Mystic Mind Journey

Mystic Mind Journey Spiritual path

15/06/2026

daily message

သဘာဝထဲ အသံလေးတွေနဲ့🍀🍀🍀





Your current energy & next step/chapter (collective reading)🧚ခု ဒီစာကို ဖတ်နေမဲ့ သူလေးတွေရဲ့ လက်ရှိ current energy ဟာဆို...
14/06/2026

Your current energy & next step/chapter
(collective reading)
🧚ခု ဒီစာကို ဖတ်နေမဲ့ သူလေးတွေရဲ့ လက်ရှိ current energy ဟာဆိုရင် မင်းက အမြဲအတိုက်အခိုက်များတဲ့သူတစ်ယောက် ဒါပေမဲ့ ကိုယ်ကပဲ အသာစီးရတာများတယ်၊ ကျော်လွှားနိုင်တယ်။
🧚ပြီးတော့ ကိုယ့်စကားဆိုရင် အများက လက်ခံတဲ့ထိ နေရာတစ်ခုမှာ ရှိတယ် ဦးဆောင်နိုင်တယ်။လမ်းပြနိုင်တယ်။ယူတို့ရဲ့ ခံစားချက်တွေကိုတော့ ယူတို့ အကုန် ထုတ်ပြခွင့် မရကြဘူးနော်။
🧚‌ရွေးချယ်စရာတွေ ဦးစားပေးရမဲ့ အရာတွေများတယ်။မိသားစုကြား၊အချစ်ရေး၊အနာဂတ်ကြား ဗျာများရသူလေးတွေ။ကဲ...ဒါတွေကိုက်ညီရင် ဆက်ပြီး ဖတ်ပါတော့နော်💌

Your next step🔥💫💗

ကြည့်ရသလောက်တော့ ယူတို့လေးတွေ အသည်းကွဲရမယ်နော်🥹 ယူတို့ရဲ့ နှလုံးသားရေးရာလေးတွေမှာ နှလုံးသားလေးဟာဖြင့် ဖျားနာကွဲကြေ၊ခုလက်ရှိတောင်ဖြစ်နေပြီလား မသိဘူး။
ဒါပေမဲ့တဲ့...ဆရာကြီး/ဆရာမကြီးတွေဟာဆိုရင် နှလုံးသားရေးနဲ့ အလုပ်နဲ့ကို ခွဲခြားနိုင်တဲ့ထိ ရင့်ကျက်တည်ငြိမ်နေမှာကို တွေ့ပါတယ်။ အလုပ်လေးတွေပုံမှန်လုပ်နေမယ်။ တာဝန်လေးတွေ ကျေအောင် ယူစရာရှိယူ၊ဦးဆောင်စရာရှိဦးဆောင်ပြီး ရုန်းကန် ဖြတ်သန်းနေကြမယ်တဲ့။သနားလိုက်တာ🤧
but I appreciate it 👏👏👏...အရမ်းတော်ကြတယ်နော်။

သဘာဝရဲ့ ကလေးလေး‌တို့ရေ...ရုန်းကန်ရတာ၊ချစ်ကြတာ၊ဆုံကြတာ၊ခွဲကြရတာဟာ သဘာဝပဲမို့ ဒါက လူသားဆန်ခြင်းပါပဲနော်။ကိုယ့်ကိုယ်ကိုယ် လက်ခံပါ။ချစ်ပေးပါ။ဂရုစိုက်ပါ။ဘေးဘီတွေ ဘာပဲဝေ‌ဖန် ဝေဖန်ရှေ့ဆက်ပါ။blessingsတွေရှိပါတယ် ...ယူတို့လေးတွေတွက် ငွေကံတက်လာမယ်။ဘဝတွက် အခြေခိုင်တဲ့ စီးပွားရေးလေးတွေမှာ အုတ်မြစ်ချရမယ်။ကောင်းမွန်တဲ့ အသစ်စတင်ခြင်းတွေ ရှိလာမယ်ကွယ်။‌

