01/11/2026
၃ ရက်အတွင်း ဒုတိယအကြိမ် ပြန်လည်ရင်ဆိုင်ရမယ့် မန်စီးတီးနဲ့ ဘရိုက်တန်"
****************************
ကြားရက်တုန်းက ကာရာဘောင်းဖလားမှာ ဆုံတွေ့ခဲ့ကြပြီး ပင်နယ်တီအဆုံးအဖြတ်မှာ မန်စီးတီး အသင်းက ဘရိုက်တန် ကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ပြီးနောက် ၃ ရက်အတွင်း ဒုတိယအကြိမ်အဖြစ် အီတီဟတ် ကွင်းမှာပဲ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ပြန်လည်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
အာဆင်နယ် နဲ့အတူ အမှတ်ပေးဇယားကို ပူးတွဲဦးဆောင်နေတဲ့ မန်စီးတီး အသင်းဟာ ၅ မှတ်အကွာက အဆင့် ၃ နေရာမှာ လိုက်ပါနေတဲ့ ဘရိုက်တန် ကို အနိုင်ယူပြီး အမှတ်ကွာဟချက်ကို ချဲ့ထွင်ဖို့ ပစ်မှတ်ထားနေပါတယ်။ မန်စီးတီး အတွက်တော့ တိုက်စစ်မှူး အာလင်း ဟာလန်း အပြင် ၁၃ ပွဲမှာ ၆ ဂိုးအထိ သွင်းယူထားတဲ့ ရာယန် ရှာကီ ရဲ့ ဂိုးသွင်းစွမ်းရည်က အဓိက ဖြစ်နေပြီး၊ မာသီးယက်စ် နူးနက်စ် နဲ့ အီလီယန် အန်ဒီယာယေး တို့လည်း ဒဏ်ရာကနေ ပြန်လည်ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။
တစ်ဖက်မှာလည်း ဘရိုက်တန် ဟာ မန်စီးတီးနဲ့ နောက်ဆုံး ၄ ပွဲဆက် မရှုံးဘဲ ရလဒ်ကောင်းထားနိုင်ခဲ့ပြီး စပါးကနေ ခေါ်ယူထားတဲ့ ခံစစ်မှူးသစ် လူကာ ဗူးစကိုဗစ် ကလည်း ခြေစွမ်းပြသနေပါတယ်။ ခိုဖြူတို့ဘက်မှာ ကာအိုရူ မီတိုမာ၊ အီဗန် ဖာဂူဆန် နဲ့ ယာကူဘာ မင်းတေး အပါအဝင် ဒဏ်ရာရ ကစားသမား စာရင်း ရှည်လျားနေသော်လည်း ဖာဒီ ကာဒီယိုဂလူ ပြန်လည် ပါဝင်လာနိုင်တာကြောင့် အီတီဟတ်မှာ အမှတ်ရယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားလာမှာ ဖြစ်ပါတယ်။ အဆုံးသတ်မှာတော့ ဗီလာကို ရှုံးထားတာကြောင့် မဖြစ်မနေနိုင်ပွဲရှာရမယ့် မန်စီးတီးကိုပဲ ရွေးချယ်ရမှာပါ။
ရွေးချယ်မှု - မန်စီးတီး