ကျင်လောက် ပွဲကပ်မှာဖြစ်ပါတယ်
Live လွင့်ပေးမှာပါ
ပွဲပုံတွေလည်းတစ်ယောက်ချင်းစီ ည၉နာရီနောက်ပိုင်း ပွဲပုံတွေပို့ပေးပါမယ်
ပွဲကပ်ချင်ရင် Cb မှာလာပြောပေးပါခဗျ
Cb မှာစာပို့မရရင် Telegram username () ဆက်သွယ်လို့ရပါတယ်ခဗျ

17 ရက်နေ့က ကပ်လှုခဲ့တဲ့ ပွဲများပဲ ဖြစ်ပါတယ်

24 ရက်နေ့ မနက်ဖန်မှာလဲ မယ်တော်ဆီ ပွဲကပ်သွားမှာဖြစ်ပါတယ်
မယ်တော်ကိုပန်းပွဲလှူဒါန်းချင်ရင် Cb မှာလာပြောပေးပါနော်
ကြာပန်းပွဲကြီး က ခုည၁၀နာရီ ပွဲစရင်းလေးပိတ်ပါ့မယ်

​ပွဲကပ်လှူသည့်နေ့တွင်လည်း အဝေးရောက်သူများ ဖူးမြော်ကြည်ညိုရင်း ဆုတောင်းနိုင်စေရန် Live လွှင့်၍ ဆုတောင်းပေးသွားပါမည်။

ပွဲသီးသန့်ကပ်လှုဖို့အခက်အခဲရှိသူများအတွက်လဲ ၇ရက်၈နေ့နံသားသမီးများအတွက် စုပေါင်းပွဲ ကပ်လှုပေးပါ့မယ်ခဗျ

မယ်တော်၏ စောင့်ရှောက်မှုဖြင့် စိတ်အကြံ၊ အဓိဌာန်များ အောင်မြင်ပြည်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ 🙏

ပွဲဈေးနှုန်းများကို cb မှာလာစုံစမ်းလို့ရပါကြောင်း

မှတ်ချက် - (ဘတ်၂၀ တန် လမ်းဘေးပွဲများ လက်ခံပေးမည်မဟုတ်ပါ standard ပွဲ VIP ပွဲများနှင့် ကြာပန်း အပွင့် ၅၀/၇၀/၁၀၈ ပွင့်ပွဲများသာရရှိနိုင်ပါတယ်)

ပွဲကပ်ပီးပါကလဲ ဆုတောင်းကတ်များပါသော ပွဲပုံတပုံချင်းစီ ကပ်လှုသူများထံ အရင်လိုပြန်ပို့ပေးသွားပါ့မယ်ခဗျ။

သူများကိစ္စ ဝင်ပါမိတော့မလို ဖြစ်တိုင်း ဒါလေးကို ရင်ထဲမှာ အမြဲသတိရပေးပါ 🌿​ကျနော်တို့ မျက်စိနဲ့ မြင်တွေ့နေရတဲ့ အရာတိုင်းဟာ...
24/07/2026

သူများကိစ္စ ဝင်ပါမိတော့မလို ဖြစ်တိုင်း ဒါလေးကို ရင်ထဲမှာ အမြဲသတိရပေးပါ 🌿

​ကျနော်တို့ မျက်စိနဲ့ မြင်တွေ့နေရတဲ့ အရာတိုင်းဟာ ရာနှုန်းပြည့် အမှန်မဟုတ်သလို၊ ရာနှုန်းပြည့်လည်း အမှား မဟုတ်ပါဘူး။ ကျတော်တို့တို့ မသိနိုင်သေးတဲ့၊ လေးနက်တဲ့ နောက်ကွယ်က နောက်ကြောင်းတွေ အများကြီး ရှိနေတတ်ပါတယ်။

