Fertina Myanmar

Fertina Myanmar Fertina for both healthy, happy, pretty Mun & Baby.

မိခင်မှာ အသည်းရောင် အသားဝါ B ပိုးရှိရင် ကလေးကို ကူးစက်နိုင်လား? မိခင်မှာ အသည်းရောင် အသားဝါ B ပိုးရှိရင် ကလေး ကို ကူးစက်န...
22/05/2026

မိခင်မှာ အသည်းရောင် အသားဝါ B ပိုးရှိရင် ကလေးကို ကူးစက်နိုင်လား?

မိခင်မှာ အသည်းရောင် အသားဝါ B ပိုးရှိရင် ကလေး ကို ကူးစက်နိုင်ပါတယ်။ ဆေးပညာအရ ဒါကို Vertical Transmission (မိခင်မှ တဆင့် ကလေးသို့ ကူးစက်ခြင်း) လို့ ခေါ်ပါတယ်။

ဘယ်လို နည်းလမ်းတွေက တဆင့် ကူးစက်နိုင်သလဲ?
အဓိက ကူးစက်နိုင်တဲ့ နည်းလမ်း (၃) မျိုး ရှိပါတယ်

၁။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ကူးစက်ခြင်း (In Utero)
မိခင်ရဲ့ သွေးထဲမှာ ရှိနေတဲ့ ပိုးဟာ အချင်း (Placenta) ကို ဖြတ်ပြီး ကလေးဆီ ရောက်သွားတာမျိုးပါ။

၂။ မွေးဖွားနေစဉ်အတွင်း ကူးစက်ခြင်း (During Delivery)
ကလေးမွေးဖွားဖို့ လမ်းကြောင်းတလျှောက် ဖြတ်သန်းစဉ် မှာ မိခင်ရဲ့ သွေး ဒါမှမဟုတ် မွေးလမ်းကြောင်း က ထွက်တဲ့ အရည်တွေနဲ့ ထိတွေ့ပြီး ကူးစက်တာမျိုးပါ။

၃။ ကလေးမွေးပြီး နို့တိုက်ကျွေးချိန်မှာ ကူးစက်ခြင်း
မိခင်နို့ရည်ကတစ်ဆင့် ပိုးကူးစက်တာမျိုး ဖြစ်ပါတယ်။ဒါပေမယ့် နို့တိုက်တာ ကနေ ကူးစက်နိုင်ခြေ အလွန်နည်းပါတယ်။

အသည်းရောင် အသားဝါ B ပိုးရှိရင် သဘာဝ အတိုင်း မွေးလမ်းကြောင်းက မွေးလို့ရလား (သို့) ခွဲစိတ်မွေးရမလား?
B ပိုး အတွက် ကြောင့်ချည်းတော့ ခွဲစိတ်မွေးဖွားဖို့ မလိုအပ်ပါဘူး။
သဘာဝ အတိုင်း မွေးလမ်းကြောင်းက မွေးလို့ ရပါတယ်။

နို့ရည်ကနေတဆင့် ကူးနိုင်တယ်ဆို နို့တိုက်လို့ရော ဖြစ်နိုင်ပါ့မလား?
ကာကွယ်တယ့် နည်းလမ်းလေးတွေ နဲ့ဆို စိတ်ချ လက်ချ မိခင်နို့ တိုက်ကျွေး လို့ရပါတယ်။

ကလေး ကို မကူးအောင် ကာကွယ်လို့ရသလား?
မိခင်မှာ ရောဂါပိုး ရှိနေရင်တောင် ကလေးဆီ မကူးအောင် ကြိုတင်ကာကွယ်လို့ ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။
✨ပထမဆုံး အနေနဲ့ ကိုယ့်မှာ ပိုးရှိကြောင်း စောစောစီးစီး သိရှိဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ်ဝန်အပ်တဲ့အချိန်မှာ သွေးစစ်ပြီး မိခင်မှာ ဘာပိုးတွေ ရှိနေလဲဆိုတာ အရင်ဆုံး စစ်ဆေးရပါမယ်။ကလေးကို ကာကွယ်ဖို့အတွက် စစ်ဆေးရတာ မျိုးပေါ့။
✨မိခင်မှာ ပိုးရှိနေရင် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဗိုင်းရပ်စ် ထိန်းချုပ်ဆေး (eg: Tenofovir Dx ) တွေ သောက်သုံးခြင်းဖြင့် ကလေးဆီ ကူးနိုင်ခြေကို အဆပေါင်းများစွာ လျှော့ချနိုင်ပါတယ်။
✨ကာကွယ်ဆေး - ကလေးမွေးမွေးချင်းမှာ အသည်းရောင်ဘီ ကာကွယ်ဆေးနဲ့ Antibody (HBIG) ထိုးပေးတာက ကူးစက်မှုကို တားဆီးနိုင်ပါတယ်။

