Mystic Mind Journey

Mystic Mind Journey Spiritual path

အဟောင်းတွေဆိုတာ တစ်ပတ်ပြန်လည် ဆန်းသစ်တတ်တာမျိုး။ခုလည်း အတိတ်တွေကို ပြန်လှမ်းကြည့်တဲ့အခါမှ အဆန်းလေးတွေကိုဖြစ်လို့...တကယ်လ...
13/09/2026

အဟောင်းတွေဆိုတာ တစ်ပတ်ပြန်လည် ဆန်းသစ်တတ်တာမျိုး။
ခုလည်း အတိတ်တွေကို ပြန်လှမ်းကြည့်တဲ့အခါမှ အဆန်းလေးတွေကိုဖြစ်လို့...
တကယ်လည်း လွမ်းမောစရာကောင်းတာကိုး🩶💘
ဒါပေမဲ့လည်း ပုံလေးတွေနဲ့ပဲသွားပါ။လူနဲ့စိတ်က ပစ္စုပ္ပန်မှာပဲ တည့်တည့်နေပါ
ဘေဘီတို့😉
အတိတ်ဆိုတာ အတိတ်မှာပဲ ထားခဲ့တာ အကောင်းဆုံး🫶။

#ဒါလေးကတော့ 1950တဲ့ကွယ်။
80ဟုတ်တော့ဘူး

မကြာသေးခင်က ကတ်ဆွဲတိုင်း ခဏ ခဏကျတာက the world..The World ကတ်ကလေ အပြောင်းအလဲ တစ်ခုလို့လည်း ပြောလို့ရသလို journey တစ်ခုပြီ...
09/09/2026

မကြာသေးခင်က ကတ်ဆွဲတိုင်း ခဏ ခဏကျတာက the world..The World ကတ်ကလေ အပြောင်းအလဲ တစ်ခုလို့လည်း ပြောလို့ရသလို journey တစ်ခုပြီး နောက်ထပ် journey တစ်ခုစတင်တာ။အတိတ်မှာ ကျရှုံးခဲ့တာ မဟုတ်ပေမဲ့ အဲ့အချိန်က သင်ခန်းစာတွေ အတွေ့အကြုံတွေကို အခြေခံယူပြီးရှေ့ကိုလည်း သတိဝီရိယနဲ့ကျော်ဖြတ်မှာလို့ မြင်တယ်။

ကိုယ်ကြိုးစားတည်ဆောက်ခဲ့တဲ့ အရာတိုင်းကို အဆုံးသတ်လားဆိုတဲ့ အတွေးက
ပူလောင်တတ်ပေမဲ့ timing ကိုလည်းယုံတယ်။ပိုက်ဆံရလည်း ပျော်တယ် မရလည်း
အဲ့အလုပ်လုပ်နေရရင် ကျေနပ်တယ်ဆို
ဒီအလုပ်ဟာ ကိုယ်ချစ်တဲ့အလုပ်နော်။ဒါမို့
တို့တစ်တွေက ကိုယ်ချစ်တဲ့ ဝါသနာပါတဲ့ အလုပ်တွေလုပ်ရဖို့ ကိုယ်မကြိုက်တဲ့ အလုပ်တွေကို လုပ်နေရတယ်ဆိုရင်လည်း
မလျော့ဖို့ပေါ့နော်။ဒါဟာ ကိုယ်က နောက်ဆိုရင် ချစ်တဲ့အလုပ်တွေလုပ်ရင်း ပျော်ပျော်ကြီး ဖြတ်သန်းရဖို့လို့ တွေးနော်....🤎

ကိုယ်ကတော့ ခုတလော သီချင်း စာ‌သားတစ်ကြောင်းကို အမြဲသတိရနေတယ်...
ကံပါသလောက် ချစ်ခဲ့ပြီးပြီပဲ🎼🎶🎵
💫🩶

