Tarot Titan

Call Contact the practice

Tarot Titan 𝐃𝐢𝐯𝐢𝐧𝐞𝐥𝐲 𝐆𝐮𝐢𝐝𝐞𝐝 𝐁𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬!
(1)

တစ်ခါတလေ ကျွန်တော်တို့တွေမှာ ကိုယ်ကြိုးစားနေတာကို ကိုယ်တိုင်တောင် မမြင်ရတဲ့နေ့တွေ ရှိတတ်ကြပါတယ်။အရာရာက မရွေ့သလို၊ ဘာမှမပ...
17/09/2026

တစ်ခါတလေ ကျွန်တော်တို့တွေမှာ ကိုယ်ကြိုးစားနေတာကို ကိုယ်တိုင်တောင် မမြင်ရတဲ့နေ့တွေ ရှိတတ်ကြပါတယ်။

အရာရာက မရွေ့သလို၊ ဘာမှမပြောင်းလဲသလို ခံစားနေရတာမျိုးပေါ့။ ဒါပေမယ့် ဒီလို Visible Change တွေကို မမြင်နေရတာက Progress မရှိနေတာနဲ့တော့ မတူပါဘူး။

မျိုးစေ့တစ်စေ့က မြေကြီးအောက်မှာ အချိန်အကြာကြီး အမြစ်ဖြန့်ရသလိုပဲ ကျွန်တော်တို့ဟာလည်း ကိုယ်တိုင်တောင် မသိလိုက်ဘဲ သင်ယူနေမိတာမျိုးတွေရှိတယ်။ သတိတောင် မထားမိလိုက်တဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကို ကုစားနေမိတာ၊ ကိုယ့်ရဲ့အတွေးတွေ၊ ခံယူချက်တွေ ပြောင်းလဲနေမိတာမျိုးတွေလဲ ရှိတတ်ကြပါတယ်။

ဆိုတော့ကာ တချို့အပြောင်းအလဲတွေက ပန်းတွေပွင့်လာတဲ့နေ့မှာမှ အစပြုတာမဟုတ်ပါဘူး။ အမြစ်တစ်ခု စတင်ရှင်သန်တဲ့နေ့ကတည်းက စနေခဲ့ပြီးသားပါ။

ဒါကြောင့် ဒီလိုအခြေအနေမျိုးတွေမှာ အရမ်းကြီးအလျင်မလိုပါနဲ့။ ကိုယ့်ကိုယ်ကိုလဲ အရမ်းတွေ တွန်းအားမပေးပါနဲ့။ အဲ့ဒီအစား ကိုယ်တိုင်က အကောင်းဆုံးလုပ်နေတာ သေချာရင် အကောင်းဆုံးတွေဖြစ်လာမယ်ဆိုတာလေးကိုပဲ လေးနက်စွာယုံကြည်ထားစေချင်ပါတယ်။

သေချာတာကတော့ နှေးနေရင်တောင် ရပ်နေတာ မဟုတ်တဲ့အတွက် အချိန်တန်ရင် Result တွေကိုတော့ ကျိန်းသေပေါက်မြင်ကြရမှာပါပဲဗျာ Energies တို့ရေ။

Just because you cannot see the progress yet, doesn’t mean nothing is changing. 🌱

𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧 - 𝐃𝐢𝐯𝐢𝐧𝐞𝐥𝐲 𝐆𝐮𝐢𝐝𝐞𝐝 𝐁𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬
𝐌𝐚𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬 𝐆𝐮𝐢𝐝𝐞 & 𝐁𝐥𝐞𝐬𝐬 𝐘𝐨𝐮 𝐀𝐥𝐥!

𝐋𝐞𝐭'𝐬 𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧!
Instagram: tarot.titan.ig
Telegram: tarottitanofficial
Viber: +66990917940
TikTok: .titan.tt




16/09/2026

𝐌𝐞𝐞𝐭 𝐓𝐢𝐭𝐢 🫧✨

T**i (တီတီ) လေးကတော့ Tarot Titan ရဲ့ Official Mascot လေးပါဗျ 🌊💫

Cosmic Ocean လေးထဲကနေ ရောက်လာတဲ့ T**i လေးဟာ စူးစမ်းလေ့လာလိုမှုနဲ့ စိတ်အားထက်သန်မှုတို့ကို ကိုယ်စားပြုပါတယ်။ သူဟာ ဘဝပုစ္ဆာတွေရဲ့ အဖြေတွေကို အဆင်သင့်ယူလာပေးမယ့်သူမျိုးမဟုတ်ဘဲ ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့အဖြေတွေကို ကိုယ်တိုင်ရှာဖွေတွေ့ရှိနိုင်ဖို့ ဘေးနားကနေ အတူလိုက်ပါပေးမယ့် ခရီးဖော်လေး တစ်ယောက်ပေါ့။

ဒါကြောင့် နောက်ပိုင်း Tarot Titan ရဲ့ Learning Contents တွေ၊ Insight Sharing တွေနဲ့ Tarot Journey တွေမှာ T**i လေးကို မကြာခဏတွေ့ရတော့မှာပါဗျ။ 🩵

Welcome to Tarot Titan, T**i! 🫧🌊✨

𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧 - 𝐃𝐢𝐯𝐢𝐧𝐞𝐥𝐲 𝐆𝐮𝐢𝐝𝐞𝐝 𝐁𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬
𝐌𝐚𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬 𝐆𝐮𝐢𝐝𝐞 & 𝐁𝐥𝐞𝐬𝐬 𝐘𝐨𝐮 𝐀𝐥𝐥!

