CLL Health Saddan Sin Min Clinic

CLL Health Saddan Sin Min Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CLL Health Saddan Sin Min Clinic, Family medicine practice, No. 44 , Saddan Street, Ahlone Township, Ahlone.

𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 အနေဖြင့် မိဘပြည်သူများအတွက် ရောဂါရှာဖွေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မိသားစုသဖွယ် ဖော်ရွေ...
18/08/2025

𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 အနေဖြင့် မိဘပြည်သူများအတွက် ရောဂါရှာဖွေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မိသားစုသဖွယ် ဖော်ရွေနွေးထွေးပျူငှာစွာဖြင့် ဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။


ယခုလက်ရှိ ကျန်းမာရေးဝန်ဆောင်မှုတွေပေးနေတဲ့ “𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ရောဂါရှာဖွေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ”နှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းစုံစမ်းနိုင်ရန်အတွက် ဆက်သွယ်ရန်အချက်အလက်တွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။

02/06/2025
အတာသင်္ကြန်ကာလ ဆေးခန်းဖွင့်ချိန် ကြိုတင်ကြေညာခြင်း𝐂𝐋𝐋 𝐇𝐞𝐚𝐥𝐭𝐡 𝐒𝐚𝐝𝐝𝐚𝐧 𝐒𝐢𝐧 𝐌𝐢𝐧 𝐂𝐥𝐢𝐧𝐢𝐜 🏥  44, Saddan Street, Ahlone, Yangon ...
10/04/2025

အတာသင်္ကြန်ကာလ ဆေးခန်းဖွင့်ချိန် ကြိုတင်ကြေညာခြင်း

𝐂𝐋𝐋 𝐇𝐞𝐚𝐥𝐭𝐡 𝐒𝐚𝐝𝐝𝐚𝐧 𝐒𝐢𝐧 𝐌𝐢𝐧 𝐂𝐥𝐢𝐧𝐢𝐜

🏥 44, Saddan Street, Ahlone, Yangon
☎️ +95 9 889 877 773



07/04/2025

🌍 ကမ္ဘာ့ကျန်းမာရေးနေ့ 2025 | "𝘏𝘦𝘢𝘭𝘵𝘩𝘺 𝘣𝘦𝘨𝘪𝘯𝘯𝘪𝘯𝘨𝘴, 𝘩𝘰𝘱𝘦𝘧𝘶𝘭 𝘧𝘶𝘵𝘶𝘳𝘦𝘴"

ယခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့ “𝘏𝘦𝘢𝘭𝘵𝘩𝘺 𝘣𝘦𝘨𝘪𝘯𝘯𝘪𝘯𝘨𝘴, 𝘩𝘰𝘱𝘦𝘧𝘶𝘭 𝘧𝘶𝘵𝘶𝘳𝘦𝘴” ဖြစ်ပါတယ်။

အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် နောက်ဆက်တွဲ အခက်အခဲပြဿနာများစွာကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် အဆိုပါ သတင်းစကားလေးဟာ အထူးပင် အဓိပ္ပာယ်ရှိလှပါတယ်။

ယခုလို အခက်အခဲ အကျပ်အတည်းများနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကာလမှာ ကျန်းမာခြင်းဆိုတာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုများမှ ပြန်လည်ကောင်းမွန်လာခြင်းတစ်မျိုးတည်းကို ဆိုလိုခြင်းသာမကပဲ မျှော်လင့်ချက်များပါ ပြန်လည်ရှင်သန်လာခြင်းနှင့် ဘဝများကို အခြေခံမှနေ၍ ပြန်လည်တည်ဆောက်ခြင်းထိပါ ပါဝင်ပါတယ်။

🍼 မိခင်ရော ကလေးပါ ကျန်းမာစေခြင်း

🏥 မြို့ရပ်ရွာတိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီနိုင်ခြင်း

🧠 စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အားပေးကူညီ ဖေးမကာ အထောက်အပံ့များပေးခြင်း

💊 အခြေခံကျန်းမာရေး လိုအပ်ချက်များကို ခွဲခြားဆက်ဆံခံရခြင်းမရှိဘဲ ဂုဏ်သိက္ခာရှိရှိဖြင့် တန်းတူညီမျှအပြည့်အဝခံစားရယူနိုင်ခြင်း

စတဲ့အချက်တွေက မျှော်လင့်ချက်ရှိတဲ့ အနာဂတ်ကို ရရှိစေဖို့ အခြေခံအုတ်မြစ်တွေပဲ ဖြစ်ပါတယ်။ ❤️

ကျွန်ုပ်တို့အနေနှင့်လည်း ရင်ဆိုင်ကြုံတွေ့ ထိခိုက်ခံစားခဲ့ရသူများနှင့် အတူရပ်တည်လျက်ရှိပါတယ်။

ကမ္ဘာကြီးရဲ့ မည်သည့်နေရာမှာ မွေးဖွားတဲ့သူဖြစ်ပါစေ (သို့) မည်သည့်အခက်အခဲအတွေ့အကြုံတွေကို ရင်ဆိုင်ကြုံတွေ့ခံစားခဲ့ရပါ‌စေ လူတိုင်းအတွက် ကျန်းမာပျော်ရွှင်ပြီး ဘေးကင်းလုံခြုံစွာဖြင့် လိုအပ်တဲ့ ပံ့ပိုးကူညီမှု‌တွေကို ရရှိနိုင်တဲ့ အနာဂတ်ပိုင်ဆိုင်နိုင်အောင် အတူတကွ ကြိုးစားဖန်တီးသွားကြပါစို့။

________________________________________

𝗘𝘅𝗽𝗹𝗼𝗿𝗲 𝘄𝗶𝘁𝗵 𝘂𝘀:

𝗪𝗲𝗯𝘀𝗶𝘁𝗲 : https://www.cllhealth.com/
𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 : https://www.linkedin.com/company/cll-health/
𝗬𝗼𝘂𝗧𝘂𝗯𝗲 : https://www.youtube.com/




