18/09/2025
ဒီနေ့လေးကတော့Grammarသုံးနည်းကွဲပြားပုံလေးတွေတင်ပေးသွားပါမယ် နော်
👩🏻💻(으)면 "ဆိုရင်" "ရင်" "လို့" ဆိုတဲ့အဓိပ္ပါယ်ပါ
အသတ်ပါရင် 으면
အသတ်ပါရင် 면
그러면 우리 같이 갈까?
ဒါဆိုရင် ငါတို့အတူသွားကြမလား?
밥 안 먹으면 안돼요.
ထမင်းမစားလို့မဖြစ်ဘူး
이거 마시면 우리 사귀는거다!
ဒါသောက်ရင်ငါတို့တွဲရမှာ နော်
(ဒါနမည်ကြီးဇာတ်ကားတခုမှာပါလို့ထည့်ထားတာပါ)
👩🏻💻(으)며 (으)면서 နှစ်ခုကသုံးတဲ့နေရာတူပါတယ်
(으)며က (으)면서ရဲ့ အတိုကောက်စကားလုံးပါ
"ပြီး" "ရင်း"လို့ အဓိပ္ပါယ်ရပါတယ်
고 နဲ့လည်းအဓိပ္ပါယ်တူပါတယ် နော်
actionတခုပီးမှတခုလုပ်တယ်ဆိုတာကိုသုံးရမှာပါ
အသတ်ပါရင် 으며 / 으면서
အသတ်မပါရင် 며 / 면서
တခုပြုလုပ်ပြီးမှနောက်တစ်ခုလုပ်တယ်ဆိုတဲ့
actionနှစ်ခုကိုချိတ်စပ်တဲ့နေရာမှာသုံးမှာပါ
하늘도 맑으며 물도 맑아요.
(or)
하늘도 맑으면서 물도 맑아요.
ကောင်းကင်ကလည်းသာယာနေ ပြီး ရေတွေကလည်းကြည်လင်နေတယ်
노래를 들으며 공부를 합니다.
(or)
노래를 들으면서 공부를 합니다.
သီချင်းနားထောင် ရင်း စာလုပ်နေတယ်
산책을 하며 즐거운 시간을 보내요.
(or)
산책을 하면서 즐거운 시간을 보내요.
အပန်းဖြေလမ်းလျှောက်ထွက်ပြီး ပျော်စရာအချိန်လေးကိုဖြတ်သန်းတယ်
👩🏻💻(으)면서 "ပဲ" "ပေမဲ့"
အချိန်တခုတည်းမှာမတူညီတဲ့ဖြစ်ရပ်နှစ်ခုကိုပြောချင်တဲ့အခါသုံးပါတယ်
အသတ်ပါရင်으면서
အသတိမပါရင်면서
기타를 잘 치면서 노래를 못 합니다.
ဂစ်တာ ကောင်းကောင်း တီးတတ်ပေမဲ့ သီချင်းတော့မဆိုတတ်ပါဘူး
아무것도 모르면서 다 아는 것처럼 말 하지마세요.
ဘာမှလည်းမသိပဲအကုန်သိသလိုမပြောပါနဲ့
요리를 안 하면서 먹기만 해요.
ဟင်းတော့မချက်ပဲ စားပဲစားတယ်
အားလုံးပဲအားမလျှော့ပဲဆက်လေ့လာကြရအောင် နော်
မကွဲပြားတဲ့စကားလုံး ဒါမှမဟုတ် Grammarရှိရင် chat boxကနေလာမေးလို့ရပါတယ် နော်
Postလေး လုပ်ပြီးအကုန်လုံးရှင်းပြပေးသွားပါမယ် 💕
#나와함께한글
#비니