𝐋𝐞𝐭'𝐬 𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧!
Instagram: tarot.titan.ig
Telegram: tarottitanofficial
Viber: +66990917940
TikTok: .titan.tt


**i

𝗧𝗮𝗿𝗼𝘁 𝗧𝗶𝘁𝗮𝗻 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗘𝗰𝗼𝘀𝘆𝘀𝘁𝗲𝗺Reflective → Interpretive → Integrative     ဒီကာလတွေ ကျွန်တော် Page မှာ ပေါ်လိုက်ပျောက်လို...
16/09/2026

𝗧𝗮𝗿𝗼𝘁 𝗧𝗶𝘁𝗮𝗻 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗘𝗰𝗼𝘀𝘆𝘀𝘁𝗲𝗺

Reflective → Interpretive → Integrative

ဒီကာလတွေ ကျွန်တော် Page မှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာ အားလုံးလဲ သတိထားမိကြမယ်ထင်ပါတယ်။ ဒီလိုပျောက်ချည်၊ ပေါ်ချည်ဖြစ်နေရခြင်းရဲ့ အကြောင်းပြချက်ကို ပြောပါဆိုရင်တော့ တိတ်တိတ်လေးကြိတ်ပြီး လုပ်နေတဲ့ Project လေးတစ်ခုရှိနေလို့ပါ။ အဲ့တာက ဘာလဲဆိုရင်တော့ဖြင့် တခြားမဟုတ်တဲ့ “Tarot Titan Learning Ecosystem” ပါပဲ။
Draft အဆင့်ကနေ နောက်ဆုံးရုပ်လုံးလေးပေါ်လာတဲ့အထိကို Idea Brainstorming လုပ်တာတင် အချိန်နှစ်လတိတိယူခဲ့ရပြီးနောက်မှာတော့ အခုချိန်မှာ အားလုံးကို အသိပေးချပြဖို့ အချိန်ရောက်လာပြီလို့ ထင်မြင်မိပါတယ်။ ဆိုတော့ကာ - “Tarot Titan Learning Ecosystem” ဆိုတာဘာလဲ၊ ဘာတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး ဘာတွေပါမှာလဲဆိုတာကို ဒီ Post လေးကနေတစ်ဆင့် တစ်ခုချင်းစီရှင်းပြပေးချင်ပါတယ် Energies တို့ရေ။


𝗪𝗵𝗮𝘁 𝗶𝘀 𝗧𝗮𝗿𝗼𝘁 𝗧𝗶𝘁𝗮𝗻 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗘𝗰𝗼𝘀𝘆𝘀𝘁𝗲𝗺?

Tarot Titan Learning Ecosystem ဆိုတာကတော့ Tarot ကိုလေ့လာတဲ့နေရာမှာ ကတ်တွေရဲ့ဆိုလိုရင်းတွေ၊ အဓိပ္ပါယ်တွေကို အလွတ်ကျက်မှတ်လေ့လာနေရတဲ့ပုံစံမျိုးအဖြစ်မဟုတ်ဘဲ အဲ့ဒီ Meaning တွေကို ကိုယ်တိုင်တည်ဆောက်၊ ဖော်ထုတ်၊ လေ့လာရင်းကနေမှ အခြားသူတွေပါ နားလည်နိုင်တဲ့ သင်္ကေတအခြေပြုဘာသာစကား (Symbolic Language) အဖြစ်ပါ ပြောင်းလဲဖတ်ကြားနိုင်စေဖို့နဲ့ သာမန်ရိုးကျ Tarot ကတ်ဖတ်ခြင်းမှသည် မိမိတို့စိတ်ဝင်စားရာ၊ ကျွမ်းကျင်ရာ ပညာရပ်နယ်ပယ်တွေ၊ Practice တွေနဲ့ပါ ပေါင်းစပ်အသုံးချနိုင်စေဖို့တို့ကို ရည်ရွယ်ပြီးတည်ဆောက်ထားတဲ့ Learning Process တစ်ခုပဲ ဖြစ်ပါတယ်။
ဒါကို ကျွန်တော်ကတော့ သဲနာရီ (Hourglass) လေးကို ဥပမာပြုပြီး ရေးဆွဲထားပါတယ်။ ပထမဦးစွာအနေနဲ့ ကျွန်တော်တို့မြင်တွေ့နေကျ သဲနာရီလေးရဲ့အပေါ်ဘက်အပိုင်းလေးဟာ ဒီစနစ်မှာဆိုရင်တော့ဖြင့် သင်ယူသူတစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ရှင်သန်နေထိုင်မှု ဘဝအတွေ့အကြုံတွေ၊ အမှတ်တရတွေ၊ မှတ်ဥာဏ်တွေ၊ လေ့လာသိရှိမှုတွေနဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ အယူအဆလေးတွေကို ရည်ညွှန်းပြီး အလယ်ကျဥ်းမြောင်းတဲ့အပိုင်းလေးကတော့ Tarot ရဲ့ မိရိုးဖလာအယူအဆတွေ၊ ဟောကိန်းဟောကွက်တွေ၊ အများလက်ခံထားတဲ့ အကြောင်းအရာတွေနဲ့ ကတ်တွေမှာပါတဲ့ အမှတ်၊ သင်္ကေတလက္ခဏာတွေကို ဖော်ပြတယ်လို့ ဆိုရပါမယ်ဗျ။ အဲ့ကနေမှ အောက်ဘက်ကို သဲမှုန်လေးတွေပြန်ကျမယ့်အပိုင်းကတော့ သင်ယူသူ၊ လေ့လာသူတွေအနေနဲ့ အသီးသီးစိတ်ဝင်စားကြတဲ့ Tarot Practice တွေ၊ အထူးပြုလေ့လာလိုတဲ့ ပညာရပ်နယ်ပယ်တွေနဲ့ လမ်းကြောင်းတွေကို ရည်းစူးနေတာမျိုးပါ။
System တစ်ခုလုံးရဲ့ Pathway တစ်ခုချင်းစီကို ပုံလေးတွေအောက်မှာလဲ အသီးသီး အသေးစိတ်ရှင်းပြပေးထားပါတယ်ဗျ။
ဆိုတော့ကာ - မကြာခင် Launch လုပ်တော့မယ့် Tarot Titan ရဲ့ Learning Ecosystem မှာ Tarot ကို စတင်လေ့လာဖို့ အသင့်ဖြစ်ကြပါပြီလား Energies တို့ရေ။

𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧 - 𝐃𝐢𝐯𝐢𝐧𝐞𝐥𝐲 𝐆𝐮𝐢𝐝𝐞𝐝 𝐁𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬
𝐌𝐚𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬 𝐆𝐮𝐢𝐝𝐞 & 𝐁𝐥𝐞𝐬𝐬 𝐘𝐨𝐮 𝐀𝐥𝐥!

𝐋𝐞𝐭'𝐬 𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧!
Instagram: tarot.titan.ig
Telegram: tarottitanofficial
Viber: +66990917940
TikTok: .titan.tt




16/09/2026
𝐁𝐨𝐧𝐝𝐢𝐧𝐠 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐓𝐚𝐫𝐨𝐭 𝐃𝐞𝐜𝐤 🃏✨     Tarot Deck အသစ်လေးတစ်ခုရလာတဲ့အခါ ကိုယ့်ရဲ့ကတ်တွေနဲ့ အချိတ်အဆက်မိဖို့၊ Connection တည်...
05/09/2026

𝐁𝐨𝐧𝐝𝐢𝐧𝐠 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐓𝐚𝐫𝐨𝐭 𝐃𝐞𝐜𝐤 🃏✨

Tarot Deck အသစ်လေးတစ်ခုရလာတဲ့အခါ ကိုယ့်ရဲ့ကတ်တွေနဲ့ အချိတ်အဆက်မိဖို့၊ Connection တည်ဆောက်ဖို့ဆိုပြီး ခေါင်းအုံးအောက်မှာထားအိပ်တာ၊ Cleanse လုပ်တာ၊ Full Moon အောက်မှာထားတာ စတဲ့ နည်းလမ်းလေးတွေကို ကြားဖူးကြမယ်ထင်ပါတယ်။
ဒီနေရာမှာ ဒီနည်းလမ်းတွေကို မှားတယ်၊ မလိုအပ်ဘူးလို့ ဆိုလိုချင်တာတော့ မဟုတ်ပါဘူး။ ကိုယ့်အတွက် Meaningful ဖြစ်တယ်၊ ကိုယ့် Practice နဲ့လည်း ကိုက်ညီတယ်ဆိုရင် ကိုယ်နှစ်သက်သလို အသုံးပြုနိုင်ပါတယ်။
ဒါပေမယ့် Tarot Deck တစ်ခုနဲ့ Connection တစ်ခုတည်ဆောက်ခြင်းဟာ Ritual တွေလုပ်နေခြင်းနဲ့ပဲ သက်ဆိုင်နေတာတော့ မဟုတ်ပါဘူး။
တစ်ခါတလေမှာ ကတ်တွေကို ပုံမှန်ကိုင်တွယ်အသုံးပြုခြင်း၊ ကိုယ်ပိုင် Meaning တွေ တည်ဆောက်ခြင်း၊ ကတ်တွေပေါ်က Symbolism တွေကို လေ့လာခြင်းနဲ့ နေ့စဉ်ဘဝထဲမှာ Tarot ကို ပြန်လည်ရှာဖွေကြည့်ခြင်းလို ရိုးရှင်းတဲ့ Practice လေးတွေကနေလည်း ကိုယ်နဲ့ကိုယ့်ကတ်တွေကြားက ရင်းနှီးမှုကို တဖြည်းဖြည်း တည်ဆောက်သွားနိုင်ပါတယ်။

Because sometimes, bonding with your cards is simply about spending enough time with them to understand their language—and allowing them to become part of yours. 🌿🔮

𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧 - 𝐃𝐢𝐯𝐢𝐧𝐞𝐥𝐲 𝐆𝐮𝐢𝐝𝐞𝐝 𝐁𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬
𝐌𝐚𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬 𝐆𝐮𝐢𝐝𝐞 & 𝐁𝐥𝐞𝐬𝐬 𝐘𝐨𝐮 𝐀𝐥𝐥!

