𝐸𝑀𝐼𝐿𝑌 𝑇𝐻𝐸 𝐸𝑌𝐸

  • Home
  • 𝐸𝑀𝐼𝐿𝑌 𝑇𝐻𝐸 𝐸𝑌𝐸

𝐸𝑀𝐼𝐿𝑌 𝑇𝐻𝐸 𝐸𝑌𝐸 𝐵𝐸𝐿𝐿𝐸 𝐴𝑀𝐸 : 𝑊𝘩𝑒𝑟𝑒 𝐴𝑅𝑇 𝑚𝑒𝑒𝑡𝑠 𝑆𝑃𝐼𝑅𝐼𝑇 ✨
👁️✨👁️🧠🌬️🫀⚖️♎️🪬🪽♾️🔮🎠🪾🎡

🌕🐟✨ STURGEON FULL MOON ✨🐟🌕ဒီနေ့ က တော့ August လရဲ့နောက်ဆုံးလပြည့်နေ့ ဖြစ်တဲ့ Sturgeon Fullmoon ဝါခေါင်လပြည့် နေ့ထူးနေ့ရက...
28/08/2026

🌕🐟✨ STURGEON FULL MOON ✨🐟🌕

ဒီနေ့ က တော့ August လရဲ့နောက်ဆုံးလပြည့်နေ့ ဖြစ်တဲ့ Sturgeon Fullmoon ဝါခေါင်လပြည့် နေ့ထူးနေ့ရက် ပဲဖြစ်ပါတယ်

🌊✨🐟🌕
Sturgeon Moon ဆိုတာ
လယ်ပြင်တွေ၊ မြစ်ကြီးတွေထဲမှာ ရှေးအက်ကျော်ငါးကြင်းကြီး “sturgeon” တွေ အများဆုံး ဖမ်းမိလေ့ရှိတဲ့ August လရဲ့ လပြည့်ကို ခေါ်တာပါ။
ရေအောက်မှာ Sturgeon ငါးတွေဟာ နှစ်ပေါင်း သန်း ၁၃၀ ကျော်ကတည်းက ပုံစံမပြောင်းလဲဘဲ ရှင်သန်နေတဲ့ သတ္တဝါတွေဖြစ်တယ်
အလင်းရောင်နည်းတဲ့ ရေနက်ထဲမှာ ဘယ်တော့မှ အလျင်မလိုဘဲ၊ ဘယ်တော့မှ ခုန်ပြေးမနေဘဲ တည်ငြိမ်စွာနေတတ်တဲ့ ငါးမျိုးစိတ်တစ်ခုဖြစ်တယ်
ဒီလို ရာသီအချိန်အခါကျရောက်လာတဲ့ ညမျိုးမှာသာ သူ့ နေထိုင်ရာ နေရာရဲ့ အနက်ရှိုင်းဆုံးအောက်ခြေကနေ လရဲ့အလင်းရောင်ကို ခံစားဖို့ ရေမျက်နှာပြင်ဆီ တက်လာကြတယ်~

ဒီလို ညရဲ့ အချိန်အခါမျိုး ရောက်လာတဲ့ အထိ အချိန်ကြာမြင့်စွာ စောင့်စားပြိးမှ ပြသနေတဲ့ခံနိုင်ရည်ရှိမှု နဲ့ နက်ရှိုင်းတဲ့အခြေခံအရင်းမြစ်ကနေ ခွန်အားရယူဖို့ သတိပေးနေတဲ့ energy ပဲလို့
ခံစားလို့ရစေပါတယ်။
ဒါက ကျွန်မ ဒီ full moon ကို နှစ်တိုင်း ခံစားရတဲ့ ပုံစံပါ ~

“တနေရာရာကိုအမြန်ဆုံးရောက်ရမယ်”
လို့အမြဲစိတ်မှာကြားယောင်နေမိတဲ့ ဘဝရဲ့ဆူညံသံတွေထဲက ခဏ ထွက်ပြီး၊
ကျွန်မ တို့ ရဲ့ အမြစ်တွေ ဘယ်လောက်ခိုင်မာနေသေးလဲဆိုတာကို ပြန်ဆန်းစစ်ဖို့ ဖိတ်ခေါ်ချက်တစ်ခု လဲ ဖြစ်ပါတယ်~

