ဝင်း အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး

  • Home
  • Myanmar
  • Amarapura
  • ဝင်း အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး

ဝင်း အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး Win Specialist Clinic & Diagnostic Center

ကျန်းမာအောင် စားသုံးသင့်သော အစားအစာများ✅crd  healthy life
27/08/2025

ကျန်းမာအောင် စားသုံးသင့်သော အစားအစာများ✅

crd healthy life

ဝင်း "အထူးကု ​ဆေးခန်းတွင် ကာကွယ်​ဆေးမျိုးစုံ                 ✅️  ရာသီတုပ်​ကွေး ကာကွယ်​ဆေး flu vaccine          ✅️ သားအိမ...
25/06/2025

ဝင်း "အထူးကု ​ဆေးခန်းတွင် ကာကွယ်​ဆေးမျိုးစုံ

✅️ ရာသီတုပ်​ကွေး ကာကွယ်​ဆေး flu vaccine
✅️ သားအိမ်​ခေါင်း ကငိဆာ ကာကွယ်​​ဆေး
✅️အသည်း​ယောင် အသား၀ါ ဘီပိုး ကာကွယ်​ဆေး
✅️ အသည်း​ယောင် အသားဝါ A ပိုး ကာကွယ်​ဆေး
✅️မေးခိုင်ကာကွယ်​​ဆေး
✅️​ ခွေးရူးပြန် ကာကွယ်​ဆေး
✅️ Covid ကာကွယ်​ဆေး
✅️.​သွေးလွန်တုပ်​ကွေး ကာကွယ်​ဆေး..အစရှိသည်တို့ ထိုးနှံနိုင်ပါပြီ ရှင်

​ဆေးခန်းတွင် ✨️Cold chain , ​ဆေးQualityမှန်, ​
စျေးမှန် များဖြင့် အထူးကု ဆရာ၀န်များကိုယ်တ်ုင် ထိုး​ပေး​သော​ကြောင့် အထူးစိတ်ချယုံကြည်စွာ ထ်ုးနှံလို့ရပါပြီ 😊

ဆေးခန်းဖွင့်ချိန်⏰~~မနက် ၇နာရီမှ နေ့လည် ၁၂နာရီ
နေ့လည် ၃နာရီမှ ည ၇နာရီ

♦ဆေးခန်းလိပ်စာ~~နန်းရတနာစျေးအနောက်တောင်
၊အာရှဘဏ်လမ်း၊နန်းတော်ရာစံပြကွက်သစ်၊ မှန်တန်းရပ်၊
အမရပူရမြို့

☎09 760288774 ​
ဆေးလာမထိုးမှီ phကြိုတင်ဆက်သွယ်bookingယူ​ပေးပါရန်




#ရာသီတုပ်ကွေးကာကွယ်ဆေး

07/03/2025

Hepatitis A vaccine
အသည်းရောင်အသားဝါ A ပိုး ကာကွယ်ဆေး
ထိုးလို့ရပါတယ်ရှင်။ 💉💉💉........................................................................
အသည်းရောင်အသားဝါ " အေ" ရောဂါနှင့် ပတ်သက်၍ အမေးများသည့် မေးခွန်းများ
-------------------------------------------
ဒေါက်တာမိုးအောင်ကျော်နိုင်
(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