ထပ်ပြီးသိလိုတာတွေကို cb ( သို့ ) comment ကနေတဆင့် မေးမြန်းနိုင်ပါတယ်။

By: Dr. Fertina
#မေမေ့ရဲ့ ပထမဆုံးလက်ဆောင်မွန်




မွေးဖွားပြီး မိခင်တွေမှာ စိတ်ကျန်းမားရေး အနေနဲ့ အရေးပေါ် အခြေအနေ တစ်ခုဖြစ်တယ့် postpartum psychosis အကြောင်း  ပြောပြပေးသ...
20/05/2026

မွေးဖွားပြီး မိခင်တွေမှာ စိတ်ကျန်းမားရေး အနေနဲ့ အရေးပေါ် အခြေအနေ တစ်ခုဖြစ်တယ့် postpartum psychosis အကြောင်း ပြောပြပေးသွားပါမယ်။

Postpartum Psychosis ( စိတ်
ဖေါက်ပြားခြင်း) ဆိုတာ ကလေးမွေးဖွားပြီးနောက်ပိုင်း မိခင်တွေမှာ ဖြစ်ပွားနိုင်တဲ့ အပြင်းထန်ဆုံးနဲ့ အရေးအကြီးဆုံး စိတ်ကျန်းမာရေး အခြေအနေတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအခြေအနေ ကတော့ "Baby Blues" ဒါမှမဟုတ် "Postpartum Depression" တို့ထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်ပြီး အရေးပေါ် ဆေးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေဘဲ ဖြစ်ပါတယ်။

၁။ ဘယ်အချိန်မှာ ဖြစ်တတ်သလဲ?
များသောအားဖြင့် ကလေးမွေးဖွားပြီး ပထမ (၂) ပတ်အတွင်း မှာ ရုတ်တရက် စတင်ဖြစ်ပွားလေ့ ရှိပါတယ်။ တစ်ခါတစ်ရံ မွေးပြီး နာရီပိုင်းအတွင်းမှာတောင် လက္ခဏာတွေ ပြတတ်ပါတယ်။

၂။ ဘယ်လိုတွေ ခံစားလာရမလဲ?
မိခင်ဟာ လက်တွေ့လောကနဲ့ အဆက်အသွယ် ပြတ်တောက်သွားသလို ခံစားရပြီး
‼️Hallucinations (အာရုံမှားခြင်း): တကယ်မရှိတဲ့ အသံတွေကို ကြားနေရတာ (ဥပမာ - ကလေးကို တစ်ခုခုလုပ်ဖို့ ခိုင်းနေတဲ့ အသံများ)၊ တကယ်မရှိတာတွေကို မြင်နေရတာ။
‼️Delusions (အထင်မှားခြင်း): ခိုင်လုံတဲ့ အထောက်အထားမရှိဘဲ တစ်ခုခုကို အစွဲအလမ်းကြီး ယုံကြည်နေခြင်း (ဥပမာ - မိမိကလေးဟာ နတ်ဘုရား ဖြစ်နေတယ်လို့ ယုံကြည်တာ ဒါမှမဟုတ် တစ်ယောက်ယောက်က ကလေးကို ရန်ပြုတော့မယ်လို့ ထင်နေတာ)။
‼️စိတ်အခြေအနေ ပြင်းထန်စွာ ပြောင်းလဲခြင်း: အလွန်အမင်း တက်ကြွလွန်းနေတာ၊ ဒါမှမဟုတ် အလွန်အမင်း စိတ်ဓာတ်ကျနေတာ။
‼️ ဇဝေဇဝါဖြစ်ခြင်း (Confusion): ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် စိတ်ရှုပ်ထွေးနေတာ ။
‼️အိပ်မပျော်ခြင်း: ပင်ပန်းနေပေမယ့်လည်း လုံးဝ အိပ်မပျော်တော့တာ ။
ဒီလို အခြေအနေ တွေက ကိုယ်တိုင် သိရှိတာထပ် အနားမှာ ရှိတယ့် သူတွေကဘဲ သတိထားမိတတ်ကြတာဘဲ ဖြစ်ပါတယိ။

