𝐊𝐨𝐦𝐲𝐨 𝐑𝐞𝐢𝐤𝐢𝐃𝐨 𝐖𝐢𝐭𝐡 𝐒𝐮 𝐍 𝐓𝐡𝐞𝐭

𝐊𝐨𝐦𝐲𝐨 𝐑𝐞𝐢𝐤𝐢𝐃𝐨 𝐖𝐢𝐭𝐡 𝐒𝐮 𝐍 𝐓𝐡𝐞𝐭 𝐖𝐞, 𝐒𝐮 & 𝐓𝐡𝐞𝐭, 𝐨𝐟𝐟𝐞𝐫 𝐩𝐫𝐢𝐯𝐚𝐭𝐞 𝐑𝐞𝐢𝐤𝐢 𝐡𝐞𝐚𝐥𝐢𝐧𝐠 𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐚𝐧𝐝 𝐊𝐨𝐦𝐲𝐨 𝐑𝐞𝐢𝐤𝐢𝐝𝐨 𝐜𝐥𝐚𝐬𝐬𝐞𝐬 𝐭𝐨 𝐬𝐮𝐩𝐩𝐨𝐫𝐭 𝐛𝐚𝐥𝐚𝐧𝐜𝐞, 𝐫𝐞𝐥𝐚𝐱𝐚𝐭𝐢𝐨𝐧, 𝐚𝐧𝐝 𝐢𝐧𝐧𝐞𝐫 𝐩𝐞𝐚𝐜𝐞.

28/08/2026

🕯️Reiki practitioners တွေအမြဲတမ်း စိတ်ဝင်စားတဲ့ အကြောင်းအရာလေး ကတော့ “Reiki Symbol” လို့ခေါ်တဲ့ သင်္ကေတလေးတွေ အကြောင်းပါပဲ။
ဒီ သင်္ကေတတွေဟာ ရိုးရှင်းသလို ထင်ရပေမယ့် တကယ်တော့ အရမ်းကို နက်နဲပြီး အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

🍀အထူးသဖြင့် Okuden (ဒုတိယအဆင့်) နဲ့ Shinpiden (ဆရာဖြစ်သင်တန်းအဆင့်) တွေ ရောက်လာပြီဆိုရင်တော့ စွမ်းအင်စီးဆင်းမှု သဘောတရားတွေကို ပိုပြီး နားလည်သဘောပေါက်ဖို့ ဒီ Symbol တွေကို အဓိကထား လေ့လာကြရပါတယ်။

☸️ဒီ Symbol တွေ ဘယ်ကနေ စတင်လာသလဲဆိုရင်တော့ ကျွန်မတို့ရဲ့ Reiki Sensei Mikao Usui ကနေ စတင်ခဲ့တာပါ။ ဆရာကြီးက သူ့ရဲ့တပည့်တွေ စွမ်းအင်နဲ့ ပိုပြီး လွယ်လွယ်ကူကူ ချိတ်ဆက်နိုင်ဖို့အတွက် ဒီသင်္ကေတတွေကို စတင် မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီသင်္ကေတတွေရဲ့ မူလအမြစ်ကို ကြည့်မယ်ဆိုရင် ဂျပန်ရိုးရာ Kanji အက္ခရာတွေ၊ Shinto ယုံကြည်မှု သဘောတရားတွေနဲ့ ရှေးဟောင်း ဗုဒ္ဓဘာသာဆိုင်ရာ (Sanskrit/Bonji) အက္ခရာတွေကနေ ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။

