Chan Myae Specialist Clinic

Chan Myae Specialist Clinic ရင်သွေးငယ် မှ လူ တိုင်း ကျန်းမာပျော်ရွှင် ချမ်းမြေ့ဖို့

ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးခြင်းက လူကြီး၊ ကလေး၊ ကိုယ်ဝန်ဆောင်မိခင်၊ အသက်ကြီးသူများအတွက် အရေးကြီးတဲ့ ကာကွယ်မှုတစ်ခုဖြစ်ပါသ...
18/05/2026

ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးခြင်းက လူကြီး၊ ကလေး၊ ကိုယ်ဝန်ဆောင်မိခင်၊ အသက်ကြီးသူများအတွက် အရေးကြီးတဲ့ ကာကွယ်မှုတစ်ခုဖြစ်ပါသည်။

အထူးသဖြင့် ဆေးခန်း၊ ကျောင်း၊ လူစုလူဝေးနဲ့ အလုပ်ပတ်ဝန်းကျင်မှာ တုပ်ကွေးပိုးက မြန်မြန်ကူးစက်နိုင်ပါတယ်။

ရာသီတုပ်ကွေးကာကွယ်ဆေးထိုးခင်း၏ အဓိက ကောင်းကျိုးတွေကတော့ —

1. တုပ်ကွေးဖြစ်နိုင်ခြေ လျော့နည်းစေခြင်း

* Vaccine ထိုးထားသူတွေမှာ flu ဖြစ်နိုင်မှု သိသိသာသာကျဆင်းတတ်ပါတယ်။
* ဖြစ်သွားရင်တောင် လက္ခဏာပျော့ပျောင်းတတ်ပါတယ်။

2. ပြင်းထန်သောနောက်ဆက်တွဲများကို ကာကွယ်ပေးသည်

* အဆုတ်ရောင်ခြင်း (Pneumonia)
* အသက်ရှူခက်ခဲခြင်း
* ဆေးရုံတက်ရခြင်း
* အသက်အန္တရာယ်ရှိခြင်း
တို့ကို လျော့နည်းစေပါတယ်။

3. ကလေးငယ်များနှင့် အသက်ကြီးသူများကို ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ပေးနိုင်သည်

* ၅ နှစ်အောက်ကလေးများ
* ၆၅ နှစ်အထက်သူများ
* နာတာရှည်ရောဂါရှိသူများ


4. ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးကို ကာကွယ်ပေးနိုင်သည်

* ကိုယ်ဝန်ဆောင်ချိန် vaccine ထိုးထားရင် မိခင်ကိုသာမက မွေးပြီးပထမလများအတွင်း ကလေးကိုပါ antibody ကာကွယ်မှုရနိုင်ပါတယ်။

5. မိသားစုနှင့် ပတ်ဝန်းကျင်ကို ကူးစက်မှုလျော့စေသည်

* Vaccine ထိုးထားသူများ မိသားစုထဲက အားနည်းသူများဆီ ကူးစက်နိုင်ခြေလည်း လျော့နည်းလာပါတယ်။

6. အလုပ်နှင့် ကျောင်းပျက်ကွက်မှု လျော့နည်းစေသည်

* Flu ဖြစ်လို့ အနားယူရခြင်း၊ productivity ကျခြင်းတွေကို လျော့စေပါတယ်။

7. COVID-19 နဲ့ flu တပြိုင်နက်ဖြစ်နိုင်ခြေကာကွယ်ရာမှာ အထောက်အကူဖြစ်သည်

* Flu ကာကွယ်ထားခြင်းကြောင့် respiratory illness burden လျော့သွားပြီး diagnosis နဲ့ treatment ပိုလွယ်ကူစေပါတယ်။

ထိုးသင့်တဲ့အုပ်စုတွေ —

* ၆ လအထက်ကလေးများ
* ကျန်းမာရေးဝန်ထမ်းများ
* ကိုယ်ဝန်ဆောင်များ
* ဆီးချို၊ နှလုံး၊ အဆုတ်ရောဂါရှိသူများ
* အသက်ကြီးသူများ
* ကလေးငယ်ထိန်းသူများ