Sturgeon energy ရဲ့ သက်ရောက်မှု
moon ဟာ drama မဖန်တီးဘူး။ ရုတ်တရက် အပြောင်းအလဲတွေ ဖန်တီးပေးတဲ့ moon လည်းမဟုတ်ဘူး။
သူ့ရဲ့ အလုပ်က ကျွန်မတို့ဟာ ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိခဲ့ပြီးပြီလဲဆိုတာကို ကိုယ် ကိုယ်တိုင် သတိထားမိအောင် ပြန်လည်ညွှန်ပြပေးရုံ ပါပဲ။
ရက်ရှည်လများကျော်လွှားခဲ့ရတဲ့ ရာသီကာလတွေ၊ ဘယ်သူမှ မမြင်ခဲ့ရတဲ့ ပင်ပန်းတဲ့ညတွေမှာတစ်ယောက်တည်း ဆုပ်ကိုင်ထားခဲ့ရတဲ့ ကတိတွေ၊ ရှေ့ထွက်ဖို့အတွက် တွနိ့ဆုတ်နေခဲ့တဲ့အချိန်တွေအတွက် ဒီညရဲ့ Fullmoon 🌕က
“မင်း အလုပ်ကို ဘယ်သူမှ သေချာမမြင်လဲ ငါမြင်တယ်” လို့ ထောက်ခံပြောဆိုနေသလိုပါပဲ~

🪾🫜🐚
ဒီ full moon ဟာ Root Chakra (Muladhara) နဲ့ တိုက်ရိုက် ချိတ်ဆက်နေပါတယ်။ Sturgeon ငါးဟာ ရေအောက် ရွှံ့ညက်ထဲမှာ ခြေခြင်းစွဲပြီး ရှင်သန်တာမို့ “ကိုယ်ရဲ့ အောက်ခြေနေရာဟာ လုံခြုံတယ်” ဆိုတဲ့ ခံစားချက်ကို ကိုယ်စားပြုဖို့အတွက် Root Chakra ကို မျှခြေညှိပေးဖို့ သင့်တော်တဲ့ အချိန်ပါ~
396Hz frequency လေးတွေ 🥣 vitual deep sound singing bowl တွေတီးခတ်နားထောင်ပြိး root chakra ကို မျှခြေညှိပေးမယ်ဆိုရင်
ကြောက်ရွံ့မှုတွေအောက်မှာ တင်းခံနေတဲ့
“ငါလုံလောက်ပါ့မလား” ဆိုတဲ့ အသံ တွေ တိတ်သွားနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ငြိမ်ပြီး ဆုပ်ကိုင်ဖြစ်နေတဲ့ ခံစားချက်၊ လျှပ်တစ်ပြက် ဆုံးဖြတ်ချက်ချမိတဲ့အခါမျိုးမှာတောငိကြောက်ရွံ့မှုကနေ မဟုတ်ဘဲ ကိုယ့်ရဲ့ အနက်နဲဆုံးအသိအမြင်စိတ်တွေကနေ ချမှတ်နိုင်တဲ့ စွမ်းအား ရလာနိုင်ပါတယ်။

Affirmation 💬
“ကိုယ့်အမြစ်တွေက မမြင်ရသော်လည်း ရှိနေတယ်။ ကိုယ်ဒီလောက်တောင် ကြာကြာ ခံနိုင်ခဲ့ပြီ။ကိုယ် ဟာ ကိုယ့်ကိုယ်ပိုင် အရှိန်နဲ့ ရှေ့ဆက်သွားနေတယ်။”

Journal Prompt ✍🏼
• ဒီနှစ်ဆန်းကနေ ဒီနေ့ထိ ကိုယ်ဘယ်အရာကို တိတ်တိတ်ခဏ ခံနိုင်ခဲ့သလဲ?
• ကိုယ့်ရဲ့ ဘယ်အရာတွေကို ဒီ full moon မှာ လွှတ်ပေးချင်လဲ?
• ကိုယ်လျှင်မြန်စွာ ဆုံးဖြတ်မိနေတာ ဘယ်နေရာလဲ၊ ဘယ်နေရာမှာ နှေးကွေးဖို့ လိုနေလဲ?

Rituals 👣🫙🔮
• လေပြင်းတိုက်တဲ့ အချိနိအခါ အပြင်မှာ ထွက် ထိုင် ပြိီး Air element လေရဲ့အင်အားနဲ့ ကိုယ့်ရဲ့ energy တွေကိုသနိ့စင်ပါ
• ခြေဟင်း မြေကြီးပေါ် ထားပြီး grounding breath 10 မိနစ်
• Full moon light ထဲမှာ moon water ပြုလုပ်ခြင်း (ရေဖန်အိုးထဲ ရေထည့်ပြီး ညအလင်းအောက် ချထားခြင်း)၊ personal meaningful items such as crystals: Tarot / oracle cards တွေကိုလရောင်ခံပါ
• Journal prompt တွေကို ရေးပြီး “ငါ ဆက်ခံနေဆဲ” လို့ အသံထွက်ရွတ်ခြင်း

