Tarot Titan

Tarot Titan 𝐃𝐢𝐯𝐢𝐧𝐞𝐥𝐲 𝐆𝐮𝐢𝐝𝐞𝐝 𝐁𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬!
(1)

“နှစ်မကုန်ခင် ဒီ Package တွေယူပါ”     အခုရက်ပိုင်း “2026” အတွက် တစ်နှစ်စာ Reading Package လေးတွေအကြောင်း လာမေးနေကြလို့ က...
24/12/2025

“နှစ်မကုန်ခင် ဒီ Package တွေယူပါ”

အခုရက်ပိုင်း “2026” အတွက် တစ်နှစ်စာ Reading Package လေးတွေအကြောင်း လာမေးနေကြလို့ ကျွန်တော်တို့ဆီမှာ လက်ရှိရတဲ့ Package လေးနှစ်ခုကို ဒီပိုစ့်လေးကနေတစ်ဆင့် မိတ်ဆက်ပေးချင်ပါတယ်ဗျ။
ပထမတစ်ခုကတော့ - “One-Year Cycle Package” ပဲဖြစ်ပြီး တစ်နှစ်လုံးစာအတွက် တစ်လချင်းစီစာကို အသံဖိုင်တစ်ခုစီနဲ့ အသေးစိတ်ဖတ်ကြားပေးမှာမျိုးဖြစ်ပြီး လအလိုက်ဆောင်ရန်၊ ရှောင်ရန်များနှင့် သတိပြုစရာလေးများကိုပါ တစ်ပါတည်းထည့်သွင်းဖြေကြားပေးသွားမှာပဲဖြစ်ပါတယ်။ စောင့်ဆိုင်းရန်ကြာချိန်အနေနဲ့ကတော့ (၁၀) ရက်ပဲဖြစ်ပြီး ဒီ “Package” လေးကိုတော့ လက်ရှိအချိန်မှာ (75000-MMK / 750 THB) နှင့် ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။
ဒုတိယတစ်ခုကတော့ - “Personalized One-Year Energetic Report” လေးပဲဖြစ်ပြီး သူကတော့ ဟောစာတမ်းစာစောင်ပုံစံမျိုးလိုချင်သူလေးတွေအတွက်ကို ရည်ရွယ်ပါတယ်။ ဒီနှစ်အတွက်ကတော့ မှာယူသူများအနေနဲ့ “Graphic E-Booklet” ပုံစံမျိုးနှင့် ရရှိနိုင်မှာဖြစ်ပြီး “Tarot Titan” ရဲ့ Membership & Subscription အစီအစဥ်တွေ၊ Personal Tarot Reading Package တွေ၊ Classes တွေအတွက်လဲ တစ်နှစ်တာအသုံးပြုနိုင်မယ့် “Promo Code” လေးတွေကိုပါ ပေးအပ်သွားမှာပဲဖြစ်ပါတယ်။
ဒီ Package လေးဟာဆိုလဲ တစ်နှစ်တာလုံးအတွက် တစ်လချင်းစီကံကြမ္မာကို ဆရာ Titan က အသေးစိတ်ရေးသားဖတ်ကြားပေးသွားမှာဖြစ်ပြီး လအလိုက်ဆောင်ရန်၊ ရှောင်များအပြင် ကံကောင်းစေသောအရောင်၊ ကိန်းဂဏန်းများ၊ ယတြာများနှင့် Selfcare Tip များကိုပါ ထည့်သွင်းမျှဝေပေးသွားမှာမို့ “All rounded” ဖြစ်တဲ့ “Package” တွေထဲက တစ်ခုပါပဲဗျ။ Package Fee လေးအနေနဲ့ကလဲ - (120000 MMK / 1200 THB) ပဲကျသင့်မှာမို့ တစ်လစာအတွက်ကို ပြန်တွက်ကြည့်ရင် မြန်မာငွေ (10000) ကျပ်ကျော်ကျော်လေးတွေပဲ ကျမှာဖြစ်ပါတယ်။
လာမယ့်နှစ် “2026” အတွက်ကိုတော့ ကျွန်တော်တို့အနေနဲ့ ဒီ Package လေးကို အချိန်အခက်အခဲအရ လူ (၃) ယောက်စာပဲ လက်ခံပေးပါ့မယ်ဗျ။ ဆိုတော့ကာ - မှာယူချင်လိုသူလေးတွေအနေနဲ့ အမြန်တော့လက်သွက်ဖို့လိုပါလိမ့်မယ်နော် Energies တို့ရေ။
ကဲ ဒီလောက်ဆိုရင်တော့ “2026” မှာ “New Year, New Me” ဖြစ်ဖို့ရာအတွက် နှစ်မကုန်ခင်လေး ဒီ Package လေးတွေကို “Reading Fees” လေးတွေ အပြောင်းအလဲမဖြစ်ခင် အမြန်လာရောက်ဝယ်ယူနိုင်ပါပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ဗျ။

𝐋𝐞𝐭'𝐬 𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧!
Instagram : tarot.titan.ig
Telegram : https://t.me/tarottitan999
Viber : +66990917940
TikTok : tarot.titan.tt



"𝐁𝐫𝐢𝐠𝐡𝐭𝐞𝐫 𝐃𝐚𝐲𝐬 𝐀𝐡𝐞𝐚𝐝 𝐑𝐞𝐚𝐝𝐢𝐧𝐠"ပိုမိုတောက်ပတဲ့နေ့ရက်တွေဆီကို ဘယ်လိုအရောက်သွားကြမလဲ။အဲ့ဒီနေ့ရက်တွေမှာ ကျွန်တော်တို့ကိုဘယ်လိ...
23/12/2025

"𝐁𝐫𝐢𝐠𝐡𝐭𝐞𝐫 𝐃𝐚𝐲𝐬 𝐀𝐡𝐞𝐚𝐝 𝐑𝐞𝐚𝐝𝐢𝐧𝐠"

ပိုမိုတောက်ပတဲ့နေ့ရက်တွေဆီကို ဘယ်လိုအရောက်သွားကြမလဲ။
အဲ့ဒီနေ့ရက်တွေမှာ ကျွန်တော်တို့ကိုဘယ်လို “Blessing” တွေက စောင့်ကြိုနေမလဲ။

𝐋𝐞𝐭'𝐬 𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧!
Instagram : tarot.titan.ig
Telegram : https:v//t.me/tarottitan999
Viber : +66990917940
TikTok : tarot.titan.tt




𝐒𝐨 𝐬𝐨𝐫𝐫𝐲 𝐟𝐨𝐫 𝐭𝐡𝐞 𝐥𝐨𝐧𝐠 𝐝𝐢𝐬𝐚𝐩𝐩𝐞𝐚𝐫𝐚𝐧𝐜𝐞 & 𝐲𝐞𝐬, 𝐰𝐞’𝐫𝐞 𝐛𝐚𝐜𝐤!အားလုံးပဲ မင်္ဂလာပါဗျ Energies တို့ရေ…     ပြောရမှာတွေကတော့ တကယ့်က...
19/12/2025

𝐒𝐨 𝐬𝐨𝐫𝐫𝐲 𝐟𝐨𝐫 𝐭𝐡𝐞 𝐥𝐨𝐧𝐠 𝐝𝐢𝐬𝐚𝐩𝐩𝐞𝐚𝐫𝐚𝐧𝐜𝐞 & 𝐲𝐞𝐬, 𝐰𝐞’𝐫𝐞 𝐛𝐚𝐜𝐤!