၃။ ဘယ်သူတွေမှာ ပိုဖြစ်နိုင်ခြေ ရှိသလဲ?
💭နဂိုတည်းက Bipolar Disorder (စိတ်ကြွစိတ်ကျရောဂါ) ခံစားခဲ့ဖူးတဲ့ သူတွေ
💭မိသားစုဝင်ထဲမှာ Postpartum Psychosis ဖြစ်ဖူးတဲ့ ရာဇဝင်ရှိတာ
💭ယခင် ကလေးမွေးတုန်းကလဲ ခုလိုမျိုး ဖြစ်ဖူးတဲ့သူ
💭ဒါပေမယ့်လည်း ကြိုတင်လက္ခဏာမရှိဘဲ ပထမဆုံးအကြိမ် ကလေးမွေးတယ့် မိခင်များတွေမှာလည်း ဖြစ်တတ်ကြပါတယ်။

၄။ ဘာကြောင့် အရေးကြီးသလဲ?
ဒီအခြေအနေ က Medical Emergency (အရေးပေါ် အခြေအနေ) ဘဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်မိခင်ဟာ စိတ်အခြေအနေ မမှန်တဲ့အတွက် မိမိကိုယ်ကိုယ်သော်လည်းကောင်း၊ ကလေးကိုသော်လည်းကောင်း အန္တရာယ်ပြုမိနိုင်တဲ့ အခြေအနေ ရှိလို့ဘဲ ဖြစ်ပါတယ်။

၅။ ကုသလို့ရသလား?
Postpartum Psychosis ဟာ ဆေးကုသမှု ခံယူရင် အပြည့်အဝ ပြန်လည်ကောင်းမွန်နိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။
🏥ဆေးရုံတက်ကုသခြင်း: မိခင်ရော ကလေးပါ ဘေးကင်းစေဖို့ စိတ်ကျန်းမာရေး အထူးကုဆေးရုံ (သို့မဟုတ်) မိခင်နှင့်ကလေး စိတ်ကျန်းမာရေးဌာနတွင် တက်ရောက် ကုသရပါမယ်။

အကယ်၍ မိခင်တစ်ယောက်ဟာ ကလေးမွေးပြီးနောက် အပေါ်က ပြောထားသလို ထူးထူးခြားခြား စကားတွေ ပြောလာတာ၊ အပြုအမူတွေ ပြောင်းလဲလာတာ တွေ့ရင် "ဘာမှမဟုတ်ပါဘူး၊ ခဏနေ ကောင်းသွားမှာပါ" လို့ သတ်မှတ်ပြီး အချိန်မဆွဲဘဲ နီးစပ်ရာ စိတ်ကျန်းမာရေး ဆရာဝန် နဲ့ အမြန်ဆုံးပြသပြီး ဆေးရုံတက်ရောက်ကုသဖို့ လိုအပ်ပါတယ်။

ထပ်ပြီးသိလိုတာတွေ ကို Dr Fertina ကို cb ( သို့ ) comment ကနေတဆင့် မေးမြန်းနိုင်ပါတယ်။

By: Dr. Fertina
#မေမေ့ရဲ့ ပထမဆုံးလက်ဆောင်မွန်




မွေးဖွားပြီးခါစ မှာ မိခင်အများစု ခံစားရလေ့ရှိတယ့် စိတ်ကျန်းမာရေး အကြောင်း ပြောပြသွားပါမယ်မွေးဖွားပြီးစမိခင်တွေမှာ  Postn...
20/05/2026

မွေးဖွားပြီးခါစ မှာ မိခင်အများစု ခံစားရလေ့ရှိတယ့် စိတ်ကျန်းမာရေး အကြောင်း ပြောပြသွားပါမယ်

မွေးဖွားပြီးစမိခင်တွေမှာ Postnatal Blues (Baby Blues) နှင့် Postnatal Depression (PND) တို့ခံစားရတတ်ပါတယ်။ အဲ့လို ခံစားနေရတာက များသောအားဖြင့် ပုံမှန်ဘဲ ပြီး အိမ်သားတွေ အနေ နဲ့ ဖေးဖေးမမ ကူညီ စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။