✨🎭🎨
full moon ကို art အဖြစ် ဖော်ပြရရင် တော့
အများစုက “illumination” (အလင်းရောင်) နဲ့ “shadow” (အရိပ်) ကို တွဲဖက်ပြသလေ့ရှိကြပေမယ့် Art ကို ချစ်မြတ်နိုးသူArtist တစ်ယောက်အနေနဲ့ကျွန်မ ရဲ့ ရှုထောင့်ကိုပြောရရင်
Sturgeon Moon ဆိုတာ “အလင်းရောင်ပြည့်စုံမှု” ထက် “မြင်နိုင်စွမ်းမရှိတဲ့ နေရာမှာ ဆက်ဖန်တီးနေနိုင်တဲ့ ခွန်အား” အကြောင်းလို့ ခံစားမိတာ အမှန်ပါပဲ ~

Art တစ်ခုဟာ ချက်ချင်း အလင်းရောင်အောက် မွေးဖွားလာတာ မဟုတ်သလို ဖန်တီးသူတစ်ယောက်ဟာ ဘယ်သူမှ မမြင်တဲ့ နေရာ၊ ဘာအဖြေမှ မရှိသေးတဲ့ dark space ထဲမှာ sturgeon လိုပဲ အချိန်ကာလတခုကြာမြင့်စွာ နေထိုင်ရတတ်ပါတယ် ၊
အနက်ရှိုင်းဆုံးနေရာမှာ အချိနိကြာကြာခံနိုင်ရည်မွေးအသက်ရှင်ပြီးမှသာ အလင်းရောင်ဆီ တက်လာနိုင်တာပါ။
ဒီနေ့မှာ တစ်ခုခု ဖန်တီးဖို့ စတင်ဖို့ ရည်မှန်းထားတဲ့အစီအစဉ်တွေကိုစဉ်းစားမယ်ဆိုရင်
“ပြီးပြည့်စုံအောင်” ကြိုးစားဖို့ထက်
မပြီးသေးတဲ့၊ ရှင်းထုတ်ဖို့လိုအပ်တဲ့ အနက်ရှိုင်းဆုံးအောက်ခြေနေရာကနေပဲ စတင်ခွင့်ပြုသင့်ပါတယ်

ဒီ moon က “အကြောင်းအရာကိစ္စရပ်တွေကို
အမြန်ဆုံးဖြေရှင်းပါ” လို့ တောင်းဆိုနေတာ မဟုတ်တဲ့အတွက် အရာရာကို
ခဏရပ်ပြီး စည်းချက်အတ်ိုင်းပဲ
ခံစားလိုက်သင့်ဖို့ အသင့်တော်ဆုံးအချိန်ပါ
မြန်ဆန်တဲ့ဆုံးဖြတ်ချက်တွေချဖို့ အလွန်ကောင်းတဲ့ ညတော့ မဟုတ်ပေမယ့်
ကိုယ့်ကိုယ်ကို “ငါ ဒီလောက်တောင် ခံနိုင်ရည်ရှိခဲ့တာလား” လို့ အသိအမှတ်ပြုဖို့ အကောင်းဆုံး ည တော့ သေချာပေါက် ဖြစ်နေပါတယ် ~

ဒီနေ့ မှာ ဘာမှ ထူးခြားပြောင်းလဲတာတွေ မဖြစ်
ရင်တောင် သင်ရှင်သန်နေဆဲ သင့်ရဲ့အမြစ်တွေဟာ မမြင်ရပေမယ့် ခိုင်မာနေဆဲ ဖြစ်ကြောင်း နဲ့
သင့်ရဲ့ ခံနိုင်ရည်ကို သက်သေထူဖို့ လုံလောက်တဲ့ Full Moon ရဲ့ Resilience Energy ကိုအပြည့်အဝ ရရှိနိုင်မဲ့ နေ့ ဖြစ်ပါတယ် ~
🌊🌕🐟

𝐴𝑠 𝑎𝑏𝑜𝑣𝑒 𝑠𝑜 𝑏𝑒𝑙𝑜𝑤 𝐴𝑠 𝑤𝑖𝑡𝘩𝑖𝑛 𝑠𝑜 𝑤𝑖𝑡𝘩𝑜𝑢𝑡 𝐴𝑠 𝑡𝘩𝑒 𝑢𝑛𝑖𝑣𝑒𝑟𝑠𝑒 𝑠𝑜 𝑡𝘩𝑒 𝑠𝑜𝑢𝑙
𝐸𝑀𝐼𝐿𝑌 𝑇𝐻𝐸 𝐸𝑌𝐸
👁️✨👁️