အားလုံးပဲ မင်္ဂလာပါဗျ Energies တို့ရေ…
ပြောရမှာတွေကတော့ တကယ့်ကိုအများကြီးပါပဲ။ အဲ့ထဲကနေမှ လေးလေးနက်နက်ပြောရရင်တော့ ကျွန်တော်ကိုယ်တိုင်လဲ ဒီလေးလကျော်၊ ငါးလတာကာလအတွင်းမှာ “Dark Night of the Soul Stage” ကို ကပြောင်းကပြန်နဲ့ အနိုင်နိုင်ဖြတ်ကျော်နေခဲ့ရပါတယ်ပေါ့။ Retrograde တွေကလဲ အထပ်ထပ်နဲ့ကိုမှ Page Access ပျောက်သွားတာတွေ၊ Messenger Error တက်တာတွေ၊ ဖုန်းပျောက်သွားတာတွေ အစရှိသဖြင့် ပြဿနာတွေကလဲ တစ်ခုပြီးတစ်ခု ဆင့်ကာဆင့်ကာဖြစ်နေခဲ့တော့ နောက်ဆုံး ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေအားလုံးကို လွှတ်ချလိုက်ပြီး “Surrender” လုပ်လိုက်နိုင်တဲ့အခါကျမှပဲ အရာအားလုံး သူ့ဟာနဲ့သူ တဖြည်းဖြည်း “Aligned” ပြန်ဖြစ်လာခဲ့တယ်လို့ ဆိုရမှာပါပဲ။
ဒါတွေကတော့ Personal Drama တွေမို့ ဒီနေရာမှာ အထွေအထူးမပြောပြတော့ပါဘူးဗျ။ ဒါပေမယ့် ဒီကိစ္စလေးတွေနဲ့စပ်လျဥ်းပြီး လောလောဆယ် “Tarot Titan” ရဲ့အခြေအနေလေးတစ်ခုကိုတော့ အနည်းငယ်ရှင်းပြချင်ပါတယ် Energies တို့ရေ။ ဒီ Page လေးက “August” လလောက်ကတည်းက “Messenger Log-In” ဝင်တဲ့နေရာမှာ စာပို့လို့မရတာ၊ အသံဖိုင်ပို့လိုမရတာ၊ Notification မဝင်တာနဲ့ တခါတလေ အကောင့်အလှည့်အပြောင်းလုပ်မရတဲ့ပြဿနာလေးတွေ အကြောင်းအရင်းမရှိတက်နေခဲ့ပါတယ်။ ဒါကြောင့်ပဲ အဲ့ကာလတွေမှာ စာပြန်နောက်ကျတာနဲ့ ကျွန်တော်တို့ဘက်က စာပို့လို့မရတဲ့အခြေအနေလေးတွေကြောင့် “Mainstream Communication Channel” ကို “Viber, Telegram” ဘက်သို့ တတ်နိုင်သလောက်တော့ ရွှေ့ထားခဲ့ပါတယ်။ Querent အဟောင်းတွေကတော့ “Messenger” အဆင်မပြေရင် တခြား “Platforms” တွေဆီမှာ လာရောက်ဆက်သွယ်ကြတာမို့ ပြဿနာသိပ်မရှိခဲ့ပေမယ့် “New Querent” တွေအတွက်ကျ ဒါက အတော်လေးကို နားလည်မှုလွဲစရာအနေအထားလေးတွေရှိခဲ့တယ်ရယ်ဗျ။
စမ်းသပ်မှုတွေက ဒီမှာတင်ပြီးသွားလားဆိုတော့ကာ မပြီးနိုင်သေးဘဲ ဘဝက မျှခြေမညီတော့ဘူးလို့ ခံစားလာရတဲ့အခါ ကိုယ့်ရဲ့ “Root” ကို ပြန်ရှာကြရတယ်ဆိုတဲ့အတိုင်း ကျွန်တော်လဲ မိသားစုရှိရာ ရန်ကုန်မြေကို ပြန်သွားတဲ့အခါ နောက်ပြဿနာက စတော့တာပါပဲ။ အဲ့တာက တခြားတော့မဟုတ်။ တက္ကစီစီးရင်း ကားပေါ်မှာ ဖုန်းမေ့ကျန်ခဲ့ရာကနေ ပြန်မရတော့တဲ့ကိစ္စပါပဲ။ မြန်မာဆင်းကတ်ရော၊ ထိုင်းဆင်းကတ်ရော နှစ်ခုလုံး အဲ့ဖုန်းထဲပါသွားတဲ့အပြင်ကိုမှ အဲ့တာကိုကလဲ “Cyber Security Concerns” တွေကြောင့် မြန်မာ/ ထိုင်း Mobile Banking Account တွေရော၊ University Student Account တွေရော၊ ကျွန်တော့်ရဲ့ Personal/ Professional Social Media Accounts တွေအားလုံးရဲ့ “Main Logged-In Device” အနေနဲ့ထားထားမိတော့ ဆင်းကတ်မရှိတာရယ်၊ Two-factor Authentification ပြဿနာတွေရယ်ကြောင့် ရန်ကုန်မှာရှိနေတဲ့တလျှောက်လုံး အားလုံးနဲ့ကို အဆက်အသွယ်ပြတ်သွားရတော့တာပါပဲ။ အခုမှပဲ ထိုင်းဆင်းကတ်ပြန်လျှောက်တာ ပြန်ရလာတာရယ်၊ တချို့အကောင့်လေးတွေကို Laptop ကနေတစ်ဆင့် ပြန်ဝင်လို့ရသွားတာရယ်ကြောင့် ဒီစာလေးကိုတင်နိုင်တယ်လို့ကို ဆိုရမှာပါပဲ။
ဒါပေမယ့် ကုန်ကုန်ပြောရရင် အခုထိ “Tarot Titan” ရဲ့ “Viber/ Line” အကောင့်တွေကို ကျွန်တော်ဝင်လို့မရနေသေးပါဘူး။ ပြီးတော့ Messenger Chat History တွေကလဲ “New Device” နဲ့ပြန်ဝင်လိုက်တဲ့အခါမှာ တော်တော်များများပျောက်ကုန်ပါတယ် Energies တို့ရေ။ ဒါကြောင့် လောလောဆယ် ကျွန်တော်တို့ဘက်မှာ ဒီလိုအခက်အခဲလေးတွေတော့ အနည်းငယ်ရှိနေပါသေးတယ်ဗျ။
သို့ပေမယ်လဲ အခုအခြေအနေမှာ “Viber/ Line” ကလွဲပြီး “Messenger, Instagram, Telegram” တို့က “Communicate” လုပ်ဖို့ရာအထိ အားလုံးပြန်အဆင်ပြေသွားပြီမို့ စာပြန်ဖို့ကျန်နေသေးတဲ့သူလေးတွေကိုလဲ ကျွန်တော် ဒီနေ့နဲ့ မနက်ဖြန်အတွင်း တစ်ယောက်ချင်းစီကို အလှည့်ကျပြန်ပေးထားပါ့မယ်ဗျ။ Technical Error လေးတွေကြောင့် “Reading” လေးတွေ ကြန့်ကြာနေတဲ့၊ “Due” ဖြစ်သွားတဲ့သူလေးတွေကိုလဲ ကျွန်တော်တို့ဘက်ကနေ “Full Refund” လေးဖြစ်စေ၊ “Immediate Reading Package” လေးတွေဖြစ်စေ ပြန်လည်ပေးပေးဖို့ စီစဥ်ထားပါတယ်ဗျ။
ဒီကာလတွေအတွင်းမှာ ယုံယုံကြည်ကြည်၊ စိတ်ရှည်ရှည်နဲ့ လာရောက်မေးမြန်းကြတဲ့သူလေးတွေအားလုံးကိုလဲ ကျွန်တော်တို့ ဒီနေရာကနေ လှိုက်လှဲစွာနဲ့ ကျေးဇူးတင်ပါတယ်ဗျ။ အမျိုးမျိုးသောအခေုအနေလေးတွေကြောင့် နှောင့်နှေးကြန့်ကြာသွားရတာလေးတွေအတွက်လဲ ကျွန်တော်ကနေအစပြုလို့ “Team Titan” တစ်ခုလုံးဘက်ကနေလဲ တောင်းပန်ပါကြောင်း ဒီစာလေးကနေတစ်ဆင့် ပြောကြားချင်ပါတယ် Energies တို့ရေ။
ဝမ်းသာစရာတစ်ခုကတော့ - ကျွန်တော်တို့ ဒီနေ့ကစ ပုံမှန်အတိုင်းပြန်လည်ပတ်တော့မှာမို့ “Tarot Titan” ပြန်လာပါပြီဆိုတာကိုပြောကြားရင်း အသစ်အသစ်သော Spiritual Content တွေ၊ Tarot Classes တွေနဲ့အတူ Collective Community Program လေးတွေကိုလဲ စောင့်မျှော်အားပေးကြပါအုံးလို့ သတင်းကောင်းပါးချင်ပါတယ်ဗျ။
နောက်ဆုံးအသိပေးချင်တာလေးကတော့ “Reading Fees” လေးတွေ ဒီလကုန်ရင် အနည်းငယ်တက်ဖို့ရှိပါမယ်ဗျ။ သို့ပေမယ့် “Waiting Time” တွေကတော့ ပိုတိုသွားမှာဖြစ်ပြီး မြန်မြန်ဆန်ဆန် အချိန်တိုအတွင်း မိမိသိလိုရာကို မေးမြန်းလာနိုင်ဖို့အတွက်ကိုတော့ သေချာလေးစီစဥ်ပေးထားပါမယ်ဗျ Energies တို့ရေ။ ဆိုတော့ကာ - ဈေးနှုန်းအပြောင်းအလဲမဖြစ်ခင် ဒီ December လလေးမှာ “Personal Reading” လေးတွေကို တန်တန်နဲ့ မြန်မြန်လာမေးထားကြဖို့ အသိပေးပြောကြားရင်း ဒီစာလေးကို နိဂုံးချုပ်လိုက်ချင်ပါတယ်ဗျ။
အားလုံးကို ကျေးဇူးတင်ပါတယ် Energies တို့ရေ။ Let’s grow to our highest potentials together!