​ကိုယ့်မိသားစု၊ ကိုယ့်ဘဝမှာတောင်မှ အမြဲတမ်း အမှန်တရားအတိုင်း သွားနေတာ မဟုတ်ပါဘူး။ ကိုယ့်ကိစ္စမို့လို့သာ မှန်ချင်ယောင် ဆောင်ပြီး မြိုသိပ်ထားကြရတာတွေ ရှိတာပဲမဟုတ်လား။

​ဒါကြောင့် သူများကိစ္စကို ဝင်ရောက်ဝေဖန်တော့မယ်၊ ပြောဆိုတော့မယ်ဆိုရင်

"ငါ့ဘဝ၊ ငါ့ကိစ္စကိုရော ငါသေချာ ကြည့်ပြီးပြီလား" ဆိုတာလေးကို အရင်ဆုံး ပြန်ဆန်းစစ်ကြည့်ပါ။

​💡​Social Media ပေါ်က အရာတိုင်းဟာ အမှန်မဟုတ်ပါဘူး: စက္ကန့်ပိုင်းစာ မြင်ရရုံနဲ့ မလိုအပ်ဘဲ အကုသိုလ်မဖြစ်မိပါစေနဲ့။

အားလပ်တဲ့ အချိန်တိုင်းမှာ ဂုဏ်တော်ပွားပါ စိတ်ထဲမှာ ငြိမ်ငြိမ်လေး ပွားများပေးပါ။

ကြာလာရင် သူတစ်ပါးရဲ့ အပူတွေကို ကိုယ့်ဆီ ကူးမလာစေဘဲ၊ စိတ်ကို အေးချမ်းစွာ ထားရှိတတ်လာပါလိမ့်မယ်။

​"ကိုယ့်ကိုယ်ကို အကောင်းဆုံးသော မေတ္တာတွေ၊ အေးချမ်းမှုတွေကိုပဲ ပေးစွမ်းပါ။ သူတစ်ပါးရဲ့ ကိစ္စတွေကြောင့် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ စွမ်းအင် (Energy) တွေကို အလဟဿ အကျမခံပါနဲ့။" 🫶🏻

​✨​ခုစာလေးကို ဖတ်ပြီးတာနဲ့ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်ကို (၉) ခေါက် ပွားများလိုက်ပါ။

​နေ့စဉ်နေ့တိုင်း ကုသိုလ်တရားတွေ တိုးပွားနိုင်ကြပါစေ။
ကောင်းသော ကံဇာတာ၊ အေးချမ်းသော စိတ်နှလုံးများ ရရှိပိုင်ဆိုင်နိုင်ကြပါစေ🍀

゚viralシfypシ゚ ​

၄ ယောက်စာ ခုညအတွက် ရပါအုံးမယ် ခုညချက်ချင်းအဖြေရပါမယ်ခဗျEnergy Value _ 35000 Kyats or (350 Baht)🍀(Just for tonight)🍀
23/07/2026

၄ ယောက်စာ ခုညအတွက် ရပါအုံးမယ် ခုညချက်ချင်းအဖြေရပါမယ်ခဗျ

Energy Value _ 35000 Kyats or (350 Baht)
🍀(Just for tonight)🍀

17 ရက်နေ့က ကပ်လှုခဲ့တဲ့ ပွဲများပဲ ဖြစ်ပါတယ် 24 ရက်နေ့ မနက်ဖန်မှာလဲ မယ်တော်ဆီ ပွဲကပ်သွားမှာဖြစ်ပါတယ်မယ်တော်ကိုပန်းပွဲလှူဒ...
23/07/2026

17 ရက်နေ့က ကပ်လှုခဲ့တဲ့ ပွဲများပဲ ဖြစ်ပါတယ်

24 ရက်နေ့ မနက်ဖန်မှာလဲ မယ်တော်ဆီ ပွဲကပ်သွားမှာဖြစ်ပါတယ်
မယ်တော်ကိုပန်းပွဲလှူဒါန်းချင်ရင် Cb မှာလာပြောပေးပါနော်
ကြာပန်းပွဲကြီး က ခုည၁၀နာရီ ပွဲစရင်းလေးပိတ်ပါ့မယ်