👁✨👁️

20/08/2026




10/08/2026

✨𝑆𝑝𝑖𝑟𝑖𝑡𝑢𝑎𝑙𝑖𝑡𝑦 𝑖𝑠𝑛’𝑡 𝑎𝑏𝑜𝑢𝑡 𝑒𝑠𝑐𝑎𝑝𝑖𝑛𝑔 𝑟𝑒𝑎𝑙𝑖𝑡𝑦✨

⚓️ 𝐼𝑡’𝑠 𝑎𝑏𝑜𝑢𝑡 𝑎𝑛𝑐𝘩𝑜𝑟𝑖𝑛𝑔 𝑖𝑛𝑡𝑜 𝑦𝑜𝑢𝑟 𝑡𝑟𝑢𝑡𝘩 ⚖️

✨🗝️🪽♾️🪐🌀✨

တခါတလေ ကျွန်မတို့ စိတ်ထဲမှာ
"ငါ အဲတုန်းက ဘာလို့ ဒီလို ဆုံးဖြတ်ခဲ့မိတာလဲ"
ဆိုတဲ့ မေးခွန်းတွေ ပဲ့တင်ထပ်ပြီး
ကိုယ့်ကိုယ်ကိုယ် ပြန်အပြစ်တင်မိကြတယ်

ဒါပေမဲ့ အဲဒီတုန်းက
သင်အကောင်းဆုံး ကြိုးစားခဲ့တာပါပဲ
အမှားတွေ မဟုတ်ခဲ့ပါဘူး
အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ အသက်ဆက်နိုင်ဖို့ ကြိုးစားခဲ့ရုံပါ

သင့်ရဲ့ ဦးနှောက်က မေ့သွားပြီလို့ ထင်ရပေမဲ့
သင့်ရဲ့ ခန္ဓာကိုယ်ကတော့
အဲဒီ ဒဏ်ရာ၊ အဲဒီ တင်းကြပ်မှုတွေကို မှတ်မိနေဆဲပဲ

စိတ်ဝိညာဉ်နိုးထခြင်းဆိုတာ
အလုပ်တွေ၊ အောင်မြင်မှုတွေရဲ့ အပြင်ဘက်မှာ ကိုယ့်ရဲ့ ပင်ကိုအမှန်တရားကို ပြန်လည်နားလည်ဖို့ ငြိမ်သက်စွာ တွန်းအားပေးလိုက်တဲ့
သဘာဝတ္ထ ခေါ်ဆောင်မှုတစ်ခုပါ

ကိုယ့်ဖြစ်တည်မှုကို
အာဟာရ ဖြည့်တင်းတဲ့နေရာမှာ
ကိုယ့်ရဲ့ စစ်မှန်တဲ့ တန်ဖိုးတွေ၊ ဦးတည်ချက်တွေနဲ့ ထပ်တူကျအောင် ညှိယူပြီး
ဘဝက ပေးအပ်လာသမျှကို
ယုံကြည်မှု၊ ပွင့်လင်းမှုတို့နဲ့ အတူ
ငြိမ်းချမ်းစွာ လက်ခံ လုပ်ဆောင်ခြင်းက အဓိက ပေါ့

ဘာလို့ ခေတ္တ ငြိမ်သက်ခြင်းဆီ သွားသင့်လဲ?

သင့်ရဲ့ စိတ်က မေ့သွားရင်တောင်
သင့်ရဲ့ ခန္ဓာကိုယ်ကတော့ အရာရာကို မှတ်မိနေဆဲမို့လို့ပါ

သီးသန့် ခွဲထွက် ရပ်တန့်လိုက်တာဟာ
စိတ်အလိုလိုက်တာ မဟုတ်ပဲ
မရှိမဖြစ် လိုအပ်တဲ့ ပြန်လည် သက်ရှူခြင်း၊
ကိုယ့်အတွင်းစိတ် အသံကို နားထောင်ခြင်းနဲ့
ကိုယ့်အိမ်ဆီ ကိုယ် ပြန်လာခြင်းကို
ဂရုတစိုက်ပြုစုရမဲ့အချိန်ရောက်လာနေလို့ပဲဖြစ်ပါတယ်

ခေတ္တ ငြိမ်သက်ခွင့်ပေးကြည့်ပါ…

ဒီ ငြိမ်သက်ခြင်းထဲမှာ
သင့်အတွက် တကယ်အရေးကြီးတဲ့
ပင်ကိုယ် အသိတရားကို ပြန်လည် နိုးထစေလိုက်ပါ

အဲဒီ စစ်မှန်တဲ့ မူလအသိနဲ့
ဘဝရွေးချယ်မှုတွေကို လမ်းပြစေတဲ့အခါ…
မဆူညံဘဲ နက်နဲတဲ့ စိတ်အေးချမ်းမှုက
အလိုလို စီးဝင်လာပါလိမ့်မယ်

