#ကြားထဲက ငါတို့မြန်မာအလုပ်သမားတွေက ဆားညှပ်ခံရအုန်းမယ် 🚨 Breaking News | တာချီလိတ်တွင် ထိုင်းထီရောင်းချခဲ့သည့် ထိုင်းနို...
28/07/2026

#ကြားထဲက ငါတို့မြန်မာအလုပ်သမားတွေက ဆားညှပ်ခံရအုန်းမယ်

🚨 Breaking News | တာချီလိတ်တွင် ထိုင်းထီရောင်းချခဲ့သည့် ထိုင်းနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဇူလိုင် ၂၈၊ ၂၀၂၆

မယ်ဆိုင်–တာချီလိတ် နယ်စပ်နှင့် ဆက်စပ်သည့် ဖြစ်စဉ်တစ်ခုတွင် မြန်မာနိုင်ငံ တာချီလိတ်မြို့အတွင်း ခွင့်ပြုချက်မရှိဘဲ ထိုင်းထီ ရောင်းချခဲ့သည်ဟုဆိုကာ ထိုင်းနိုင်ငံသား ၄ ဦးကို မြန်မာအာဏာပိုင်များက ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

သတင်းများအရ ယခုဖြစ်စဉ်မတိုင်မီ ဇူလိုင်လ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံဘက်၌ ဆန်မလောမောင်းမှုနှင့် ဆက်စပ်သည်ဟုဆိုကာ မြန်မာနိုင်ငံသား ၅၀ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ထို့နောက် ဇူလိုင်လ ၂၃ ရက်နေ့တွင် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသော်လည်း ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဆက်လက်၍ ဇူလိုင်လ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံသား ၄ ဦးသည် တာချီလိတ်မြို့အတွင်းသို့ ဝင်ရောက်ကာ ထိုင်းထီ ရောင်းချခဲ့ကြောင်း သိရပြီး၊ ယင်းနောက် မြန်မာအာဏာပိုင်များက ခွင့်ပြုချက်မရှိသည့် ထီရောင်းချမှုဖြင့် ဖမ်းဆီးကာ အမှုဖွင့်ထားကြောင်း သိရသည်။

လက်ရှိတွင် ခွင့်ပြုချက်မရှိသော ထီရောင်းချမှုဖြင့် အရေးယူထားပြီး၊ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၆ လမှ ၁ နှစ်အထိ သို့မဟုတ် ငွေဒဏ် မြန်မာကျပ် ၅ သောင်းမှ ၁ သိန်းအထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

ထို့အပြင် ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား ၄ ဦး၏ မိတ်ဆွေတစ်ဦးက အဆိုပါအမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများထံ အကူအညီ တောင်းခံထားကြောင်းလည်း သတင်းများတွင် ဖော်ပြထားသည်။

🚨 တစ်ပတ်အတွင်း အွန်လိုင်းလိမ်လည်မှုကြောင့် ဘတ် ၁၇၇ သန်းကျော် ဆုံးရှုံး — “ကုန်ပစ္စည်းအရောင်းအဝယ် လိမ်လည်မှု” အများဆုံးဖြ...
28/07/2026

🚨 တစ်ပတ်အတွင်း အွန်လိုင်းလိမ်လည်မှုကြောင့် ဘတ် ၁၇၇ သန်းကျော် ဆုံးရှုံး — “ကုန်ပစ္စည်းအရောင်းအဝယ် လိမ်လည်မှု” အများဆုံးဖြစ်၊ ရဲတပ်ဖွဲ့ သတိပေး

🚨 အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးစင်တာ (ACSC) မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက်မှ ၂၅ ရက်အထိ စာရင်းများအရ ThaipoliceOnline စနစ်မှတစ်ဆင့် အမှုဖွင့်တိုင်ကြားမှု ၅,၇၁၆ မှု ရှိခဲ့ပြီး၊ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ ဘတ် ၁၇၇ သန်းကျော် ရှိကြောင်း သိရသည်။

အဆိုပါအမှုများအနက် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အရောင်းအဝယ်လိမ်လည်မှု သည် အများဆုံးဖြစ်ပြီး ၄,၄၂၉ မှု (စုစုပေါင်းအမှု၏ ၇၇.၅%) ရှိကာ ဆုံးရှုံးငွေ ဘတ် ၄၈ သန်းကျော် ရှိခဲ့သည်။