𝐋𝐞𝐭'𝐬 𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧!
Instagram : tarot.titan.ig
Telegram : https://t.me/tarottitan999
Viber : +66990917940
TikTok : tarot.titan.tt


“𝐅𝐨𝐨𝐝 𝐟𝐨𝐫 𝐓𝐡𝐨𝐮𝐠𝐡𝐭 𝐑𝐞𝐚𝐝𝐢𝐧𝐠”   ဒီ “Reading” လေးကတော့ သိဖို့လိုနေတဲ့၊ ကြားဖို့လိုနေတဲ့ “Message” လေးတွေလို့ပဲ အလွယ်ပြောရမယ်...
26/08/2025

“𝐅𝐨𝐨𝐝 𝐟𝐨𝐫 𝐓𝐡𝐨𝐮𝐠𝐡𝐭 𝐑𝐞𝐚𝐝𝐢𝐧𝐠”

ဒီ “Reading” လေးကတော့ သိဖို့လိုနေတဲ့၊ ကြားဖို့လိုနေတဲ့ “Message” လေးတွေလို့ပဲ အလွယ်ပြောရမယ်ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ “Calling” ဖြစ်လာလို့ တစ်ထိုင်တည်းပဲရေးဖြစ်ခဲ့တဲ့ဟောစာတမ်းဖြစ်သလို ရေးနေစဥ်မှာလဲ ကျွန်တော့်ရဲ့နာမ်လောကအစောင့်အရှောက်တွေတဖြစ်လဲ “Spirit Guides” များကပါ ဓာတ်စီးပြီး ထူးထူးခြားခြားရေးစေခဲ့တာမို့ တစ်ခုခုတော့ရှိနေမယ်လို့ထင်ပါတယ်။
ဘာပဲနေနေ ကျွန်တော်ကတော့ ဒီ “Pick A Card Reading” လေးကို “အတွေးတစ်ပေါက်၊ လျှမ်းလျှမ်းတောက်” လို့ပဲ နာမည်ပေးထားပါတယ်။ ဆိုတော့ ဘယ်လိုအတွေးလေးတွေ၊ သုံးသပ်စရာလေးတွေကို ဒီဟောစာတမ်းလေးက ပေးမလဲဆိုတာကိုတော့ ကျွန်တော်တို့အတူတူ အဖြေရှာကြည့်လိုက်ကြရအောင်ဗျ။