07/09/2026

သူ ကိုယ့်ကို တကယ်ချစ်လား?.......
crush ဒါမှမဟုတ် ကိုယ့်ဆက်ဆံရေးက သံသယတွေများနေရတယ်ဆိုရင် ၊ဟိုမရောက် သည်မရောက်committmentမရသေးတာဆိုရင် ကြည့်သွားလို့ရပါတယ်။
collective reading မို့လို့ seriousမဖြစ်ပါနဲ့ရှင့် ။energyကိုက်သလောက်သာယူပါနော်🩵🩵🩵




ကျမတို့တစ်တွေကလေ လူကြီးဖြစ်လာတယ် အရွယ်‌ေရာက်လာကြတယ်ဆိုပေမဲ့ ကိုယ်တွေရဲ့ inner child လေးကိုတော့မသိမသာကုစားနေကြတယ်။တချို့က...
06/09/2026

ကျမတို့တစ်တွေကလေ လူကြီးဖြစ်လာတယ် အရွယ်‌ေရာက်လာကြတယ်ဆိုပေမဲ့ ကိုယ်တွေရဲ့ inner child လေးကိုတော့
မသိမသာကုစားနေကြတယ်။တချို့ကကျတော့ သိနေတယ် ဒါပေမဲ့ ဒီလိုအင်တွေနောက်ကို လိုက်နေမိတတ်ကြတယ်။

ကိုယ်ကကျတော့ ဘယ်လိုဖြစ်သလဲဆိုတော့ ငယ်ငယ်က ပညာနဲ့ပတ်သက်တဲ့ ကိုယ့်ရင်ထဲက မပြည့်ဝတဲ့ အရာတွေနောက်ကို လိုက်မိတယ်။ဖြစ်ချင်တာ တခြား ဖြစ်ခွင့်ရတာကတခြားတွေပေါ့နော် ။ဘယ်လိုဖြစ်ရလဲဆိုတော့ ကျမတို့ ငယ်ငယ်ကဆို ပညာသင်ချိန်တွေက ချို့တဲ့ရတဲ့ အချိန်တွေပေါ့နော်။အဲ့ဒီမှာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိသလို ကျောင်းတက်တော့လည်း အသက်မွေးတက္ကသိုလ်တွေ မီရဲ့သားနဲ့ မတက်ခဲ့ရတာမျိုးပေါ့။ ဒါတွေက သိပ်ပြောလေ့ မရှိဆို ဆယ်စုနှစ်ကျော်ခင်ခဲ့တဲ့ သူငယ်ချင်းတွေတောင် မသိခဲ့ကြဘူး။
ငါက .........ဖြစ်ချင်တာ သိလား ငါ့အမှတ်က ၄၀၀ကျော်ဆိုတော့မှ ဟင်..ဖြစ်တာ။ အဲ့လိုပဲ ကံက ချပေးတဲ့အလုပ်လေးလုပ်ရင်း ဘဝ တစ်ဆစ်ချိုးတော့ တားရော့ကတ်တွေကိုင်တယ်တဲ့။ဒီချိန်ထိ ကိုယ့်ကိုယ်ကိုယ်enoughဖြစ်တယ်လို့ မခံစားရဘူး။
ပညာရပ်တစ်ခုကို စလိုက်ပြီဆိုရင် ဆက်ပြီးလေ့လာရမှာတွေ၊ ပိုပြီး နက်နဲလာတာ လေ့လာဖို့ လိုအပ်တာတွေ ပိုမြင်လာတာလည်းဟုတ်တယ်။ဒါပေမဲ့လည်း ငါက နောက်ထပ်ဘာတွေ ထပ်လုပ်ဖို့လိုနေသေးလဲဆိုတဲ့ အတွေးတွေ ရပ်မရတာ။ ဒါက ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ရင် ကျမတို့ inner child က ဖြစ်ချင်တဲ့အရာတွေကို ကိုယ်လွတ်လပ်တဲ့ အရွယ်မှာ ပုံဖော်ချင်နေမိတာပဲဖြစ်တယ်။