09/05/2026
09/05/2026

https://vt.tiktok.com/ZS9nm69NU/

မိဘတိုင်းသိထားသင့်တဲ့
ကလေးဖျားနာခြင်းနှင့် အန္တရာယ် လက္ခာ(၃) ချက်

-အဖျား ၁၀၂ ‘F အထိတက်တာ
-အစားမဝင်တာ/လှုပ်ရှားမှုနည်းတာ
-အသက်ရှူခက်တာ

ဒါတွေကတော့ အန္တရာယ် လက္ခဏာတွေဖြစ်ပါတယ်

ဒီလိုလက္ခဏာတွေ မိမိကလေးမှာ တွေ့ရပြီဆိုရင် နီးစပ်ရာ ကလေးဆေးခန်းကို သွားပြီး ကလေူအထူးကုနဲ့ တိုင်ပင်ဆွေးနွေး ကုသမှုခံယူပါ။

ချမ်းမြေ့အထူးကုဆေးခန်း

အမှတ်-၁၀၇၊သံလွင်လမ်း၊အောင်ပန်းမြို့။ 09962027261

ချမ်းမြေ့ဆေးခန်း

အမှတ်(၅)ရပ်ကွက်၊အောင်ချမ်းသာလမ်း၊ကလောမြို့။ 09962057571

https://www.tiktok.com/?_r=1&_t=ZS-96CjrcIZxCu

ကလေးကျန်းမာရေး ဗဟုသုတတွေကို ဖေဖေမေမေတို့နဲ့ အတူ မျှဝေနိုင်ဖို့ ချမ်းမြေ့အထူးကုဆေးခန်းရဲ့ TikTok channel ကို follow လုပ်ဖို့ တောင်းဆိုပါတယ်နော်

“ရာသီတုပ်ကွေး နှစ်စဉ်ကာကွယ်ပေး”မိုးဦးရာသီ အစ၊ ကျောင်းတွေ မဖွင့်မီ သားသား မီးမီးတို့အတွက် ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးပေးန...
04/05/2026

“ရာသီတုပ်ကွေး နှစ်စဉ်ကာကွယ်ပေး”

မိုးဦးရာသီ အစ၊ ကျောင်းတွေ မဖွင့်မီ သားသား မီးမီးတို့အတွက် ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးပေးနိုင်ပါပြီ။

ချမ်းမြေ့ကလေးဆေးခန်း
အောင်ချမ်းသာလမ်း၊ကလောမြို့
09962057571

ချမ်းမြေ့အထူးကုဆေးခန်း
အမှတ်-၁၀၇၊သံလွင်လမ်း၊အောင်ပန်းမြို့။
09962027271

💉တုပ်ကွေးရောဂါကာကွယ်ဖို့ တုပ်ကွေးကာကွယ်ဆေး (Flu Vaccine) ထိုးနှံကြမယ်💉      တုပ်ကွေးရာသီမတိုင်မီ တုပ်ကွေးကာကွယ်ဆေးထိုးနှ...
03/04/2026

💉တုပ်ကွေးရောဂါကာကွယ်ဖို့ တုပ်ကွေးကာကွယ်ဆေး (Flu Vaccine) ထိုးနှံကြမယ်💉
တုပ်ကွေးရာသီမတိုင်မီ တုပ်ကွေးကာကွယ်ဆေးထိုးနှံခြင်းဟာ တုပ်ကွေးရောဂါနှင့် ၎င်း၏ နောက်ဆက်တွဲဆိုးကျိုးများ အပြင်းအထန်ဖြစ်ပွားခြင်းမှ ကာကွယ်ရာတွင် များစွာအကူအညီဖြစ်စေပါတယ်။ အသက် ၆လနှင့်အထက်ရှိသူများအားလုံးကို ရာသီတုပ်ကွေးကာကွယ်ဆေး နှစ်စဉ်ထိုးနှံသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများမှ အကြံပြုထားပါတယ်။
အထူးသဖြင့် တုပ်ကွေးရောဂါကူးစက်ပါက ရောဂါလက္ခဏာများကို အပြင်းအထန်ခံရနိုင်ချေရှိသောသူများ -
၁။ နာတာရှည်ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ ဦးနှောက်နှင့်အာရုံကြောရောဂါ၊ ဆီးချိုရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ စသည်တို့ကဲ့သို့ နာတာရှည်ရောဂါ ဖြစ်ပွားနေသူများ
၂။ ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ စတီးရွိုက်ဆေးများ၊ ခုခံအားလျှော့ချသည့်ဆေးများ သောက်သုံးရခြင်း စသည်တို့ကြောင့် ကိုယ်ခံအားနည်းနေသည့်သူများ
၃။ အသက် ၅နှစ်အောက် ကလေးငယ်များ
၄။ အသက် ၆၅နှစ်နှင့်အထက် လူကြီးများ
၅။ ကိုယ်ဝန်ဆောင်မိခင်များဟာ အခြားသူများထက်ပို၍ တုပ်ကွေးကာကွယ်ဆေးကို မပျက်မကွက် ထိုးနှံသင့်ပါတယ်။