11/12/2024

🌟 စိတ်ဖိစီးမှုသည် သဘာဝတရားအရ လူတွင်ဖြစ်ပေါ်လာသော သာမန်စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတစ်ခုဖြစ်သည်။ စိတ်ဖိအား အနည်းငယ်ရှိခြင်းက မိမိဘဝကို ကောင်းမွန်စေပြီး ကောင်းမွန်စွာလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးနိုင်သည်။

🔥 သို့သော် လူတစ်ဦးတွင် နေ့စဉ်စိန်ခေါ်မှုများစွာကြောင့် မိမိလက်ခံနိုင်သော စိတ်ဖိစီးမှုပမာဏထက် ကျော်လွန်သွားပြီး နာတာရှည် စိတ်ဖိစီးလာသောအခါ ထိုတုံ့ပြန်မှုများကြောင့် ခန္ဓာကိုယ်တွင် ထိခိုက်မှုများနှင့် ဝေဒနာများကို ခံစားရစေသည်။ ထိုခံစားမှုများတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူဆိုင်ရာ လက္ခဏာများ ဖြစ်ပေါ်လာသည်။

📌 စိတ်ဖိစီးမှု၏ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ

‣ ခန္ဓာကိုယ်တွင် ကိုက်ခဲနာကျင်ခြင်း
‣ ရင်ဘတ်အောင့်ခြင်း (သို့) နှလုံးခုန်၊ ရင်တုန်နေသကဲ့သို့ ခံစားရခြင်း
‣ ပင်ပန်းနွမ်းနယ်ခြင်း (သို့) အိပ်ရေးပျက်ခြင်း
‣ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း (သို့) တုန်လှုပ်ခြင်း
‣ သွေးပေါင်တက်ခြင်း
‣ ကြွက်သားတင်းမာခြင်း (သို့) မေးရိုးတင်းခြင်း
‣ အစာအိမ် (သို့) အစာခြေပြဿနာများ
‣ လိင်ဆက်ဆံရာတွင် အခက်အခဲရှိခြင်း
‣ ကိုယ်ခံအားစနစ် အားနည်းခြင်း

📌 စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ

‣ စိုးရိမ်စိတ် (သို့) စိတ်တိုခြင်း
‣ စိတ်ဓာတ်ကျခြင်း
‣ အထိတ်တလန့်ဖြစ်ခြင်း
‣ စိတ်ပျက် ဝမ်းနည်းမှုဖြစ်ခြင်း

📌 မကြာခဏဆိုသလို၊ နာတာရှည် စိတ်ဖိစီးနေသူများသည် ကျန်းမာရေးနှင့်မညီညွတ်သော အမူအကျင့်များဖြင့် စီမံဖြေရှင်းရန် ကြိုးစားမိတတ်ကြသည်။ ဥပမာ –

‣ အရက်အလွန်အကျွံသောက်ခြင်း (သို့) မကြာခဏသောက်ခြင်း
‣ လောင်းကစားပြုလုပ်ခြင်း
‣ အလွန်အကျွံအစာစားခြင်း (သို့) အစားအသောက်ပုံမမှန်ခြင်း
‣ လိင်ဆက်ဆံခြင်း၊ ဈေးဝယ်ခြင်း (သို့) အင်တာနက်ရှာဖွေခြင်းတွင် အလွန်အကျူး ပါဝင်ခြင်း
‣ ဆေးလိပ်သောက်ခြင်း
‣ မူးယစ်ဆေးဝါးသုံးစွဲခြင်း စသည်တို့ဖြစ်သည်။
ထို့ကြောင့် စိတ်ဖိစီးမှုကို မှန်ကန်သောနည်းလမ်းများဖြင့် လျှော့ချရန် လိုအပ်သည်။

________________________________________

🌈 စိတ်ဖိစီးမှု လျှော့ချရန် နည်းလမ်းများ 🌈

လူတို့၏ အသက်အရွယ်၊ ကျားမ၊ အလုပ်အကိုင်၊ နေ့စဉ်လူနေမှုပုံစံ၊ ဘဝစံနှုန်းခံယူချက်များ၊ လိင်ဆက်ဆံမှုပုံစံ၊ ပညာရေးနောက်ခံ၊ ကိုးကွယ်သည့် ဘာသာရေးနောက်ခံ ကွဲပြားမှုပေါ်မူတည်၍ လူတစ်ဦးနှင့်တစ်ဦး စိတ်ဖိစီးမှု လျှော့ချသည့်နည်းလမ်းများ ကွဲပြားသည်။

အများအားဖြင့်

● မိမိတစ်ကိုယ်တည်း စိတ်ဖိစီးမှုလျှော့ချသည့် နည်းလမ်း (Self Help Practice) နှင့်
● အခြားသူထံမှ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု အကူအညီရယူခြင်း (Psychological Support) တို့ဖြစ်သည်။

________________________________________

💖 အောက်ပါ မိမိတစ်ကိုယ်တည်း စိတ်ဖိစီးမှုလျှော့ချသည့် နည်းလမ်းများသည် အလုပ်ရှုပ်သော ဘဝတွင် စိတ်ငြိမ်သက်အေးချမ်းမှုကို ပြန်လည်ရရှိစေရန်ကူညီပေးနိုင်သည်။ စိတ်ဖိစီးမှု သက်သာစေသော နည်းလမ်းများသည် အချိန်အများကြီးယူရန် မလိုအပ်ပါ။

