ဒေါ်ခင်နု အထူးကု ဆေးခန်း

  • Home
  • Myanmar
  • Bago
  • ဒေါ်ခင်နု အထူးကု ဆေးခန်း

ဒေါ်ခင်နု အထူးကု ဆေးခန်း အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေး
09266505033, 09266505088, 09409513704

🙏မင်္ဂလာပါ🙏 ဒေါ်ခင်နုဆေးခန်းမှကြိုဆိုပါတယ်

ဒေါ်ခင်နုဆေးခန်းတွင်
🩸 သွေးစစ်ခြင်း
🩸ဓါတ်မှန် (X-Ray)
🩸 တီဗီဓါတ်မှန် (Ultrasound) ရိုက်ခြင်း
🩸ECG ရိုက်ခြင်း
🩸အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးအဖြေရှာကုသခြင်းများကို တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်ပါသည်။

01/06/2026

ပဲခူးမြို့ ဒေါ်ခင်နု အထူးကုဆေးခန်း တွင်တာဝန်ထမ်းဆောင်ရန်.
Pharmacist aid( ဆေးဝါးကျွမ်း
ကျွင်အကူ )ဝန်ထမ်းအလိုရှိသည်

✅လိုအပ်သောအရည်အချင်း
ဆေးဝါးကျွမ်းကျင်အကူသင်တန်းဆင်းလက်မှတ်ရှိသူဖြစ်ရမည်။
-လူနာများကိုချိုသာယဉ်ကျေးစွာပြောဆိုဆက်ဆံနိုင်သူဖြစ်ရမည်။
-အသင်းအဖွဲ့နှင့် စည်းလုံးညီညွတ်စွာအလုပ်လုပ်နိုင်သူဖြစ်ရမည် ။
-စည်းကမ်းလိုက်နာပြီး ရေရှည်အလုပ်လုပ်နိုင်သူဖြစ်ရမည်။

✅လျှောက်ထားလိုသူများသည် မိမိတို့၏
1). ကိုယ်ရေးရာဇ၀င်( CV Form) (လုပ်ငန်းအတွေ့အကြုံရှိပါက‌ ထည့်ရေးရန်)
2). မှတ်ပုံတင် (မိတ္တူ)
3). လိုင်စင်ဓာတ်ပုံ(၂)ပုံ
4). အိမ်ထောင်စုစာရင်း(မိတ္တူ)
5).ဆေးဝါးကျွမ်းကျင်အကူ သင်တန်းဆင်းလက်မှတ်(မိတ္တူ)
တို့ဖြင့်

ဒေါ်ခင်နု အထူးကုဆေးခန်းသို့
နံနက် (၈)နာရီမှ ညနေ (၄) နာရီအတွင်း
လာရောက် လျှောက်ထားနိုင်ပါသည်။

အလုပ်လျောက်လွှာတင်ရန်အတွက်
ဆက် သွယ်စုံစမ်းရန်

💁ဆေးခန်းဖုန်း -09-266505088,
09-266505 033

ဆေးခန်းလိပ်စာ - အမှတ်(191)၊
ကန္နားလမ်း ဇိုင်းဂနိုင်းမြောက်ပိုင်း
ပဲခူးမြို့။

ပဲခူးမြို့ ဒေါ်ခင်နု အထူးကု ဆေးခန်းတွင်နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းပိုင်း နှင့် လည်ပင်းခွဲစိတ်အထူးကုဆရာဝန်ကြီးဒေ...
15/02/2026

ပဲခူးမြို့ ဒေါ်ခင်နု အထူးကု ဆေးခန်းတွင်
နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းပိုင်း နှင့် လည်ပင်းခွဲစိတ်အထူးကုဆရာဝန်ကြီး
ဒေါက်တာ မျိုးမင်း
M.B.,B.S, M. Med. Sc Se (ORL) DR.Med.Sc (ORL-HNS) Lecturer/Consultant ENT Surgoen University of Medicine(2), Yangonနှင့် ပြသနိုင်ပြီနော်