⚠️ ထို့အပြင် လတ်တလောတွင် Call Center ဂိုဏ်းများ သည် ရဲတပ်ဖွဲ့ သို့မဟုတ် အစိုးရအရာရှိအဖြစ် ဟန်ဆောင်ကာ “သင့်တွင် အမှုရှိသည်” ဟု ခြိမ်းခြောက်ပြောဆိုခြင်း၊ Video Call ခေါ်ယူခြင်း၊ ဟိုတယ်တွင် တစ်ဦးတည်း သွားနေရန် ခိုင်းစေခြင်းနှင့် “အကောင့်စစ်ဆေးရန်” သို့မဟုတ် “အပြစ်ကင်းကြောင်း သက်သေပြရန်” အကြောင်းပြ၍ ငွေလွှဲခိုင်းခြင်းများ ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့က သတိပေးထားသည်။

📌 ထိုင်းရဲတပ်ဖွဲ့မှ အတည်ပြုထားသည့် အချက်များ

❌ ရဲတပ်ဖွဲ့သည် “သင့်မှာ အမှုရှိတယ်” ဟု ဖုန်းဆက်အကြောင်းကြားမည် မဟုတ်ပါ။
❌ LINE ကို Add ခိုင်းပြီး ဖမ်းဝရမ်း သို့မဟုတ် တရားဝင်စာရွက်စာတမ်းများ ပို့ပေးမည် မဟုတ်ပါ။
❌ Video Call ဖြင့် စစ်ဆေးမေးမြန်းမည် မဟုတ်ပါ။
❌ အကောင့်စစ်ဆေးရန် သို့မဟုတ် အပြစ်ကင်းကြောင်း ပြသရန် ငွေလွှဲခိုင်းမည် မဟုတ်ပါ။

အကယ်၍ ယင်းကဲ့သို့သော ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိပါက ဖုန်းကို ချက်ချင်းချထားပါ၊ စကားမပြောပါနှင့်၊ LINE မထည့်ပါနှင့်၊ ငွေမလွှဲပါနှင့်။ ထို့အပြင် မိသားစုဝင်များ သို့မဟုတ် နီးစပ်သူများကို အသိပေးပြီး Hotline 1441 သို့ ၂၄ နာရီပတ်လုံး ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

🚨 ငါးစက်ရုံဝန်ထမ်း မြန်မာညီမလေး အလောင်းတွေ့ရှိ — မိသားစုဝင်များ ဝမ်းနည်းကြေကွဲပြီးခဲ့တဲ့ စနေနေ့ ည ၉ နာရီဝန်းကျင်မှာ ငါးစ...
28/07/2026

🚨 ငါးစက်ရုံဝန်ထမ်း မြန်မာညီမလေး အလောင်းတွေ့ရှိ — မိသားစုဝင်များ ဝမ်းနည်းကြေကွဲ

ပြီးခဲ့တဲ့ စနေနေ့ ည ၉ နာရီဝန်းကျင်မှာ ငါးစက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာညီမလေးတစ်ဦး ပျောက်ဆုံးသွားခဲ့ပါတယ်။

ညီမလေး ပျောက်ဆုံးသွားပြီးနောက် မိသားစုဝင်တွေနဲ့ မောင်နှမတွေက နေရာအနှံ့ လိုက်လံရှာဖွေခဲ့ရာ ဒီနေ့ညမှာတော့ အလုပ်လုပ်တဲ့နေရာနဲ့ မဝေးတဲ့ ခြုံပုတ်တစ်ခုအတွင်းမှာ ညီမလေးရဲ့ အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

မိသားစုဝင်တွေရဲ့ ပြောကြားချက်အရ ညီမလေးရဲ့ လက်ထဲမှာ ဆံပင်အချို့ကို ဆုပ်ကိုင်ထားတာ တွေ့ရပြီး အဆိုပါဆံပင်ဟာ ကျူးလွန်သူရဲ့ ဆံပင် ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ သို့သော် ယင်းအချက်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက အတည်ပြုထားခြင်း မရှိသေးပါ။