𝐴𝑠 𝑎𝑏𝑜𝑣𝑒, 𝑠𝑜 𝑏𝑒𝑙𝑜𝑤,
𝑤𝘩𝑒𝑟𝑒 𝐴𝑟𝑡 𝑚𝑒𝑒𝑡𝑠 𝑆𝑝𝑖𝑟𝑖𝑡 ,
𝐸𝑀𝐼𝐿𝑌 𝑇𝐻𝐸 𝐸𝑌𝐸

👁️✨👁️

01/08/2026

season

လူသားအားလုံး အတွက်ကိုယ့် စိတ် ရဲ့ ရှင်သန်ရာ ဟာ ကိုယ့် စိတ်ရဲ့ ငြိမ်းချမ်းရာ ဖြစ်တယ်ဆိုတာ ကိုယ် တိုင် ရှာဖွေ နိုင်တဲ့ နေ့...
29/07/2026

လူသားအားလုံး အတွက်

ကိုယ့် စိတ် ရဲ့ ရှင်သန်ရာ ဟာ

ကိုယ့် စိတ်ရဲ့ ငြိမ်းချမ်းရာ ဖြစ်တယ်ဆိုတာ

ကိုယ် တိုင် ရှာဖွေ နိုင်တဲ့ နေ့ ရောက် လာ ဖို့

ကျွန်မ နေ့စဉ် ဆုတောင်း ပေးနေ ကျ အရာလေးပေါ့

💫♾️🪐⏳🙏🏻

ကျွန်မ တို့ သက်တမ်းတွေ က ဘယ်လောက်များ ကျန်တော့ မှာ မို့လို့လဲ ~

Em
👁️✨👁

✨🫧 𝑉𝑖𝑣𝑟𝑒 𝑎𝑢 𝑗𝑜𝑢𝑟 𝑙𝑒 𝑗𝑜𝑢𝑟 ✨🫧ဒီ နေ့  ကောင်း ကင် ကို                           အ ကာ အ ဆီး မဲ့ စွာ                          ...
24/04/2026

✨🫧 𝑉𝑖𝑣𝑟𝑒 𝑎𝑢 𝑗𝑜𝑢𝑟 𝑙𝑒 𝑗𝑜𝑢𝑟 ✨🫧

ဒီ နေ့
ကောင်း ကင် ကို

အ ကာ အ ဆီး မဲ့ စွာ

လွပ် လပ် စွာ

ကြည့် ခွင့် ရ ပြီ ဆိုရင် ~ ☁️

နေစရာ အမိုးအကာ လေး တခု အောက်မှာ

အခကြေးငွေ ပေးစရာ မလိုတဲ့

လေ ပြေ ကို တ ဝ ကြီး ရှု ရှိုက်ခွင့် ရပြီဆိုရင် ~ 🌬️

နှလုံး သားဟာ တစ်ကိုယ်စာ အတွက်

ကောင်းမွန် ကျန်းမာစွာ လည်ပတ် နေပြီး

ကိုယ့်ရဲ့ နှ လုံးခုန်သံ ကို 🫀

ကိုယ် တိုင်ပြန် ကြား ခွင့် ရ နေ ဆဲပဲ ဖြစ်တယ်ဆိုရင်~

နေ့ရက်တိုင်း ကို သူဖြစ်ပျက် လာတဲ့ အတိုင်းပဲ

ကြည့်ကျက် ပြီး

နေထိုင်ဖြတ်သန်း လိုက် ဖို့က လွဲရင်

ဘာလို နေသေး လဲ လေ ~

𝐵𝑒 𝑛𝑜𝑡 𝐵
👁️✨👁️

ဒီနေ့က “ Earth Day “ 🌳🌎🌱🪨ဆို တော့ သဘာဝတရား ကြီး စိမ်းလန်းစိုပြေရေး နှင့်သစ်ပင်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေး အမှတ်တရ န...
22/04/2026

ဒီနေ့က “ Earth Day “ 🌳🌎🌱🪨
ဆို တော့ သဘာဝတရား ကြီး စိမ်းလန်းစိုပြေရေး နှင့်သစ်ပင်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေး အမှတ်တရ နေ့ ဖြစ်တဲ့ အပြင်

ကျွန်မ သတ်မှတ်မိတာ နောက်တခုက
'ကိုယ့်ကိုယ်ကိုယ် ပြန်စိုက်ပျိုးရမယ့်နေ့' လဲ ဖြစ်တယ်လို့ပေါ့ ~
🌵