Baby blue နဲ့ postnatal depression တွေက ဆင်တူသယောင်ရှိပေမယ့် လည်း ပြင်းထန်တာ နှင့် ကုသပုံ တွေကွာခြားပါတယ်။

ဘယ်အချိန်မှာ စပြီးခံစားရလဲ?
💭Postnatal Blues ကတော့ များသောအားဖြင့် ကလေးမွေးပြီး (၃) ရက်မှ (၅) ရက် အတွင်း စတင်ခံစားရတတ်ပါသည်။ ခဏဘဲ ခံစားရလေ့ရှိပြီး ကလေးမွေးပြီး (၁၀) ရက်မှ (၁၄) ရက် အတွင်း အလိုအလျောက် ပြန်လည်
ကောင်းသွားလေ့ရှိပါတယ်။
💭Postnatal Depression ကတော့ များသောအားဖြင့် ကလေးမွေးပြီး (၄) ပတ်မှ (၆) ပတ် အတွင်း စတင်ခံစားရလေ့ ရှိပြီး ကလေးမွေးပြီး ပထမ (၁) နှစ်ပတ်လုံး အချိန်မရွေးခံစားရနိုင်ပါတယ်။ အချို့မိခင် တွေမှာ (၂) ပတ်ထက်ကျော်လွန်ပြီး ဆက်တိုက်ခံစားနေရတတ်သည်။

🌻၅၀-၈၀% သော မိခင်တွေမှာ post natal blue ခံစားရတတ်ပါတယ်။ ဒါကြောင့် postnatal blue ဆိုတာ မိခင်အတော်များများ မွေးဖွါးပြီး ချိန်မှာခံစားရတတ်တယ်လို့ မှတ်ယူရမှာဖြစ်ပြီး မိမိ ကိုယ်ကို အပစ်မတင်သင့်ပါဘူးနော်🌷

🌻၁၀-၁၅% သော မိခင်တွေမှာတော့ postnatal depression ခံစားရတတ်ပါတယ်။ Postnatal depression ဖြစ်လာပြီ ဆိုရင် ကုသမှုခံယူဖို့ လိုအပ်လာပြီဘဲဖြစ်ပါတယ်။

‼️ဖြစ်ရတယ့် အကြောင်းရင်းတွေကတော့ အကြောင်းရင်းတစ်ခုတည်းကြောင့်မဟုတ်ဘဲ အချက်ပေါင်းများစွာ ပေါင်းစပ်ပြီး ဖြစ်လာတာဘဲ ဖြစ်ပါတယ်။
💎Biological Factors: မွေးဖွားပြီးနောက်မှာ Estrogen နှင့် Progesterone ဟော်မုန်းများ ရုတ်တရက် ထိုးဆင်းသွားခြင်း၊ သိုင်းရွိုက် (Thyroid) ဟော်မုန်း မူမမှန်ခြင်း။
💎Psychological Factors: နဂိုတည်း က စိတ်ကျရောဂါ အခံရှိဖူးတာ၊ ကိုယ်ဝန်ဆောင်စဉ်က စိတ်ပူပန်မှုများတာ။
💎Social Factors: ခင်ပွန်း သို့မဟုတ် မိသားစုထံကနေ ကူညီပံ့ပိုးမှု (Social Support) မရတာ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ စီးပွားရေးအခက်အခဲ သို့မဟုတ် ဘဝမှာ စိတ်ဖိစီးစရာ အပြောင်းအလဲကြီးများ ကြုံတွေ့ခဲ့ရတာတွေ ။
💎Physical Factors: ကလေးပြုစုဖို့အတွက် အိပ်ရေးပျက်တာ နှင့် ပင်ပန်းနွမ်းနယ်တာ။ စတယ့် အကြောင်းရင်းတွေကြောင့်ဘဲ ဖြစ်ပါတယ်။
🥚ကုသမှုနှင့် စောင့်ရှောက်မှု နည်းလမ်းများ
ကုသမှုတွေကတော့ ခံစားရတယ့် ပြင်းထန်မှု ပေါ်မှာ မူတည်ပါသည်။
Postnatal Blues ခံစားနေရလျှင်
ယခု လတ်တလောခံစားနေရတာက မွေးဖွားပြီးနောက် ဖြစ်လေ့ဖြစ်ထရှိသော အခြေအနေဖြစ်ပြီး အားပေးမှုပေးဖို့ဘဲ လိုအပ်ပါတယ်။အဓိက အနေနဲ့ မိသားစုဝင်တွေ က ကလေးဝိုင်းကူထိန်းပေးတာက မိခင်ကို အနားရစေပြီး စိုးရိမ်ပူပန်မှုတွေကို လျော့ချပေးနိုင်မှာဘဲဖြစ်ပါတယ်။