𝐋𝐞𝐭'𝐬 𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧!
Instagram : tarot.titan.ig
Telegram : https:v//t.me/tarottitan999
Viber : +66990917940
TikTok : tarot.titan.tt





25/08/2025

Hello, my energies!
ရှေ့ရက်တွေက ကျွန်တော့်ဖုန်းလွတ်ကျရင်းကနေမှ LCD ထိပြီးသုံးမရတော့တာမို့ "Tarot Titan" ရဲ့ အခြားသော Social Media Platforms တွေကအကောင့်တွေကို တစ်ခုချင်းစီ Log In ပြန်လုပ်နေခဲ့ရတယ်ပေါ့။ ကံကောင်းစွာနဲ့ပဒ Facebook, Instagram, TikTok နဲ့ Telegram အဆင်ပြေပြေပြန်ဝင်လို့ရ‌ခဲ့ပေမယ့် Viber ကျ အခုညမှပဲပြန်ဝင်လို့ရခဲ့ပါတယ်။
ဒါတောင် ရှေ့ရက်တွေက Viber မှာစာပို့ထားကြတဲ့သူလေးတွေရဲ့ Chat History ကဖုန်းမှာ လုံးဝမပေါ်နေဘဲ Laptop နဲ့ပြန်ဝင်ကြည့်မှပဲတွေ့ရနေတာမို့ တစ်ယောက်ချင်းစီကိုတော့ နည်းနည်းချင်းစီ အကြောင်းပြန်ပေးနေပါတယ်ဗျ။
Non- Discussion Reading Package ယူထားသူလေးတွေကိုလဲ ဒီတစ်ရက်၊ နှစ်ရက်အတွင်း အကုန်လုံးကို Reading လေးတွေ အသီးသီးပြန်လည်ပို့ဆောင်ပေးသွားပါ့မယ်နော်။ စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျ။


“𝐓𝐡𝐞 𝐂𝐚𝐭𝐚𝐥𝐲𝐬𝐭 𝐑𝐞𝐚𝐝𝐢𝐧𝐠”    ဓာတ်ပြုမှုတွေအားကောင်းစေဖို့ “Catalyst” လို့ခေါ်တဲ့ဓာတ်ကူပစ္စည်းလေးတွေထည့်ပေးရသလို ဘဝရဲ့အချိုး...
25/08/2025

“𝐓𝐡𝐞 𝐂𝐚𝐭𝐚𝐥𝐲𝐬𝐭 𝐑𝐞𝐚𝐝𝐢𝐧𝐠”

ဓာတ်ပြုမှုတွေအားကောင်းစေဖို့ “Catalyst” လို့ခေါ်တဲ့ဓာတ်ကူပစ္စည်းလေးတွေထည့်ပေးရသလို ဘဝရဲ့အချိုးအကွေ့တွေမှာ ကြုံတွေ့ရလေ့ရှိတဲ့အပြောင်းအလဲ၊ အလှည့်အပြောင်းတွေကို ရင်ဆိုင်နိုင်ဖို့ရာ သိဖို့လိုနေတဲ့ “Message” လေးတွေကို “Pick A Card Reading” လေးတစ်ခုအနေနဲ့ ရေးသားပေးထားပါတယ်ဗျ။
အဖြေလေးတွေလဲပါပြီးသားမို့ သက်ဆိုင်ရာပုံလေးတွေအသီးသီးရဲ့အောက်မှာ “Reading” လေးကို အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။ ကဲ ဒါဆို ကျွန်တော်တို့အတူတူ အဖြေရှာကြည့်ကြလိုက်ရအောင်လားနော်။

𝐋𝐞𝐭'𝐬 𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧!
Instagram : tarot.titan.ig
Telegram : https:v//t.me/tarottitan999
Viber : +66990917940
TikTok : tarot.titan.tt





"Right Person ဆိုတာ"     ကျွန်တော် “Love & Relationship Reading” တွေဖတ်ပေးတဲ့အခါ မကြာခဏအမေးခံရလေ့ရှိတဲ့မေးခွန်းလေးတစ်ခုရ...
22/08/2025

"Right Person ဆိုတာ"

