ယွန်း Y's Tarot&Astro

ယွန်း Y's Tarot&Astro see the unseen& blind spots and make the decisions with tarot&Astro🌠
Lady

30/03/2026

April Energy reading

April Energy ကတော့ ဆန့်ကျင့်ဘက်အရပ် direction ကိုလွန်ဆွဲနေတဲ့ energyမျိုးပါ

Energyတွေကပျံ့ကျဲနေပြီး ဘယ်အရာကို focusထားရမလဲ မသိဘူးဖြစ်နေတက်တယ်။ ဘာကြောင့်ဒါတွေဖြစ်ရလဲဆိုတော့ ရှေ့မှာပြောခဲ့သလို မတူညီတဲ့ direction အတိတ်နဲ့ပစ္စုန်ပန်ကြားမှာပဲ လည်နေလို့နော်။ ဘာကြောင့်မှန်းမသိ အတိတ်ကိုလွှမ်းဆွတ်နေမိတာ၊ တောင့်တနေတာ၊ နွေနွေခေါင်ခေါင်မှာဆွေးနေနိုင်သူများ😏 ပြင်ပကစကားသံတွေလည်းမကြားနိုင်၊ မမြင်နိုင်၊ တချို့ဆိုလျစ်လျှုပါရူထားတာ ဘယ်လောက်ပဲ ပြင်ပ ကိစ္စတွေကမှန်နေပါစေ အလုပ်တွေလည်းမလုပ်ချင် မကိုင်ချင်၊ ဝတ်ကျေတန်းကျေလောက်ပဲ လုပ်နေမိတာတွေ့ရတယ်။

ပြီးရင်ဘဝထဲကို မထင်မှတ်ထားတဲ့အရှိန်ဟုန်နဲ့ဝင်လာမယ့်အရာတွေရှိနေတယ်နော်။ မကြာခင်ဘဝထဲကိုရောက်လာနိုင်တယ်။ အဲ့ချိန်မှသာကိုယ့်ရဲ့အခုပံုစံနဲ့ဆို အဆင်မပြေနိုင်ဘူးနော်။ ကိုယ်တိုင်က ပြင်ပသက်ရောက်မှုတွေ‌၊ လောကကြီးရဲ့လှည့်ကွက်တွေကို control လုပ်နိုင်မှာမဟုတ်ဘူး။ ကိုယ့်ကိုကိုယ့် ကိုယ့်ရဲ့အတွင်းကမ္ဘာတစ်ခုတည်းသာ၊ ဒီရိုက်ခတ်မှုတွေကိုဘယ်လိုတုံ့ပြန်ပြီး၊ ဘယ်လိုအမြင်ထားမလဲဆိုတာပဲ ကိုယ့်ရဲ့လက်နက် ခုချိန်မှာကိုယ့်ရဲ့အားကိုးရာဖြစ်တယ်နော်။ ဒါကြောင့် inner-workတွေများများလုပ်ပေးရမယ်နော်🤍🤍

24/03/2026

အလုပ်အကိုင်၊ ငွေကြေးပိုကောင်းလာဖို့ရှိလား

ကိုယ့်ရဲ့အခုလက်ရှိenergyကိုအရင်ကြည့်လိုက်တော့
တချို့တွေက ခုချိန်မှာ အပေါ်ယံဆန်ဆန်အောင်မြင်မှုတွေပဲရနေတယ်၊ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို အပြင်ပန်းအရာတွေ (ပစ္စည်းဥစ္စာ၊ အောင်မြင်မှု၊ သူတစ်ပါးရဲ့ အသိအမှတ်ပြုမှု) ပေါ်မှာပဲ တည်ဆောက်ထားလို့ တကယ်တမ်းမှာ စိတ်မချမ်းသာတာမျိုးပါ။ အောင်မြင်မှု ရနေပေမဲ့ အဲ့ဒီအလုပ်က ကိုယ့်ကို စိတ်ကျေနပ်မှု မပေးနိုင်တာ။ ငွေရပေမဲ့ ပျော်ရွှင်မှုမရှိတဲ့ အခြေအနေပါ။ ဒီထိကိုက်ညီရင် ဒီreadingက မင်းတွက်ပါ။🔥