လက်ရှိမှာတော့ ညီမလေးနဲ့ အလုပ်အတူလုပ်တဲ့ လုပ်ဖော်ကိုင်ဖက် အမျိုးသားတစ်ဦးကို မိသားစုဘက်က သံသယရှိနေပြီး၊ ညီမလေး ပျောက်ဆုံးသွားချိန်ကတည်းက အဆိုပါအမျိုးသားလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ သို့သော် ရဲတပ်ဖွဲ့ဘက်က သံသယရှိသူ သို့မဟုတ် ဖမ်းဆီးထားသူနှင့် ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပါ။

ကွယ်လွန်သူ ညီမလေး၏ မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ပြီး တရားမျှတမှု ရရှိပါစေ။ ကွယ်လွန်သူလည်း ကောင်းရာသုဂတိလားပါစေ။

သတင်းအခြေအနေ အသစ်များ ထွက်ပေါ်လာပါက ဆက်လက် ဖော်ပြပေးသွားပါမည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဂိုဒေါင်အတွင်း သိုလှောင်ထားပြီးနောက် အွန်လိုင်းပေါ်တွင် မူရင်းပစ္စည်းမျ...
28/07/2026

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဂိုဒေါင်အတွင်း သိုလှောင်ထားပြီးနောက် အွန်လိုင်းပေါ်တွင် မူရင်းပစ္စည်းများထက် ဈေးနှုန်းအဆပေါင်းများစွာ သက်သာစွာဖြင့် ရောင်းချရန် ပြင်ဆင်ထားသည်ဟု သိရသည်။

ဖြစ်စဉ်နေရာတွင် အော်ဒါစာရွက်များနှင့် ပို့ဆောင်ရန် ပြင်ဆင်ထားသည့် အထောက်အထားများကိုလည်း တွေ့ရှိရကြောင်း သိရသည်။

သက်ဆိုင်ရာအာဏာပိုင်များက ဆက်လက်စုံစမ်းစစ်ဆေးနေပြီး အသေးစိတ်အချက်အလက်များ ထပ်မံထုတ်ပြန်လာပါက ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်သည်။

ချင်းမိုင်တွင် လူငယ် ၁၀ ဦးကျော်က Vintage ဆိုင်ကို ဖောက်ထွင်းပြီး Second-hand အဝတ်အစားများ ခိုးယူ၊ ဖမ်းမိသူ ၃ ဦးကို အရွယ်...
27/07/2026

ချင်းမိုင်တွင် လူငယ် ၁၀ ဦးကျော်က Vintage ဆိုင်ကို ဖောက်ထွင်းပြီး Second-hand အဝတ်အစားများ ခိုးယူ၊ ဖမ်းမိသူ ၃ ဦးကို အရွယ်မရောက်သေးသဖြင့် ပြန်လွှတ်

ချင်းမိုင်မြို့ Nimman ရပ်ကွက်ရှိ Vintage အဝတ်အထည်ဆိုင်တစ်ဆိုင်သို့ လူငယ် ၁၀ ဦးကျော် ဝင်ရောက်ဖောက်ထွင်းကာ Second-hand အဝတ်အစားများ ခိုးယူခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သံသယရှိသူ ၃ ဦးကိုသာ ဖမ်းဆီးနိုင်ခဲ့သော်လည်း ၎င်းတို့မှာ အရွယ်မရောက်သေးသည့် လူငယ်များ (Juveniles) ဖြစ်သဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းအရ ပြန်လွှတ်ပေးခဲ့ရသည်။

တစ်ဖက်တွင် နစ်နာသူများစွာက ကျန်ရှိနေသေးသည့် ပြစ်မှုကျူးလွန်သူများကို အဘယ်ကြောင့် ဆက်လက်စုံစမ်းဖမ်းဆီးခြင်း မပြုလုပ်သေးသည်ကို မေးခွန်းထုတ်ကာ ရဲတပ်ဖွဲ့အနေဖြင့် အမှုကို ဆက်လက်ချဲ့ထွင်စုံစမ်းပြီး ကျန်တရားခံများကို အမြန်ဖမ်းဆီးအရေးယူပေးရန် တောင်းဆိုထားကြသည်။

#သတင်းအရင်းအမြစ် – Khaosod News

“Tae Archiwa” နှင့် “Ton-or Pen Nueng” တို့က အသက် ၁၅ နှစ်အရွယ် မိန်းကလေးအား အမှုဖွင့်တိုင်ကြားရန် ကူညီ၊ တရားခံများ ထွက်ပ...
27/07/2026