အစိမ်းရောင်ပတ်ဝန်းကျင် နဲ့ ရေကျသံ ကလွဲလို့ တိတ်ဆိတ် အေးမြ ကြည်လင်လွန်းတဲ့ ရေတံခွန် နားက ကျွန်မ ကြည်နူးနှစ်သက်စွာ
ရေးနေခဲ့တဲ့ ဒိုင်ယာရီဟာ သာမန် journaling ထက် ပိုပြီးအဓိပ္ပါယ်တွေ ပြည့်စုံနေတဲ့ ကျွန်မရဲ့ အတွေးတွေကို အမိမြေရဲ့ ငြိမ်သက်မှုနဲ့ ချိတ်ဆက်ပေးထားတဲ့
ငြိမ်းချမ်းခြင်းတံခါးပေါက် ဖြစိပါတယ်🚪

သဘာဝတရားထဲမှာ ကျွန်မတို့ စာရေးတဲ့အခါ၊ ကျွန်မတို့ရဲ့ ကလောင်သွားဟာ သစ်မြစ်တွေလိုပဲ မြေကြီးထဲကို နက်နက်ရှိုင်းရှိုင်း ဆင်းသွားပြီး စကြဝဠာရဲ့ လျှို့ဝှက်ချက်တွေကို ပြန်လည် တူးဖော်ပေးတတ်ပါ
တယိ

ကမ္ဘာမြေဟာ ကျွန်မတို့ရဲ့ စိတ်အခြေအနေကို ပြန်ဟပ်နေတဲ့ မှန်ချပ်တစ်ခုပါ 🪞
သင့်စိတ်ထဲမှာ မုန်တိုင်းထန်နေရင် ကမ္ဘာကြီးက ခြောက်သွေ့နေမှာဖြစိပြီး သင့်နှလုံးသားမှာ မေတ္တာတရား ပွင့်လန်းနေရင်တော့ ဘယ်နေရာကိုကြည့်ကြည့် botanical garden တစ်ခုလို စိမ်းလန်းနေမှာပါ

သစ်ပင်တွေက ဘာလို့ အမြဲတည်ငြိမ်နေတာလဲ?
သူတို့မှာ ခိုင်မာတဲ့ အမြစ် ရှိလို့ပါ။ ကျွန်မတို့ လူသားတွေလည်း အသိပညာ ဆိုတဲ့ အမြစ်တွေကို အမိမြေရဲ့ အမှန်တရားထဲမှာ အမြစ်တွယ်ထားနိုင်ရင် ဘယ်လို လောကဓံ လေပြင်းတွေတိုက်တိုက် ဘယ်တော့မှ ယိမ်းယိုင်သွားမှာ မဟုတ်တော့ဘူးပေါ့ 🪾

ကျွန်မ စာအုပ်ပေါ်မှာ ရေးချလိုက်တဲ့ စကားလုံးတိုင်းဟာ အမိမြေဆီကို ပို့လွှတ်တဲ့ ဆုတောင်းစာတွေပါပဲ။ သဘာဝတရားရဲ့ ရင်ခွင်ထဲမှာ ကျွန်မတို့ရဲ့ 'Ego' တွေကို ခွါချထားခဲ့ပြီး “ အတ္တ” တွေ မရှိတဲ့ အခါ
ကိုယ်နဲ့ ခန္ဓာ ဟာ ဘာတွေ ကျန်ခဲ့မလဲ ?
စစ်မှန်သော စိတ်ဗလာနဲ့ ကိုယ်ကိုကိုယ် သာ ပြန်ရှာဖွေမိတဲ့ အခိုက်အတန့် တခုကိုပဲ ခံစားမိကြမှာမဟုတ်လား မိတ်ဆွေ 🫧🫙🪞🧘🏻‍♀️

ဒီနေ့မှာ Mother Earth 🌏 အမိမြေက တဆင့် သင့်ကို လက်ဆောင်ပါးချင်တဲ့ စကားကတော့

" လောကမှာ အရာရာဟာ အချိန်ကိုက်ပဲ ဖြစ်တည်ကြပါတယ် ၊ သစ်တပင်ကောင်းဖြစ်ဖို့ အတွကိအချိန် ယူပြီးစိုက်ပျိုးရတယ် ၊ ကိုယ့်စိုက်ပျိုးထားတဲ့ အပင်လေးတွေ ရဲ့ ကြီးထွားမှု တွေကို အချိန်ယူ ပြုစုပျိုးထောင်ရင်းနဲ့မှ သူတို့ရဲ့ လေးတွေရဲ့ လှပသပ်ရပ်စွာရှငိသန်လာမှုကို မျက်မြင်ခံစား ရကြတယိမဟုတ်လား
ဒီလိုပဲ သင့်ရဲ့ စိတ်နှလုံး ရှင်သန်ရင့်ကျက်မှု အတွက်ကိုလဲ ဘဝ မှာ အချိန်တခု ပေးကို ပေးရတယ်ဆိုတာ အမှတ်ရနေပါလေ: အဲဒီ အချိန်တွေကို စိတ်ရှည် သညိးခံ ဖြတ်သန်းရင်း၊ လောကဓံမျိုးစုံကို တွေ့ကြုံခံစားရင်းနဲ့ပဲ ကျွန်မ တို့ ရှာဖွေ တဲ့ ဉာဏ်ပညာ ကို အချိန် တခုမှာ တွေ့ဆုံကြရမှာ မလွဲမသွေပါပဲ ~