1️⃣ မိမိကို စိတ်ဖိစီးစေသည့်အရာ (Stressor) များကို ဖော်ထုတ်ပါ၊ ပြီးလျှင် ရှောင်ကြဉ်ပါ
2️⃣ ပျော်ရွှင်ရယ်မောပါ
3️⃣ ဝင်လေထွက်လေကို သတိကပ်သည့် သတိပဌာန် တရားရှုမှတ်ပါ
4️⃣ ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွလှုပ်ရှားသွက်လက်စွာနေပါ
5️⃣ ကောင်းစွာအနားယူပါ၊ အိပ်ရေးဝအောင် အိပ်စက်ပါ
6️⃣ ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရများကို စားသုံးပေးပါ
7️⃣ မိမိ၏ စိတ်ဖိစီးမှုဆိုင်ရာအကြောင်းများ၊ စိတ်ဖိစီးစေသော အတွေးများကို မှတ်တမ်းပြုစုထားပါ
8️⃣ လူမှုကွန်ရက် Social Media ကို လျှော့ချအနားပေးပါ
9️⃣ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးတို့ကို လျှော့ချပါ၊ ရှောင်ကြဉ်ပါ
🔟 မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများဖြင့် ပြင်ပတွင်တွေ့ဆုံပါ

❗ စိတ်ဖိစီးမှုကို ထိန်းချုပ်ရန် အထက်ဖော်ပြပါ အချက်များကို လုပ်ဆောင်ခဲ့သော်လည်း စိတ်ဖိစီးမှုလက္ခဏာများ ဆက်လက်ရှိနေပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသနိုင်သည်။

📞 မိမိကိုယ်မိမိနှင့် အခြားသူတစ်ဦးဦးကို ထိခိုက်အောင်၊ အနာတရဖြစ်အောင် အန္တရာယ်ပြုမည့် အတွေးစိတ်ကူးများ ပေါ်လာလျှင်ဖြစ်စေ၊ ကြံစည်နေလျှင်ဖြစ်စေ နီးစပ်ရာ အရေးပေါ်ဌာနသို့ဆက်သွယ်ပါ။ အကူအညီရယူပါ။

________________________________________

𝗘𝘅𝗽𝗹𝗼𝗿𝗲 𝘄𝗶𝘁𝗵 𝘂𝘀:
𝗪𝗲𝗯𝘀𝗶𝘁𝗲 : https://www.cllhealth.com/
𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 : https://www.linkedin.com/company/cll-health/
𝗬𝗼𝘂𝗧𝘂𝗯𝗲 : https://www.youtube.com/



#စိတ်ဖိစီးမှု #စိတ်ကျန်းမာရေး

အဆင့်မြင့် အိမ်ပင့်ဆေးကုသမှု******************************CLL Health မိသားစုကျန်းမာရေးဆေးခန်းများရဲ့ အိမ်ပင့်ကျန်းမာရေးစ...
17/11/2024

အဆင့်မြင့် အိမ်ပင့်ဆေးကုသမှု
******************************
CLL Health မိသားစုကျန်းမာရေးဆေးခန်းများရဲ့ အိမ်ပင့်ကျန်းမာရေးစောင့်ရှောက်မှုများ (Home Medical Care Service) ကို -

လသာ
လမ်းမတော်
ပန်းပဲတန်း
ကျောက်တံတား
အလုံ
ကြည့်မြင်တိုင်
စမ်းချောင်း
ဒဂုံ
သာကေတ
သုဝဏ္ဏ
တောင် ဥက္ကလာ
သင်္ကန်းကျွန်း စတဲ့ မြို့နယ်တွေကို

⏱️ အချိန်တိုအတွင်း လျင်မြန်စွာ လာရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားရှိပြီ ဖြစ်ပါတယ်။

အရည်အသွေးမြင့်ပြီး စိတ်ချရတဲ့ မိသားစုဆေးပညာသမားတော်များနှင့် မိသားစုဆရာဝန်များမှ မိသားစုသဖွယ် ရင်းရင်းနှီးနှီး ပြုစုကုသမှုပေးသည့် အိမ်ပင့်ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ ပါဝင်တာတွေက 😍

👉 အိမ်မှထွက်ဖို့ ခက်နေသူဖိုးဖိုးဖွားဖွားများကို ဆေးကုသပေးခြင်း
👉 လေဖြတ်လူနာများ၊ အောက်ပိုင်းမလှုပ်ရှားနိုင်သူများ ကိုဆေးကုသပေးခြင်း
👉 ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ (Rehabilitation) ကို လူနာအိမ်တွင်လုပ်နိုင်ရန် ကျွမ်းကျင်ဆရာမများမှ သင်ကြားပေးခြင်း
👉 အစာထည့်နှာခေါင်းပိုက်၊ ဆီးပိုက် ထည့်/ လဲပေးခြင်း
👉 ပိုးသတ်ဆေးကို အိမ်တွင် ထိုးရန် လိုအပ်သူများကို စနစ်တကျ ထိုးပေးခြင်း
👉 ကင်ဆာလူနာများ၊ အားဆေးသွင်းရန် လိုအပ်သူများ ကို အိမ်တွင် အားဆေးသွင်းပေးခြင်း
👉 နှလုံး အီးစီဂျီ စစ်ဆေးခြင်း
👉 အာထရာဆောင်း တီဗီဓာတ်မှန်ရိုက်ခြင်း
👉 X ray ဓာတ်မှန်ရိုက်ခြင်း
👉 သူနာပြုအကူ ငှါးရမ်းနိုင်ခြင်း

☎️ မနက် (၉) နာရီမှ ညနေ (၆) နာရီထိ ပိတ်ရက်မရှိ ……..