(၁) အိမ်မှာ အသည်းရောင်အသားဝါ အေရောဂါတစ်ယောက်ဖြစ်ရင် အိမ်သားတွေကို ကူးနိုင်ခြေ ရှိပါသလား၊ တစ်အိမ်ထဲနေသူတွေက ဘယ်လိုကာကွယ်ရမလဲ ဆရာ။ ?
ကူးစက်တဲ့ နည်းလမ်းက ပိုးပါတဲ့ မသန့်ရှင်းတဲ့ အစားအသောက်နဲ့ ရေကို စားသောက်မိလို့ပါ။
အိမ်မှာ ရောဂါပိုးရှိသူရှိရင် ရောဂါပိုးရှိသူက စွန့်ထုတ်လိုက်တဲ့ မစင်ထဲမှာ အသည်းရောင်အသားဝါ အေပိုး အများကြီး ပါသွားတယ်။ ဒီတော့ ရောဂါပိုးရှိသူ အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်တဲ့အခါ လက်ကို စနစ်တကျမဆေးရင် ဗိုင်းရပ်စ်ပိုး ကပ်နေတဲ့ လက်နဲ့ ထိတွေ့တဲ့အရာတွေကို အိမ်သူအိမ်သားတွေက ကိုင်ပြီး လက်သေချာမဆေးဘဲ အစားအသောက် စား မယ်ဆိုရင် ကူးစက်နိုင်ပါတယ်။ ကူးစက်တဲ့နည်းကို ကာကွယ်ဖို့ဆိုရင် ရောဂါပိုးရှိသူ အိမ်သာတက်ပြီးတဲ့အခါ လက်ကို စနစ်တကျ ဆပ်ပြာနဲ့ သေချာဆေးရင် အိမ်သူအိမ်သားတွေကို ကူးစက်နိုင်တဲ့ ရာခိုင်နှုန်း အလွန်နည်းသွားပါမယ်။
မစင်ကနေ ပါတဲ့ အသည်းအရောင်အသားဝါအေပိုးတွေက အပြင်မှာ လနဲ့ချီပြီး အသက်ရှင်နိုင်တယ်။ အထူးသဖြင့် ရေဆိုးတွေထဲမှာ ရှိနေနိုင်တော့ ကိုယ်ဝယ်လာတဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက် စတာတွေမှာ မသန့်တဲ့ရေနဲ့ ထိတွေ့ထားမယ်ဆိုရင် အဲဒါကို သေချာမဆေးကြောမိဘဲ ချက်မိတာ၊ သေချာကျက်အောင် မချက်မိတာတို့ဆိုရင် အဲဒါကို စားမိရင်းနဲ့ ကူးနိုင်ပါတယ်။ ရေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ရေတွင်းရေကန်သုံးတဲ့သူတွေက ပိုပြီး ဂရုစိုက်ဖို့ လိုပါတယ်။ စနစ်တကျ ကျိုချက်ပြီး သောက်ဖို့ လိုအပ်ပါတယ်။
နောက်တစ်ခုက ရောဂါပိုးရှိနေသူနဲ့ Oral S*x, A**l S*x ဆက်ဆံရာကနေ ကူးနိုင်တာကိုလည်း သတိ ထားရပါမယ်။

(၂) အသည်းရောင်အသားဝါ အေရောဂါက တစ်ခါ ဖြစ်ပြီးရင် ပြန်ဖြစ်တတ်ပါသေးသလား ဆရာ။ ?
အသည်းရောင်အသားဝါ အေရောဂါက ကာကွယ် ဆေးထိုးထားရင်ဖြစ်ဖြစ်၊ ရောဂါတစ်ခါဖြစ်ပြီးရင်ဖြစ်ဖြစ် တစ်သက်လုံး ကိုယ်ခံအားရတယ်လို့ ဆိုပါတယ်။ တိတိကျကျလေ့လာမှုအရ နှစ်ပေါင်း ၁၁ နှစ်ကနေ ၂၅နှစ်ကျော်လောက်အထိ ကာကွယ်တဲ့ ဓာတ်တွေ ရှိတယ်၊ ပြန်ပြီး ကူးစက်မှုမရှိဘူးလို့ တွေ့ရှိထားပါတယ်။ အကြမ်းဖျင်းပြောရရင်တော့ တစ်ခါဖြစ်ပြီးသားသူတွေက နောက်ထပ်မဖြစ်ဘူးလို့ ပြောနိုင်ပါတယ်။
အသည်းရောင်အသားဝါ အေရောဂါက ကာကွယ် ဆေးရှိပါတယ်။ ကလေးတွေက စပြီး ထိုးလို့ရပါတယ်။
တစ်နှစ်နဲ့ နှစ်နှစ်ကြားထဲမှာ ကာကွယ်ဆေး နှစ်လုံး ထိုးရပါတယ်။ ကာကွယ်ဆေးတစ်လုံးနဲ့ တစ်လုံးကြား ၆လကနေ တစ်နှစ်ခွဲအတွင်း ခြားလို့ရပါတယ်။ စစချင်းထိုးတယ်၊ နောက်ခြောက်လနေရင် ဒုတိယတစ်လုံး ထိုးတယ်ဆိုရင် ကာကွယ်ပြီး ဖြစ်ပါတယ်။
အပြင်စာစားသောက်နေတဲ့ ဆယ်ကျော်သက်တွေမှာတော့ အသည်းရောင်အသားဝါ အေပိုးက ဝင်ခဲ့ရင် ဝင်တဲ့သူ ရဲ့ ၁၀ ယောက်မှာ တစ်ယောက်ပဲ အသည်းရောင်အ သားဝါ အေရောဂါ ဖြစ်ပါတယ်။ ကျန်တဲ့ ၉ယောက်က မဖြစ်ဘဲ ကိုယ်ခံစနစ်ထွက်ပေါ်နေတာ တွေ့ရပါတယ်။ ကျောင်းတက်၊ အလုပ်လုပ်ဖို့ ဆေးစစ်တဲ့အခါ တစ်ခါမှ ရောဂါလက္ခဏာမပြခဲ့ဘဲနဲ့ အသည်းရောင် အသားဝါအေရဲ့ ကိုယ်ခံစနစ် (Immunity) ကို စစ်လိုက်ရင် အင်တီဘော်ဒီရှိနေတာကို တွေ့ရပါတယ်။ ဒီလိုလူတွေမှာ ကြီးလာတဲ့အခါ အသည်းရောင် အသားဝါ အေရောဂါဖြစ်ဖို့ ရာခိုင်နှုန်း နည်းသွားပါတယ်။