Earth element မြေဓာတ်သဘာဝဟာလည်း မြန်ဆန် လှတဲ့ နေ့စဉ်ဘဝ လှုပ်ရှား မှုတွေ ကြားမှာ စိတ်ရှည်သည်းခံစွာငြိမ်သက်နေထိုင်တတ်စေဖို့ energy ကိုဝေမျှပေးတယိမဟုတိလား 🍃🍂🪴

ယနေ့မှာ သဘာဝတရားကို ကျေးဇူးတင်စကား ပြောကြည့်ပါ။ ပန်းပင်လေးတွေကို ရေလောင်းပါ၊ သဘာဝအလှတရားကို ငေးမောပါ။ ခြေထောက်နဲ့ မြေကြီးနဲ့ ထိ ပြီးလမ်းလျှောက်ပါ ၊ ပြီးရင် သင့်ရဲ့ နှလုံးသားနဲ့ပါ ကမ္ဘာမြေကို နားထောင်ကြည့်ပါ။ အဲဒီအခါ အဖြေရှာမရတဲ့ သင့်ဘဝရဲ့ ပုစ္ဆာတွေအတွက် အေးချမ်းတဲ့ အဖြေတစ်ခုကို သဘာဝတရားက သင့်နားထဲ တိုးတိုးလေး လာပြောပါလိမ့်မယ်လေ ~

🌿📖✨
လွတ်လပ်တဲ့ဝိဉာဉ် ပိုင်ရှင်ဖြစ်နေပါစေ ဒါပေမဲ့ သင်လာရာလမ်းအမြစ်ကိုတော့ အမြဲ သတိရနေပါစေပေါ့
ကျွန်မတို့ဟာ ကမ္ဘာမြေပေါ်မှာ နေထိုင်ရုံတင် မဟုတ်ပါဘူး။
ကျွန်မတို့ကိုယ်တိုင်ကလည်း ကမ္ဘာမြေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ် ~

WE ARE THE EARTH
🌲🌏🌳🪾🪞🍃🪨🪐

Your Spiritual Therapist,
Emily the Eye
👁️✨👁️

ရှင် သန် ဖို့ အ ချိန် ပေး ရ တဲ့ တချို့ အရာ တွေ ကိုအလျှင်လိုမိနေရာကနေ  ရပ်တန့်ဖို့အတွက် ကျွန်မ သင်ယူ ခဲ့တယ်~ ✍🏼အမ်မလီ
19/04/2026

ရှင် သန် ဖို့ အ ချိန် ပေး ရ တဲ့ တချို့ အရာ တွေ ကို

အလျှင်လိုမိနေရာကနေ ရပ်တန့်ဖို့အတွက်

ကျွန်မ သင်ယူ ခဲ့တယ်

~

✍🏼
အမ်မလီ

🫧⚜️ 🙏🏻 Happy Myanmar New Year 🙏🏻⚜️🫧  နေမင်းကြီးရဲ့ စွမ်းအင် ဟာ ထူးထူးခြားခြား အမြင့်ဆုံးရောကိရှိနေတဲ့ ဒီနေ့လို မင်္ဂလာရှ...
18/04/2026

🫧⚜️ 🙏🏻 Happy Myanmar New Year 🙏🏻⚜️🫧

နေမင်းကြီးရဲ့ စွမ်းအင် ဟာ ထူးထူးခြားခြား အမြင့်ဆုံးရောကိရှိနေတဲ့ ဒီနေ့လို မင်္ဂလာရှိတဲ့ မြန်မာ နှစ်သစ်ကူး နစ်ဆန်း ရက်လေးမှာ Emily ရဲ့ ပထမဆုံး
pick a pile 🔮energy reading လေး ကို
ကျွန်မ ချစ်တဲ့သူအားလုံးအတွက်နှစ်သစ်လက်ဆောင်အဖြစ်သေချာစွာ intuitive energy အပြည့် ၊ နှစ်သစ် အားအင်အပြည့် ထည့်ပြီး ဖတ်ပေးထားပါတယ်နော်