ဖုန်း - 09 761 932 629,
09 889 877 771,
09 889 877 770 သို့ ဆက်သွယ်နိုင်ပါပြီ။


#အိမ်ပင့်
#ဆရာဝန်အိမ်ပင့်
#အိမ်ရောက်ကျန်းမာရေး

လိင်တံကြီးဆေးထိုးချင်ရင် စနစ်တကျ ထိုးကြပါ။****************************************လိင်တံကြီးဆေးဆိုပြီး တွေ့ရာ ဆေးအဆီ၊ ဆေ...
16/11/2024

လိင်တံကြီးဆေးထိုးချင်ရင် စနစ်တကျ ထိုးကြပါ။
****************************************
လိင်တံကြီးဆေးဆိုပြီး တွေ့ရာ ဆေးအဆီ၊ ဆေးအရည်တွေ ထိုးရာက ဆေးသားတက်ပြီး လိင်တံပုံပျက်၊ ရောင်ကိုင်း၊ အနာဖြစ်လို့ ဆေးခန်းမှာ ဆေးကုသပေးရတာတွေ ရှိနေပါတယ်။

လိင်တံ အရွယ်အစားကြီးအောင် ဆီလီကွန်၊ ဖယောင်းဆီ paraffin၊ vaseline၊ ငါးကြီးဆီ။ အုန်းဆီ စတာတွေ ကို လိင်တံအရေပြားအောက်မှာ ထိုးသွင်းလေ့ရှိကြကြောင်း သိရသည်။ ထို့အပြင် ဂေါ်လီထည့်ခြင်းလို့ လူသိများတဲ့ လိင်တံအရေပြားအောက်မှာ ပစ္စည်းများ ထည့်ခြင်းကို ဖန်လုံး၊ ကျောက်ခဲ၊ ကျည်ဆံစေ့၊ ဆင်စွယ်၊ ရတနာ၊ ရွှေ၊ ပလတ်စတစ်ကော်စေ့ စတာတွေကို ထည့်ကြတယ်လို့ တွေ့ရပါတယ်။ 2010 ကနေ 2014 ခုနှစ်ထိ နယ်စပ်က ဆေးခန်းတစ်ခုမှာ လိင်တံဆေးထိုးထားခြင်းကြောင့် နောက်ဆက်တွဲ ပြဿနာဖြစ်ပြီး ဆေးခန်းပြကြတဲ့ လူပေါင်း (၆၈၀) ကို (၅) နှစ်ကြာလေ့လာမှု ပြုလုပ်ခဲ့ထားတဲ့ စာတမ်းတစ်ခုကို 2017 မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီစာတမ်းမှာ လိင်တံဆေးထိုးခြင်းကြောင့်
- လိင်တံနာကျင်ခြင်း
- ဆေးထိုးသည့်နေရာရောင်ရမ်းခြင်း
- ဆေးခဲနေခြင်း
- ပြည်တည် ပြည်ထွက်ခြင်း
- အနာဖြစ်ခြင်း
- နီရဲနေခြင်း တို့ကြောင့် ဆေးခန်းပြကြတာကို တွေ့ရပါတယ်။

အသေးစားနောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဆေးထိုးသည့်နေရာတွင်
- နာကျင်ခြင်း
- ယားခြင်း
- ရောင်ရမ်းခြင်း
- နီရဲခြင်း
- သားငံရည်စိမ့်ထွက်ခြင်း

အတန်ငယ်ဆိုးဝါးသည့်အခြေအနေတို့တွင်
- လိင်တံထိပ်အရေပြားနောက်ဆွဲ မရခြင်း
- ဆေးထိုးသည့်နေရာတွင် အနာဖြစ်ခြင်း
- ပြည်တည်ခြင်း
- အရေပြားအရောင်ပြောင်းခြင်း
- ဆီးကျင်ခြင်း
- အဖျားတက်ခြင်း
- အရေပြားပါးခြင်း
- ခဏခဏ သွေးထွက်ခြင်း

ဆိုးဝါးသည့် ဘေးထွက်ဆိုးကျိုးများအနေနဲ့
- ဆေးခဲခြင်း
- ဆေးထိုးထားသည့်နေရာ မဲ၍ ပုပ်ခြင်း တို့အပြင်

အသက်အန္တရာယ်ဖြစ်နိုင်သည့် ဆိုးကျိုးများအနေနှင့်
- Fournier's gangrene ခေါ် ကပ်ပယ်အိတ်အရေပြား နှင့် စအိုနားတဝိုက် အရေပြား ပုပ်ခြင်း
- သွေးဆိပ်တက်ခြင်းတို့အထိ ဖြစ်နိုင်သည်။

ကုသမှုအနေနဲ့ ပိုးသတ်ဆေးသောက်ခြင်း၊ ထိုးခြင်း၊ လိမ်းခြင်း၊ အနာဆေးထည့်ခြင်း၊ အကိုက်အခဲပျောက်ဆေးများပေးခြင်းတို့ကိုပြုလုပ်နိုင်သည်။ မကြာခဏ ပြန်ပြန်ဖြစ်လေ့ရှိသည်။ အရှင်းပျောက်ကင်းလိုပါက ဆေးခဲနေသည့် အရေပြားကိူ ဖြတ်ထုတ်ခြင်း၊ အရေပြားအစားထိုးခြင်းတို့ကို ပြုလုပ်ရသည်။

ကျွန်တော်တို့ ဆေးခန်းများတွင် အမျိုးသားကျန်းမာရေးအတွက် အထက်ပါအတိုင်း လာရောက်ပြသ ကုသမှု ခံနေကြရသည်ကို စိတ်မကောင်းစွာတွေ့ရှိရပါတယ်။ 🥲🥲

လိင်တံ အရွယ်အစား နင့် လိင်မှုရေးရာ ပျော်ရွှင်မှုသည် တိုက်ရိုက်ဆက်စပ်မှု မရှိပါ။ လိင်တံကြီး
စေရန် သောက်ဆေး၊ လိမ်းဆေးများ၊ pump များ၊ လေ့ကျင့်ခန်းများ၊ ဆေးထိုးခြင်းများ၊ ခွဲစိတ်မှုများသည် ခိုင်မာသောသုတေသန အဖြေများ မရှိကြပါ။ ဆိုလိုသည်က ကောင်းမည်ဟု အာမ မခံနိုင်ပါ။ သို့သော် ကုထုံးတိုင်းသည် ဆိုးကျိုးရှိပါသည်။ ဆေးသောက်ခြင်းထက် ဆေးထိုးခြင်းသည် ဆိုးကျိုး ပိုများပြီး ဆေးထိုးခြင်းထက် ခွဲစိတ်ခြင်းသည် ဆိုးကျိုးပိုများနိုင်သည်။

