01/06/2026
ပျော်ရွှင်စရာ Pride Month လေး ဖြစ်ပါစေရှင်။ 🏳️🌈
ဒီလလေးမှာ မမမြင့်မာရဲ့ မောင်လေး၊ ညီမလေးများအားလုံးနဲ့အတူ မတူကွဲပြားမှုတွေကို ဂုဏ်ပြုချင်ပါတယ်။ လူသားတိုင်းဟာ ကိုယ်ပိုင်လက္ခဏာတွေနဲ့ လှပနေကြသူတွေ ဖြစ်ပြီးတော့၊ ကျန်းမာရေးနဲ့ ပတ်သက်လာရင်လည်း ဘယ်သူမဆို သာတူညီမျှတဲ့ ဂရုစိုက်မှုနဲ့ ဝန်ဆောင်မှုတွေကို ခံယူပိုင်ခွင့် အပြည့်အဝရှိပါတယ်။
မမမြင့်မာအနေနဲ့ မောင်လေး၊ ညီမလေးတို့ရဲ့ ကျန်းမာရေးလမ်းကြောင်းမှာ အမြဲတမ်း အားပေးကူညီသွားမှာပါ။ အထူးသဖြင့် ART ဆေးဝါးရယူခြင်းနဲ့ ပတ်သက်တဲ့ အကြံဉာဏ်များ၊ ပုံမှန်သွေးစစ်ဆေးခြင်းနဲ့ သွေးစစ်ဖို့ လိုအပ်တဲ့ အကူအညီတွေကိုလည်း မမမြင့်မာဆီမှာ အချိန်မရွေး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
ဘယ်လိုကျန်းမာရေး အခက်အခဲမျိုးကိုပဲ ရင်ဆိုင်နေရပါစေ၊ မောင်လေး၊ ညီမလေးတို့ ဘေးကနေ မမမြင့်မာ အမြဲရှိနေပြီး အကောင်းဆုံး အကူအညီတွေ ပေးသွားမှာပါ။
ကျန်းမာရေးစောင့်ရှောက်မှုမှာ ဘယ်သူ့ကိုမဆို သာတူညီမျှစွာ ဆက်ဆံပြီး နွေးထွေးစွာ ကူညီပေးဖို့ မမမြင့်မာ အမြဲအသင့်ရှိပါတယ်။ စိုးရိမ်ပူပန်နေစရာမလိုဘဲ အားမနာတမ်း ဆက်သွယ်လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေရှင်။
#မမမြင့်မာ