လွတ်မြောက်ခြင်းကိုမြင်ရတယ်၊ ဘာပြောချင်တာလဲဆိုတော့ အခု မင်းရဲ့ စိတ်ထဲမှာ အမှောင်ဖုံးနေတဲ့ နေရာတွေကနေ အလင်းစ မြင်နေရပြီ။ မင်းကို ပိတ်လှောင်ထားတာ တခြားသူမဟုတ်ဘူး၊ မင်းရဲ့ အတွေးတွေ၊ မင်းခုချိန်ထိ လက်ခံကျင့်သုံးလာတဲ့အမှုကျင့်ဟောင်းတွေပဲ။ အသိညဏ်ကို အသုံးချပါ၊ ကိုယ့်ကိုဆွဲနေတဲ့သူ တားနေတဲ့သူလည်းမရှိပါဘူးနော်။

ဒီနေရာကိုကျော်လွန်လာရင်တော့ ကိုယ့်အတွက် အလုပ်အကိုင် အခွင့်လမ်းအသစ်တွေ၊ ကိုယ့်စောင့်နေတဲ့ opportunityတွေ၊ လမ်းစတွေရလာလိမ့်မယ့်။ project အောင်မြင်တာတွေလည်း တွေ့ရတယ်။ တချို့ဆိုမုန့်ဖိုးရတာ၊ bonusတွေရတာမျိုးတွေရှိတက်တယ်နော်။

19/03/2026

New moon portalမှ့ ကိုယ်ဆက်ဆံရေးများအခြေအနေ

ဒီreadingကနေပေးချင်တဲ့messageကတော်တော်ရှင်းလင်းနေတယ်။ ဒီreadingက Rsသမားတွေကိုပေးစေချင်နေတာရှိတယ်။

အဲ့တော့ ဒီစာကိုဖတ်နေတဲ့သူတွေမှာ အသည်းကွဲနေတာ၊ တွဲနေတဲ့သူနဲ့ပြတ်စဲသွားတာ၊ လမ်းခွဲလိုက်တာ၊ ဖောက်ပြန်သွားတာတွေမြင်မိတယ်။ အဲ့အရာတွေကနေပေးလိုက်တဲ့ဒဏ်ရာကလည်း နက်တယ်၊ ကိုယ့်မှာအရှေ့ဆက်တိုးလို့မရ ၊ ဒီနာကျင်မှုတွေနဲ့တဝဲလည်လည်ဖြစ်။ ရှေ့ဆက်သွားဖို့ကြလည်း တိကျတဲ့directionရယ်လို့ရှိမနေပြန်ဘူး။
နောက်တစ်ခုက ဒီလိုပြတ်သွားတာကလည်း ပြင်ပအနှောင့်အယှက်တွေပါဝင်ပက်သက်နေတယ်။ သူနဲ့ကိုယ် အဆင်မပြေလို့၊ သဘောထားမတိုက်ဆိုင်ကြလို့ဆိုတာထက် တခြားအနှောင့်အယှက်တွေပါတယ်လို့မြင်တယ်။ ကိုယ်ကလည်းအဲ့တာတွေကိုမြင်နေရရင်တောင် ဘာမှမလုပ်နိုင်ခဲ့ဘူး။ ကိုယ့်ဘက်မှာ ဘာမှရှိမနေဘူးဆိုတဲ့အနေထားတွေတွေ့ရတယ်နော်။
ဒီထိenergyကိုက်ရင် ရှေ့ဆက်ဖတ်ပါနော်။
အဲ့တော့ ဘာတွေဖြစ်လာနိုင်လဲဆိုရင် အဲ့အတိတ်က ပက်သက်ဖူးတဲ့သူ၊ သူ့နဲ့ဆိုင်တဲ့memoriesတွေ၊ ကိစ္စတွေကနေ လွတ်လပ်လာမယ်။ ဒါတွေကြောင့်ပူပန်မနေတော့ဘူး။ တုပ်နှောင်ထားတဲ့ကြိုးတွေဟာလျှော့ကျလာပြီး နောက်ဆုံးလွတ်လပ်သွားတဲ့ခံစားချက်မျိုးနော်။
ရှေ့ဆက်လျှောက်နေတယ်။ ဘဝကိုအသစ်သစ်တွေရှာဖွေ၊ စူးစမ်းဖြစ်နေတယ်။ ပြီးတော့ မထင်ထားတဲ့အရာတစ်ခုပေါ်လာလိမ့်မယ်။ ကိုယ်နဲ့ အပေးအယူမျှလွန်းသူ၊ chemistryမိလွန်းတဲ့သူ၊ ရှေ့သွားနောက်လိုက်ညီတဲ့သူမျိုး၊ ကိုယ့်ကိုချစ်ပေးတဲ့သူ၊ သူနဲ့ကိုယ်ဂာ လုံးဝအပြန်အလှန်ကျတဲ့ခံ စားချက်တွေ ခံစားရမယ်။ သူနဲ့ကရေရှည်ထိသွားမယ့်ဆက်ဆံရေးမျိုး ဖြစ်လိမ့်မယ်၊ ခဏတာ စိတ်လှုပ်ရှားတာမဟုတ်ဘူး၊ လက်တွဲတွေ ချစ်ခြင်းတွေခိုင်မာနေလိမ့်မယ်နော်။