ထို့ကြောင့် လိင်တံအရွယ်အစားကို စိတ်ပူ၍ မိမိ အနေနှင့် တစ်ခုခု ပြုလုပ်မည်ဟု တွေးမိပါက ကျွမ်းကျင်သည့်ဆရာဝန်နှင့် တိုင်ပင်ပါ။ မဖြစ်မနေ ကုသမှု လိုချင်ပါက စိတ်ချရပြီး ဘေးထွက်ဆိုးကျိုးနည်းသည့်ကုထုံးကို ရယူပါ။ တွေ့ရာဆေးများကို မိမိ လိင်တံတွင် အထိုးခံခြင်းကို ရှောင်ကြဉ်ပါ။

ကိုးကား။ ။
https://pmc.ncbi.nlm.nih.gov/articles/PMC5758654/

https://www.mayoclinic.org/healthy-lifestyle/sexual-health/in-depth/pen*s/art-20045363

Credit - ဒေါက်တာအောင်ပြည်စိုး






Photo credit:
https://pmc.ncbi.nlm.nih.gov/articles/PMC5758654/

~~~~~~~~~~~~~~~~~~~~~
🧑‍🧑‍🧒‍🧒 မိသားစုတိုင်း အားကိုးအားထားနိုင်တဲ့
CLL Health Saddan Sin Min Clinic

🏥 ဆေးခန်းလိပ်စာ - အမှတ် ၄၄၊ ဆဒ္ဒန်လမ်း၊ (ကွင်းကျောင်းလမ်း ဘေးလမ်းခွဲ၊ ဝှိုက်တောမှတ်တိုင်အနီး)၊ အလုံမြို့နယ်၊ ရန်ကုန်
⏱ ဆေးခန်း ဖွင့်ချိန် - နံနက် ၉ နာရီမှ ညနေ ၇ နာရီထိ (ပိတ်ရက် မရှိ)
📞 ဆက်သွယ်ရန် ဖုန်း - 09889877773

07/11/2024

Bipolar Mood Disorder (စိတ်ကြွစိတ်ကျရောဂါ) သည် စိတ်ကြွသည့်လက္ခဏာများ ခံစားရသည့် အချိန်ပိုင်းနှင့် စိတ်ကျသည့်လက္ခဏာများ ခံစားရသည့်အချိန်ပိုင်းတို့ အပြန်ပြန်အလှန်လှန် ရေရှည်ခံစားရတတ်သည့် စိတ်ခံစားချက်ဆိုင်ရာရောဂါ (Mood Disorder) တစ်ခုဖြစ်သည်။ ရောဂါကြောင့် စိတ်ဓာတ် တက်ခြင်း၊ ကျခြင်း၊ စိတ်ဓာတ်ခွန်အား၊ အတွေးအခေါ်၊ အပြုအမူ စသည်တို့တွင် သိသာပြင်းထန်သော အပြောင်းအလဲများ တွေ့ရတတ်ပြီး ထိုပြောင်းလဲမှုများသည် နာရီပိုင်း၊ ရက်ပိုင်း၊ လပိုင်း စသည်ဖြင့် ကြာမြင့်တတ်ပါသည်။

📌 စိတ်ကြွစိတ်ကျရောဂါသည် ဇီဝဖြစ်စဥ်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အကြောင်းရင်းများ ဆက်နွှယ်ပြီး ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ ထိုအ‌ကြောင်းရင်းများအနေဖြင့်

▪ မျိုးရိုးဗီဇ (Genetics)
▪ ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများ (Neurotransmitters) အခြေအနေ
▪ စိတ်ဖိစီးမှုဖြစ်စေသော ဘဝဖြစ်စဥ်များ (Stressful life events)
▪ ရုပ်ပိုင်းဆိုင်ရာရောဂါများ
▪ ဆေးဝါးများ
▪ အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောအခြားဆေးများ

______________________________________

📌 စိတ်ကြွသည့်ဖြစ်စဥ်တွင် တွေ့ရတတ်သော ရောဂါလက္ခဏာများ 📌

◽️ စိတ်ကြွလွန်းနေခြင်း၊ အလိုလို ပျော်ရွှင်လွန်းနေခြင်း၊ စိတ်ဆတ်လွန်းခြင်း၊ စွမ်းအားများ ပြည့်ဝမြင့်မားနေသည်ဟု ခံစားရခြင်း

◽️ ကိုယ့်ကိုယ်ကို လွန်ကဲစွာအထင်ကြီးခြင်း၊ ယုံကြည်မှု လွန်ကဲလာခြင်း

◽️ လုပ်ဆောင်မှု၊ လှုပ်ရှားမှုများ များလွန်းနေခြင်း

◽️ အချိန်အနည်းငယ်သာ အိပ်စက်ရန်လိုအပ်ခြင်း (အိပ်ချိန်နည်းသော်လည်း အိပ်ရေးဝသကဲ့သို့ လန်းဆန်းနေတတ်ခြင်း)

◽️ စကားအလွန် ပြောလာခြင်း၊ အတွေးများ မြန်လွန်းနေခြင်း၊ အာရုံပျံ့လွင့်လွယ်ခြင်း

◽️ စိတ်လိုက်မာန်ပါ ပြုလုပ်လာတတ်ခြင်း၊ မဆင်မခြင် ပြုမူလာတတ်ခြင်း

◽️ လူမှုရေးအထိန်းအကွပ် လျော့နည်းလာခြင်း