အမတစ်ယောက်က ကျတော့ အဝတ်အစားနဲ့ပတ်သက်တာ ။သူပြောပြဖူးတာက သူငယ်ငယ်က အဝတ်အစားဆို အမျိုး မောင်နှမတွေနားက အကျပဲဝတ်ရတော့ ခု ဝယ်နိုင်သုံးနိုင်တဲ့ အရွယ်မှာ လတိုင်းဝယ်တယ်။တစ်ခုကို ကြိုက်ပြီဆို အရောင်စုံဝယ်တယ်။တအားဝယ်တာ အိမ်က တားလည်းမရဘူးပဲတဲ့။

တချို့ကျတော့ ထိန်းချုပ်ခံရတဲ့ မိသားစုက ပေါက်ဖွားတာ၊ စည်းကမ်းတင်းကျပ်တာ အပြင် မေတ္တာအပြည့်မရခဲ့တာမျိုး၊ပြီးတော့ ဒီလူတွေမှာ သူတို့ တန်ဖိုးထားရတဲ့ အရာတစ်ခုခု ဆုံးရှုံးခဲ့ဖူးရင် အဲ့စိတ်က ပိုအလုပ်လုပ်တယ် ။ကိုယ့် အနားက ကိုယ့်ကို ချစ်တယ် လို့ ထင်တဲ့ သူတွေ မေတ္တာပေးနေတဲ့သူတွေကို အရမ်းကိုမှ ထိန်းချုပ်ချင်တယ် possessiveness ပြင်းထန်ပြီး တစ်ဖက်ရဲ့ စိတ်အာရုံကို ကိုယ်ကပဲ ပိုင်ရချင်တယ်။ ဒီလိုနဲ့ ဆက်ဆံရေးတွေမှာ မတင်းမာသင့်ဘဲ တင်းမာရတယ်ဆိုတာတွေဖြစ်လာတယ်။ လူရယ်လို့ဖြစ်လာရင် တစ်ဖက်သားကို နားလည်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့က အရေးကြီးတယ်တဲ့။ ကိုယ့်ရဲ့ inner child က တောင်းတနေတာတွေကို ဖြည့်နေမိတာလား ၊ကိုယ့်ရဲ့ shadow တွေကိုမမြင်မိတာလား ဒါလေးတွေကို အချိန်ယူပြီး တွေးတော ချိန်ညှိတတ်မယ်ဆိုရင် ကိုယ့်ရဲ့ စိတ်‌နှလုံးလည်းပဲ သက်သာမယ်။ကိုယ်ရော ကိုယ့်အနီးအနားကလူတွေတွက်ရော အနာ အဆာ သက်သာလိမ့်မယ်လို့ထင်တယ်။
ဒီလိုလေး ကိုယ့်ကိုယ်ကိုယ် ပြန်မြင်တဲ့သူလေးတွေရှိလား...?
မှန်ကန်မျှတတဲ့ နည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကုစားထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။တားရော့မေးရင်း ရင်ဖွင့်ချင်တာပဲဖြစ်ဖြစ်၊ ရင်ဖွင့်ပြောထားချင်တာပဲဖြစ်ဖြစ် လွတ်လပ်စွာ ပို့ထားလို့ရပါတယ်။
Good night ပါရှင့်🩵🩵🩵

06/09/2026

💛💛💛






04/09/2026

September blessings
03/09/2026

September blessings



အကန့်အသတ်မရှိမေးခွန်း package အတွက်voice message နဲ့ဆို( 30   မိနစ်အတွင်း)...11000 mmk/Thai baht...100 bPh call reading ...
02/09/2026

အကန့်အသတ်မရှိမေးခွန်း package အတွက်
voice message နဲ့ဆို( 30 မိနစ်အတွင်း)...11000 mmk/Thai baht...100 b
Ph call reading က ပုံထဲက နှုန်း အတိုင်းဖြစ်ပါတယ်🤎