ပြသနိုင်သောရောဂါများမှာ
- နားကိုက်၊ နားအူခြင်း
- နားလေထွက်ခြင်း
- နားပြည်ယိုခြင်း
- နားပိုးဝင်ခြင်း
- နားမှိုစွဲခြင်း
- နားထဲသို့ ပြင်ပအရာဝတ္ထု တစ်ခုခုဝင်ခြင်း
- အကြားအာရုံ ပုံမှန် မဟုတ်ခြင်း
- နှာခေါင်းသွေးယိုခြင်း
- လည်ချောင်း၊ နှာခေါင်း ထဲတွင်အလုံးအကြိတ်များ၊ အသားပိုများ ရှိခြင်း
- လည်ပင်းကြီးခြင်း
- အစာမြိုရခက်ခြင်း
- အသံအိုး ဆိုင်ရာရောဂါများ
စတဲ့ ရောဂါများကို
ပြသနိုင်ပါပြီနော်

အသေးစိတ်သိရှိလိုတာတွေအတွက် -

09 266505033, 09 266505088,
ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လိပ်စာ - အမှတ်(၁၉၁)၊ ကမ်းနားလမ်း (ဇိုင်းဂနိုင်းမြောက်ပိုင်း)၊ ပဲခူးမြို့။

#ဒေါ်ခင်နုဆေးခန်း
#အထူးကုဆေးခန်း
#ပဲခူးဆေးခန်း

❤️ ဘယ်သူတွေက နှလုံးရောဂါဖြစ်နိုင်ခြေ အရှိဆုံးလဲ❓နှလုံးရောဂါဆိုတာ နေ့စဉ်အလေ့အကျင့်တွေ၊တစ်ခြားကျန်းမာရေးအခြေအနေတွေကြောင့် ...
10/02/2026

❤️ ဘယ်သူတွေက နှလုံးရောဂါဖြစ်နိုင်ခြေ အရှိဆုံးလဲ❓

နှလုံးရောဂါဆိုတာ နေ့စဉ်အလေ့အကျင့်တွေ၊
တစ်ခြားကျန်းမာရေးအခြေအနေတွေကြောင့် အသက်မရွေးဖြစ်နိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ဘယ်လိုလူမျိုးတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများလဲဆိုတာကို အောက်ပါအချက်တွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

💢သွေးတိုးရောဂါရှိသူများ
သွေးဖိအားမြင့်နေခြင်းက နှလုံးကို အလုပ်ပိုလုပ်စေပြီး အချိန်ကြာလာရင် နှလုံးကြီးခြင်း၊ နှလုံးပျက်စီးခြင်းအထိ ဖြစ်နိုင်ပါတယ်။

💢ဆီးချိုရောဂါရှိသူများ
ဆီးချိုရောဂါကြောင့် သွေးကြောများ ထိခိုက်ပျက်စီးလွယ်ပြီး နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံးရောဂါ ဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။

💢အစားအသောက်ပုံစံ
အဆီအအိမ့်၊ အငန်နဲ့ အချို အလွန်အကျွံစားသုံးသူတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

💢အဝလွန်သူများ
ကိုယ်အလေးချိန်များခြင်းက သွေးအဆီ၊ သွေးတိုး၊ ဆီးချို စတဲ့ရောဂါများကို တပြိုင်နက်တည်း ဖြစ်စေနိုင်ပြီး နှလုံးကို အန္တရာယ်ပိုမိုဖြစ်စေပါတယ်။

💢ဆေးလိပ်သောက်သူ၊ အရက်များများသောက်သူများ
ဆေးလိပ်နဲ့ အရက်က သွေးကြောကျဉ်းစေခြင်း၊ သွေးတိုးစေခြင်းတွေကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

💢ကိုယ်လက်လှုပ်ရှားမှုနည်းသူများ
ကိုယ်လက်လှုပ်ရှားမှုနည်းရင် သွေးလည်ပတ်မှု
မကောင်းဘဲ နှလုံးကျန်းမာရေး ထိခိုက်နိုင်ပါတယ်။