◽️ ဆုံးဖြတ်ချက်များ ကောင်းစွာမချနိုင်ခြင်း၊ ဆိုးကျိုးဆက်များ ဖြစ်လာနိုင်သည့်ကိစ္စများ လုပ်ဆောင်လာခြင်း

◽️ နေ့စဥ်လုပ်ဆောင်နေကျ ကိုယ်ရေးကိုယ်တာ၊ မိသားစု၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင် (သို့) အခြားကိစ္စများအပေါ် ထိခိုက်လာခြင်း၊ လုပ်ဆောင်ရာတွင် ပြဿနာများဖြစ်လာခြင်း (အဆိုပါလက္ခဏာများ အနည်းဆုံး ရက်သတ္တပတ် (၁)ပတ်ခန့် ရှိနေမှသာ စိတ်ကြွသည့်ဖြစ်စဥ်ဟု သတ်မှတ်လေ့ရှိသည်)

____________________________________

📌 စိတ်ကျသည့်ဖြစ်စဥ်တွင် တွေ့ရတတ်သော ရောဂါလက္ခဏာများ 📌

◽️ အမြဲလိုစိတ်ဓာတ်ကျနေခြင်း

◽️ လုပ်ဆောင်ဖွယ်ရာများအပေါ် စိတ်ဝင်စားမှုမရှိတော့ခြင်း

◽️ ပျော်ရွှင်မှုမရှိခြင်း၊ ဝမ်းနည်းခြင်း၊ မျက်ရည်လွယ်ခြင်း

◽️ သည်းခံနိုင်စွမ်းနည်းပါးလာပြီး စိတ်တိုဒေါသထွက်လွယ်ခြင်း

◽️ စိုးရိမ်စိတ်လွန်ကဲခြင်း

◽️ အိပ်မပျော်ခြင်း သို့မဟုတ် အအိပ်လွန်ကဲခြင်း

◽️ အစားအသောက်ပျက်ခြင်း သို့မဟုတ် ယခင်ထက်ပိုမိုစားလာခြင်း

◽️ ကိုယ်အလေးချိန်လျော့ခြင်း သို့မဟုတ် ကိုယ်အလေးချိန်တိုးလာခြင်း

◽️ စိတ်ရောကိုယ်ပါ ဂနာမငြိမ်ခြင်း သို့မဟုတ် လေးလံထိုင်းမှိုင်းခြင်း

◽️ ပင်ပန်းနွမ်းနယ်သလို ခံစားရခြင်း၊အကြောင်းရင်းခံကို ရှင်းလင်းမပြနိုင်သည့် ကိုယ်ခန္ဓာရောဂါလက္ခဏာများ ခံစားရခြင်း (ဥပမာ – နာကျင်ကိုက်ခဲနေတတ်ခြင်း)

◽️ အာရုံစူးစိုက်နိုင်စွမ်း၊ စဥ်းစားဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း လျော့နည်းလာခြင်း

◽️ နေ့စဥ်လုပ်ဆောင်နေကျ ကိုယ်ရေးကိုယ်တာ၊ မိသားစု၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင် (သို့မဟုတ်) အခြားကိစ္စများလုပ်ဆောင်ရာတွင် အခက်အခဲများဖြစ်လာခြင်း

◽️ လိင်မှုကိစ္စများတွင် စိတ်ဝင်စားမှုလျော့နည်းလာခြင်း

◽️ မျှော်လင့်ချက်မဲ့သကဲ့သို့ ခံစားရခြင်း၊ အားကိုးရာမဲ့သလို ခံစားရခြင်း၊ ကိုယ့်ကိုယ်ကို အသုံးမကျသူတစ်ဦးကဲ့သို့ ခံစားရခြင်း၊ အလွန်အကျွံ အပြစ်ရှိနေသူတစ်ဦးကဲ့သို့ ခံစားရခြင်း

◽️ သေလိုစိတ်၊ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုလိုစိတ်၊ အဆုံးစီရင်လိုစိတ်များ ဖြစ်ပေါ်လာတတ်ခြင်း

◽️ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုရန်၊ အဆုံးစီရင်ရန် ကြံစည်လုပ်ဆောင်လာတတ်ခြင်း စသည်တို့ကိုပါ ရောဂါပြင်းထန်မှုအပေါ် မူတည်ပြီး တွေ့ရတတ်သည်။

🩺 🔍 စိတ်ကြွစိတ်ကျရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ် သည်။ ကာယကံရှင်နှင့် အခြားသူများကို ထိခိုက်နိုင်သည့် အခြေအနေများရှိခြင်း၊ ကိုယ့်ကိုယ်ကို အန္တရာယ်ပြု ရန် (သို့) အဆုံးစီရင်ရန် အတွေးစိတ်ကူး၊ အကြံအစည်၊ လုပ်ဆောင်ခြင်းများရှိပါက အရေးပေါ်ကုသမှု ခံယူရန် လိုအပ်သည်။ ရောဂါပြင်းထန်မှုအခြေအနေပေါ် မူတည်ပြီး စိတ်ကျန်းမာရေး အထူးကုဆရာဝန်ထံ ညွှန်းပို့လွှဲပြောင်းကုသရန် လိုအပ်နိုင်သည်။

___________________________________

ကျန်းမာရေးအသိပညာပေး ဆောင်းပါးများဖတ်ရှုရန် https://www.cllhealth.com/health-library/

Source -