ကျွန်တော် “Love & Relationship Reading” တွေဖတ်ပေးတဲ့အခါ မကြာခဏအမေးခံရလေ့ရှိတဲ့မေးခွန်းလေးတစ်ခုရှိတယ်။ တခြားတော့မဟုတ်ပေမယ့် “ဒီလူက ကိုယ့်ရဲ့ဖူးစာရှင်လား၊ လက်တွဲဖော်လား” ဆိုတဲ့ဟာလေးပေါ့။ လူနှစ်ဦးဆုံစည်းပေါင်းဖက်နိုင်ဖို့ရာအတွက်မှာ ရေစက်တွေ၊ ကံတရားတွေက တစ်ထောင့်တစ်နေရာကနေ အရေးပါတာမှန်ပေမယ့် တစ်ဖက်မှာ နှစ်ယောက်လုံးရဲ့ အားစိုက်ထုတ်မှု (Effort) နဲ့ ကြိုးစားချင်မှု (Willingness to try) တို့ကလဲ ပဓာနကျတယ်ဆိုတာကိုတော့ တော်တော်များများကမေ့နေတတ်ကြတယ်။
ပုံမှန်အားဖြင့် “Right Person” လို့ပြောလိုက်ရင် ကျွန်တော်တို့တွေ တော်တော်များများက “Full Package” နဲ့လာမယ်ဆိုပြီး စိတ်ကူးယဥ်ဆန်ဆန် “Romanticize” လုပ်လိုက်ကြတာများတယ်။ ဒါပေမယ့်လဲ တကယ့်တကယ်တမ်းမှာကျ “Right Person” ဆိုတာက သူရော၊ ကိုယ်ရောဖြစ်လာအောင်ကြိုးစားယူကြရတဲ့အရာလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ကိုယ်ဟာလဲ သူ့အတွက် မှန်ကန်တဲ့သူဖြစ်နေဖို့လိုသလို သူဟာလဲ ကိုယ့်အတွက်စစ်မှန်တဲ့သူဖြစ်မှသာ နှစ်ဦးသားပေါင်းဖက်ဆုံစည်းနိုင်မှာမျိုးပေါ့။
အဲ့လိုမျိုး အပြန်အလှန် “Right Person” ဖြစ်ဖို့ ကြိုးစားနေချိန်မှာ တချို့က တစ်ဝက်တစ်ပျက်နဲ့ လက်လျှော့သွားကြတာရှိမယ်။ တချို့ကျပြန်တော့လဲ ဆက်ကြိုးစားဖို့ အကြောင်းပြချက်တွေရှာမရတော့တာလဲရှိမယ်။ အလားတူစွာပဲ ကိုယ့်အချိန်တွေကို သူ့ကိုစောင့်ရင်းနဲ့မကုန်သွားစေချင်လို့ ရှေ့ကိုအတင်းတွန်းပို့ပြီး သူကတော့ မျက်ရည်တွေနဲ့လာရာလမ်းအတိုင်းလှည့်ပြန်သွားကြတဲ့သူတွေလဲရှိကြတာပါပဲ။
ဆိုတော့ - နောက်ဆုံးမှာအရေးကြီးတာကတော့ ဘယ်သူက ဒီခရီးအဆုံးထိ အတူတူကြိုးစားပြီးလျှောက်ပေးခဲ့လဲနဲ့ ကိုယ့်အတွက် “Right Person” ဖြစ်လာအောင် ဘယ်လိုကြိုးစားခဲ့လဲဆိုတာပါပဲ။ ဒါကြောင့် ဒီနေရာမှာ ဝေမျှချင်တာလေးက လူတိုင်းဟာ ကိုယ့်ရဲ့ “Right Person” ဖြစ်ခွင့်ရှိသလို ကိုယ်ဟာလဲ သူတို့တွေအတွက် “Right Person” ဖြစ်လာနိုင်ပါတယ်။
နိဂုံးချုပ်ရရင်တော့ - ကံတရားနဲ့ ရေစက်တွေက လူတွေကို ဆုံပဲဆုံစည်းစေတာပါ။ သေတပန်၊ သက်တဆုံး အနားမှာအတူတူရှိဖို့ဆိုတာကကျ တစ်ဦးတစ်ယောက်ချင်းစီရဲ့ရွေးချယ်မှုတွေနဲ့ပဲ သက်ဆိုင်ပါတယ်။ ကိုယ့်အနားမှာ မနေချင်တဲ့သူကို အတင်းဆွဲထားလို့မရသလို အတူရှိချင်သူအဖို့ကလဲ ဘာတွေပဲကြုံလာလာ ဆက်ပြီးရှိနေပေးမှာပါပဲ။ ဒါကို ကျွန်တော်တို့ဘာလို့ခေါင်းစဥ်တပ်ကြပါမလဲ။ သေချာပါတယ်။ ချစ်ခြင်းမေတ္တာပါပဲပေါ့။

𝐋𝐞𝐭'𝐬 𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧!
Instagram : tarot.titan.ig
Telegram : https://t.me/tarottitan999
Viber : +66990917940
TikTok : tarot.titan.tt



လောကမှာ ဘယ်အရာမှမမြဲဘူးဆိုတာကိုတော့ ကျွန်တော်တို့အားလုံးလဲသိထားကြပြီးသားပါပဲ။ ဒါပေမယ့် မတည်မြဲဘူးဆိုတဲ့အကြောင်းပြချက်တစ်...
20/08/2025

လောကမှာ ဘယ်အရာမှမမြဲဘူးဆိုတာကိုတော့ ကျွန်တော်တို့အားလုံးလဲသိထားကြပြီးသားပါပဲ။ ဒါပေမယ့် မတည်မြဲဘူးဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့ ဘဝကို ဘာမှမလုပ်ကြည့်ဘဲဖြတ်သန်းမယ်ဆိုရင်ရော ရှင်သန်ရကျိုးရောနပ်ပါလိမ့်အုံးမလားရယ်ဗျ။
တကယ်တမ်းတွေးကြည့်မယ်ဆိုရင် ကျွန်တော်တို့တွေရဲ့ရှင်သန်နေထိုင်ခွင့်ရချိန်လေးဟာ အင်မတန်မှတိုတောင်းလွန်းပါတယ်။ အဲ့လိုအချိန်တိုတိုလေးအတွင်းမှာမှ ကိုယ်လုပ်ချင်တာတွေအကုန်ကို လုပ်သွားခွင့်ရဖို့ကလဲ အတော်လေးကိုကံကောင်းမှပဲဖြစ်နိုင်မှာမျိုးပေါ့။
ဘာပဲနေနေ ဘာမှမလုပ်ကြည့်ဘဲ၊ မကြိုးစားကြည့်ဘဲနေနေတာထက်စာရင် တစ်ခုလောက်ဖြစ်ဖြစ်လုပ်ခွင့်ရသွားတာ၊ လုပ်နိုင်သွားတာလေးက ကျွန်တော်တို့ရဲ့ဘဝအဓိပ္ပါယ်နဲ့ ရှင်သန်ရခြင်းအကြောင်းပြချက်ကို ပိုပြီးအရောင်စုံမသွားစေပေဘူးလား။
ဒါကြောင့် ရှင်သန်ရာလူ့ဘဝခဏတာမှာ လူတစ်‌ယောက်ကို ရူးရူးမူးမူးချစ်ကြည့်ဖို့လဲ မမေ့နဲ့။ အိမ်မက်တွေနောက်ကို လိုက်ဖို့လဲမမေ့နဲ့။ ကမ္ဘာကြီးကို ကြည့်နိုင်သမျှ မြင်အောင်ကြည့်သွားဖို့လဲ မမေ့နဲ့။ ကိုယ်လုပ်ချင်တာတွေကို ရသလောက် အကောင်အထည်ဖော်လုပ်ဆောင်သွားဖို့ကိုလဲ မမေ့နေပါနဲ့နော်။
ဒီစာလေးကတော့ မနေ့က "My Oxford Year" ဆိုတဲ့ဇာတ်ကားလေးကြည့်ရင်း ဆက်စပ်တွေးတောမိရာကနေမှ ပေါ်လာတဲ့အတွေးအပိုင်းအစလေးတစ်ခုပါပေါ့။ Message အနေနဲ့ဝေမျှပေးသင့်တယ်ထင်လို့ Energies တို့အတွက်လဲ Sharing လေးပြန်လုပ်ပေးတာပါ။ စိတ်အလင်းရောင်လေးတွေကို ရှာဖွေတွေ့ရှိနိုင်ကြပါစေဗျ။


"ကတ်မလိုဘဲ Tarot ဖတ်နည်း"     ဒီအကြောင်းအရာလေးကတော့ Tarot ကိုကတ်ပြားချပ်တွေအပေါ်က နိမိတ်ပုံရိပ်တွေကို ကျော်လွန်ပြီး ကျွန...
18/08/2025

"ကတ်မလိုဘဲ Tarot ဖတ်နည်း"

