18/08/2026
💌 - "19.8.2026.” တွင် အလုံမြို့နယ်
- "20.8.2026." တွင် ပုဇွန်တောင်မြို့နယ် နှင့် ဗိုလ်တထောင်မြို့နယ် သို့
ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်ပါမည် 💌
🌹 သုညတဓမ္မရံသီ တရားရိပ်သာ ( အင်းတကော် နှင့်
မှော်ဘီ )
ဦးစီးပဓာနနာယက ဆရာလေးခေမာရံသီ မှ ဦးဆောင်၍
သီလရှင်ဆရာကြီး ၊ ဆရာလေး
🛑 အပါး ၈၀ ကျော် မှ
ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်မည် ဖြစ်ပါသည်။
~ သုညတဓမ္မရံသီ တရားရိပ်သာ ( အင်းတကော်မြို့နယ် နှင့် မှော်ဘီမြို့နယ် ) တွင် သီတင်းသုံးနေထိုင်၍
သံသရာမှလွတ်မြောက်ကြောင်း တရားဘာဝနာ အားထုတ်နေကြကုန်သော
သံဃာတော်များ၊ သီလရှင်များ၊ ယောဂီများအတွက်နှင့်
~ ယခုကဲ့သို့ကြပ်တည်းသည့် ကာလအတွင်း စားဝတ်နေရေး အခက်အခဲအလွန်ဖြစ်ကြသော ရပ်ကွက်များသို့ အစားအသောက်များ တတ်အားသရွေ့ ပြန်လည်လှူဒါန်းကူညီနိုင်ရန်အတွက်
ဆရာလေးခေမာရံသီ မှ ဦးဆောင်၍
သုညတဓမ္မရံသီ တရားရိပ်သာမှ သီလရှင် ဆရာကြီး၊ ဆရာလေးများ
ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်မည် ဖြစ်ပါ၍
မိမိတို့လောင်းလှူလိုသော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသော ဒါတဗ္ဗဝတ္ထု အစုစုတို့ကို ကိုယ်တိုင်ကိုယ်ကျ လောင်းလှူနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။
🙏 ဓမ္မမိတ်ဆွေ ကုသိုလ်ရှင်အပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။ 🙏
📆 ဆွမ်းခံကြွရောက်မည့် နေ့ရက်၊ နေရာ နှင့် အချိန် ~
🌹 "19.8.2026." ရက်နေ့တွင်
#အလုံမြို့နယ်
ဗဟိုလမ်းနှင့် အလုံလမ်းထောင့်အနီးရှိ မနော်ဟရီအိမ်ရာ
ဗဟိုအမျိုးသမီးဆေးရုံကြီးရှေ့ရှိ မင်းရဲကျော်စွာလမ်း၊ သဇင်လမ်း၊ ဒုတိယသီရိရိပ်သာ၊ ပထမသီရိရိပ်သာ၊ သစ်တောလမ်း(ပေါ်)၊ ကျောင်းလမ်း၊ ဧရာဝတီလမ်း(ပေါ်)၊ နံ့သာလမ်း(ပေါ်)၊ ဌာနာလမ်း(ပေါ်/အောက်)၊ နံ့သာလမ်း(အောက်)၊ ဧရာဝတီလမ်း(အောက်)၊ ငုဝါလမ်း၊ (ဆင်မင်းလမ်းမှအောက်ကြည့်မြင်တိုင်လမ်းအထိ)၊
ကွင်းကျောင်းလမ်း၊ ဆဒ္ဒန်လမ်း၊ ကွင်းကျောင်း(၁/၂)လမ်း၊ ဆင်ရေကန်လမ်း(ပေါ်)၊