💢စိတ်ဖိစီးမှုများတဲ့သူများ
အလုပ်ဖိအား၊ စိတ်ပူပန်မှုများကြောင့် နှလုံးခုန်နှုန်း မမှန်ခြင်း၊ သွေးဖိအားတက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

💢မျိုးရိုးဗီဇရှိသူများ
မိဘ၊ အစ်ကိုအစ်မတွေမှာ နှလုံးရောဂါရှိခဲ့ရင် ကိုယ်တိုင်လည်း နှလုံးရောဖြစ်နိုင်ခြေ ပိုဖြစ်စေပါတယ်။
အသေးစိတ်သိရှိလိုတာတွေအတွက် -

09 266505033, 09 266505088,
ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လိပ်စာ - အမှတ်(၁၉၁)၊ ကမ်းနားလမ်း (ဇိုင်းဂနိုင်းမြောက်ပိုင်း)၊ ပဲခူးမြို့။

#ဒေါ်ခင်နုဆေးခန်း
#အထူးကုဆေးခန်း
#ပဲခူးဆေးခန်း

💁🏻‍♀️ကဲ ဒီခါ မေးခွန်းလေးတွေဖြေသွားကြရအောင်💁🏻‍♀️သားဆက်ခြားနည်းလမ်းထဲမှာ ရေတို သားဆက်ခြားဖို့ ဘယ်နည်းလမ်းကို သုံးဖြစ်ကြလဲ❓...
08/02/2026

💁🏻‍♀️ကဲ ဒီခါ မေးခွန်းလေးတွေဖြေသွားကြရအောင်💁🏻‍♀️
သားဆက်ခြားနည်းလမ်းထဲမှာ ရေတို သားဆက်ခြားဖို့
ဘယ်နည်းလမ်းကို သုံးဖြစ်ကြလဲ❓

ဗဟုသုတလေးတွေ မျှဝေရင်း Sunday ရဲ့ Quiz Time အစီအစဉ်လေးမှာပါဝင်လိုက်ကြရအောင်💁🏻‍♀️

☎️အသေးစိတ်သိရှိလိုတာတွေအတွက် -

09 266505033, 09 266505088,
ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🏥လိပ်စာ - အမှတ်(၁၉၁)၊ ကမ်းနားလမ်း (ဇိုင်းဂနိုင်းမြောက်ပိုင်း)၊ ပဲခူးမြို့။

#ဒေါ်ခင်နုဆေးခန်း
#အထူးကုဆေးခန်း
#ပဲခူးဆေးခန်း

💁🏻‍♀️ကျန်းမာခြင်းသည် လာဘ်တစ်ပါးကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ကောင်းမွန်ထိရောက်ပါသည်။💁🏻‍♀️သင် ချစ် ရ တဲ့ သူ ကို က...
04/02/2026

💁🏻‍♀️ကျန်းမာခြင်းသည် လာဘ်တစ်ပါးကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ကောင်းမွန်ထိရောက်ပါသည်။

💁🏻‍♀️သင် ချစ် ရ တဲ့ သူ ကို ကျန်းကျန်းမာမာ နဲ့ မြင်တွေ့ နေရ တာ ပာ သင့် အတွက် မင်္ဂလာတစ်ပါး ဖြစ် ပါ တယ်၊၊ သင့် ကို ချစ်တဲ့သူ တွေ ဟာ လည်း သင် ကျန်းကျန်းမာမာ ဖြစ် နေ တာ ကို ပဲ လိုလား ကြ ပါတယ်၊၊