Symbol တွေသုံးကြရာမှာ အဓိကကတော့ စိတ်ကို စုစည်းပေးတဲ့ ကိရိယာ Focusing Toolအနေနဲ့ သုံးဖို့ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ စိတ်ကို ငြိမ်သက်စေပြီး တိကျတဲ့ စွမ်းအင်လှိုင်း (frequency) တွေဆီကို အာရုံစိုက်နိုင်ဖို့ ကူညီလုပ်ဆောင်ပေးပါတယ်။ ဒါပေမယ့် Reiki လမ်းစဉ် တလျှောက်မှာတော့ ဒီ Symbol တွေကို အမြဲမှီခိုနေဖို့ မဟုတ်ပါဘူး။ နောက်ဆုံး တစ်ချိန်ချိန်မှာ Symbol တွေမပါဘဲ စွမ်းအင်နဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ အဆင့်အထိ တက်လှမ်းနိုင်ဖို့အတွက် ယာယီအထောက်အကူ အနေနဲ့သာ အသုံးပြုကြတာ ဖြစ်ပါတယ်။ဆရာမကြီးအမြဲပြောသလို symbol တွေဆွဲဖို့မလိုတော့တဲ့အထိ ကိုယ်တိုင်က be Reiki ဖြစ်အောင် practice လုပ်ဖို့လိုပါတယ်။
Symbols တွေကို အသုံးပြုခြင်းအားဖြင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကတော့

⚡️စွမ်းအင်ကို စုစည်းပေးခြင်း: ရုပ်ပိုင်းဆိုင်ရာ ကုသမှုတွေ လုပ်တဲ့အခါ စွမ်းအင်ကို ပိုမို ထက်မြက်လာစေပြီး ခန္ဓာကိုယ်ရဲ့ Tanden သို့မဟုတ် Hara လိုမျိုး တိကျတဲ့ ဗဟိုချက်နေရာတွေကို အာရုံစိုက် ကုသနိုင်ဖို့ အများကြီး ကူညီပေးပါတယ်။

😔စိတ်ခံစားမှု မျှတစေခြင်း: စိတ်ပိုင်းဆိုင်ရာ ပိတ်ဆို့မှုတွေကို ရှင်းလင်းပေးပြီး၊ ဟိုလွင့်ဒီလွင့် ဖြစ်နေတတ်တဲ့ စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာ ပြန်လည်တည်ငြိမ်လာစေဖို့ ကူညီပေးပါတယ်။

⏳အချိန်နှင့် နေရာကို ကျော်လွန်ခြင်း: အထူးခြားဆုံးကတော့ နေရာဒေသ ဝေးကွာနေတဲ့ သူတွေဆီကို စွမ်းအင်လှမ်းပို့နိုင်ရုံသာမကဘဲ၊ အတိတ်က စိတ်ဒဏ်ရာတွေနဲ့ အနာဂတ်မှာ ဖြစ်လာမယ့် ကိစ္စရပ်တွေဆီကိုပါ စွမ်းအင်တွေ ကြိုတင် ပေးပို့ထားနိုင်စွမ်း ရှိတာပါပဲ။

Reiki အဆင့်တွေ မြင့်လာတာနဲ့အမျှ ဒီသင်္ကေတတွေရဲ့ အနက်အဓိပ္ပာယ်ဟာ ပိုပြီး ကျယ်ပြန့်လာသလို၊ ကိုယ်တိုင် လက်တွေ့ အသုံးပြုတဲ့အခါပဲဖြစ်ဖြစ်၊ တခြားသူတွေကို သင်ကြားပေးတဲ့အခါပဲဖြစ်ဖြစ် ပိုပြီး နက်နက်နဲနဲ ခံစားလာရတတ်ပါတယ်။
Reiki နဲ့symbols တွေကိုထိထိရောက်ရောက်အသုံးပြုလေ့ကျင့်နိုင်ပြီး Be Reiki ဖြစ်ပါစေ ။
✨

🙏Hyakuten Inamoto Sensei 🙏🙏Happy Birthday, Sensei! Thank you for illuminating the path with your wisdom and leading by e...
18/08/2026

🙏Hyakuten Inamoto Sensei 🙏

🙏Happy Birthday, Sensei! Thank you for illuminating the path with your wisdom and leading by example. Wishing you a wonderful year ahead filled with strength, health, and joy. 🙏

Gassho

Komyo ReikiDo International

Reiki & AwarenessReiki ကိုစပြီးသင်ယူထိတွေ့လိုက်ပြီဆိုတာနဲ့ reiki က မိမိရဲ့အတွင်း layer တွေထဲမှာ ကိုယ်သိသည်ဖြစ်စေ မသိသည်ဖ...
21/06/2026