𝐋𝐞𝐭'𝐬 𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧!
Instagram: tarot.titan.ig
Telegram: tarottitanofficial
Viber: +66990917940
TikTok: .titan.




𝗩𝗲𝗻𝘂𝘀 𝗶𝗻 𝗔𝗾𝘂𝗮𝗿𝗶𝘂𝘀 ♒️ကျွန်တော်တို့ Venus Placement လေးတွေအကြောင်း တစ်ခုချင်းစီ လေ့လာလာကြတာ အခုဆိုရင်တော့ Venus In Aquariu...
04/09/2026

𝗩𝗲𝗻𝘂𝘀 𝗶𝗻 𝗔𝗾𝘂𝗮𝗿𝗶𝘂𝘀 ♒️

ကျွန်တော်တို့ Venus Placement လေးတွေအကြောင်း တစ်ခုချင်းစီ လေ့လာလာကြတာ အခုဆိုရင်တော့ Venus In Aquarius သမားလေးတွေဆီကို ရောက်လာပြီလို့ ဆိုရမယ်ဗျ။

ဆိုတော့ကာ လွတ်လပ်ခြင်း၊ ကိုယ်ပိုင်ဖြစ်တည်မှုနဲ့ ထူးခြားကွဲပြားခြင်းတွေကို တန်ဖိုးထားတတ်ကြတဲ့ Aquarius လေးတွေရဲ့ Venus ကရော အချစ်ရေးမှာ ဘယ်လိုပုံစံလေးတွေနဲ့ ချစ်တတ်ကြလဲ၊ Relationship တစ်ခုအပေါ်မှာရော ဘယ်လိုသဘောထားမျိုးတွေ ရှိတတ်ကြလဲ၊ ငွေရေးကြေးရေးနဲ့ အလှအပ၊ ဝတ်စားဆင်ယင်မှုအပိုင်းမှာရော ဘယ်လိုရွေးချယ်မှုလေးတွေ ပြုလုပ်တတ်ကြလဲဆိုတာကို ကျွန်တော်တို့အတူတူ စူးစမ်းကြည့်ကြရအောင်လားဗျ Energies တို့ရေ။

𝐋𝐞𝐭'𝐬 𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧!
Instagram: tarot.titan.ig
Telegram: tarottitanofficial
Viber: +66990917940
TikTok: tarot.titan.tt





“𝐔𝐩𝐜𝐨𝐦𝐢𝐧𝐠 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬 𝐑𝐞𝐚𝐝𝐢𝐧𝐠”     ဒီတစ်ခါ Pick A Pile လေးကတော့ မကြာခင် ကိုယ့်ဘဝထဲကို ဘယ်လို “အခွင့်အလမ်း” လေးတွေ ဝင်ရ...
03/09/2026

“𝐔𝐩𝐜𝐨𝐦𝐢𝐧𝐠 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬 𝐑𝐞𝐚𝐝𝐢𝐧𝐠”

ဒီတစ်ခါ Pick A Pile လေးကတော့ မကြာခင် ကိုယ့်ဘဝထဲကို ဘယ်လို “အခွင့်အလမ်း” လေးတွေ ဝင်ရောက်လာဖို့ရှိနေမလဲဆိုတာကို ဖော်ပြပေးမယ့် Reading လေးတစ်ခုပါပဲ။
အခွင့်အလမ်းလို့ပြောလိုက်ရင် ကျွန်တော်တို့တော်တော်များများက အလုပ်အကိုင်၊ ငွေကြေးနဲ့ အောင်မြင်မှုတွေကိုပဲ ပြေးမြင်မိတတ်ကြပေမယ့် တစ်ခါတလေမှာတော့ ဘဝကိုအသစ်ပြန်စတင်ခွင့်၊ ကိုယ့်ကိုယ်ကိုပြန်ရှာတွေ့ခွင့်၊ လွဲချော်ခဲ့တာတွေကို ပြန်ပြင်ဆင်ခွင့်နဲ့ ကိုယ်စိုက်ပျိုးထားခဲ့သမျှကို ပြန်လည်ရိတ်သိမ်းခွင့် တွေဟာလဲ အခွင့်အလမ်းတစ်မျိုးပါပဲ။
ဆိုတော့ကာ လာမယ့်ကာလလေးတွေမှာ Universe ကြီးဘက်ကနေ ကိုယ့်အတွက် ဘယ်လိုတံခါးအသစ်လေးတွေ ဖွင့်ပေးထားမလဲ၊ ဘယ်လိုအရာလေးတွေကို လက်ခံရရှိဖို့ ပြင်ဆင်ထားသင့်မလဲဆိုတာကိုတော့ ကိုယ်စိတ်အဆွဲဆောင်ဆုံး Pile လေးတစ်ခုကိုရွေးချယ်ပြီး ကျွန်တော်တို့အတူတူ အဖြေရှာကြည့်လိုက်ကြရအောင်ဗျ။ ✨