https://www.cllhealth.com/health-library/diseases-and-conditions/200155-bipolar-mood-disorder-%E1%80%85%E1%80%90%E1%80%80%E1%80%85%E1%80%90%E1%80%80%E1%80%9B%E1%80%82/



သွေးစစ်မှ ပေါ်လာတဲ့ ကာလသားပိုး**********************************ခုတလောမှာ အလုပ်ဝင်ဖို့ ဒါမှမဟုတ် နိုင်ငံခြားထွက်ဖို့ che...
07/11/2024

သွေးစစ်မှ ပေါ်လာတဲ့ ကာလသားပိုး
**********************************
ခုတလောမှာ အလုပ်ဝင်ဖို့ ဒါမှမဟုတ် နိုင်ငံခြားထွက်ဖို့ check up ဆေးစစ်ကြတဲ့အခါ ကာလသားပိုး ရှိလို့ဆိုတဲ့ အဖြေနဲ့ လာဆွေးနွေးကြတာ ရှိပါတယ်။

(၁) ဆေးခန်းလာပြတဲ့ လူတွေမှာ ဘာလက္ခဏာမှ မရှိဘဲ သွေးအဖြေကြောင့် သူတို့ဟာ အံ့ဩနေတတ်ကြတယ်။ ဖြစ်နိုင်ခြေ (၂) ခု ရှိသည်။

ပထမ တစ်ခုက သွေးအဖြေကပြတာဟာ ကာလသားပိုးမဟုတ်ဘဲ ဆင်တူယိုးမှားအဖြေဖြစ်နေတာပါ။ များသောအားဖြင့် check up မှာ စစ်ကြတာ VDRL သို့မဟုတ် RPR ဖြစ်ပြီး အဆိုပါ အဖြေမှာ positive/ reactive လို့ ရေးထားတာဟာ ကာလသားဆစ်ဖလစ်ပိုးရဲ့ ကိုယ်ခံအားဓာတ်တစ်မျိုးသာဖြစ်ပါတယ်။ အဆိုပါ ကိုယ်ခံအားဓာတ်ဟာ တခြား ရောဂါတွေမှာလည်း ရှိတတ်ပါတယ်။ တချို့ သာမန်လူတွေမှာဆို ရောဂါမရှိဘဲနဲ့တောင် VDRL positive ပြတတ်ပါတယ်။

ဒုတိယ တစ်ခုက တော့ ငုပ်လျှိုးကာလသားပိုး (latent syphilis) ဖြစ်ပါတယ်။ တစ်ချိန်ချိန်မှာ ကာလသားပိုး ကူးစက်ခံခဲ့ရပြီး သေချာမကုသခဲ့တဲ့အတွက် ပိုးဟာ သွေးထဲမှာ ပုန်းနေပြီး ခန္ဓာကိုယ်တွင်း ကလီစာတွေကို တမြေ့မြေ့ဖျက်စီးနေတာပါပဲ။ အဲ့လိုမျိုးရောဂါကတော့ ဆေးကုသဖို့ လိုကိုလိုမှာပါပဲ။

(၂) အဲ့ဒီ နှစ်မျိုးကို ခွဲခြားပေးနိုင်တာက နောက်ထပ် test တွေနဲ့ သွေးစစ်ဆေးတာပါပဲ။ များသောအားဖြင့် မြန်မာနိုင်ငံမှာ TPHA ကို ထပ်စစ်ကြပြီး ပိုတိကျအောင် Antibody test (Troponemal Ab, syphilis ICT) ကို ထည့်စစ်ကြပါတယ်။ အဲ့ဒီ test တွေပါ positive ပြပြီဆိုရင်တော့ လူနာမှာ ငုပ်လျှိုး ကာလသား ရောဂါ ရှိနေတာ သေချာပါပြီ။

(၃) ဒီမှာ အရေးကြီးတာက VDRL သို့မဟုတ် RPR ကို စစ်ဆေးထားတဲ့အဖြေက နံပါတ်နဲ့ ပြနေဖို့ပါ။ တကယ်လို့ နံပါတ်နဲ့ ပြတဲ့ သွေးအဖြေ (quantitative test) မဟုတ်ဘူးဆိုရင် ပြန်စစ်ဖို့ လိုပါတယ်။ သွေးအဖြေက 16dil, 32dil စတဲ့ အဖြေတွေ ရှိနေဖို့ လိုပါတယ်။ ဘာလို့ဆိုတော့ ကုသမှု အောင်မြင်မှု ရှိ မရှိဆိုတာက အဆိုပါ သွေးစစ်ချက် ပြန်စစ်တဲ့အခါ နံပါတ်လျော့လာပြီဆိုရင် ကုသမှု အောင််မြင်တာပါပဲ။

(၄) သွေးအဖြေတွေ စုံပြီဆိုရင် ဆေးကုသမှု စပါတော့မယ်။ အဲ့အခါ (၂) မျိုးခွဲခြားရပါမယ်။ ငုပ်လျှိုးကာလသားရောဂါ အစောပိုင်း (early latent syphilis) ဆိုလျှင် ပင်နီဆီလင်ကို တစ်ကြိမ်သာထိုးရန် လိုပြီး ငုပ်လျှိုးကာလသားရောဂါ နောက်ပိုင်း (late latent syphilis) ဆိုလျှင် ပင်နီဆီလင်ကို တစ်ပတ်တစ်ကြိမ် အပတ်စဉ် (၃) ပတ် ဆက်တိုက်ထိုးရန်လိုအပ်ပါသည်။ အဆိုပါ အမျိုးအစား (၂) မျိုးကို ခွဲခြားရန် ကျွမ်းကျင်သည့်ဆရာဝန်က ရောဂါရာဇဝင်သေချာ မေးပါလိမ့်မည်။

(၅) ကာလသားပိုး သွေးထဲတွေ့သည်ဆိုရုံနှင့် အလန့်တကြား ဖြစ်ရန် မလိုပါ။ အသေးစိတ် စစ်ဆေးရန်များ စစ်ဆေးပြီးကုသပါကပျောက်ကင်းပါသည်။