Postnatal Depression ခံစားရရင်တော့
1. မဆိုးလှတယ့် အခြေအနေ ( mild to moderate )
✨Self-help: ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း၊ မိခင်များအချင်းချင်း ခံစားချက်ချင်းဖလယ်စကားပြောခြင်း။
✨စိတ်ကုထုံး : Talking therapies ဟုခေါ်သော CBT (Cognitive Behavioural Therapy) သို့မဟုတ် IPT (Interpersonal Psychotherapy) တို့နှင့်ကုသလို့ရပါတယ်။
2. ပြင်းထန်အခြေအနေ ( moderate to severe )
✨စိတ်ကျဆေး(Antidepressants)တွေ နဲ့ ကုသမှု လိုအပ်ပါတယ် ။နို့တိုက်မိခင်တွေ အတွက် ဘေးကင်းမှုအရှိဆုံးဖြစ်တယ့် Sertraline သို့မဟုတ် Paroxetine တို့လို ဆေးမျိုးကို ညွှန်ကြားလေ့ရှိပါတယ်။
‼️အရေးအကြီးဆုံးကတော့ စိတ်ဓာတ်ကျတာ အလွန်အမင်း ပြင်းထန်လာတာ၊ ဒါမှ မဟုတ် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပြုလိုတာ၊ ကလေးကို ပါ အန္တရာယ်ပြုလိုတယ့် ခံစားချက်တွေ ဖြစ်လာရင်တော့ စိတ်ကျန်းမာရေးဆရာဝန် နှင့် အမြန်ဆုံးသွားရောက်ပြသပြီး ကုသမှုခံယူရမှာဘဲဖြစ်ပါတယ်။
သိလိုတာတွေကို Dr Fertina အား cb (သို့) comment ကနေ တဆင့်မေးမြန်းလို့ရပါတယ်။

By: Dr. Fertina
#မေမေ့ရဲ့ ပထမဆုံးလက်ဆောင်မွန်




ကိုယ်ဝန်ဆောင်ချိန်မှာ လက်တွေ ထုံကျဉ်တာ ပုံမှန်ဘဲလား???ကိုယ်ဝန်ဆောင်ချိန်မှာ လက်တွေ ထုံကျဉ်တာ ဟာ အဖြစ်များတဲ့ လက္ခဏာတစ်ခု...
19/05/2026

ကိုယ်ဝန်ဆောင်ချိန်မှာ လက်တွေ ထုံကျဉ်တာ ပုံမှန်ဘဲလား???

ကိုယ်ဝန်ဆောင်ချိန်မှာ လက်တွေ ထုံကျဉ်တာ ဟာ အဖြစ်များတဲ့ လက္ခဏာတစ်ခုဘဲ ဖြစ်ပါတယ်

‼️ဘာကြောင့်ဖြစ်ရသလဲ???
၁။ ခန္ဓာကိုယ်အတွင်း အရည်စုဆောင်းမှု များလာခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က အရည်နဲ့ သွေးပမာဏကို ပုံမှန်ထက် ပိုမိုထုတ်လုပ်ပါတယ်။ ဒီလို အရည်တွေ အန္ဓာကိုယ်ထဲ စုဆောင်းလာတဲ့အခါ အထူးသဖြင့် လက်ကောက်ဝတ်နေရာမှာ ဖောရောင်တာတွေ ဖြစ်လာတာ တစ်ကြောင်း
၂။ Carpal Tunnel Syndrome (လက်ကောက်ဝတ် အာရုံကြောပိတ်ခြင်း)
ဒါက ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်အများဆုံး အကြောင်းရင်းပါ။ လက်ကောက်ဝတ်မှာရှိတဲ့ Median Nerve လို့ခေါ်တဲ့ အာရုံကြောမကြီးဟာ ဖောရောင်မှုတွေကြောင့် ဖိမိသွားတဲ့အခါ လက်ချောင်းလေးတွေ (အထူးသဖြင့် လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်) မှာ ထုံတာ၊ ကျဉ်တာနဲ့ အပ်နဲ့ထိုးသလို ခံစားရတာမျိုး ဖြစ်တတ်ပါတယ်။
၃။ အိပ်စက်ပုံ အနေအထား
ကိုယ်ဝန်ရင့်လာတဲ့အခါ အိပ်ရတာ အဆင်မပြေတာကြောင့် လက်ကို ဖိအိပ်မိတာ ဒါမှမဟုတ် လက်ကောက်ဝတ်ကို ခေါက်ပြီး အိပ်မိတာမျိုးတွေကြောင့်လည်း မနက်နိုးတဲ့အခါ ပိုထုံနေတတ်ပါတယ်။
၄။ ဟော်မုန်းအပြောင်းအလဲ
ကိုယ်ဝန်ဆောင်ဟော်မုန်း (ဥပမာ - Relaxin) တွေကြောင့် ခန္ဓာကိုယ်က အရွတ်တွေ လျော့ရဲလာပြီး အာရုံကြောတွေအပေါ် ဖိအားသက်ရောက်မှု ပိုရှိလာစေပါတယ်။