_______

Pile (1)
ကိုယ်စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားနေတဲ့အလုပ်အကိုင်၊ အခွင့်အလမ်းတစ်ခုရရှိလာတတ်ပြီး ကျရှုံးမှု၊ အဆင်မပြေဖြစ်မှု၊ ကြပ်တည်းမှုတွေကနေ ရုန်းထွက်နိုင်ဖို့ရာ Universe ကြီးဘက်ကနေ ကြိုးစားနိုင်ဖို့ လမ်းကြောင်းတစ်ခုချမှတ်ပေးပါလိမ့်မယ်။ ဒီလမ်းကြောင်းအသစ်ကလဲ အရမ်းကြီးပေါ့ပါးလွတ်လပ်နေမှာမျိုးတော့ မဟုတ်ပေမယ့် ကြိုးစားရင် ကြိုးစားသလောက် အရာထင်၊ အောင်မြင်၊ ဖြစ်ထွန်းနိုင်တာမို့ မကြာခင် ကိုယ်စပြီးလျှောက်လှမ်းရတော့မယ့်ဘဝခရီးဟာ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု၊ ဖွဲ၊ လုံ့လနဲ့ ဝီရီယတို့အပေါ်မူတည်ပြီး အကျိုးရလဒ်တွေက တစ်ယောက်နဲ့တစ်ယောက်ကွဲသွားပါလိမ့်မယ်။ သေချာတာကတော့ အရင်ကထက် အလုပ်အကိုင်၊ ငွေကြေးပိုင်းမှာ ပိုအဆင်ပြေလာမှာတော့ မလွဲမသွေပါပဲ။ အများစုက အလုပ်ရှာနေတာ (သို့) ပြည်ပထွက်ဖို့ကြိုးစားနေကြတဲ့သူလေးတွေ များမယ်ထင်တယ်။ ပင်ပန်းမှုလေးတွေတော့ အနည်းငယ်ရှိပေမယ့် “တစ်ခုခုရှိနေတာ၊ လုပ်နေတာက ဘာမှမလုပ်နေ၊ မရှိနေရတာထက်စာရင် အများကြီးပိုကောင်းပါတယ်” ဆိုပြီး စကားလက်ဆောင်လေးလဲ မှာထားလို့ပါ။ အားတင်းထားနော်။ ပင်ပန်းခဲ့ရမှုတွေ၊ ကြိုးစားအားထုတ်ခဲ့ရမှုတွေဟာ များမကြာခင် အရာထင်လာတော့မှာပါ တဲ့ဗျ Energies တို့ရေ။

Pile (2)
ဒီအုပ်စုသမားလေးတွေရလာမယ့် အခွင့်အလမ်းကကျ ကိုယ့်ကိုယ်ကိုနဲ့ပတ်သက်ပြီးတော့ပါ။ အချိန်တွေအကြာကြီး လူတစ်ယောက်ကြောင့်ဖြစ်စေ၊ ကိုယ်ချစ်၊ တန်ဖိုးထားရတဲ့သူတွေကြောင့်ဖြစ်စေ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့၊ ချစ်ပေးဖို့၊ အနားပေးဖို့၊ ပျော်အောင်နေဖို့ကို မေ့နေခဲ့ပါတယ်တဲ့။ ဒါကြောင့် လာမယ့်လတွေမှာ Universe ကြီးဘက်ကနေ ပိုပြီးကောင်း၊ ပိုပြီးတော်၊ ပိုပြီးလှ၊ ပိုပြီးချောလာမယ့် ကိုယ့်ရဲ့ New Version လေးတစ်ခုနဲ့အတူ အနားယူခွင့်၊ ကိုယ့်ကိုယ်ကိုဂရုစိုက်ခွင့်၊ ပျော်ပျော်နေခွင့်လေးတွေကို တစ်ခုပြီးတစ်ခုချပေးဖို့ရာ ရှိနေပါတယ်။ “အများကြီးပင်ပန်းခဲ့ပြီးပြီမို့ လွှတ်ချစရာရှိတာတွေကို လွှတ်ချပြီး ဘဝရဲ့စာမျက်နှာသစ်တစ်ခုကို ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လည်စတင်ပါတော့ ကလေးရေ” လို့ မှာထားပါတယ်နော်။ ဒီဘဝခရီးမှာ ကိုယ့်ကိုယ်ကိုပျောက်ဆုံးခဲ့ရတာလဲ များပြီမို့ ဒီတစ်ခါသာ ပြန်ရှာတွေ့ခဲ့ရင် သူများတွေကို ချစ်သလိုမျိုး ကိုယ့်ကိုယ်ကိုလဲ ပိုပြီးချစ်ပေး၊ ဂရုစိုက်ပေးပါနော် Energies တို့ရေ။ ကဲ ဒါဆိုပေါ့ပါးလွတ်လပ်တဲ့နေ့ရက်တွေဆီကို အနှောင်အဖွဲ့နဲ့ စိတ်ပင်ပန်းစရာတွေမပါဘဲ အကောင်းဆုံးကြိုးစားလျှောက်လှမ်းကြရအောင်နော်ဗျ။