💁🏻‍♀️ဒေါ်ခင်နုအထူးကုဆေးခန်းမှာ

✅အထူးကုသမားတော်ကြီးများ
✅နှလုံးအထူးကုသမားတော်ကြီး
✅ခွဲစိတ် အထူးကုဆရာဝန်ကြီး
✅ထိခိုက်ဒဏ်ရာနှင့် အရိုးအကြောအဆစ်ခွဲစိတ်အထူးကုဆရာဝန်ကြီး
ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး
✅ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ခွဲစိတ်အထူးကုဆရာဝန်ကြီး
✅သားဖွားနှင့် မီးယပ်အထူးကု‌ဆရာဝန်ကြီး
✅ကလေးအထူးကုဆရာဝန်ကြီး
✅နား/နှာခေါင်း/လည်ချောင်း/ဦးခေါင်းပိုင်းနှင့်လည်ပင်းခွဲစိတ်အထူးကုဆရာဝန်
✅တယ်လီဗွီးရှင်း ဓာတ်မှန် (Ultrasound)များ
✅X-ray ရိုက်ကူးခြင်း,တီဗီဓာတ်မှန်,ECG ဆွဲခြင်းထားရှိထားတာကြောင့်
သင် နှင့် သင့်မိသားစုဝင်များ ပျော်ရွှင် ကျန်းမာ လှပ သော မိသားစု ဘဝလေး ပိုင်ဆိုင် စေရန်အတွက် အချိန်မရွေးလာရောက်ပြသနိုင်ပါပြီ

အသေးစိတ်သိရှိလိုတာတွေအတွက် -

09 266505033, 09 266505088,
ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လိပ်စာ - အမှတ်(၁၉၁)၊ ကမ်းနားလမ်း (ဇိုင်းဂနိုင်းမြောက်ပိုင်း)၊ ပဲခူးမြို့။

#ဒေါ်ခင်နုဆေးခန်း
#အထူးကုဆေးခန်း
#ပဲခူးဆေးခန်း

27/12/2025

(28.12.2025)
တနင်္ဂနွေနေ့တွင်
ဒေါ်ခင်နုဆေးခန်းကိုနေ့လည်(11)နာရီတွင်စတင်ဖွင့်လှစ်ပါမည်

လည်ချောင်းကင်ဆာလည်ချောင်းကင်ဆာဆိုတာ လည်ချောင်း သို့မဟုတ် အသံအိုးမှာ ဖြစ်လေ့ရှိတဲ့ ကင်ဆာတစ်မျိုးပါ။ လည်ချောင်းဆိုတာ နှာခေ...
05/08/2025

လည်ချောင်းကင်ဆာ

လည်ချောင်းကင်ဆာဆိုတာ လည်ချောင်း သို့မဟုတ် အသံအိုးမှာ ဖြစ်လေ့ရှိတဲ့ ကင်ဆာတစ်မျိုးပါ။
လည်ချောင်းဆိုတာ နှာခေါင်းနောက်ကနေ စတင်ပြီး လည်ပင်းထဲမှာ ဆုံးသွားတဲ့ ပြွန်လေးတစ်ခု ဖြစ်ပါတယ်။ လည်ချောင်းကင်ဆာတွေက လည်ချောင်းထဲမှာ ဆဲလ်တွေစတင်ဖြစ်ပေါ်တာ ဖြစ်ပါတယ်။

#လည်ချောင်းကင်ဆာလက္ခဏာများမှာ
• ချောင်းဆိုးခြင်း
• အသံပြောင်းခြင်း (စကားရှင်းလင်းစွာမပြောနိုင်ခြင်း)
• အစားအစာမြိုချရခက်ခြင်း
• နားနာကျင်ခြင်း
• အနာမကျက်သည့်အနာများ၊ အကျိတ်များ
• လည်ချောင်းနာခြင်း
• ဝိတ်ကျခြင်း စသည်တို့ ဖြစ်ပါတယ်။

ထိုလက္ခဏာများကို ကြုံတွေ့နေရပြီဆိုလျှင် ဆရာဝန်နဲ့ ပြသပါ။

လည်ချောင်းကင်ဆာလက္ခဏာအများစုဟာ ကင်ဆာလို့ တိတိကျကျပြောလို့မရတဲ့ လက္ခဏာများဖြစ်တာကြောင့် ဆရာဝန်နှင့်ပြသပြီး စစ်ဆေးကြည့်သင့်ပါတယ်။