“Tae Archiwa” နှင့် “Ton-or Pen Nueng” တို့က အသက် ၁၅ နှစ်အရွယ် မိန်းကလေးအား အမှုဖွင့်တိုင်ကြားရန် ကူညီ၊ တရားခံများ ထွက်ပြေးမှုမရှိစေရန် တင်းကျပ်စွာ အရေးယူပေးရန် တောင်းဆို

Tae Archiwa နှင့် Ton-or Pen Nueng တို့သည် အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးကို Bang Khen Police Station သို့ ခေါ်ဆောင်သွားကာ အမှုဖွင့်တိုင်ကြားခြင်းနှင့် အမှုတိုးတက်မှုကို လိုက်လံစောင့်ကြည့်ပေးခဲ့သည်။ အဆိုပါ မိန်းကလေးမှာ နိုင်ငံခြားသား လူငယ်အုပ်စုတစ်စု၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို ခံခဲ့ရသည်ဟု စွပ်စွဲထားကြောင်း သိရသည်။

ထို့အပြင် Pen Nueng Foundation နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများကို ညှိနှိုင်းဆက်သွယ်ကာ နစ်နာသူအတွက် ဥပဒေရေးရာ အကူအညီများနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး အကူအညီများ ရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။

နှစ်ဖက်စလုံးက သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများအနေဖြင့် အမှုကို တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်ရန် တောင်းဆိုခဲ့ပြီး၊ အထူးသဖြင့် နိုင်ငံခြားသား သံသယရှိသူများအား ယာယီအာမခံဖြင့် လွှတ်ပေးရာတွင် အမှုမပြီးဆုံးမီ နိုင်ငံပြင်ပသို့ ထွက်ပြေးတိမ်းရှောင်နိုင်ခြေကို သေချာစွာ ထည့်သွင်းစဉ်းစားရန် တိုက်တွန်းခဲ့သည်။

ထို့ပြင် သံသယရှိသူများကို စောင့်ကြည့်ထိန်းချုပ်သည့် စနစ်ကို ပိုမိုတင်းကျပ်စွာ အဆင့်မြှင့်တင်ပြီး ဥပဒေအကောင်အထည်ဖော်ရာတွင် ရှိနေသော လစ်ဟာချက်များကို ပိတ်ဆို့နိုင်ရန်လည်း
အကြံပြုခဲ့သည်
#ဘာသာပြန်ဆိုသည်

27/07/2026

တစ်ခုခု ဆို အရင်မအော်ဘဲ သေချာ စဉ်းစားပြီးမှ လုပ်ပါ စိတ်လောတာက လူကို ပိုမှားစေတယ်
1. “HIV ရှိတယ်” ဟု လိမ္မာပါးနပ်စွာပြောကာ ဓားထောက်ခြိမ်းခြောက်ခံရမှုမှ လွတ်မြောက်ခဲ့သည့် အနှိပ်သည်

ထိုင်းနိုင်ငံ ဆုန်ခလာမြို့တွင် ကျန်းမာရေးအနှိပ်သည် အမျိုးသမီးတစ်ဦးသည် ဓားထောက်ခြိမ်းခြောက်ခံရပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမည့် အန္တရာယ်နှင့် ကြုံခဲ့ရသော်လည်း “မိမိတွင် HIV ရှိသည်” ဟု လိမ္မာပါးနပ်စွာ ပြောဆိုလှည့်စားခဲ့ရာမှ ပြစ်မှုကျူးလွန်ရန် ကြိုးပမ်းသူက စိတ်ပြောင်းသွားပြီး ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြောင်း သိရသည်။ နောက်ပိုင်းတွင် အမျိုးသမီးက ရဲတိုင်ကြားကာ အခြားအနှိပ်သည်များကိုလည်း သတိထားကြရန် သတိပေးထားသည်။

🚨 ဖူးခက်တွင် မြန်မာနိုင်ငံသား မူးယစ်အရက်သောက်မောင်းနှင်သည့်ကား ဆိုင်ကယ် ၄ စီးဝင်တိုက် — ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရထိုင်းနိုင်ငံ ...
27/07/2026