15/03/2026

Tarotမေးချင်တဲ့သူများရှိရင် Freeဖတ်ပေးမယ့် အစီအစဉ်လေးလုပ်ပေးချင်ပါတယ်နော်😘
ပထမဆုံးမေးတဲ့မေးခွန်းကိုfreeဖတ်ပေးမှာနော်။
Tarotဖတ်ပေးချင်စိတ်တွေပေါ်လာနေတာ ဒီရက်ပိုင်းထဲ‌။

🌹 ဒီpostကို shareပြီး ၊shareထားတာရယ် ၊ ကိုယ်မေးမယ့်‌ေမးခွန်းကိုcommentမှာလာပြပေးပါ။
🌹Pageကို followထားပေးရပါ့မယ်နော်။
🌹ရွေးခံရတဲ့သူတွေကို ပြန်ပြီးအကြောင်းပြန်ပါမယ်။

14/03/2026

ဒီနေ့ပေးချင်တဲ့message💌

ဘာ‌တွေ့ရလဲဆိုတော့ အတိတ်က မပြတ်သားနိုင်သေးတဲ့ ဆက်ဆံရေးဟောင်း (သို့မဟုတ်) လူတစ်ယောက်နဲ့ ပတ်သက်တဲ့ အစွဲအလမ်းကြောင့် ရှေ့ဆက်မရဘဲ ပိတ်မိနေပြီး အဲ့ဒီဒဏ်ရာကို လက်နက်တစ်ခုလို သုံးပြီး ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ပြင်ဆင်နေတာလို့မြင်နေရတယ်။ လက်စားပြန်ချေချင်နေတာမျိုးနော်။ နင်ကြောင်ငါနာရရင်နင်လည်းပြန်ခံစားရစေမယ်ဆိုတဲ့energy။

ရှေ့ဆက်ဖို့ကြိုးစားနေပေ့မယ့်လည်းမရဘူး။ အဲ့ဒီလူ(သို့) ကိစ္စနဲ့ပက်သက်တဲ့ မပြီးပြတ်သေးတဲ့ကိစ္စတွေက မင်းကိုဆွဲထားတယ်၊ ကျောက်ဆူးချထားသလိုပဲ။
စိတ်ခံစားချက်တွေကိုဘေးဖယ်ပြီးအမှန်တရားကိုပဲကြည့်ပြီး ပြတ်ပြတ်သားသားဖြတ်တောက်လိုက်မှ့ ကံကြမ္မာ ကတစ်ဖန်ပြန်လည်ပတ်လာပြီး ရှေ့ဆက်သွားမှာနော်🤍🤍
ဒါကgeneral readingဖြစ်တာကြောင့် ကိုယ်နဲ့energyကိုက်မှ့ယူပါနော်။

12/03/2026

ကိုယ့်ကိုcrushနေတဲ့သူရှိလား
အရင်ဆုံးအသက်ကိုရူသွင်းရူထုတ်လုပ်ပါ။ စိတ်ငြိမ်သွားပြီးမှ့ကိုယ့်ကိုဆွဲဆောင်ဆုံးလို့ထင်တဲ့ လက်စွပ်တစ်ကွင်းတည်းကိုရွေးပါ🍀

Pile1 (Ruby ring)