လည်ချောင်းကင်ဆာဖြစ်စေနိုင်သည့် အန္တရာယ်ကို ပိုမြင့်မားလာစေနိုင်သည့် အချက်များမှာ

• ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးသုံးစွဲခြင်း
• အရက်အလွန်အကျွံသောက်ခြင်း
• HPV , Epstein Barr virus အစရှိသည့် ရောဂါပိုးဝင်ခြင်းများ
• အသီးအရွက်စားသုံးမှုမရှိခြင်း
• GERD (စားချဉ့်ပြန်ခြင်း)
• လုပ်ငန်းခွင်တွင် အဆိပ်အတောက်များနှင့် ထိတွေ့မှု ရှိခြင်း

#ကြိုတင်ကာကွယ်ခြင်း
လည်ချောင်းကင်ဆာမဖြစ်အောင် ကြိုတင်ကာကွယ်လို့ ရနိုင်တဲ့ နည်းလမ်းရယ်လို့တော့ မရှိသေးပါဘူး။ သို့သော် လည်ချောင်းကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ကို လျှော့ချနိုင်စေဖို့

• ဆေးလိပ်ဖြတ်ပါ။ သင်ဟာ ဆေးလိပ်သောက်တတ်သူတစ်ယောက်ဆိုလျှင် ဖြတ်ပါ။ ဆေးလိပ်ဖြတ်ရတာက အတော်လေးကို ခက်ခဲနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် နည်းလမ်းများကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

• အရက်သောက်သုံးခြင်းကို လျှော့ချပါ။ သင်ဟာ အရက်သောက်တတ်သူဆိုလျှင် အရက်လျှော့သောက်ပါ။

• ကျန်းမာရေးနှင့် ညီညွတ်သည့် အသီးအရွက်များ စားသုံးပါ။ အသီးအရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေက လည်ချောင်းကင်ဆာအန္တရာယ်ကို လျှော့ချနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအရွက်များကို စုံလင်အောင်စားသောက်ပါ။

• တစ်ချို့သော လည်ချောင်းကင်ဆာများက လိင်မှတဆင့်ကူးစက်တတ်သည့်ရောဂါများကြောင့် ဖြစ်တတ်ကြပါတယ်။

#ဒေါ်ခင်နုအထူးကုဆေးခန်း

ဆံပင်တွေ ဘာကြောင့် ကျွတ်ရတာလဲ...ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေ ကျွတ်နေတာကို မြင်ရတဲ့အခါမှာ ဘာကြောင့်လဲဆိုပြီးတော့ ထိတ်လန...
29/07/2025

ဆံပင်တွေ ဘာကြောင့် ကျွတ်ရတာလဲ...

ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေ ကျွတ်နေတာကို မြင်ရတဲ့အခါမှာ ဘာကြောင့်လဲဆိုပြီးတော့ ထိတ်လန့်သွားတတ်ကြတယ်မလား။

▶️ကိုဗစ်၁၉ အပါအဝင် ဖျားနာခြင်း၊ ခွဲစိတ်မှုများ လုပ်ဆောင်ပြီးနောက်တွင်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ ကလေးမွေးခြင်း၊ သောက်ဆေးအပြောင်းအလဲရှိခြင်း၊ အစားအသောက်ချို့တဲ့ခြင်း၊ သံဓာတ်ချို့တဲ့ခြင်း၊ တစ်ချို့သော ဆေးဝါးများ သို့မဟုတ် စိတ်ဖိစီးမှု မြင့်မားခြင်း စသည်တို့ကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။ ကပ်ဆိုးကာလမှာ ဖြစ်ပေါ်လာသည့် စိတ်ဖိစီးမှုများကြောင့်လည်း ယခင်ကထက် ပိုပြီးတော့ ဆံပင်တွေကျွတ်နိုင်ပါတယ်။