​ပွဲကပ်လှူသည့်နေ့တွင်လည်း အဝေးရောက်သူများ ဖူးမြော်ကြည်ညိုရင်း ဆုတောင်းနိုင်စေရန် Live လွှင့်၍ ဆုတောင်းပေးသွားပါမည်။

ပွဲသီးသန့်ကပ်လှုဖို့အခက်အခဲရှိသူများအတွက်လဲ ၇ရက်၈နေ့နံသားသမီးများအတွက် စုပေါင်းပွဲ ကပ်လှုပေးပါ့မယ်ခဗျ

မယ်တော်၏ စောင့်ရှောက်မှုဖြင့် စိတ်အကြံ၊ အဓိဌာန်များ အောင်မြင်ပြည်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ 🙏

ပွဲဈေးနှုန်းများကို cb မှာလာစုံစမ်းလို့ရပါကြောင်း

မှတ်ချက် - (ဘတ်၂၀ တန် လမ်းဘေးပွဲများ လက်ခံပေးမည်မဟုတ်ပါ standard ပွဲ VIP ပွဲများနှင့် ကြာပန်း အပွင့် ၅၀/၇၀/၁၀၈ ပွင့်ပွဲများသာရရှိနိုင်ပါတယ်)

ပွဲကပ်ပီးပါကလဲ ဆုတောင်းကတ်များပါသော ပွဲပုံတပုံချင်းစီ ကပ်လှုသူများထံ အရင်လိုပြန်ပို့ပေးသွားပါ့မယ်ခဗျ။

Mercury retrograde အလွန်မှာ ကြုံရမယ့် ကံကြမ္မာ အဆိုး အကောင်း  collective reading Mercury Retrograde ရဲ့ ရှုပ်ထွေးဆန်းပြာ...
23/07/2026

Mercury retrograde အလွန်မှာ ကြုံရမယ့် ကံကြမ္မာ အဆိုး အကောင်း collective reading

Mercury Retrograde ရဲ့ ရှုပ်ထွေးဆန်းပြားပြီး ခေါင်းရှုပ်စရာ ကာလကြီး ကုန်ဆုံးသွားချိန်မှာ ကျွန်တော်တို့ဆီ ရောက်ရှိလာမယ့် Energy အပြောင်းအလဲတွေကို ကြည့်ပေးထားတဲ့ Collective Reading လေးပဲ ဖြစ်ပါတယ်။ ရုတ်တရက် အရာရာ ငြိမ်ကျသွားပြီးနောက် အနာဂတ်မှာ ကြုံတွေ့ရမယ့် ကံကြမ္မာ အဆိုး၊ အကောင်း လှိုင်းတံပိုးတွေကို ကတ်လေးတွေကနေတစ်ဆင့် ကျွန်တော် ပြောပြပေးသွားပါမယ်နော်။

​
ပထမဆုံးအနေနဲ့ The Fool ကတ်လေး ကျလာတာမို့လို့ Retrograde ပြီးတဲ့အခါ မိတ်ဆွေဆီကို Energy သစ်တွေ၊ လန်းဆန်းမှုတွေ ဒိုင်းခနဲ ဝင်လာတော့မှာပါ။ အရင်က တုံ့ဆိုင်းနေခဲ့တဲ့ ကိစ္စတွေကို ရဲရဲဝံ့ဝံ့ စတင်ဖို့၊ လမ်းကြောင်းသစ်တစ်ခုကို ပေါ့ပေါ့ပါးပါး စွန့်စားလျှောက်လှမ်းဖို့ သတ္တိတွေ ပြည့်ဝနေပါလိမ့်မယ်။ အတိတ်က ပူပန်မှုတွေကို နောက်မှာထားခဲ့ပြီး အပြုံးတောက်တောက်လေးနဲ့ အစသစ်တစ်ခုကို လှပစွာ စတင်နိုင်တော့မယ့် နိမိတ်ကောင်းပဲ ဖြစ်ပါတယ်။