ဆင်လှလမ်း၊ ဆင်ရေကန်လမ်း(အောက်)၊ စက်တွင်းလမ်း(အောက်)၊ သိပ္ပံလမ်း(အောက်)၊ သီရိမင်္ဂလာအိမ်ရာ၊ ကမ်းနားလမ်း(မြောင်းကြီးလမ်းမှဆင်မင်းလမ်းအထိ)၊ မင်္ဂလာဆင်မင်းအိမ်ရာ၊ အောင်ဇေယျလမ်း၊ လှော်ကားလမ်း၊ အောင်ဇေယျရိပ်မွန်၊ Aung Zay Ya Housing၊ သိပ္ပံလမ်း(ပေါ်)၊ စက်တွင်းလမ်း(ပေါ်)၊ ငုဝါလမ်း(ဆင်မင်းလမ်းမှသစ်တောလမ်းအထိ)၊ သစ်တောလမ်း(အောက်)၊ အာသာဝတီလမ်း၊ သရဖီလမ်း၊ နွယ်နီလမ်း၊ နွယ်သာကီလမ်း၊ စပါယ်လမ်း၊ မိုးကောင်း(လျှပ်စစ်)အိမ်ရာဝင်း၊ နှင်းဆီကုန်းလမ်း(အောက်/ပေါ်)၊ ဦးလူကလေးလမ်း၊
ရေတွင်းလမ်း၊ အေးလမ်း၊ မာဃလမ်းများသို့
နေ့လည် ၁ နာရီ ခွဲ မှ ၆ နာရီ ခွဲ အထိ အစဥ်လိုက်အတိုင်း ကြွရောက်မည် ဖြစ်ပါသည်။
🌹 "20.8.2026." ရက် နေ့တွင်
#ပုဇွန်တောင်မြို့နယ် နှင့် ဗိုလ်တထောင်မြို့နယ် အတွင်းရှိ
ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ၄၉လမ်းထောင့်ရှိ ရေကျော်စျေးမှ စတင်၍..
အိမ်ကြီးလမ်း၊ သဇင်လမ်း၊ နှင်းပန်းလမ်း၊ ရေကျော်လမ်း၊
ဦးရွှေဂွန်းလမ်း၊ ဦးဝိဇ္ဇာလမ်း၊ လိပ်ကန်လမ်း၊ ရွှေဘုန်းပွင့်ဘုရားလမ်း၊ အိုးဖိုလမ်း၊ ကွက်သစ်လမ်း၊ မဟာဘောဂလမ်း၊ မဟာသုခလမ်း၊ ကျီတော်လမ်း၊ ဓမ္မသုခလမ်း၊ မဟာဇေယျလမ်း၊ မောင်းတံလမ်း၊ ဝတ်ကျောင်းလမ်း၊ ယုဇနလမ်း၊ ဇီဇဝါလမ်း၊ ဒေါနလမ်း၊ စပါယ်လမ်း၊ ခေါင်ရမ်းလမ်း၊ မြောင်းကြီးလမ်း၊ ၄၅, ၄၆, ၄၇, ၄၈, ၄၉, ၅၀, ၅၁, ၅၂လမ်း များသို့
နေ့လည် ၁ နာရီ ခွဲ မှ ၆ နာရီ ခွဲ အထိ အစဥ်လိုက်အတိုင်း ကြွရောက်မည် ဖြစ်ပါသည်။
🛑 မှတ်ချက် ~ ဆရာလေးခေမာရံသီ ဟောကြားထားသော တရားတော်များ ပါဝင်သည့် တရား sd card နှင့် စာအုပ်များအလှူခံလိုပါက
ယခုဆွမ်းတန်းများသို့ လာရောက် ယူနိုင်ပါသည် ။
🛑 သုညတဓမ္မရံသီ တရားရိပ်သာ သည် အမြဲတမ်း ဖွင့်သည့်ရိပ်သာဖြစ်သည့်အတွက်
သံဃာ၊ သီလရှင်၊ အမျိုးသား၊ အမျိုးသမီးများ
ရက်တို / ရက်ရှည် အချိန်မရွေး တရားစခန်းဝင်၍ အားထုတ်နိုင်ပါသည်။
~ Posted by သုညတဓမ္မရံသီ တရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့
☎ ဖုန်းနံပါတ် ~ 09773989842..