▶️အမျိုးသားတွေလည်း ဆံပင်ကျွတ်ကြပါတယ်။ သို့သော် သူတို့က ဆံပင်တိုလို့ သတိမထားမိကြပါဘူး။ ဆံပင်ရှည်တဲ့ အမျိုးသမီးတွေကတော့ ခေါင်းလျှော်ချိန်၊ ခေါင်းဖြီးချိန်များမှာ ဆံပင်တွေ ကျွတ်နေတာကို သတိထားမိကြမှာပါ။

▶️ဆံပင်ကျွတ်ရတဲ့အကြောင်းအရင်းကို အရင်ဆုံးသိအောင်လုပ်ရမှာပါ။ အရေပြားဆရာဝန်နဲ့ ပြသပြီး စစ်ဆေးပြီး ဘာကြောင့် ဆံပင်ကျွတ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို သိနိုင်ပါတယ်။ ရှင်းလင်းတိကျတဲ့အဖြေမရခဲ့ရင်တော့ နောက်ထပ်တိကျတဲ့ စစ်ဆေးမှုတွေ ထပ်လုပ်ပြီး ကုသမှု ကောင်းကောင်းခံယူကြည့်ရပါမယ်။

▶️ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ပါ။ စိတ်ဖိစီးမှုများ လျှော့ချခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်း စသည်တို့ကို လုပ်ဆောင်ပေးသင့်ပါတယ်။

ဆံပင်ကို နူးညံ့သိမ်မွေ့စွာ ဂရုတစိုက် လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။ ဆံပင်ကို တင်းကြပ်စွာမစည်းပါနှင့်။ ပြင်းထန်သည့် အပူများနှင့် ဓာတုဆေးဝါးများဖြင့် ဆံပင်ကို အသုံးမပြုပါနှင့်။

▶️ဆံသားtreatment နှင့် ဖြည့်စွက်စာများကို သုံးစွဲပါ။ ဆံပင်သန်စွမ်းစေသည့် ဗီတာမင်များကိုလည်း သုံးစွဲနိုင်ပါတယ်။ ဘယ်လိုကုသမှုမျိုးက သင်နှင့် ကိုက်ညီမလဲဆိုတာကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကြည့်နိုင်ပါတယ်။

▶️PRP Treatment လို့ခေါ်တဲ့ သွေးရည်ကြည်ကုထုံးများကလည်း ဆံပင်ကို သန်စွမ်းစေနိုင်ပါတယ်။ ဒီကုထုံးလုပ်ဆောင်ပြီး သီတင်းပတ်အကြာမှ ရလဒ်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ အမျိုးသမီးအများစုဟာ ထိုကုထုံးကို သုံးခါနှင့်အထက် လုပ်ဆောင်ပြီးနောက်မှာ တိုးတက်ကောင်းမွန်လာတာကို တွေ့ရပါတယ်။

▶️ဆံပင်တွေကျွတ်လာချိန်မှာ စိတ်ရောကိုယ်ပါ အနားပေးဖို့ လိုအပ်ပါတယ်။ အစားအသောက်ကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပြီး လေ့ကျင့်ခန်းလုပ်ရင်း စိတ်ဖိစီးမှုများကို ဖြေလျှော့နိုင်ပါတယ်။

ဒီလိုအချက်တွေကို လုပ်ဆောင်ခြင်းအားဖြင့် ဆံသားဟာ သဘာဝအလျောက် ကျန်းမာသန်စွမ်းလာပြီးတော့ လအနည်းငယ်အတွင်းမှာပဲ နဂိုအခြေအနေကို ရောက်ရှိလာပါလိမ့်မယ်။

Address

အမှတ်(၁၉၁)၊ ကမ်းနားလမ်း (ဇိုင်းဂနိုင်းမြောက်ပိုင်း)၊ ပဲခူးမြို့။
Bago
08011

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 07:30 - 17:00
Saturday 08:00 - 17:00
Sunday 07:30 - 17:00

Telephone

+959266505088

Website

Alerts

Be the first to know and let us send you an email when ဒေါ်ခင်နု အထူးကု ဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share