Pile (3)
ဒီအဖွဲ့လေးကကျ ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေကို အခွင့်အလမ်းတစ်ခုအနေနဲ့ လက်ခံရရှိကြမယ့်အုပ်စုပါပဲ။ အထူးသဖြင့် အတိတ်မှာ လွဲချော်ခဲ့တဲ့၊ လက်လွှတ်ခဲ့ရတဲ့အရာတွေကို ပြန်လည်ရရှိတာမျိုးဖြစ်နေနိုင်သလို အမှားပြင်ဆင်ခွင့်၊ နောက်တစ်ကြိမ်ထပ်ကြိုးစားခွင့်တို့ကနေမှတစ်ဆင့် မထင်မှတ်ဘဲ အောင်မြင်မှု၊ ကြွယ်ဝချမ်းသာမှုနဲ့ ချစ်သောသူများ ပြန်လည်ဆုံစည်းပေါင်းဖက်ရခြင်းဆိုတဲ့ Blessing တချို့ကိုရရှိကြမယ့်ပုံစံမျိုးလေးပါ။ သေချာတာကတော့ ကိုယ့်ရဲ့စစ်မှန်တဲ့နေရာ၊ ရှိသင့်ရှိထိုက်တဲ့နေရာမျိုးကို ရောက်ရှိလာမှာဖြစ်တာကြောင့် လူမှန်၊ နေရာမှန်ပြန်ဖြစ်လာမယ့်သဘောပါပဲ။ ဒါကြောင့် တစ်ခုရှိတာကတော့ ဒီ Pile ဟာ ရှေ့ကာလတွေက ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ လုပ်ဆောင်ထားတဲ့အရာတွေအပေါ်မူတည်ပြီး ရရှိလာမယ့်အရာလေးတွေကတော့ တစ်ယောက်နဲ့တစ်ယောက်ကွဲပြားနိုင်ပါတယ်။ Universe ကြီးဘက်ကနေ မေးထားတဲ့မေးခွန်းလေးကတော့ “ကိုယ်ဟာ ပေးဆပ်ခဲ့တာလား။ ရယူခဲ့တာပါလား” တဲ့ဗျ။ ဆိုတော့ကာ ပေးခဲ့သူတွေက အခုချိန်မှာ လက်ခံကြရမှာဖြစ်ပြီး ရယူခဲ့ကြတဲ့သူလေးတွေကတော့ ပြန်ပြီးပေးကြရပါလိမ့်မယ်နော်။ ဘာပဲနေနေ နှစ်ဘက်လုံးအတွက်သေချာတာကတော့ ကိုယ်စိုက်ပျိုးထားခဲ့တာလေးတွေ ပြန်ရိတ်သိမ်းကြရမယ့်အချိန်ဖြစ်တယ်ဆိုတာပါပဲ Energies တို့ရေ။

Pile (4)
ဒီအုပ်စုလေးအနေနဲ့ကတော့ - အပြောင်းအလဲ၊ အလှည့်အပြောင်းတစ်ခုကို အခွင့်အလမ်းတစ်ခုအနေနဲ့ရရှိကြမှာမျိုးလို့ တွေ့ရပါတယ်နော်။ အထူးသဖြင့် အလုပ်အကိုင်၊ ရာထူးဌာန၊ နေရာထိုင်ခင်းနဲ့ နေထိုင်ရာနိုင်ငံအစရှိတဲ့အပိုင်းတွေနဲ့ဆက်စပ်ပြီးတော့ပါ။ ရာထူးတိုး၊ လစာတိုးမျှော်နေတဲ့သူလေးတွေ ဒီနေ့ကစ (၇) လလောက်အတွင်း ဒီလိုအခွင့်အရေးမျိုးရနိုင်သလို နိုင်ငံ (သို့) နေထိုင်ရာအိမ်နေရာ အပြောင်းအရွှေ့လုပ်ချင်သူများအနေနဲ့လဲ နောက် (၄) လမှ (၆) လလောက်အတွင်းမှာတင် မျှော်လင့်ထားသလိုအဆင်ပြေအောင်မြင်လို့ အခွင့်အလမ်းတွေပေါ်လာဖို့ရှိနေပါတယ်နော်။ ထူးခြားတာလေးကတော့ ဒီအပြောင်းအလဲတွေကို လက်ခံကြိုဆိုပါတဲ့။ Risk ယူပြီး စွန့်စားကြည့်ရမှာမျိုးတော့ ဖြစ်နေပေမယ့် ကိုယ့်အနေနဲ့လဲအကောင်းဆုံးလုပ်နိုင်မှာဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်ပေးလိုက်ဖို့ကို Universe ကြီးဘက်ကနေ မှာနေပါတယ်။ ဒီအဖွဲ့လေးကလေ ဘာနဲ့တူလဲဆို တဖြည်းဖြည်း ကိုယ်ကကြီးပြင်းလာတာကြောင့် ငယ်ငယ်ကနေခဲ့တဲ့နေရာ ဝတ်ခဲ့တဲ့အဝတ်အစားတွေနဲ့ အဆင်မပြေတော့တာမို့ အဟောင်းတွေကို ချန်ထားခဲ့ပြီး ကိုယ့်ရဲ့ Growth & Capacity နဲ့ကိုက်ညီတဲ့အရာတွေဆီကို သွားနေကြရတာမျိုးနဲ့တူပါတယ်။ ဒါကြောင့် ပြောင်းလဲရမှာကို မကြောက်ပါနဲ့။ ကိုယ့်ကိုယ်ကိုလဲ Limit မလုပ်ထားပါနဲ့။ အဲ့အစား ကိုယ်ဘယ်သူလဲ၊ ဘာတွေလုပ်နိုင်လဲဆိုတာကို လူအများသိအောင်ချပြနိုင်ဖို့အတွက် ဘဝရဲ့အခွင့်အရေးတစ်ခုက အနာဂတ်မှာစောင့်ကြိုနေပါတယ်တဲ့နော် Energies တို့ရေ။