🌻ကြာသပတေး သားသမီးများ အတွက် စက်တင်ဘာလ တစ်လတာ အဟောကြာသပတေး သားသမီးတွေဟာ လူမှုရေးမှာ အလုပ်စီးပွားနဲ့ ပတ်သက်ပြီး မိတ်ဆွေ သစ...
01/09/2026

🌻ကြာသပတေး သားသမီးများ အတွက် စက်တင်ဘာလ တစ်လတာ အဟော

ကြာသပတေး သားသမီးတွေဟာ လူမှုရေးမှာ အလုပ်စီးပွားနဲ့ ပတ်သက်ပြီး မိတ်ဆွေ သစ်ရတတ်ပါတယ်။ဒီလထဲ ကိုယ့်ကို စောင့်ကြည့်ဝန်းရံသူတွေပေါပါလိမ့်မယ်။

စီးပွားရေး အနေနဲ့ ကိုယ်လုပ်‌‌ေဆာင်သမျှ အရာထင်မဲ့လလို့ပြောလို့ရပါတယ်။ပုလဲ၊ရေထွက်ပစ္စည်းနဲ့ အဖျော်ယမကာလုပ်ငန်းတွေက အကျိုးအမြတ်ခံစားရနိုင်ပါတယ်။

အချစ်ရေးတွက်ဆိုရင် single လေးတွေမှာ အရာရာ စိတ်သစ်လူသစ်နဲ့ စတင်ဖြစ်ပြီး ကိုယ့်ကို ဖွင့်ဟချစ်ရေးဆိုမဲ့သူ ရောက်လာနိုင်ပါတယ်။ချစ်သူရည်းစားတွေကြား ဆွဲ‌ေဆာင်မှုတိုးနေမဲ့ ကာလမျိုးဖြစ်ပါတယ်။
အိမ်ထောင်ရေးမှာတော့ စိတ်သောက ရောက်စရာလေးတွေရှိပြီး စိတ်ပိုင်းဆိုင်ရာကို အထူးဂရုစိုက်ပေးရပါမယ်။

ပညာရေးတွက်က အောင်ပွဲခံနိမိတ်ဖြစ်တာမို့ကိုယ်ကြိုးစားထားသမျှ စာမေးပွဲ ရလဒ်တွေ စိတ်ကျေနပ်ရမယ်။ပညာရပ်အသစ်တွေ သင်လည်း အကျိုးပေး အောင်မြင်နိုင်မဲ့လ လို့ပြောလို့ရပါတယ်ရှင့်။

ကျန်းမာရေးမှာ မျက်စိညောင်းညာတာ၊လက်တွေ ထုံကျဉ်တတ်တာလောက်ကလွဲရင် ကျန်းမာရေးမကောင်းဖြစ်ခဲ့ရင် ပြန်ကောင်းလာမဲ့ ကာလပဲဖြစ်ပါတယ်။

💫ဒီကာလမှာ သတိထားရမှာက ကိုယ့်ရဲ့ ဉာဏ်ပညာနဲ့ ယှဉ်ပြီး ပြောဆိုလုပ်ကိုင်ခြင်းက အရာရာအောင်မြင်နိုင်တာမို့ စကားအရာမှာ ရှင်းလင်း ပြတ်သားစွာပြောဆိုလုပ်ကိုင်ပါရှင့်။
ကြာသပတေး သားသမီးများ စက်တင်ဘာလတစ်လတာကို အောင်မြင်ပျော်ရွှင်စွာ ဖြတ်ကျော်နိုင်ကြပါစေ🍀🍀
🍀
One month reading ကို စီးပွားရေး၊လူမှုရေး၊အချစ်ရေး စုံစုံလင်လင် သိချင်ရင်
September one month reading...9999mmkနဲ့ အဟော လာယူနိုင်ပါပြီ




Address

Bilin

Telephone

+959779600147

Website

Alerts

Be the first to know and let us send you an email when Mystic Mind Journey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mystic Mind Journey:

Shortcuts

Share