10/10/2026
☀️ မြတ်စွာဘုရားရှင်၏ သာသနာတော်အတွင်း အလင်းရောင်လှူဒါန်းခြင်းကုသိုလ်🙏
ပဏ္ဍိတာရာမ (ဆစ်ဒနီ) သာသနာ့ရိပ်သာ ရှိ ဗီယက်နမ် ဓမ္မမိသားစုအဖွဲ့ မှ လှူဒါန်းထားသော ဆိုလာပြားများကို ပြုပြင်တပ်ဆင်ပေးခဲ့သည့် ကိုဗျတ္တနှင့် သဲသဲတို့အား အထူးကျေးဇူးတင်ရှိပါသည်။ 🙏
ပစ္စည်းလှူဒါန်းသူများ၏ စေတနာနှင့် ကိုယ်တိုင်အချိန်ပေး၍ ကူညီဆောင်ရွက်ပေးသူများ၏ ကုသိုလ်စေတနာတို့ ပေါင်းစပ်၍ သာသနာတော်အတွက် အကျိုးရှိသော လှူဒါန်းခြင်းကုသိုလ် ဖြစ်ပါသည်။
🪔 အလင်းရောင်လှူဒါန်းခြင်းသည် အမှောင်ကို ဖယ်ရှားပေးသကဲ့သို့၊ ဓမ္မအလင်းရောင်သည်လည်း အဝိဇ္ဇာအမှောင်ကို ဖယ်ရှားပေးနိုင်ပါသည်။
ပစ္စည်းအလှူဖြစ်စေ၊ လုပ်အားအလှူဖြစ်စေ၊ သာသနာတော်အကျိုးအတွက် ဖြူစင်သောစေတနာဖြင့် လှူဒါန်းဆောင်ရွက်သမျှသည် ကုသိုလ်တရားများ ပွားများစေသော အကြောင်းတရားများပင် ဖြစ်ပါသည်။
ဤကုသိုလ်ကောင်းမှုကြောင့် ဗီယက်နမ် ဓမ္မမိသားစုအဖွဲ့၊ ကိုဗျတ္တနှင့် သဲသဲတို့အပါအဝင် ပါဝင်လှူဒါန်းကူညီကြသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပြီး ဓမ္မတရားကို ပိုမိုနားလည်ကျင့်ကြံနိုင်ကာ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေ။ 🙏
---
☀️ Offering the Gift of Light — Spreading the Light of Dhamma 🙏
In the Buddha’s dispensation, offering light is a wholesome act of generosity.
Our heartfelt thanks to Ko Byatta and Thae Thae for their kind assistance in repairing and installing the solar panels that were generously donated by the Panditarama Sydney Meditation Centre's Vietnam Dhamma Family Group. 🙏
Through the generosity of those who offered the materials and the kindness of those who gave their time and effort, this offering has become a meaningful contribution to the support of the Buddha Sāsana.
🪔 Just as physical light dispels darkness, the light of the Dhamma guides us towards dispelling the darkness of ignorance.
Whether through material offerings or service, every act performed with a sincere and wholesome intention to support the Buddha’s dispensation provides an opportunity to cultivate merit.
May the Panditarama Vietnam Dhamma Family Group, Ko Byatta, Thae Thae, and everyone who contributed to this wholesome deed be blessed with good health, happiness, peace, and prosperity. May their wholesome aspirations be fulfilled, their understanding and practice of the Dhamma deepen, and may they progress towards the realisation of Nibbāna.
Sādhu! Sādhu! Sādhu! 🙏