Reiki & Awareness

Reiki ကိုစပြီးသင်ယူထိတွေ့လိုက်ပြီဆိုတာနဲ့ reiki က မိမိရဲ့အတွင်း layer တွေထဲမှာ ကိုယ်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူဖာသာသူ စီးဆင်းနေပြီးသားဖြစ်ပါတယ်။

Reiki စီးဆင်းနေတာကို ကျွန်မတို့ဘယ်လိုသိနိုင်သလဲဆိုရင် ကျွန်မတို့ရဲ့နေ့စဉ် daily life တွေကနေ aware ဖြစ်ပြီးသိလာနိုင်တယ်။ မိမိစားတဲ့ အစားအစာကို မျက်စိနဲ့ကြည့်ရုံနဲ့ ကိုယ့်အတွက် စားသင့်လားမစားသင့်လားဆိုတာ သတိရှိလာတယ်။ မသန့်ရှင်းဘူးလို့ခံစားရရင် အလိုလို reiki ပေးမိသားဖြစ်သွားတယ်။ ကိုယ်သွားနေတဲ့ ပတ်ဝန်းကျင်မှာလည်း ကိုယ့်အတွက် သက်သောင့်သက်သာမဖြစ်ဘူးဆိုတာမျိုး အနံဆိုးတစ်ခုခုခံစားမိတာမျိုးတွေဆိုရင် မိမိရဲ့ energy က အလိုလိုခံစားမိလာတယ်။ အဲ့လိုအခြေအနေတွေဆို မိမိပတ်ဝန်းကျင်ကိုသန့်စင်သွားအောင် reiki နဲ့ သန့်စင်လိုက်တာမျိုးကိုလည်း မိမိရဲ့ အသိနဲ့သတိက လုပ်မိလာတယ်။

သဘာဝရဲ့ Energy ဆိုတာကို ပိုခံစားမိလာတယ် မိမိရဲ့ energy ကလည်း မိမိလှုပ်ရှားရုန်ကန်နေရတဲ့ နေ့စဉ်ဘဝတွေမှာ ကိုယ်ဘယ်လိုရှင်သန်နေထိုင်ရမလဲဆိုတာကို သိလာတယ် မိမိရဲ့ ဘဝကို ပိုပြီးတိုးတက်ကောင်းမွန်လာအောင် အသုံးချတတ်လာတယ်။ မလိုအပ်ပဲ မိမိ energy ကို မဖြုန်းတီးမိတော့ဘူး။ အရင်တုန်းက energy save လုပ်တယ်ဆိုတာ ဘာမှန်းမသိပေမယ့် အခုတော့ မလိုအပ်တဲ့နေရာတွေမှာ အချိန်ကုန်လူပင်ပန်းခံတာမျိုး မလုပ်တော့ပဲ မိမိတကယ်လုပ်ချင်တဲ့အရာတွေမှာ reiki energy နဲ့ပို့ပြီးတိုးတက်ကောင်းမွန်အောင်လုပ်လာနိုင်တယ် awareness and intuition ပိုပြီးအားကောင်းလာပါတယ်။

Reiki ဆိုတာ ဝေးကွာတဲ့အရာမဟုတ်ပါဘူး။ ကျွန်မတို့နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပေါင်းစပ်လိုက်တဲ့အခါ မိမိရဲ့လုပ်ငန်းခွင်၊ မိသားစုဘဝနဲ့ ကိုယ်ရေးကိုယ်တာ တိုးတက်မှုတွေမှာပါ အံ့ဩဖွယ် အပြောင်းအလဲတွေကို မြင်တွေ့လာရပါလိမ့်မယ်။

တစ်ခါတစ်ရံမှာ ကျွန်မတို့ဟာ ကိုယ့်ရဲ့စွမ်းအင်တွေကို နေရာလွဲမှားစွာ အသုံးပြုမိတတ်ကြပါတယ်။ Reiki နဲ့ Awareness ကို တည်ဆောက်လိုက်တဲ့အခါ ကျွန်မတို့ဘဝဟာ ပိုမိုသန့်စင်၊ ပိုမိုတောက်ပလာမှာ အသေအချာဖြစ်ပါတယ်။

