Dr.May Dialysis

  • Home
  • Dr.May Dialysis

Dr.May Dialysis Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr.May Dialysis, Medical and health, 中和區興南路二段399巷, .

10/08/2026

🇯🇵 vs 🇹🇼
ဂျပန် နှင့် ထိုင်ဝမ်း

ဘာတွေကွာခြားချက်တွေ့ကြသလဲ။
ဘယ်နေရာကို ပိုကြိုက်သလဲ။

Japan vs Taiwan
What differences do you see?
Which one do you prefer?

အလှအပဆေးပညာ (Aesthetic Medicine) အခြေခံစပြီးလေ့လာကြရအောင်---------------------------------၁:အလှအပဆေးပညာ အဓိက အကြောင်းအရာ...
09/08/2026

အလှအပဆေးပညာ (Aesthetic Medicine) အခြေခံစပြီးလေ့လာကြရအောင်
---------------------------------
၁:အလှအပဆေးပညာ အဓိက အကြောင်းအရာ

• Aesthetic Medicine သည် ဆေးပညာနှင့် အလှအပကို ပေါင်းစပ်ထားသော ပညာရပ်ဖြစ်သည်။
• Medical Cosmetology သည် အလှအပဆိုင်ရာ အပြင်အဆင်များကို အဓိကထားပြီး ဆေးပညာအခြေခံမပါပါ။
• Non‑invasive (ခွဲစိတ်မှုမလို) → Laser, Botox, Peels
• Invasive (ခွဲစိတ်မှုလိုအပ်) → Facelift, Liposuction
---
၂:အထူးကုဆေးပညာ လုပ်ငန်းများ

• Skin rejuvenation → Laser, Chemical peels
• Injectables → Botox, Fillers
• Body contouring → Cryolipolysis, Liposuction
• Hair treatments → Laser hair removal, Hair transplant
• Scar & acne → Microneedling, Fractional laser
• Anti‑aging → Nutrition, Antioxidants, Regenerative therapy
---
၃:အလှဆေးပညာတွင် အသုံးများသော နည်းပညာများ

၁:Picosecond laser-> Pigment particles ဖယ်ရှာခြင်း(ဆေးမှင်ကြောင်၊အမဲစက်ဖယ်ရှားခြင်း)
၂:Radiofrequency->Collagen stimulation,Skin tightening
၃:IPL->Light spectrum remove Pigment, Vascular,Hair
၄:Calcium hydroxyapatite ->Collagen induction ,Volume restoration
၅:Hyaluronic acid->Hydration filler ထိုး အသားရေတွန့်,နှုတ်ခမ်းမှာထိုးခြင်း
၆:AHAs->Exfoliation for Acne, Pigment ၇:Fillers->Volume injection,Sculpting, Wrinkle correction
---
၄:အလှဆေးပညာ အမျိုးအစားများ

• Laser treatments → Fractional, Q‑switched, Dye, Hair removal
• Anti‑aging therapies → Red/Blue/Green light, Vitamin C/E, CoQ10, Antioxidants
• Mesotherapy → Microinjections of vitamins, HA, enzymes
---

✨ အနှစ်ချုပ်
အလှအပဆေးပညာသည် မခွဲစိတ်ရသောနည်းလမ်းများ (Laser, Botox, Peels) နှင့် ခွဲစိတ်မှုလိုအပ်သော နည်းလမ်းများ (Facelift, Liposuction) ကို ပေါင်းစပ်အသုံးပြုသည်။

အဓိက ရည်ရွယ်ချက်မှာ အရွယ်မတိုင်မီ အိုမင်းခြင်းကို တားဆီးခြင်း၊ အလှအပကို တိကျစွာ ပြန်လည်ဖန်တီးခြင်း ဖြစ်သည်။

ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါကို ကြိုတင်ကာကွယ်ကြပါ---------------------------------ဆောင်းဦးရာသီရောက်တော့မှာမို့ ထိုင်ဝမ်...
09/08/2026

ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါကို ကြိုတင်ကာကွယ်ကြပါ
---------------------------------
ဆောင်းဦးရာသီရောက်တော့မှာမို့ ထိုင်ဝမ်းတွင်နေထိုင်ကြတဲ့ အသက်၆၅နှစ်နှင့်အထက် မိဘပြည်သူများ နမိုးနီးယားကာကွယ်ဆေးထိုးခြင်းဖြင့် အဆုတ်အအေးပတ်ခြင်းကို ကာကွယ်ကြပါစို့။