_______

𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧 - 𝐃𝐢𝐯𝐢𝐧𝐞𝐥𝐲 𝐆𝐮𝐢𝐝𝐞𝐝 𝐁𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬!
𝐌𝐚𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬 𝐆𝐮𝐢𝐝𝐞 & 𝐁𝐥𝐞𝐬𝐬 𝐘𝐨𝐮 𝐀𝐥𝐥!

𝐋𝐞𝐭'𝐬 𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧!
Instagram: tarot.titan.ig
Telegram: tarottitanofficial
Viber: +66990917940
TikTok: .titan.tt





ကျွန်တော်တို့ Tarot မေးကြတယ်ဆိုတာ ဘာကိုသိချင်လို့ မေးကြတာပါလဲ။ ဒီမေးခွန်းကို ရိုးရိုးလေးပြန်စဉ်းစားကြည့်မယ်ဆိုရင် အများအ...
01/09/2026

ကျွန်တော်တို့ Tarot မေးကြတယ်ဆိုတာ ဘာကိုသိချင်လို့ မေးကြတာပါလဲ။ ဒီမေးခွန်းကို ရိုးရိုးလေးပြန်စဉ်းစားကြည့်မယ်ဆိုရင် အများအားဖြင့် ကျွန်တော်တို့မေးချင်နေတဲ့အရာတွေဟာ လမ်းနှစ်လမ်းဆီကို ဦးတည်နေတတ်ပါတယ်။

“နောက်ဘာဖြစ်လာမလဲ?”
ဒါမှမဟုတ်—
“ဒါဆို ငါဘာလုပ်ရမလဲ?”
ပထမမေးခွန်းက ကျွန်တော်တို့ မမြင်ရသေးတဲ့ အရှေ့ဘက်ကို လှမ်းကြည့်ချင်ခြင်းဖြစ်ပြီး၊ ဒုတိယမေးခွန်းကတော့ ကိုယ်ရောက်နေတဲ့နေရာကနေ ဘယ်လိုဆက်လျှောက်ရမလဲဆိုတာကို ရှာဖွေချင်ခြင်းဖြစ်ပါတယ်။

Tarot Reading မှာလည်း ဒီလိုမတူညီတဲ့ မေးမြန်းဖတ်ရှုမှုပုံစံနှစ်ခုကို Predictive Reading နဲ့ Prescriptive Reading ဆိုပြီး ခွဲခြားစဉ်းစားကြည့်နိုင်ပါတယ်။

ဆက်ပြီးတော့ Reading အမျိုးအစားလေးတွေ တစ်ခုချင်းစီအကြောင်း အသေးစိတ်ကို ပုံလေးတွေအောက်မှာ အသီးသီးလေ့လာဖတ်ရှုနိုင်ပါတယ်ဗျ။

𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧 - 𝐃𝐢𝐯𝐢𝐧𝐞𝐥𝐲 𝐆𝐮𝐢𝐝𝐞𝐝 𝐁𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬!
𝐌𝐚𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬 𝐆𝐮𝐢𝐝𝐞 & 𝐁𝐥𝐞𝐬𝐬 𝐘𝐨𝐮 𝐀𝐥𝐥!