🙏Riki ပညာကိုစိတ်ဝင်စားလေ့ကျင့်သူများအတွက်

Reiki Shoden In person အတန်းကို 28th June မှာဖွင့်ဖို့ရှိပါတယ်။ အတန်းတက်ဖို့ စိတ်ဝင်စားရင် page messenger မှာအသေးစိတ်လာစုံစမ်းလို့ရပါတယ်ရှင် 🙏

လူအများစုဝေးတဲ့ နေရာကနေ ပြန်လာတဲ့အခါ Shopping mall, MRT ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ စိတ်ညစ်စရာတွေကို နားထောင်ပေးပြီးတဲ့အခ...
02/06/2026

လူအများစုဝေးတဲ့ နေရာကနေ ပြန်လာတဲ့အခါ Shopping mall, MRT ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ စိတ်ညစ်စရာတွေကို နားထောင်ပေးပြီးတဲ့အခါ... အကြောင်းပြချက်မရှိဘဲ ရင်ဘတ်ထဲ လေးလံပြီး ခေါင်းတွေ ကိုက်ခဲ၊ တကိုယ်လုံး နုန်းခွေသွားတဲ့ ခံစားချက်မျိုး ကျမတို့မကြာခဏဖြစ်လေ့ရှိပါတယ် ။

Reiki Gathering တွေမှာလည်း တစ်ခါတလေ ကိုယ်တိုင်လည်း မသိလိုက်ဘဲ သူတစ်ပါးရဲ့ သောကတွေ၊စိတ်ပင်ပန်းမှုတွေနဲ့ negative စွမ်းအင်တွေကို သယ်ဆောင်မိသွားတတ်ကြပါတယ်။

ဒါကြောင့်မို့လို့ Reiki practitioner တွေမှာ Kenyoku (Self-Dry Bathing) ဆိုတဲ့ လျှို့ဝှက်ချက်တစ်ခုကို မဖြစ်မနေ ထည့်သွင်းကျင့်သုံးခဲ့ကြတာ ဖြစ်ပါတယ်။

သူက ရေမလိုဘဲ လေထုထဲကနေ ခန္ဓာကိုယ်ကို ပွတ်တိုက် လက်ဟန်ခြေဟန်လေးနဲ့တင် စိတ်ဝိဉာဉ်ကို ဆေးကြောပေးတဲ့ အစွမ်းထက် အလေ့အကျင့်တစ်ခုပါ။ Kenyoku ပြုလုပ်ခြင်းက ဘာလို့ အရေးကြီးဆုံးအရာ ဖြစ်နေရတာလဲဆိုရင်...“တခြားသူဆီကသောကတွေ... ကိုယ့်ဆီ ကူးမလာစေဖို့” (Energy Boundary)သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။

Healing session တစ်ခုမှာဖြစ်ဖြစ်၊ စကားဝိုင်းတစ်ခုမှာဖြစ်ဖြစ် တစ်ဖက်လူက ရင်ဖွင့်လာတဲ့အခါ ကျွန်မတို့ရဲ့ Aura က သူတို့နဲ့ သွားရောက်ချိတ်ဆက်မိတတ်ပါတယ်။ ရင်ဖွင်လာတဲ့ တဖက်လူက သက်သာသွားပေမယ့် Empath (ခံစားလွယ်သူ) တွေက သူကသူ ကိုယ်ကကိုယ်လို့ မကွဲတော့ပဲ နာကျင်မှုတွေက ကိုယ့်ဆီမှာ ကပ်ညှိကျန်ခဲ့တတ်တာမျိုးဖြစ်တတ်ပါတယ်။