🌻သက်သာအောင်ဘယ်လို လုပ်လို့ရလဲ?
၁။ လက်ကောက်ဝတ်ကို အတည့်ထားပါ: အလုပ်လုပ်တဲ့အခါ ဒါမှမဟုတ် အိပ်တဲ့အခါ လက်ကောက်ဝတ်ကို အရမ်းမကွေးပါနဲ့။ လိုအပ်ရင် လက်ကောက်ဝတ် အစွတ် (Wrist Splint) ပတ်ထားလို့ ရပါတယ်။
၂။ လေ့ကျင့်ခန်းလုပ်ပါ: လက်ချောင်းလေးတွေကို ဖြန့်လိုက်၊ ဆုပ်လိုက် လုပ်ပေးတာ၊ လက်ကောက်ဝတ်ကို ဖြည်းဖြည်းချင်း ဝှေ့ယမ်းပေးတာမျိုးက သွေးလည်ပတ်မှုကို ကောင်းစေပြီး ထုံကျဉ်မှုကို သက်သာစေပါတယ်။
၃။ အပူအအေး မျှတအောင်နေပါ: အရမ်းအေးတဲ့အခါ ထုံတာ ပိုဆိုးတတ်တဲ့အတွက် လက်ကို နွေးနွေးထွေးထွေး ထားပါ။
၄။ အစားအသောက်: ဆားလျှော့စားတာက ခန္ဓာကိုယ်မှာ အရည်စုတာ (ဖောတာ) ကို သက်သာစေပါတယ်။ ဗီတာမင် B6 ကြွယ်ဝတဲ့ အစားအသောက်တွေကို စားပေးပါ။

စိုးရိမ်ဖို့ လိုသလား?
အများအားဖြင့်တော့ ဒီဝေဒနာဟာ ကလေးမွေးဖွားပြီးနောက်ပိုင်းမှာ သူ့အလိုလို ပြန်လည် သက်သာသွားလေ့ ရှိပါတယ်။

ဘယ်လို အခြေအနေ မှာ သတိထားပြီး ဆရာဝန်နှင့် ပြရမလဲ?
တကယ်လို့ လက်ထုံတာအပြင် မျက်နှာနဲ့ ခြေထောက်တွေပါ အလွန်အမင်း ရုတ်တရတ် ဖောရောင်လာတာ၊ ခေါင်းကိုက်တာ၊ အမြင်အာရုံ ဝေဝါးတာမျိုးပါ တွဲဖြစ်လာရင်တော့ သွေးပေါင် တက်
တယ့် လက္ခဏာ (Pre-eclampsia) ဖြစ်နိုင်တာမို့ နီးစပ်ရာ ဆရာဝန်နဲ့ ချက်ချင်း ပြသတိုင်ပင်သင့်ပါတယ်။

👩‍⚕️သိချင်တာ တွေကို Dr Fertina အား cb or comment ကနေတဆင့် မေးမြန်း နိုင်ပါတယ်ရှင့်

By: Dr. Fertina
#မေမေ့ရဲ့ ပထမဆုံးလက်ဆောင်မွန်




ဗိုက်ခွဲ မွေးထားတယ့် မိခင် တွေမှာ ခွဲစိတ်ခန်းက ထွက်ပြီး ဘယ်လို ပြုမူ နေထိုင်ရမလဲ ဆိုတာနဲ့ ပက်သတ်ပြီး ပြောပြပေးသွားပါမယ်။...
19/05/2026