ဒီpileကိုရွေးထားတဲ့သူတွေကိုcrushနေတဲ့သူရှိပါတယ်။ သူကအခုချိန်မှာ သူရဲ့တခြားကိစ္စတွေ၊ လူမှုရေးတွေ၊ သူ့အိမ်တွင်းမိသားစုကိစ္စတွေကြောင့်ခြေကုန်လက်ပန်းကျနေတယ်နော်။ မနိုင်ဝန်ထမ်းထားရတဲ့ပုံစံတွေ၊ သူ့တစ်ယောက်တည်း ရုန်းကန်နေတာမျိုးတွေတွေ့ရတယ်နော်။ သူလည်းအတော်ပင်ပန်းနေပြီ။ သူဒါတွေကိုဆက်မသယ်သွားတော့ပဲ လွတ်ချခဲ့တာတွေ့ရတယ်။ ပြီးရင်သူ့ကိုယ်သူပြန်တည်ဆောက်မယ်၊ သူ့ဘဝလေးအရင်ဟန်ချက်ညီအောင်လုပ်၊ တည်ငြိမ်သွားရင် သူ့ကိုယ်ဘက်ကိုလှည့်လာပါလိမ့်‌မယ်နော်။ အဲ့ချိန်မှာသူက အချစ်သစ်၊ လူသစ်၊ သာယာနွေးထွေးတဲ့အချစ်မျိုးနဲ့ကိုယ့်ဆီကိုလျှောက်လာပါလိမ့်မယ်နော်။ သူဖွင့်ပြောမယ်လို့လည်းမြင်တယ်နော်။ သူကလေးနက်တည်ကြည်တယ်နော်။ ပေါ့ပျက်ပျက်မလုပ်ဘူးနော်🥰

Pile2 (rose quartz)

ကဲpile 2သမားတွေကိုcrushနေတဲ့သူရှိနေပါတယ်။ သူပုံစံက အချိန်မဆွဲဘူး၊ လျင်တယ်နော်။ အဲ့တော့သူcrushနေတာကိုဖုံးထားမှာမဟုတ်ဘူး၊ ဖွင့်ပြောလာမှာပဲ။ ဖွင့်ပြောဖို့လည်းသိပ်မစဉ်းစား၊တုံ့ဆိုင်းမနေဘူး။ ဒါပေ့မယ့် သတိထားစရာတော့ရှိတယ်။ သူကကိုယ့်ကိုလည်းcrushတယ် ကိုယ့်အပြင်သူcrushနေတဲ့သူတွေလည်းရှိနေတယ်🫩 playerကြီးပါဟယ်။ ကိုယ့်ကိုdateဖို့ပြောလာတာတို့၊ စကားတွေများကြီးနဲ့ကျူးနေလည်း ကျန်တဲ့သူတွေကိုလည်းအဲ့လိုပဲလုပ်နေမယ့် လူမျိုးပါ🙂

09/03/2026

No contact
ခုချိန်မှာအဆက်သွယ်ပြတ်နေတဲ့သူတွေအတွက်readingပါ😘
Pick a pile reading မဟုတ်ပါ။energyကိုက်ရင်ယူပါ🤍

ဒီvideoကြည့်နေတဲ့သူတွေထဲမှာ ကိုယ့်တစ်ဖက်လူနဲ့အဆက်သွယ်မရတဲ့သူတွေရဲ့တစ်ဖက်သူကအခုချိန်မှာ victim roleရောက်နေတယ်။ သူကခံလိုက်ရပါတယ်၊ သူကိုဘယ်သူမှ့မဖတ်မလုပ်ဘူးဆိုတာမျိုးတွေခံစားနေတယ်။ သူ့ပြန်လာဖို့တွေးမိတယ်၊ ဒါပေ့မယ့် တွေးပဲတွေးနေတာ လက်တွေ့မှဘာမှလုပ်မနေဘူး ကိုယ့်ကိုဆက်သွယ်ဖို့။

သူကလေသူ့ရဲ့ကိစ္စတွေကိုပိုအလေးထား‌ေနတယ်။ သူသာတကယ်ပြန်လာ၊ ပြန်ဆက်သွယ်ချင်ရင် သူလုပ်နိုင်တာတွေများကြီးပဲ၊ သူ့ကိုနှောင့်ယှက်တားဆီးနေတာမျိုးလည်းမရှိဘူး၊ သူကိုယ်တိုင်ကဘာမှလုပ်မနေလို့သာ
သူ့ကိုယ်ပိုင်အတွေးထဲမှာတဝဲလည်လည်ဖြစ်နေပါတယ်🥲