Kenyoku လုပ်လိုက်တဲ့အခါမှာတော့”တဖက်သူရဲ့ ရဲ့ စွမ်းအင်ဟာ သူ့ဆီမှာပဲ ရှိပါစေ “ “ငါ့ရဲ့ စွမ်းအင်ကတော့ ငါ့ဆီမှာပဲ သန့်သန့်ရှင်းရှင်း ရှိပါစေ"ဆိုပြီး မမြင်ရတဲ့ စွမ်းအင်စည်းတစ်ခုကို ပြတ်ပြတ်သားသား တားဆီးလိုက်သလိုပါပဲ။ ဒါဟာ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး။ သူတစ်ပါးကို အကောင်းဆုံး ကူညီနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် အရင် ကာကွယ် စောင့်ရှောက်ခြင်း ဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ စိတ်ဟာ အတိတ်က နောင်တတွေ၊ အနာဂတ်က စိုးရိမ်ပူပန်မှုတွေနဲ့ ရှုပ်ထွေးနေတတ်ပါတယ်။ အဲဒီလို စိတ်အခြေအနေနဲ့ Healing ပေးရင် သို့မဟုတ် ဆွေးနွေးပွဲတွေလုပ်ရင် ဘယ်လိုမှ ထိရောက်မှာ မဟုတ်ပါဘူး။

Kenyoku ရဲ့ လက်အရွေ့အပြောင်း တစ်ခုချင်းစီက လွင့်ပျံနေတဲ့ စိတ်တွေကို ရုပ်ခန္ဓာဆီ ချက်ချင်း ပြန်ခေါ်ပေးပါတယ်။ ငါဆိုတဲ့ "Ego" (အတ္တ) တွေကို ဘေးဖယ်ပြီး "အခု... ဒီနေရာ... ဒီအချိန်"မှာပဲ တည်ရှိနေစေဖို့၊ Universe ရဲ့ သန့်စင်တဲ့ စွမ်းအင်မြစ်ကြောင်းကြီးထဲ စီးမျောဖို့ စိတ်ကို အဆင်သင့် ပြင်ဆင်ပေးလိုက်တာပဲဖြစ်ပါတယ်။

တစ်နေ့တာလုံး ဖြတ်သန်းရတဲ့အခါ စိတ်အဆိပ်အတောက်တွေ၊ လူမှုပတ်ဝန်းကျင်ရဲ့ စွမ်းအင်အညစ်အကြေးတွေက ကိုယ့်အပေါ်မှာ ဖုန်မှုန့်တွေလို ကပ်ငြိနေတတ်ပါတယ်။ ရေချိုးလိုက်တဲ့အခါ တကိုယ်လုံး လန်းဆန်းသွားသလိုမျိုးပဲ၊ Kenyoku က စိတ်ဝိဉာဉ်ပေါ်က ဖုန်မှုန့်တွေကို လေထုထဲကို ရှင်းလင်း လွှင့်ပစ်လိုက်တာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရော စိတ်ပါ ချက်ချင်း ပေါ့ပါး အေးချမ်းသွားတာကို ခံစားရပါလိမ့်မယ်။

Kenyoku ( dry bathing)ကရိုးရှင်းတဲ့ လှုပ်ရှားမှုလေးတစ်ခုထက် ပိုပါတယ်။ "မိမိကိုယ်ကို ပြန်လည် ချစ်ခင်မြတ်နိုးခြင်း" (Self-Love)နဲ့ လေးစားတန်ဖိုးထားခြင်း(Respect) တစ်ခုလိုပါပဲ။

ဒါကြောင့် Session တွေမှာ၊ Gathering တွေမှာ ဒါမှမဟုတ် စိတ်ပင်ပန်းစရာတွေ ကြုံရတိုင်းမှာ... မျက်လုံးလေးမှိတ်၊ အသက်ကို ခပ်ပြင်းပြင်းရှူသွင်းပြီး Kenyoku ပြုလုပ်ခြင်းဖြင့် ကိုယ့်ရဲ့ စွမ်းအင်ကို သန့်ရှင်းအောင် အမြဲထိန်းသိမ်းထားနိုင်ပါတယ်။ သန့်ရှင်းအေးချမ်းတဲ့ စွမ်းအင်တွေကသာ အခြားသူတွေကို အမှန်တကယ် ကုသပေးနိုင်လို့ ဖြစ်ပါတယ်။

https://m.facebook.com/story.php?story_fbid=122135316471020464&id=61580613946749



Reiki ပညာကို စနစ်တကျနဲ့ လူကိုယ်တိုင် ထိတွေ့သင်ယူလိုသူများအတွက်….🌸ဒီ June လထဲမှာ Reiki Shoden (First Degree)  Batch 2 , I...
01/06/2026

Reiki ပညာကို စနစ်တကျနဲ့ လူကိုယ်တိုင် ထိတွေ့သင်ယူလိုသူများအတွက်….