အသေးစိတ်သိရှိလိုခြင်းနှင့် ကာကွယ်ဆေးထိုးရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

ချမ်းမြေ့အထူးကုဆေးခန်း
အမှတ်-၁၀၇၊သံလွင်လမ်း၊ညောင်ပင်ထောင်ရပ်ကွက်၊
အောင်ပန်းမြို့။

09400448449
09962027271

ချမ်းမြေ့ဆေးခန်း
အမှတ်(၅)ရပ်ကွက်၊အောင်ချမ်းသာလမ်း၊ကလောမြို့။

09965057571

ရာသီတုပ်ကွေး ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ပါပြီ….0996202727109400448449ချမ်းမြေ့အထူးကုဆေးခန်းအမှတ်-၁၀၇၊သံလွင်လမ်း၊ညောင်ပ...
03/04/2026

ရာသီတုပ်ကွေး ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ပါပြီ….
09962027271
09400448449

ချမ်းမြေ့အထူးကုဆေးခန်း
အမှတ်-၁၀၇၊သံလွင်လမ်း၊ညောင်ပင်ထောင်ရပ်ကွက်၊အောင်ပန်းမြို့။

သတိပြုစရာ တီဘီရောဂါ
15/02/2026

သတိပြုစရာ တီဘီရောဂါ

KUALA LUMPUR: A total of 503 new tuberculosis (TB) cases were reported nationwide during the fifth epidemiological week.

🏥ချမ်းမြေ့အထူးကုဆေးခန်း🏥 အမှတ်-၁၀၇၊ သံလွင်လမ်း၊ညောင်ပင်ထောင်ရပ်ကွက်၊အောင်ပန်းမြို့။📞09400448449,09962027271
05/01/2026

🏥ချမ်းမြေ့အထူးကုဆေးခန်း

🏥 အမှတ်-၁၀၇၊ သံလွင်လမ်း၊ညောင်ပင်ထောင်ရပ်ကွက်၊အောင်ပန်းမြို့။

📞09400448449,09962027271

✅ အောင်ပန်းမြို့ ၊ချမ်းမြေ့အထူးကု ဆေးခန်းမှာ မိမိတို့၏ ကျန်းမာရေး အခြေအနေများကို အထွေထွေရောဂါအထူးကု သမားတော်ကြီးနှင့် တိ...
03/01/2026

✅ အောင်ပန်းမြို့ ၊ချမ်းမြေ့အထူးကု ဆေးခန်းမှာ မိမိတို့၏ ကျန်းမာရေး အခြေအနေများကို အထွေထွေရောဂါအထူးကု သမားတော်ကြီးနှင့် တိုင်ပင်ဆွေးနွေး ကုသမှု ခံယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

Dr.ချိုချိုသက်
M.B.,B.S, M.Med.Sc(Microbiology)
DTM & H (Mahidol)
အထွေထွေရောဂါ အထူးကု သမားတော်ကြီး

ဆေးခန်းထိုင်ချိန်- နေ့လည် (၃) နာရီမှ

၆နာရီထိ

စုံစမ်းရန်- 09400448449,

09962027271

ဆေးခန်းလိပ်စာ- အမှတ်-၁၀၇၊သံလွင်လမ်း၊ ညောင်ပင်ထောင်ရပ်ကွက်၊အောင်ပန်းမြို့။

Address

အမှတ်(၁၀၇) သံလွင်လမ်း ညောင်ပင်ထောင်ရပ်ကွက်၊အောင်ပန်းမြို့။
Aungban

Website

Alerts

Be the first to know and let us send you an email when Chan Myae Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category