07/08/2026
မျက်နှာအမဲစက်တွေကြောင့် စိတ်ညစ်နေကြတဲ့သူတွေအတွက် အလှအပရေးရာ~~~~~~~~~~~~~~~~~~~~~~~~~~~🌸 အမဲစက်တိုင်းကို တူညီတဲ့နည်းနဲ့ က...
06/08/2026

မျက်နှာအမဲစက်တွေကြောင့် စိတ်ညစ်နေကြတဲ့သူတွေအတွက် အလှအပရေးရာ
~~~~~~~~~~~~~~~~~~~~~~~~~~~

🌸 အမဲစက်တိုင်းကို တူညီတဲ့နည်းနဲ့ ကုသရမှာလား။
မကုသနိုင်ပါ။

မျက်နှာပေါ်ရှိ အမဲစက်များသည် အမျိုးအစားများစွာရှိပြီး ဖြစ်ပွားရသည့်အကြောင်းရင်း၊ အရေပြားအလွှာနှင့် ကုသနည်းများလည်း မတူညီကြပါ။

✅ အဖြစ်များသော အမဲစက်အမျိုးအစားများ
• Melasma (အသည်းကွက်/ကိုယ်ဝန်ကွက်)
• Freckles (တင်းတိပ်)
• Solar Lentigo (နေလောင်စက်)
• Post-inflammatory Hyperpigmentation (ဝက်ခြံ၊ အရေပြားရောင်ရမ်းပြီးနောက် ကျန်ခဲ့သော အမဲစက်)
• Nevus (မှဲ့)
• Nevus of Ota / Hori's Nevus (အပြာမည်းရောင် အမဲစက်)
• Café-au-lait Spot (ကော်ဖီနို့ရောင် အကွက်)
• Becker's Nevus
• ဆေးဝါး သို့မဟုတ် သတ္တုဓာတ်ကြောင့် ဖြစ်သော အမဲစက်များ

🔍 အမဲစက်ဖြစ်ရသည့် အဓိကအကြောင်းရင်းများ
☀️ နေရောင်ခြည် (UV)
🤰 ကိုယ်ဝန်နှင့် ဟော်မုန်းပြောင်းလဲမှု
🧬 မျိုးရိုးဗီဇ
🔥 ဝက်ခြံ၊ အရေပြားရောင်ရမ်းမှု သို့မဟုတ် ဒဏ်ရာ
💊 အချို့သော ဆေးဝါးများ

🩺 ကုသမှုမပြုမီ အရေးကြီးဆုံးအချက်

အမဲစက်သည် Epidermis (အပေါ်လွှာ) တွင်ရှိသလား၊ Dermis (အောက်လွှာ) ထိရောက်နေသလားဆိုတာကို အရင်စစ်ဆေးရပါမည်။
ထို့နောက်မှ ဘာကိုသုံးရမလဲဆိုတာ ရွေးချယ်ရမှာပါ။
✔️ Whitening Cream
✔️ Chemical Peel
✔️ Q-switched Laser
✔️ Pico Laser
✔️ Fractional Laser
စသည့် သင့်တော်သောကုသမှုကို ရွေးချယ်နိုင်ပါသည်။

🌞 ကာကွယ်ရန်
• SPF 30–50+ နှင့် PA+++ Sunscreen ကို နေ့စဉ်အသုံးပြုပါ။
• မနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း နေရောင်ပြင်းချိန်ကို တတ်နိုင်သမျှ ရှောင်ပါ။
• ဝက်ခြံနှင့် အရေပြားရောင်ရမ်းမှုများကို စောစီးစွာကုသပါ။

အရေးကြီးဆုံးမှာ "အမဲစက်တိုင်း Laser လုပ်ရမည်" မဟုတ်သလို "Cream လိမ်းရုံဖြင့် ပျောက်မည်" လည်း မဟုတ်ပါ။
မှန်ကန်သော Diagnosis ရရှိမှသာ အထိရောက်ဆုံး ကုသမှုကို ရွေးချယ်နိုင်ပါသည်။

Aesthetic ပညာဟာ စက်ကိရိယာကို လုပ်တတ်ရုံနဲ့ မသတ်မှတ်နိုင်ပါ။
ဆေးပညာဗဟုသုတနဲ့ ပေါင်းစပ်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ လိုအပ်ပါတယ်။

လူအများစုက Aesthetic ပညာကို ဝင်ငွေတစ်ခုအနေနဲ့သာ ကြည့်ပြီး လုပ်ကိုင်နေကြပေမဲ့ ကျမအတွက်တော့ ပိုက်ဆံအတွက်နဲ့ မဆုံးဖြတ်ဘူး။ ကျမစိတ်ဝင်စားတဲ့ပညာကို ကျွမ်းကျင်စွာ ခွဲခြားစိတ်ဖြာနိုင်ဖို့ တဖက်ကမ်းခတ်ထိ လေ့လာသင်ယူချင်ခဲ့တယ်။

မေတ္တာဖြင့်
Dr.May
.May Dialysis

04/08/2026
ကျောက်ကပ်ကျောက် (Renal Stone) အကြောင်း သိကောင်းစရာ------------------------------မိတ်ဆွေတစ်ယောက်က Ultrasound (USG) ရလဒ်ကိ...
03/08/2026

ကျောက်ကပ်ကျောက် (Renal Stone) အကြောင်း သိကောင်းစရာ
------------------------------

မိတ်ဆွေတစ်ယောက်က Ultrasound (USG) ရလဒ်ကို ပြပြီး မေးလာပါတယ်။ဘာလက္ခဏာမှ မရှိ (Asymptomatic) ဒါပေမဲ့ USG Result မှာတော့

-Right VUJ (Vesicoureteric Junction) stone = 3.4 mm
-Mild right hydronephrosis
-Kidney ထဲမှာ stone ကျောက်မတွေ့

ဒီလိုလူနာတွေ အများကြီးတွေ့ရတာကြောင့် ကျောက်ကပ်ကျောက်အကြောင်း မျှဝေချင်ပါတယ်။

🪨 ကျောက်ကပ်ကျောက်ဆိုတာဘာလဲ?

ဆီးထဲမှာပါတဲ့ Calcium, Oxalate, Uric acid, Cystine စတဲ့ဓာတ်တွေ စုပုံပြီး ကျောက်ဖြစ်လာတာကို Kidney stone (Renal stone) လို့ခေါ်ပါတယ်။

ကျောက်ရှိနိုင်သောနေရာများ
~~~~~~~~~~~~~~~~~~~
၁)Kidney ကျောက်ကပ်
၂)Ureter
၃)UVJ (Ureter နဲ့ Bladder ဆုံရာ)
၄)Bladder ဆီးအိမ်