​
ဒုတိယကျလာတဲ့ The Hierophant ကတ်ကတော့ အစသစ်တစ်ခုကို သွားတဲ့အခါ စည်းစနစ်ကျဖို့နဲ့ အတွေ့အကြုံရှိသူတွေရဲ့ လမ်းညွှန်မှုကို ယူဖို့ သတိပေးနေပါတယ်။ Mercury Retrograde ကာလတုန်းက ကြုံခဲ့ရတဲ့ အလွဲအမှားနဲ့ သင်ခန်းစာတွေကို သေချာအသုံးချပြီး အခြေခံခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရပါလိမ့်မယ်။ စိတ်လိုက်ဂုဏ်ပြု မလုပ်ဘဲ စည်းမျဉ်းစည်းကမ်း၊ အစဉ်အလာ သို့မဟုတ် ဆရာသမားများရဲ့ အကြံဉာဏ်အတိုင်း သေချာ လျှောက်လှမ်းခြင်းက မိတ်ဆွေကို ရေရှည်မှာ ပိုပြီး အောင်မြင်စေပါလိမ့်မယ်။

တတိယကတ်ဖြစ်တဲ့ The Empress ကတော့ အလွန်ကောင်းမွန်တဲ့ အသီးအပွင့်တွေကို ယူဆောင်လာပေးပါတယ်။ မိတ်ဆွေ မာရသွန်ပြေးသလို ကြိုးစားခဲ့ရတဲ့ အရာတွေ၊ စိတ်ကူးသစ် အိုင်ဒီယာသစ်တွေဟာ အရှိန်အဟုန်နဲ့ အောင်မြင်ဖြစ်ထွန်းလာတော့မှာပါ။ ငွေကြေး၊ အလုပ်အကိုင်နဲ့ မေတ္တာရေးမှာ ပိုမိုပြည့်စုံ သာယာလာမယ့်အပြင် မိတ်ဆွေကိုယ်တိုင် ပိုမိုချစ်ခင် ဂရုစိုက်နိုင်မယ့် နွေးထွေးစိုပြေတဲ့ အချိန်အခါလေးကို ရရှိခံစားရတော့မှာပါ။

​
နောက်ဆုံးမှာတော့ Five of Cups လေး ရောက်နေတာမို့လို့ သတိထားရမယ့် ကံကြမ္မာအဆိုး သို့မဟုတ် အားနည်းချက်လေးတစ်ခု ရှိပါတယ်။ Retrograde ကြောင့် ဆုံးရှုံးခဲ့ရတာတွေ၊ လွဲချော်ခဲ့တဲ့ အခွင့်အရေးတွေ ဒါမှမဟုတ် စိတ်ပျက်ခဲ့ရတဲ့ အတိတ်ကိစ္စတွေကိုပဲ ပိတ်ပြီး ဝမ်းနည်းမနေပါနဲ့တော့။ ဖိတ်စင်သွားတဲ့ ခွက်တွေကိုပဲ ကြည့်ပြီး နာကျင်နေရမယ့်အစား နောက်မှာ ကျန်ရှိနေသေးတဲ့ ခွက်ကောင်းနှစ်ခွက် (အနာဂတ် အခွင့်အရေးသစ်များ) ကို အာရုံစိုက်ဖို့ လိုပါတယ်။ အတိတ်က ဝမ်းနည်းစရာတွေကို စွန့်လွှတ်လိုက်နိုင်ရင်တော့ ရှေ့မှာ မိတ်ဆွေကို စောင့်ကြိုနေတဲ့ မင်္ဂလာရှိသော အနာဂတ်ဆီ ပေါ့ပါးစွာ လှမ်းတက်နိုင်မှာပါဗျာ။

゚viralシfypシ゚ ​

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tarot By Moe MaKhaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์