~~~~~~~~~~~~~~~~~~~~~
🧑‍🧑‍🧒‍🧒 မိသားစုတိုင်း အားကိုးအားထားနိုင်တဲ့
CLL Health Saddan Sin Min Clinic

🏥 ဆေးခန်းလိပ်စာ - အမှတ် ၄၄၊ ဆဒ္ဒန်လမ်း၊ (ကွင်းကျောင်းလမ်း ဘေးလမ်းခွဲ၊ ဝှိုက်တောမှတ်တိုင်အနီး)၊ အလုံမြို့နယ်၊ ရန်ကုန်
⏱ ဆေးခန်း ဖွင့်ချိန် - နံနက် ၉ နာရီမှ ညနေ ၇ နာရီထိ (ပိတ်ရက် မရှိ)
📞 ဆက်သွယ်ရန် ဖုန်း - 09889877773

01-220518
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဂနိုကျတယ် ဆိုတာ ပန်နဆလင်နှင့် မပျောက်ပါ။******************************************** #ဂနိုကျသည် ဆိုသည်မှာ Gonorrhea ကို ...
30/10/2024

ဂနိုကျတယ် ဆိုတာ ပန်နဆလင်နှင့် မပျောက်ပါ။
********************************************
#ဂနိုကျသည် ဆိုသည်မှာ Gonorrhea ကို ခေါ်ခြင်းဖြစ်သည်။ မြန်မာလို #ဆီးပူညောင်းကျ ဖြစ်သည်ဟုလည်းခေါ်သည်။ အမျိုးသားများ ဆီးကျဉ် ဆီးအောင့် ဖြစ်ပါက ဂနို ဆီးပူညောင်းကျရောဂါကို ဆရာဝန်များက တွေးဆ ကုသပေးကြသည်။

#ဂနိုကျခြင်းသည် လိင်မှတဆင့် ကူးစက်သော ဘက်တီးရီးယားပိုး တစ်မျိုး (gonocci) ကြောင့် ဖြစ်သည်။ ကျွမ်းကျင်သည့်ဆရာဝန်မှ သေချာ စစ်ဆေးပြီး သောက်ဆေး၊ ထိုးဆေးနှင့် ကုသလျှင် ပျောက်ကင်းရန် လွယ်ကူသော်လည်း လိင်ဆက်ဆံမှု မှတဆင့် ခဏခဏ ပြန်လည်ကူးစက်တတ်သည်။

အမျိုးသားများ ဆီးကျင်၊ ဆီးအောင့်တိုင်း ဂနို ကျသည် မဟုတ်ပါ။ #ဂနို ရောဂါ ခံစားရသူသည် လိင်တံထိပ်မှ ပြည်များထွက်ခြင်း၊ ဆီးသွားရခက်ခဲခြင်း၊ ဆီးသွားလျှင် သွေးပါခြင်းတို့ပါ တွဲစပ် တွေ့ရပါသည်။

အမျိုးသား ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် #ဂနို ပိုး အပြင် ကလန်မိုက်ဒီးယား ပိုး (chlamydia) လည်း ဖြစ်တတ်သည့်အတွက် တခါတရံ ပိုး (၂) မျိုးလုံးသေအောင် ဆေးကုရပါသည်။

စနစ်တကျ မကုသပါက ပိုးသည် ဆီးလမ်းကြောင်းမှတဆင့် ပျံ့နှံသွားပြီး သုက်ပို့ပြွန်ရောင်ခြင်း၊ ဝှေးစေ့ရောင်ခြင်း၊ သွေးဆိပ်တက်ပြီး အသည်းရောင်ခြင်း၊ နှလုံးရောင်ခြင်း၊ အဆစ်ရောင်ခြင်းတို့ ဖြစ်တတ်သည်။ မိမိတွင် ရောဂါ ရှိနေပါက မိမိအိမ်ထောင်ဖက် သို့မဟုတ် မိမိ လိင်ဆက်ဆံဖော်ကို ကူးစက်နိုင်သည်။

ဂနိုရောဂါပိုးသည် ပန်နဆလင် ပိုးသတ်ဆေးနှင့် ကုမရပါ။ ❌ (ပန်နဆလင် ဆေးသည် ကာလသားပိုးကုသသည့်ဆေးဖြစ်သည်။) ပထမအဆင့် ဆရာဝန်မှ ရောဂါ မှန် မမှန် လက္ခဏာ စိစစ်ပြီး ရောဂါ ပြင်းထန်အဆင့်ပေါ် မူတည်ပြီး သင့်တော်သည့် ပိုးသတ်ဆေးကို ပေးရပါသည်။

⭐️အမြန်ဆုံးပျောက်ကင်းရန် ဆေးကုသချိန်တွင် မိမိ အိမ်ထောင်ဖက် သို့မဟုတ် လိင်ဆက်ဆံဖော်ကိုပါ တပါတည်း ကုသပါ။
⭐️ ပြန်လည် မကူးစက်ရန် ဆေးကုသနေစဉ် လိင်ဆက်ဆံခြင်း မပြုရပါ။
⭐️ အပျော်အပါး လိင်ဆက်ဆံစဉ် အကာအကွယ် ကွန်ဒုံး သုံးခြင်းဖြင့် ထပ်မံ မကူးစက်ရန် တားဆီးနိုင်သည်။
💔 လိင် အပျော်အပါး လိုက်စားခြင်းကြောင့် ဂနိုရောဂါကို ကုသပျောက်ကင်းနိုင်သော်လည်း အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပါက ပျောက်ကင်းအောင် မကုသနိုင်ကြောင်း ဂရုပြုရန် လိုပါသည်။


~~~~~~~~~~~~~~~~~~~~~
🧑‍🧑‍🧒‍🧒 မိသားစုတိုင်း အားကိုးအားထားနိုင်တဲ့
CLL Health Saddan Sin Min Clinic

🏥 ဆေးခန်းလိပ်စာ - အမှတ် ၄၄၊ ဆဒ္ဒန်လမ်း၊ (ကွင်းကျောင်းလမ်း ဘေးလမ်းခွဲ၊ ဝှိုက်တောမှတ်တိုင်အနီး)၊ အလုံမြို့နယ်၊ ရန်ကုန်
⏱ ဆေးခန်း ဖွင့်ချိန် - နံနက် ၉ နာရီမှ ညနေ ၇ နာရီထိ (ပိတ်ရက် မရှိ)
📞 ဆက်သွယ်ရန် ဖုန်း - 09889877773

Address

No. 44 , Saddan Street, Ahlone Township
Ahlone
11121

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when CLL Health Saddan Sin Min Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share