ဒီအကြောင်းအရာလေးကတော့ Tarot ကိုကတ်ပြားချပ်တွေအပေါ်က နိမိတ်ပုံရိပ်တွေကို ကျော်လွန်ပြီး ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရလေ့ရှိတဲ့ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ ဆက်စပ်ယှဉ်တွဲကာ ဘယ်လိုမျိုးမြင်အောင်ကြည့်မလဲ၊ နားလည်အောင်လုပ်ကြမလဲဆိုတဲ့ အကြောင်းလေးပါပေါ့။ နားလည်လွယ်အောင်ရှင်းရရင် ကတ်တွေမလိုဘဲ Tarot ဖတ်နည်းလို့တောင် ပြောလို့ရမယ်ထင်ပါတယ်။ ဒါပေမယ့် အတွေ့အကြုံ၊ အလေ့အကျင့်၊ ကျွမ်းကျင်မှု၊ စိတ်အားထက်သန်မှုနဲ့ ခံစားသက်ဝင်စီး‌မျောနိုင်မှုတို့တော့ စိုက်ထုတ်ဖို့လိုတာပေါ့နော်။
ပထမဦးစွာအနေနဲ့ The Fool လို့ပြောတိုင်း ခေါင်းလောင်းပုံလက်အနားနဲ့ စပျစ်နွယ်အဆင်လေးတွေပါတဲ့အင်္ကျီလေးကိုဝတ်ထားပြီး အထုပ်လေးတစ်ထုပ်ထမ်းရင်း လက်တစ်ဖက်က ပန်းအဖြူလေးတစ်ပွင့်ကို ကိုင်ထားတဲ့သူတစ်ယောက်လို့ပဲ မြင်မိနေတုန်းလား။ ဒါမှမဟုတ် Magician လို့ဆိုတိုင်းလဲ ဝတ်ရုံနီအရှည်ကြီးကို ရုံထားပြီး မြွေခါးပတ်နဲ့ သူ့ရှေ့က စားပွဲမှာ တုတ်၊ ခွက်၊ ဓား၊ ကြယ်ဆိုတဲ့ အဆောင်အယောင်လေးမျိုးကို အစီအရီခင်းထားတဲ့သူတစ်ယောက်လို့ တွေးနေမိတုန်းလားဆိုတဲ့ မေးခွန်းလေးတွေနဲ့ အစပြုရမယ်ထင်ပါတယ်။
တကယ်တမ်းကျ Tarot မှာပါတဲ့နိမိတ်ပုံတွေဟာ ဖြစ်လေ့ဖြစ်ထ၊ ကြုံလေ့ကြုံထရှိတဲ့လူ့လောက၊ သဘာဝအ‌ခြေအနေတွေအပေါ်အခြေခံပြီး စံပုံစံ (Archetypes) တွေအဖြစ် ကိုးကားရေးဆွဲထားတာမျိုးပါ။ နားလည်လွယ်အောင်ပြောရရင်တော့ ကျွန်တော်တို့လူသားတွေရဲ့ Life Experience တွေလို့ခေါ်တဲ့ ဘဝအတွေ့အကြုံတွေနဲ့ Lived Experience လို့ခေါ်တဲ့ ရှင်သန်နေထိုင်မှုအတွေ့အကြုံတွေကို မှီငြမ်းပြီး စံပြုဖန်တီးထားတာမျိုးပေါ့။
ဒါကြောင့်မို့ပဲ Tarot ဟာ ကတ်ပြားချပ်တွေအပေါ်မှာပဲရှိနေတာမျိုးမဟုတ်ဘဲ ကျွန်တော်တို့ရဲ့အသွေးထဲ၊ အသားထဲ၊ ဖြစ်တည်မှု၊ တည်ရှိမှုတွေထဲမှာပါ တိတ်တိတ်က‌လေးရှိနေခဲ့ပြီးသားပါရယ်ဗျ။ ဆိုတော့ ဒါတွေကို မြင်အောင်ကြည့်နေတတ်ဖို့ပဲလိုနေတာမျိုးပေါ့။
ဥပမာအနေနဲ့ဆို ကလေးလေးတစ်ယောက် ကျောပိုးအိတ်လေးလွယ်ပြီး လက်ထဲမှာ Cotton Candy လေးကိုကိုင်ထားရင်း လှေကားပေါ်က စိတ်ကူးလေးယဉ်ပြီး ဆင်းလာတဲ့ပုံရိပ်လေးမှာ The Fool Energy ကို ခံစားမိလေမလား။ ဒါမှမဟုတ် ကျောင်းရှေ့မှာ ဂျုံရုပ်ရောင်စုံလေးတွေလုပ်ပြီး ကလေးတွေကိုရောင်းရင်း အသက်မွေးနေတဲ့အစ်ကိုကြီးတစ်ယောက်ကိုရော The Magician လို့မြင်နိုင်လေမလား။ The Wheel Of Fortune ကတ်မှာတွေ့ရတဲ့ ကံကြမ္မာလှည်းဘီးကို ငယ်ရွယ်စဥ် ကလေးဘဝမှာ ရေခဲချောင်းလေးတွေကို အဝိုင်းပုံဘုတ်အပြားကြီးကိုလှည့်ပြီး ကျတဲ့နံပါတ်အလိုက် တစ်ချောင်း၊ သုံးချောင်း၊ ခြောက်ချောင်းဆိုကာ ရင်တထိတ်ထိတ်နဲ့‌ဝယ်စားခဲ့ရတဲ့အခိုက်အတန့်တွေနဲ့‌ရော ယှဉ်ပြီးမြင်နိုင်နေပြီလား။
သေချာပါတယ်။ ဒါတွေကို သတိထားမိနေပြီ၊ ဒါတွေကို သင်မြင်နေနိုင်ပြီဆိုရင်တော့ သင်ဟာ Tarot နဲ့ပတ်သက်ပြီး အခြေခိုင်ခဲ့သလို သဘောတရားတွေကိုလဲ အခြေခံကျကျ၊ လေးလေးနက်နက်နဲ့စဉ်းစားတွေးခေါ်နိုင်တဲ့ဆရာ၊ ဆရာမတစ်ဦးဖြစ်နေပါပြီလို့ ဆိုနိုင်ပါတယ်။ ဆိုတော့ အဲ့အတွက်လဲ ကိုယ့်ကိုယ်ကို "Congratulations!" ပါလို့ ပြောစေချင်ပါတယ်။
ဒီအခြေအနေ၊ ဒီအဆင့်ကိုရောက်ပြီဆိုရင်တော့ အလေ့အကျင့်လေးနည်းနည်းသာကူလိုက်မယ်ဆိုရင် များမကြာခင်မှာ ကတ်မလိုဘဲ နိမိတ်ဖတ်နိုင်တဲ့အဆင့်ကိုရောက်လာပါလိမ့်မယ်။ ဘာလို့လဲဆိုရင်တော့ Tarot က ကိုယ်နဲ့တစ်သားတည်းဖြစ်သွားလို့ပါပဲ။ အဲ့အတွက်ကြောင့် Tarot ဟာလဲ ပြင်ပမှာ ရုပ်ဝတ္ထုပစ္စည်းတစ်ခုအနေနဲ့ဆိုတာထက် ကိုယ့်ရဲ့နှလုံးသားမှာတည်လာပါတယ်ပေါ့။ So, that's why now you can see & feel the bigger picture!
ဒီနေရာမှာ တစ်ခါတည်းဝေမျှချင်တာလေးက Tarot မှာ အယူအဆပိုင်းနဲ့ပတ်သက်လာရင် ပုံသေကားချပ် ဘောင်တစ်ခုတည်းကနေပဲ မတွေးစေချင်ဘူးဆိုတာကိုလဲ တစ်ပါတည်းမှာချင်တယ်ဗျ။ ဘာလို့ဆို The Fool လေးကချောက်ကမ်းပါးစွန်းမှာပဲ အမြဲရပ်နေမှာမှမဟုတ်တာလေနော်။ ဆိုတော့ အခြေအနေ၊ အချိန်အခါနဲ့ ခေတ်ကာလအနေအထားတွေအပေါ်မူတည်ပြီး ကျွန်တော်တို့ရဲ့ အတွေးအခေါ်၊ အယူအဆတွေကိုလဲ လိုက်ပြီး Update လုပ်ဖို့လိုအပ်ပါတယ်။
အဲ့လိုလုပ်နိုင်ဖို့ဆိုတာကလဲ ဆရာ၊ ဆရာမတို့အနေနဲ့ Tarot ကို ကိုယ့်ရဲ့ရင်မှာတည်အောင်လုပ်ထားနိုင်ကာမှပဲ အဆင်ပြေမှာမို့ သင်ယူမှုတွေကို မရပ်တန့်လိုက်ဖို့၊ လေ့လာစူးစမ်းမှုတွေကို ဆက်ပြီးလုပ်နေဖို့ မှာရင်း ဒီစာလေးကို အဆုံးသတ်လိုက်ပါတယ်ဗျ။
အတွေးလေးတစ်ခုရသွားစေဖို့ရာ မျှော်လင့်ရင်း အမြင်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။
အောက်က ကတ်ပုံလေးတွေကတော့ ဥပမာအနေနဲ့ မြင်ကြည့်၊ တွေးကြည့်လို့ရအောင်ထည့်ပေးထားတာပါ။ ခံစားသက်ဝင်၊ စီးမျောကြည့်ကြပါဗျ။ ပုံအောက်တွေမှာလဲ စာတိုလေးတွေပါပါတယ်။ ယှဉ်တွေးကြည့်ကြပါ Energies တို့ရေ။
ပြီးတော့ ပုံပိုင်ရှင်လေးတွေကိုလဲ လေးစားစွာ Credit ပေးပါတယ်ဗျ။