ဘယ်နေရာမှာမဆို ရှိနိုင်ပါတယ်။

🪨 ကျောက်အမျိုးအစားများ
-----------------------------
1️⃣ Calcium Oxalate Stone (70–80%) ⭐ အများဆုံး အဖြစ်များဆုံးကျောက်

Risk factors

၁:ရေနည်းသောက်ခြင်း
၂:ဆားစားများခြင်း
၃:Oxalate များတဲ့အစားအစာ(အောက်မှာဆက်ဖော်ပြပေးထားပါတယ်)
၄:Hyperparathyroidism ပါလာတိုက်ရှိုက်များခြင်းရောဂါ
၅:Obesity အဝလွန်ခြင်း

Oxalate များသောအစားအစာများ
~~~~~~~~~~~~~~~~~~~~~~~

၁:Spinach ဟင်းနုနယ်ရွက်
၂:Tea လက်ဖက်ရည်
၃:Chocolate ချောကလက်
၄:Nuts သစ်စေ့
၅:Beetroot

2️⃣ Calcium Phosphate Stoneတွေ့ရနိုင်တဲ့သူ

၁:Renal tubular acidosis
၂:Hyperparathyroidism

Urine က alkaline ဖြစ်တတ်ပါတယ်။

3️⃣ Uric Acid Stoneဖြစ်တတ်သူတွေကတော့

၁:Gout ဂေါက်ရောဂါ
၂:Diabetes ဆီးချို
၃:Metabolic syndrome
၄:အသားအစားများသောသူ

ဆီးစစ်ရင် Urine pH နိမ့် (

Address

中和區興南路二段399巷

235

Telephone

+959689700289

Website

Alerts

Be the first to know and let us send you an email when Dr.May Dialysis posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your practice to be the top-listed Clinic?

Share