08/03/2026

ဒီနေ့အတွက် general energy readingပါ💖

ဘာတွေ့နေရလဲဆိုတော့ အပြင်ပိုင်းမှာတော့ အဆင်ပြေတယ်၊ ဘာအခက်အခဲမှ့မရှိဘူး။ ဒါပေ့မယ့် ရင်ထဲမှာတော့ပူလောင်နေရတယ်။ ကိုယ်ထိန်းချုပ်လို့မရတဲ့အကြောင်းအရာတွေ၊ ကိစ္စတွေကိုလိုက်ပြီးထိန်းချုပ်ချင်နေပြီး အဲ့တာတွေကြောင့် စိတ်ပင်ပန်းနေတယ်လို့မြင်တယ်နော်။

ပြသာနာအခက်အခဲတွေကိုလည်း လောလောဖြရှင်း ချင်နေတယ်၊ အဖြေရှာနေမိတယ်။ ဒါပေ့မယ့် ရှာနေတဲ့အဖြေကိုတွေ့နေပြီ၊ မကြိုက်လို့ မတွေ့ချင်ယောင်ဆောင်နေတာလို့မြင်တယ်နော်။ဆူညံနေတာတွေကို လျှော့လိုက်ပြီး ကိုယ့်အတွင်းထဲက ပြောတဲ့အသံတွေကိုသေချာနားထောင်ကြည့်ပါနော်။ အဆင်ပြေကြပါစေ🤍🍀

06/03/2026

သင့်အတွက်Universeရဲ့အမှာစာ💌

ဒီvideoကိုကြည့်နေတဲ့သူတွေမှာ ငွေကြေး၊ အလုပ်အကိုင်၊ ပိုင်ဆိုင်မှု၊ စီးပွားရေးနဲ့ပက်သက်တာတွေပူပင်နေတဲ့သူတွေများတယ်လို့မြင်နေရတယ်။ငါ့ကိုကူမယ့်သူမရှိ၊ ငါတစ်ယောက်တည်းဆိုပြီးအပြစ်တင်၊စိတ်ညစ်နေတာမျိုးဖြစ်နေတယ်။ တကယ်ကမရှိတာမဟုတ်ဘူး၊ ငါ့ကခံရသူပါဆိုပြီးခံစားရင်းနဲ့ကိုယ့်ကိုကူညီမယ့်သူတွေကိုမမြင်နိုင်တာ၊ တချို့ဆိုဘယ်သူမှမလိုဘူးဆိုပြီးခေါင်းမာနေတာမျိုးတွေ့ရတယ်။

အဓိကကိုယ်တိုင်ကအကြံမရှိ၊ planမရှိပုံစံမျိုးတွေ့ရတယ်။ လုပ်ချင်စိတ်က‌‌ေတာ့အပြည့်ရှိတယ်။လုပ်မယ့်ဆိုတဲ့မီးတောက်၊ ပြင်းပြနေတာတွေ့‌တယ်နော်။ ဒါပေ့မယ့်planမရှိတော့ကြက်ကန်းဆန်အိုးတိုးလိုဖြစ်နေတယ်။ ဦးတည်ချက်မရှိပဲ အရှိန်ပြင်းနဲ့သွားနေတာ။

တကယ်ကကိုယ့်တွက်က ရေရှည်လုပ်မယ့်၊ သွားမယ့်အကြံစည်ရှိရမယ်။ long-term planningလိုတယ်။ တစ်ပွဲထိုးတွေမရဘူး၊ စိတ်ရှည်ရမယ်၊ လောလို့မရဘူး။ ကိုယ့်အတွက်‌ေရရှည်မှာအကျိုးမြတ်ရှိလာနိုင်တာကို အချိန်ပေးပြီး အစီစဉ်ဆွဲပြီးလုပ်ဆောင်ရမယ်နော်😇💖

05/03/2026

အချစ်ရေးကံကတ်
Angel numbers တွေနဲ့ ဒီenergyကိုclaimလုပ်ပါ💖💝🍀

ที่อยู่

Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ယွန်း Y's Tarot&Astroผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์