𝐋𝐞𝐭'𝐬 𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧!
Instagram : tarot.titan.ig
Telegram : https://t.me/tarottitan999
Viber : +66990917940
TikTok : tarot.titan.tt



ကျွန်‌တော်တို့အ‌နေနဲ့ ကိုယ့်ရဲ့စိတ်ကို Healing လုပ်ရာမှာ စိတ်ခံစားချက်တွေကို သေချာကိုင်တွယ်အသိမှတ်ပြုဖို့လိုအပ်ပါတယ်။ မဟ...
15/08/2025

ကျွန်‌တော်တို့အ‌နေနဲ့ ကိုယ့်ရဲ့စိတ်ကို Healing လုပ်ရာမှာ စိတ်ခံစားချက်တွေကို သေချာကိုင်တွယ်အသိမှတ်ပြုဖို့လိုအပ်ပါတယ်။ မဟုတ်ရင် အဲ့ဒီခံစားချက်တွေကနေတစ်ဆင့် စိတ်ဒဏ်ရာတဖြစ်လဲ Trauma တွေဖြစ်ဖြစ်သွားတတ်ကြလို့ပါပဲ။
ပုံမှန်အားဖြင့်လဲ လူတော်တော်များများက ကြေကွဲဝမ်းနည်းစရာကိစ္စတစ်ခုခုနဲ့ ကြုံလာပြီဆိုရင် အရင်ဆုံး "ငါ သန်မာရမယ်၊ ငါသာသန်မာနေရင် ဒီလိုတွေခံစားနေရမှာမဟုတ်ဘူး" ဆိုပြီး ကိုယ့်ကိုယ်ကို ဇွတ်အတင်းသန်မာအောင်လုပ်ယူကြလေ့ရှိကြတယ်။ အဲ့မှာတင်ပဲ ကိုယ့်ရဲ့ခံစားချက်တွေကို သေချာအသိအမှတ်ပြု လက်မခံခဲ့လေတော့ စိတ်ရဲ့ဒဏ်ရာ၊ အနာတရတွေဖြစ်လာပြီး ကိစ္စရပ်တွေအားလုံးကို မေ့ဖျောက်သွားနိုင်ရင်တောင်မှ ပြန်ထိမိတဲ့အခါတိုင်း နာကျင်ခံစားနေရတဲ့ အမာရွတ်လေးတွေအဖြစ် ထင်ကျန်သွားကြပါတော့တယ်။ တစ်နည်းအားဖြင့် အနာမကျက်သေးတဲ့ စိတ်ဒဏ်ရာလေးတွေပါပေါ့။
ဒါကြောင့် ကိုယ့်အနေနဲ့ ဘာကြောင့်ပဲ ခံစားရ ခံစားရ။ ကိုယ့်ရဲ့ခံစားချက်တွေကို အရင်လက်ခံပြီး အသိအမှတ်ပြုနိုင်ဖို့ကို ဦးစွာပထမ ကြိုးစားပါ။ ခံစားရမယ့်အရာတွေကို ခံစားပါ။ မထိန်ချန်ထားပါနဲ့။
ဒါမှသာ ကြေကွဲဝမ်းနည်းမှုတွေနဲ့ကြုံလာရတဲ့အခါ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်၊ အနာကင်းကင်းနဲ့ ဖြတ်ကျော်နိုင်ပါလိမ့်မယ်ရယ်။
ပြီးတော့ Five Stages of Grief ထဲမှာဆိုလဲ အခက်ဆုံးနဲ့ အပင်ပန်းဆုံးအပိုင်းက Depression အဆင့်ကနေ Acceptance အဆင့်ကို ကူးပြောင်းရတဲ့အပိုင်းလို့ဆိုနိုင်ပါတယ်။ တစ်ခုခုဆို အတွေးတွေများတတ်ကြတဲ့လူသားတွေပဲမို့ Reality ကိုလက်ခံနိုင်ဖို့က အနည်းနဲ့အများခက်ခဲတတ်ကြတာ သဘာဝပါပဲရယ်။ သို့ပေမယ့်လဲ သေချာတာကတော့ အကြောင်းအရာကိစ္စတွေကို အရှိအတိုင်းလက်ခံနိုင်သွားတဲ့အခါ ကိုယ့်ရဲ့ Healed ဖြစ်တဲ့ Version ကိုစတင်ထိတွေ့ခွင့်ရပြီး Healing Process လေးအစပြုလာတော့တယ်ဆိုတာပါပဲ။
ဒီကနေမှ ကျွန်တော်တို့အနေနဲ့ သင်ခန်းစာယူသင့်တာယူပြီး Growth အဆင့်ကိုတဖြည်းဖြည်းကူးပြောင်းကြရပါတော့တယ်။