🌸ဒီ June လထဲမှာ Reiki Shoden (First Degree) Batch 2 , In-person အတန်းကို “Shihan Thet” က အနီးကပ် လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

🙌 ဒီအတန်းမှာ ဘာတွေလေ့လာရမလဲ?
🪴 Reiki စွမ်းအင်ရဲ့ အခြေခံ သီအိုရီနှင့် သမိုင်းကြောင်း

🪴 Self-healing (မိမိကိုယ်ကိုယ် ပြန်လည်ကုသခြင်း) နည်းလမ်းများ

🪴လက်တွေ့ စွမ်းအင်စီးဆင်းမှုကို ခံစားသိရှိစေမယ့် In-person Reiju

Reiki ပညာရပ်ကို စိတ်ဝင်စားလို့ အခြေခံကစပြီး လေ့လာချင်တယ်ဆိုရင်တော့ အသေးစိတ်ကို Page Messenger ကနေတဆင့် လာရောက်စုံစမ်းနိုင်ပါပြီရှင်။ 💬🌟
Gassho 🙏






June လထဲ Reiki Shoden First Degree Inperson အတန်းရှိပါတယ်ရှင်Reiki ပညာရပ်ကို စိတ်ဝင်စားတဲ့သူများ page messenger မှာလာစုံ...
29/05/2026

June လထဲ Reiki Shoden First Degree Inperson အတန်းရှိပါတယ်ရှင်

Reiki ပညာရပ်ကို စိတ်ဝင်စားတဲ့သူများ page messenger မှာလာစုံစမ်းလို့ရပါတယ်ရှင်

🙌🙌🙌

Gassho 🙏

🙌 In Reiki healing, “Ego” is one of the main obstacles that can block the flow of Reiki energy.💯 As my teacher always sa...
06/05/2026

🙌 In Reiki healing, “Ego” is one of the main obstacles that can block the flow of Reiki energy.
💯 As my teacher always says: *”The purer the practitioner’s ego-lessness, the purer the Reiki energy...”*
🪐 Reiki represents **Universal Life Force Energy**. This energy flows through the practitioner as a “channel” to the recipient. However, if “Ego” settles like dust in this channel, the energy can no longer remain pure. 🌚 Why is less Ego more effective?
🚰 A Reiki practitioner is like a water pipe. If the pipe is clogged with debris, the water will not come out clean.
When we carry Ego, thoughts like *”I healed them”* or *”My energy is so powerful”* narrow the energy channel.
🔑 When we are free from Ego, we allow ourselves to become a “vessel” or a “void,” enabling Universal energy to flow in without obstruction.
🛎️ Let go of the result
Another key is letting go of the obsession with results. Simply wishing the best for the recipient helps eliminate our own greed and ego to "be“the best." T”e recipient's ’ighest good is for them, and the practitioner's ’ighest good is for the practitioner. Therefore, when healing: “Place your hands, Surrender, and Smile.”🍀 If we put Ego at the forefront, we try to force an outcome like *"They must be cured and reality, Reiki is an intelligent energy that knows exactly where and what is needed.
⚡️ The more a practitioner sets aside their Ego, the more effectively Reiki reaches the areas where the recipient needs it most.
When healing without Ego, we do not use our **Personal Energy**. If you use your own energy, you will end up feeling exhausted and drained.
Only by setting aside the "I”“can we fully connect to the infinite and pure energy of the Universe. 🙌

✨ Reiki နဲ့ Nervous System 💆‍♂️ကျမတို့နေ့စဉ်ဘဝရဲ့ Stress တွေ၊ အလုပ်ကိစ္စတွေနဲ့ ဖုန်း Screen ရှေ့မှာ အချိန်အကြာကြီးနေတာတွ...
05/05/2026