မိန်းကလေးတွေဆိုရင် မိန်းမသားဆန်ဆန် feminine energy အပြည့်နဲ့ နေဖြစ်လာမယ်။ပိုပြီး ဆွဲဆောင်မှုရှိလာမယ်။လိပ်ပြာလေးတွေ အနားမှာ ဝဲ🎶🎵🎼 အဲ့လိုပဲ ဝိုင်းဝိုင်းလည်လာမယ်ပေါ့ကွယ်။
ယောက်ျားလေးတွေဆို အချစ်သစ်စဖြစ်ရင်
ခန္ဓာကိုယ် လှလှ ၊ဆံနွယ် လှလှလေးနဲ့ ကောင်မလေးနဲ့ ဆုံရဖို့များတယ်နော်။ဘာပဲဖြစ်ဖြစ် ဒီကောင်းလာဖို့က 6လကနေ
တစ်နှစ်အတွင်းဖြစ်နိုင်တယ်။ငွေကြေးကံ အချစ်ရေးကံလေးတွေ ပြန်တက်လာမှာမို့ ခုလက်ရှိနာကျင်ရတာတွေ ပင်ပန်းရတာတွေကလည်း တစ်ဖက်ပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပြီး ချစ်ပေးပါလို့ ပြောချင်ပါတယ်💞💞💞

energy ကိုက်လို့ personal reading မေးချင်တယ်ဆိုရင်ဖြင့် မေးခွန်း ၁ခု ၃၀၀၀နဲ့ လာမေးနိုင်ပါတယ်ရှင့်။
special အနေနဲ့
current energy check+love reading package ကို
15000 mmkနဲ့ပဲ အဟောလာယူနိုင်ပါပြီနော့






14/06/2026

Daily message





daily message 🌹🤎စိတ်ပင်ပန်းရတာ မနိုင်ဝန်ထမ်းနေမိတာမျိုးလေးတွေရှိနေမယ်။အလုပ်ရော ပညာရေးကော မလွတ်ချင်တဲ့သူလေးတွေတွက် ပိုပင်...
13/06/2026

daily message 🌹

🤎စိတ်ပင်ပန်းရတာ မနိုင်ဝန်ထမ်းနေမိတာမျိုးလေးတွေရှိနေမယ်။အလုပ်ရော ပညာရေးကော မလွတ်ချင်တဲ့သူလေးတွေတွက် ပိုပင်ပန်းရတာမျိုးလေးတွေဖြစ်နိုင်ပါတယ်။
🤎ချစ်သူရည်းစားမရှိသေးသူတွေ ကိုယ်နဲ့ စိတ်တူကိုယ်တူ အပေးအယူမျှတဲ့ ဆက်ဆံရေးလေးတွေရှိလာနိုင်ပါတယ်
🤎ကိုယ့်ကို ရန်လိုသူတွေ အတိုက်အခံလေးတွေ ရှိသော်ငြား သတိတရားအပြည့်နဲ့
ကိုယ့်စိတ်နှလုံးရော ကိုယ်ကိုပါ စောင့်ရှောက်နေနိုင်တဲ့ အနေအထားလေးပါရှင့်🍀🤎💞






💗💗💗
11/06/2026

💗💗💗

11/06/2026

ခုချိန်မှာ မင်းကြားဖို့ လိုနေတဲ့ message 🔮

ဒီ message ကို ကြားဖို့ မြင်ဖို့ လိုအပ်တဲ့သူတွေဆီရောက်ပါ‌စေ💞



11/06/2026

daily message 🔥





ဒီလိုလေးတွေ မြင်တော့reading လေးတွေ ဖန်တီးရကျိုးနပ်တာပေါ့ရှင်။fb pageကရော ttက followerလေးတွေရော တစ်ယောက်မကျန် ကိုယ်ရောစိတ...
10/06/2026