ချစ်သောလူသား အားလုံးတို့ နှစ်သစ်မှာ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး အေးချမ်းမှုများနှင့် တစ်နှစ်တာလုံးကံကောင်းမှူတွေ စိတ်ရောကိုယ်မှာ ဖြစ်တည်ပါစေ ~

နှစ်သစ်အတွက်ဆုတောင်းလေးကတော့ ~ ✨🪞🪽

✨𝑀𝑎𝑦 𝑦𝑜𝑢 𝘩𝑒𝑎𝑙 𝑓𝑟𝑜𝑚 𝑡𝘩𝑒 𝑡𝘩𝑖𝑛𝑔𝑠 𝑦𝑜𝑢 𝑑𝑜𝑛'𝑡 𝑠𝑝𝑒𝑎𝑘 𝑜𝑢𝑡. ✨

ကျွန်မတို့သည်းခံစောင်းဆိုင်းခဲ့ရတဲ့ အခက်ခဲဆုံးသောအရာတွေဟာ တနေ့မှာ ကျွန်မ တို့ကိုပိုမို နူးညံ့ပြီးခံနိုင်ရည်ရှိစေတဲ့ စိတ်စွမ်းအင်ပိုင်ရှင်တွေ အဖြစ် ရှင်သန်ခွငိ့ပေးပါစေ~ ✨🪞🪽

Note for you:
ကြည့်ရှုသူအားလုံးတို့ရဲ့ energyများ နဲ့ တထပ်တည်းကိုကိညီ နိုင်တာမျိုး ဖြစ်ချငိမှ ဖြစ်နိုင်မှာမို့လို့
ကိုယိနဲ့ ကိုက်ညီတဲ့ energy လို့ ထင်ရင် မေတ္တာနဲ့ ဖတ်ရှုပြီး
မကိုကိညီတဲ့ အကြောင်းအရာများကို စကြ်ာဝဠာထံ ငြိမ်းချမ်းစွာလွှတ်ချခဲ့ပါလေ~ 🕊️

𝑌𝑜𝑢𝑟 𝑆𝑝𝑖𝑟𝑖𝑡𝑢𝑎𝑙 𝑇𝘩𝑒𝑟𝑎𝑝𝑖𝑠𝑡,
𝐸𝑚𝑖𝑙𝑦 𝑡𝘩𝑒 𝐸𝑦𝑒
👁️✨👁️🪽

For personal reading booking : DM through this page messenger & Viber. 📇💬📲

🔮 UNLOCK THE MYSTERIES OF YOUR FATE 🔮Thingyan Riff ပွဲရဲ့ အကြမ်းစား Rock Energy တွေကြားထဲမှာ ကိုယ့်ရဲ့ကံကြမ္မာကို ကြိုတင...
03/04/2026

🔮 UNLOCK THE MYSTERIES OF YOUR FATE 🔮

Thingyan Riff ပွဲရဲ့ အကြမ်းစား Rock Energy တွေကြားထဲမှာ ကိုယ့်ရဲ့ကံကြမ္မာကို ကြိုတင်ကြည့်ရှုနိုင်မယ့် "Emily the Eye" ရဲ့ Tarot Session ကြီးရှိမယ်ဆိုတာ ဘော်ဒါတို့ သိပြီးပြီလား? 🃏🔮✨

သူမရဲ့ ထိုးထွင်းသိမြင်မှုတွေ၊ Tarot ကတ်တွေရဲ့ လျှို့ဝှက်ချက်တွေနဲ့အတူ ဘော်ဒါတို့ရဲ့ ရှေ့ဆက်ရမယ့် လမ်းစတွေကို ဖော်ထုတ်ပေးသွားမှာပါ🔮🪽

စိတ်လှုပ်ရှားစရာကောင်းတဲ့ Tarot ဖတ်ကြားမှုတွေကို ခံစားရင်း အနာဂတ်ကို အတူတူ ရှာဖွေလိုက်ကြရအောင် 🤔💭✨

ဒီ Session လေးက Thingyan Vibe ထဲမှာ ဘော်ဒါတို့အတွက် ပိုပြီး ထူးခြားတဲ့ ခံစားချက်မျိုး ပေးစွမ်းမှာ အသေအချာပဲနော်🔮💫🤘

📅 Date: 4th April, 2026
🕒 Time: 2 PM – 10 PM
📍 Location: Golden Inya Island




Address


50000

Website

Alerts

Be the first to know and let us send you an email when 𝐸𝑀𝐼𝐿𝑌 𝑇𝐻𝐸 𝐸𝑌𝐸 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your practice to be the top-listed Clinic?

Share