𝐋𝐞𝐭'𝐬 𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧!
Instagram: tarot.titan.ig
Telegram: tarottitanofficial
Viber: +66990917940
TikTok: .titan.tt






𝐎𝐮𝐫 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐏𝐚𝐜𝐤𝐚𝐠𝐞𝐬ကျွန်တော်တို့ Tarot Titan မှာရနိုင်တဲ့ Online Personal Tarot Reading Package လေးတွေအက...
31/08/2026

𝐎𝐮𝐫 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐏𝐚𝐜𝐤𝐚𝐠𝐞𝐬

ကျွန်တော်တို့ Tarot Titan မှာရနိုင်တဲ့ Online Personal Tarot Reading Package လေးတွေအကြောင်း လိုတိုရှင်းလေးပါဗျ။

မိမိယူလိုတဲ့ Package အလိုက် Messenger, Telegram, TikTok နဲ့ Viber တို့မှာ အသီးသီး Booking တင်ကာ Appointment ရယူနိုင်ပါတယ်။

𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧 - 𝐃𝐢𝐯𝐢𝐧𝐞𝐥𝐲 𝐆𝐮𝐢𝐝𝐞𝐝 𝐁𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬!
𝐌𝐚𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬 𝐆𝐮𝐢𝐝𝐞 & 𝐁𝐥𝐞𝐬𝐬 𝐘𝐨𝐮 𝐀𝐥𝐥!

𝐋𝐞𝐭'𝐬 𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧!
Instagram: tarot.titan.ig
Telegram: tarottitanofficial
Viber: +66990917940
TikTok: .titan.tt




30/08/2026

𝐖𝐨𝐫𝐝𝐬 & 𝐓𝐡𝐨𝐮𝐠𝐡𝐭𝐬 𝐅𝐫𝐨𝐦 𝐘𝐨𝐮𝐫 𝐒𝐩𝐞𝐜𝐢𝐟𝐢𝐜 𝐏𝐞𝐫𝐬𝐨𝐧 (သူတွေးနေမိတဲ့ ကိုယ့်ရဲ့အကြောင်း)

မင်္ဂလာပါ Energies တို့ရေ...
ဒီတစ်ခါ Reading လေးကတော့ “Words & Thoughts From Your Specific Person” ဆိုတဲ့ခေါင်းစဥ်လေးနဲ့ ကိုယ်စိတ်ထဲမှာ သီးသန့်ရည်ရွယ်ထားတဲ့ Specific Person တစ်ယောက်က ကိုယ့်အပေါ် ဘယ်လိုအတွေးတွေရှိနေမလဲ၊ ကိုယ့်အကြောင်း ဘာတွေတွေးနေမိလဲဆိုတာကို လေ့လာကြည့်ကြမယ့် Tarot Reading လေးပဲ ဖြစ်ပါတယ်။

ဆိုတော့ကာ ကိုယ်ရည်ရွယ်ထားတဲ့သူရဲ့ အမြင်ထဲမှာ ကိုယ်က ဘယ်လိုလူတစ်ယောက်ဖြစ်နေမလဲ၊ ကိုယ့်နဲ့ပတ်သက်ပြီး သူ့စိတ်ထဲမှာ ဘယ်လိုအတွေးတွေ လည်ပတ်နေမလဲ၊ ပြောချင်ပေမယ့် မပြောဖြစ်သေးတဲ့ စကားတွေကရော ဘာတွေဖြစ်နေမလဲဆိုတာကို ဒီ Reading Video လေးကနေတစ်ဆင့် အတူတူ လေ့လာကြည့်နိုင်မှာပဲဖြစ်ပါတယ်။

ဒီ Specific Person ဆိုတာကတော့ Romantic Connection တစ်ခုတည်းကိုပဲ ရည်ညွှန်းထားတာမဟုတ်ဘဲ ကိုယ်သိချင်တဲ့၊ ကိုယ်စိတ်ထဲမှာ ရည်ရွယ်ထားပြီး Romantically Attracted ဖြစ်တဲ့ ဘယ်သူ့အတွက်ကိုမဆို ရွေးချယ်ပြီး ဒီ Reading လေးကို ကြည့်ရှုနိုင်ပါတယ်ဗျ။

ကဲ ဒါဆို သူ့အတွေးတွေထဲမှာ ကိုယ်က ဘယ်လိုပုံစံမျိုးနဲ့ ရှိနေမလဲ၊ ကိုယ့်အကြောင်းတွေးမိတဲ့အခါ ဘယ်လိုစကားလုံးတွေ၊ ဘယ်လိုခံစားချက်တွေ ပေါ်လာမလဲဆိုတာ ကျွန်တော်တို့အတူတူ နည်းနည်းလောက် စပ်စုကြည့်ကြရအောင်လားဗျ။

Time Stamps: ⏰
Pile (1) – 01:43
Pile (2) – 16:06
Pile (3) – 28:48

𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧 - 𝐃𝐢𝐯𝐢𝐧𝐞𝐥𝐲 𝐆𝐮𝐢𝐝𝐞𝐝 𝐁𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬!
𝐌𝐚𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬 𝐆𝐮𝐢𝐝𝐞 & 𝐁𝐥𝐞𝐬𝐬 𝐘𝐨𝐮 𝐀𝐥𝐥!

𝐋𝐞𝐭'𝐬 𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧!
Instagram: tarot.titan.ig
Telegram: tarottitanofficial
Viber: +66990917940
TikTok: .titan.tt





Address

Yangon

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 01:00 - 20:00

Telephone

+66990917940

Website

Alerts

Be the first to know and let us send you an email when Tarot Titan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Tarot Titan:

Shortcuts

Share