𝐑𝐮𝐢𝐧 𝐢𝐬 𝐚 𝐠𝐢𝐟𝐭!𝐑𝐮𝐢𝐧 𝐢𝐬 𝐭𝐡𝐞 𝐫𝐨𝐚𝐝 𝐭𝐨 𝐭𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧!အပျက်အစီးဆိုတာ လက်ဆောင်တစ်ခုပါ။အပျက်အစီးဆိုတာ တိုးတက်ပြောင်းလဲခြင်းကို...
10/08/2025

𝐑𝐮𝐢𝐧 𝐢𝐬 𝐚 𝐠𝐢𝐟𝐭!
𝐑𝐮𝐢𝐧 𝐢𝐬 𝐭𝐡𝐞 𝐫𝐨𝐚𝐝 𝐭𝐨 𝐭𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧!

အပျက်အစီးဆိုတာ လက်ဆောင်တစ်ခုပါ။
အပျက်အစီးဆိုတာ တိုးတက်ပြောင်းလဲခြင်းကို သွားရာလမ်းတစ်ခုပါပဲ။




"မေတ္တာလမ်းညွှန်"     ကျွန်တော်တို့လူသားတွေဟာ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လာရင် အင်မတန်ကိုမှ ထိလွယ်ရှလွယ်၊ ခံစားလွယ်တတ်ကြလေ့...
10/08/2025

"မေတ္တာလမ်းညွှန်"

ကျွန်တော်တို့လူသားတွေဟာ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လာရင် အင်မတန်ကိုမှ ထိလွယ်ရှလွယ်၊ ခံစားလွယ်တတ်ကြလေ့ရှိတယ်။ အချစ်ကြီးသူများဟာလဲ အချစ်ကြီးကြသည့်အလျောက်၊ အချစ်ခံချင်သူများကလဲ သူတို့ဆန္ဒရှိသလောက် လူတစ်ဦးနဲ့တစ်ဦး နှလုံးသားတွေကို အလဲအထပ်လုပ်ကြရင်း တချို့တွေက အချစ်ကိုကြောက်သွားကြတယ်။ တချို့တွေကျပြန်တော့လဲ ထပ်မချစ်နိုင်ကြတော့ပြန်တယ်။ တချို့များကျတော့လဲ တစ်စုံတစ်ယောက်ကို သူတို့နှလုံးသားထဲမှာ ထာဝရသိမ်းထားရင်း အတိတ်ကာလက အချိန်တစ်ခုမှာ ပိတ်မိသွားကြပြန်တယ်။
ဒီလိုနဲ့ပဲ အချစ်သံသရာဟာ လည်ပတ်နေရင်း တစ်ယောက်နဲ့တစ်ယောက် ဒဏ်ရာပေးလိုက်၊ ဆေးပေးလိုက်နဲ့ဖြစ်နေကြတာပေါ့။ ပြုသူအသစ်၊ ခံရသူအဟောင်းဆိုသလို ဒီအချစ်ကြောင့်ပဲ ကျွန်တော်တို့တတွေဟာ ကံကြမ္မာဝဋ်ကြွေးတွေကို အသီးသီးလက်ဆင့်ကမ်းသယ်ဆောင်နေကြပြန်တယ်။
ဒါကြောင့်မို့ပဲ ဒီ Cycle ကြီးကို ချိုးဖျက်နိုင်ဖို့အတွက် ကျွန်တော့်ရဲ့ကိုယ်ပိုင်ခံစားချက်လေးတွေအပေါ်အခြေခံပြီး ဒီ Reading လေးကိုရေးဖို့ရာ အကြောင်းဖန်လာပါတယ်ပေါ့။ Reading လေးရဲ့ခေါင်းစဥ်လေးကတော့ ရှင်းပါတယ်။ မေတ္တာလမ်းညွှန်လို့ ခေါ်ပါသတဲ့ဗျ။
ဘာတွေကို ဖော်ပြပေးမှာလဲဆိုရင်တော့ - ချစ်ခြင်းမေတ္တာကို အထိခိုက်၊ အပွန်းပဲ့မရှိစေဘဲ ဘယ်လိုထုတ်ဖော်ပြသသင့်လဲ၊ ချစ်ပေးသင့်လဲနဲ့ ချစ်နေရင်းလဲ ကိုယ့်ကိုယ်ကိုမပျောက်ဆုံးသွားစေဖို့ ဘာလေးတွေလုပ်သင့်တယ်၊ သတိထားသင့်တယ်ဆိုတဲ့အကြောင်းအရာလေးတွေပါပဲ။
ကဲ ဒါဆို နှစ်သက်ရာပုံလေးတစ်ပုံကို ရွေးပြီး ကျွန်တော်တို့အတူတူ မေတ္တာလမ်းညွှန်လေးကို ဖတ်ကြည့်လိုက်ကြရအောင်လားဗျ။

ချစ်ခြင်းမေတ္တာချင်းထပ်တူကြပြီး ချစ်သောသူများနီးပြီး ဝေးနေသောသူများ ပြန်လည်ဆုံစည်းနိုင်ကြပါစေ။

𝐋𝐞𝐭'𝐬 𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧!
Instagram : tarot.titan.ig
Telegram : https://t.me/tarottitan999
Viber : +66990917940
TikTok : tarot.titan.tt


#မေတ္တာလမ်းညွှန်

Address

Yangon

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 01:00 - 20:00

Telephone

+66990917940

Website

Alerts

Be the first to know and let us send you an email when Tarot Titan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Tarot Titan:

Share