🚨 ဖူးခက်တွင် မြန်မာနိုင်ငံသား မူးယစ်အရက်သောက်မောင်းနှင်သည့်ကား ဆိုင်ကယ် ၄ စီးဝင်တိုက် — ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ ဖူးခက်ခရိုင်၌ ဇူလိုင် ၂၅ ရက် ညပိုင်းက မြန်မာနိုင်ငံသားတစ်ဦး အရက်သောက်ပြီး မောင်းနှင်လာသည့်ကားက ဆိုင်ကယ် ၄ စီးကို ဆက်တိုက်ဝင်တိုက်ခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ယာဉ်မောင်း၏ သွေးအတွင်း အရက်ပမာဏ ၂၃၉ မီလီဂရမ် တွေ့ရှိခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့က အရက်သောက်မောင်းနှင်၍ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ဖြစ်ပေါ်စေမှုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ထိုင်းနိုင်ငံက သတင်းတွေက ဖြစ်လိုက်ရင် အဆန်းဘဲ 🫡ထိုင်းနိုင်ငံ ချင်းမိုင်တွင် အမျိုးသမီးတစ်ဦးသည် အခန်းထဲတွင် စုပုံထားသော အ...
26/07/2026

ထိုင်းနိုင်ငံက သတင်းတွေက ဖြစ်လိုက်ရင် အဆန်းဘဲ 🫡

ထိုင်းနိုင်ငံ ချင်းမိုင်တွင် အမျိုးသမီးတစ်ဦးသည် အခန်းထဲတွင် စုပုံထားသော အမှိုက်များပြိုကျ၍ အောက်တွင် ပိမိကာ ၅ ရက်ကြာ သတိလစ်နေခဲ့သည်။ ဇူလိုင် ၂၂ ရက်နေ့က အိမ်နီးချင်းကို ဖုန်းဆက်၍ “ကယ်ပါဦး” ဟုသာ ပြောနိုင်ပြီး ဖုန်းပြတ်သွားခဲ့သည်။ အဆက်အသွယ် ၅ ရက်ကြာ ပျောက်ဆုံးနေသဖြင့် ဇူလိုင် ၂၆ ရက်နေ့တွင် ရဲနှင့် ကယ်ဆယ်ရေးအဖွဲ့က တံခါးဖျက်ဝင်ရှာဖွေရာ အမှိုက်ပုံအောက်တွင် ပိနေသည်ကို တွေ့ရှိခဲ့ပြီး မိနစ် ၄၀ ခန့်ကြာ ကယ်ထုတ်နိုင်ခဲ့သည်။ ကံကောင်းစွာဖြင့် အသက်ရှင်နေဆဲဖြစ်ပြီး ဆေးရုံတွင် သတိပြန်လည်ရရှိခဲ့သည်။

 #ဖြစ်ဖွားချိန်လည်းအတူ  #6သဆုံးချိန်လည်းအတူ 🖤🤍ထိုင်းနိုင်ငံ ဘူရီရမ်ခရိုင်၊ စတึก (Satuek) မြို့နယ် တွင် အသက် ၇ နှစ်အရွယ် ...
26/07/2026

#ဖြစ်ဖွားချိန်လည်းအတူ #6သဆုံးချိန်လည်းအတူ 🖤🤍

ထိုင်းနိုင်ငံ ဘူရီရမ်ခရိုင်၊ စတึก (Satuek) မြို့နယ် တွင် အသက် ၇ နှစ်အရွယ် အမြွှာညီအစ်ကိုနှစ်ဦးအနက် တစ်ဦးသည် အိမ်နောက်ဘက်ရှိ ရေကန်တွင် ဆော့ကစားနေစဉ် ရေနစ်ပျောက်ဆုံးသွားခဲ့သည်။

အစ်မဖြစ်သူက ရွာပတ်လည် လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ဘဲ၊ နောက်ဆုံးတွင် အမြွှာညီအစ်ကိုနှစ်ဦးစလုံး ရေနစ်6သဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

ဖြစ်ဖွားချိန်တွင် အတူရှိခဲ့သလို၊ နောက်ဆုံးခရီးကိုလည်း အတူတကွ ထွက်ခွာသွားရသည့် ကလေးငယ်နှစ်ဦး၏ မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပါသည်။

🖤 ကလေးငယ်နှစ်ဦး ကောင်းရာသုဂတိလားပါစေ။

ที่อยู่

Phetchaburi

เบอร์โทรศัพท์

+66950089210

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KO NAY THAILผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์