(၃) အသည်းရောင်အသားဝါ အေရောဂါအဖြစ်များတဲ့နေရာကို မသွားခင် ကာကွယ်ဆေးကို ဘယ်လောက်ကြိုထိုးသင့်ပါသလဲ ဆရာ။?
အသည်းရောင်အသားဝါ အေရောဂါအဖြစ်များတဲ့ နေရာကို မသွားခင် ကာကွယ်ဆေးကို နှစ်ပတ်ကြိုတင်ထိုးထားသင့်ပါတယ်။ ဒါဆိုရင် ကာကွယ်နိုင်မှု စွမ်းအားရရှိမှာ ဖြစ်ပါတယ်။

(၄) အသည်းရောင်အသားဝါ အေရောဂါအတွက် ဆေးကုပြီးရင် မျက်စိဝါတာ ပျောက်သွားမှာလား ဆရာ။ ?
ဒီတစ်လအတွင်း အသည်းရောင် အသားဝါအေရောဂါဖြစ်သူ လူနာ ၅-၆ ယောက်လောက် ဆရာ့ဆီ လာပြနေတာ ရှိပါတယ်။ သူတို့က စစချင်း ငွေ့ငွေ့လေး ဖျားတယ်၊ မအီမသာဖြစ်တယ်၊ အစားအသောက် ပျက်တယ်ဆိုပြီး လာပြတာပါ။ ရိုးရိုးတုပ်ကွေးလား ဆိုပြီး စစ်လိုက်တဲ့အခါ အသည်းအင်ဇိုင်းတွေက ထောင်နဲ့ချီပြီး တက်နေတာ တွေ့ရပါတယ်။ ဒါနဲ့ အသည်းရောင်အသားဝါအေပိုးရဲ့ ကိုယ်ခံစနစ်(IgM) ကို ထပ်မံစစ်လိုက်တဲ့အခါ Positive ဖြစ်နေတာ တွေ့ ရပါတယ်။ ဖျားပြီး တစ်ပတ်လောက်မှာ ဘီလီရူဘင် နည်းနည်းတက်ပြီး မျက်စိဝါစ ပြုလာပါတယ်။ ဆီးအရောင်ရင့်ပြီး တချို့သူတွေမှာ ဝမ်းအရောင်ဖျော့သွားတယ်၊ ဖြူသွားပါတယ်။ ဘယ်တော့မှ ဝါတာ လျော့လဲဆိုတော့ ၂ပတ်နဲ့ ၄ပတ်အရောက်မှ မျက် စိဝါတာ ဖြည်းဖြည်းချင်းလျော့ပါတယ်။ ဒါကြောင့် အသည်းရောင် အသားဝါ အေရောဂါဖြစ်နေတဲ့အချိန်မှာ အသည်းကို အနားပေးသလို လူကိုလည်း အနားပေးရပါတယ်။ ရေများများ သောက်ပေးဖို့ လိုပါတယ်။ အဆီချေဖျက်နိုင်မှု ကျဆင်းတဲ့အတွက် အဆီပါတဲ့အစာတွေကို လျှော့စား၊ ရှောင်စားရပါတယ်။ အရက်နဲ့ အသည်းထိခိုက်နိုင်တဲ့ ဆေးဝါးတွေကို မသောက်ရပါဘူး။

14/03/2024

ကိုဗစ် ကာကွယ်ဆေးများ
ထိုးနှံနိုင်ပါသည်
Vaccination Card
ပေးပါတယ် ☑

Address

Amarapura

Telephone

+959760288774

Website

Alerts

Be the first to know and let us send you an email when ဝင်း အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category