ဒီလိုလေးတွေ မြင်တော့
reading လေးတွေ ဖန်တီးရကျိုးနပ်တာပေါ့ရှင်။fb pageကရော ttက followerလေးတွေရော တစ်ယောက်မကျန် ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းပါ‌ေစ။မရှိမစကားမကြားရတဲ့ ဘဝမျိုးတွေရပါစေ။ ကိုယ်က မေတ္တာတွေပေးရသလို တစ်ဖက်က ပေးလာတဲ့ မေတ္တာတွေကိုလည်း အားထား ကြည်ဖြူခံယူပါတယ်💞💞💞
နက်ဖန်ကျရင် အားလုံးကြားဖို့လိုနေတဲ့ message လေး လာပို့မယ်ရှင့်🤎

10/06/2026

Daily message





🤎6လလောက်ဆိုတော့ ပြန်ဆန်းစစ်ကြည့်ပါဦး😊
09/06/2026

🤎
6လလောက်ဆိုတော့ ပြန်ဆန်းစစ်ကြည့်ပါဦး😊

Water signsလေးတွေရဲ့ 2026
အချစ်ရေးကံကြမ္မာ
Cancer, Scorpio, Pisces

water signs လေးတွေရဲ့ ဘဝထဲကို လူသစ်တွေဝင်လာဖို့ရှိပါတယ်။ကိုယ်မှ ကိုယ် ချစ်ခင်တွယ်တာတဲ့သူတွေ ဘဝထဲကို ဝင်လာဖို့ရှိပါတယ်။ဒါပေမဲ့ ကိုယ်တိုင်က ဘဝရည်မှန်းချက်တွေကို အာရုံပိုစိုက်နေဖြစ်ပါမယ်။

အသစ်အသစ်သောပညာရပ်တွေကို ရှာဖွေဆည်းပူးဖြစ်မှာဖြစ်ပြီတော့တစ်နှစ်တာလုံး positive vibe လေးနဲ့ အသိပညာတွေကို စီးဝင်လာစေမှာဖြစ်ပါတယ်။

သမီးရည်းစားဆက်ဆံရေးမျိုးမဟုတ်ဘဲ ကိုယ့်အပေါ်နွေးထွေးတဲ့ မေတ္တာတွေနဲ့ ဆက်ဆံပေးတဲ့သူ လမ်းပြပေးတဲ့သူတွေ နဲ့ ဆုံရနိုင်ပါတယ်။အချစ်ရေးမှာတော့ ကိုယ်နဲ့ဆုံမဲ့သူက smart ကျကျ ဝတ်စားတတ်ပြီး ပျော်ပျော်နေတတ်တဲ့သူဖြစ်ပါမယ်။ ခရီးတွေထွက်ရင်းဆုံနိုင်သလို သူ့ရဲ့လွတ်လပ်ပေါ့ပါးတဲ့ type လေးကို သဘောကျနေမိမှာပါ။တချို့ဆိုရင် တောင်တန်းဒေသတွေမှာ ဖူးစာဖက်နဲ့ ဆုံတတ်ပါတယ်😊

water signs လေးတွေဟာဆိုရင် တစွတ်ထိုးဆန်တဲ့ ကိုယ့်ရဲ့စိတ်လေးကို ထိန်းညှိမယ်။ချစ်လာရင် အပြစ်မမြင် blind သွားတတ်တာလေးကို သတိထားမယ်။ကိုယ့်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို အာရုံထားမယ်ဆိုရင် 2026ဟာ အကန့်အသတ်မရှိအောင်မြင်ခြင်းနဲ့
အချစ်ခံရခြင်းတို့နဲ့ ပြည့်နှက်နေမှာမို့ သူတို့လေးတွေရဲ့နှစ်လို့တောင်ပြောလို့ပါတယ်🩵🩵🩵






,

Address

Bilin

Telephone

+959779600147

Website

Alerts

Be the first to know and let us send you an email when Mystic Mind Journey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mystic Mind Journey:

Share