✨ Reiki နဲ့ Nervous System

💆‍♂️ကျမတို့နေ့စဉ်ဘဝရဲ့ Stress တွေ၊ အလုပ်ကိစ္စတွေနဲ့ ဖုန်း Screen ရှေ့မှာ အချိန်အကြာကြီးနေတာတွေက ကျမတို့ရဲ့ Sympathetic Nervous System (Fight or Flight) ကို အမြဲတမ်း on ထားသလို ဖြစ်နေစေပါတယ်။အာရုံကြောတွေ တင်းမာနေတဲ့အခါ စွမ်းအင်စီးဆင်းမှုတွေ ပိတ်ဆို့လာပြီး ဒါတွေရဲ့အကျိုးဆက်ကတော့ အိပ်မပျော်တာ၊ အစာမကြေတာနဲ့ အလိုလိုနေရင်း စိတ်မကြည်တာတွေပါပဲ။

🧠ဒါတွေကို Reiki က ကျမတို့ကို ကူညီပေးနိုင်တာက Reiki ဟာ ကျမတို့ရဲ့ "Rest and Digest" (Parasympathetic Nervous System) ကို နိုးကြားစေပါတယ်။ ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ကို ပြန်လည်ညှိယူပေးပြီး ခန္ဓာကိုယ်ကို "အခု ငါဘေးကင်းပြီ၊ အနားယူလို့ရပြီ" ဆိုတဲ့ Signal ပေးလိုက်တာပါ။

Reiki Practitioner တစ်ယောက်ရဲ့ လက်ကတစ်ဆင့် စီးဆင်းလာတဲ့ Vibration တွေက ခန္ဓာကိုယ်ရဲ့ အနက်ရှိုင်းဆုံးဆဲလ်တွေအထိ ငြိမ်သက်ခြင်းကို ပေးစွမ်းနိုင်ပါတယ်။

✨ Reiki ရဲ့ အကျိုးကျေးဇူးကတော့ ...

• အာရုံကြောတွေကို ငြိမ်သက်စေတယ်။
• Cortisol (Stress Hormone) ကို လျှော့ချပေးတယ်။
• Internal Healing စနစ်ကို ပြန်လည် Activate လုပ်ပေးတယ်။
• Sympathetic (Stress) ကနေ Parasympathetic (Relax) ကို ကူးပြောင်းပေးတယ်။
• ခန္ဓာကိုယ်ရဲ့ သဘာဝ ခုခံအားစနစ်ကို မြှင့်တင်ပေးတယ်။

🤍တစ်ခါတလေကျရင် ကျမတို့က နားနေပေမဲ့ ဦးနှောက်နဲ့ အာရုံကြောတွေက နားမနေနိုင်ကြဘူး။ အဲဒီလို တင်းကျပ်နေမှုတွေကို Reiki က နူးညံ့တဲ့ စွမ်းအင်လှိုင်းလေးတွေနဲ့ ဖြည်းဖြည်းချင်း ဖြေလျှော့ပေးနိုင်ပါတယ်။
Reiki Session တစ်ခုအပြီးမှာ ရရှိတဲ့ ခံစားချက်ကတော့ ကျမတို့ရဲ့ Nervous System က ပြန်လည် Reset ဖြစ်သွားတဲ့အတွက် စိတ်ရောကိုယ်ပါ ကြည်လင် ပေါ့ပါးသွားစေတာပဲဖြစ်ပါတယ်။





Komyo ReikiDo Shoden ( Level 1 ) အတန်းပြီးသွားတဲ့အခါ ကျောင်းသူရဲ့ 21 days Self Healing လုပ်ထားတဲ့ Self Assessment နဲ့ အတ...
26/04/2026

Komyo ReikiDo Shoden ( Level 1 ) အတန်းပြီးသွားတဲ့အခါ ကျောင်းသူရဲ့ 21 days Self Healing လုပ်ထားတဲ့ Self Assessment နဲ့ အတွေ့အကြုံတွေကို review ပြန်လုပ်ပေးပြီး Shoden Certificate ပေးအပ်…🙌👏


ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 𝐊𝐨𝐦𝐲𝐨 𝐑𝐞𝐢𝐤𝐢𝐃𝐨 𝐖𝐢𝐭𝐡 𝐒𝐮 𝐍 𝐓𝐡𝐞𝐭ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์