ဗိုက်ခွဲ မွေးထားတယ့် မိခင် တွေမှာ ခွဲစိတ်ခန်းက ထွက်ပြီး ဘယ်လို ပြုမူ နေထိုင်ရမလဲ ဆိုတာနဲ့ ပက်သတ်ပြီး ပြောပြပေးသွားပါမယ်။

များသော အားဖြင့် ခွဲစိတ်ခန်းက ထွက်လာပြီး နောက်ပိုင်း လှုပ်ရှားရမှာ ကြောက်ကြတယ်။ အစား စားရမှာ ကြောက်တတ်ပါတယ်။ အဲ့ဒါကြောင့် ဘယ်အချိန်မှာ လှုပ်ရှားလို့ ရမယ်၊ ဘာစားလို့ ရမလဲ ဆိုတာ ပြောပြပေးပါမယ်။

ဗိုက်ခွဲမွေးထားတဲ့ မိခင်တစ်ယောက်အတွက် အနာကျက်မြန်စေဖို့နဲ့ နောက်ဆက်တွဲ ပြဿနာတွေ နည်းပါးစေဖို့ Enhanced Recovery After Surgery (ERAS) အစီအစဉ် အတိုင်း နေထိုင်လို့ရပါတယ်။
ဒါဟာ ခွဲစိတ်မှု မတိုင်ခင်၊ ခွဲစိတ်စဉ်နဲ့ ခွဲစိတ်ပြီးနောက်ပိုင်းမှာ မိခင်တွေ မြန်မြန်ဆန်ဆန် ပြန်လည်ကျန်းမာလာစေဖို့ စနစ်တကျ ရေးဆွဲထားတဲ့ ပရိုဂရမ
တစ်ခုဘဲ ဖြစ်ပါတယ်။

ဒါဆို ERAS ရဲ့ အဓိက ရည်ရွယ်ချက်
တွေက ဘာတွေလဲ?
🌷ဆေးရုံတက်ရသည့် ရက်တိုစေရန်။
🌷ခွဲစိတ်ပြီးနောက်ပိုင်း နာကျင်မှုကို ထိရောက်စွာ ထိန်းချုပ်ရန်။
🌷အူလှုပ်ရှားမှု မြန်မြန်ပြန်ကောင်းလာစေရန်။
🌷သွေးကြောပိတ်ခြင်း (DVT) ကဲ့သို့သော နောက်ဆက်တွဲဆိုးကျိုးများမှ ကာကွယ်ရန် ဘဲ ဖြစ်ပါတယ်။

🛌ခွဲစိတ်ပြီး ၂၄ နာရီအတွင်း မှာ ဘာတွေ စလုပ်လို့ရပြီလဲ?

🏃လှုပ်လှုပ်ရှားရှားနေခြင်း (Early Mobilization): ခွဲစိတ်ပြီး (၆) နာရီကနေ (၁၂) နာရီအတွင်းမှာတင် အကူအညီနဲ့ အိပ်ရာပေါ်မှာ ထိုင်တာ၊ ခြေထောက်ချတာမျိုး စလုပ်သင့်ပါတယ်။ နောက်တစ်နေ့မှာ လမ်းဖြည်းဖြည်းချင်း စလျှောက်တာ တွေ က သွေးလည်ပတ်မှုကောင်းစေပြီး အနာကျက်မြန်စေပါတယ်။
🥪အစားအစာ (Early Feeding): ခွဲစိတ်ပြီး (၂) နာရီဝန်းကျင်မှာ ရေစသောက်လို့ရပါပြီ။ အူလှုပ်ရှားမှုရှိလာတာနဲ့အမျှ အစာပျော့ပျော့ လေး အရင်စားရာကနေ မအန်ရင် ပုံမှန်ထမင်းအထိ မြန်မြန်စားပေးတာ က အစာအိမ်နဲ့ အူလမ်းကြောင်းကို ပြန်လည်အလုပ်လုပ်စေပါတယ်။
🍀နာကျင်မှု ထိန်းချုပ်ခြင်း: ဆရာဝန်ညွှန်ကြားတဲ့ အကိုက်အခဲပျောက်ဆေးတွေကို အချိန်မှန်
သောက်ပါ။ အနာက အရမ်းနာနေမှ သောက်တာထက် အချိန်မှန်သောက်ပေးတာ က လှုပ်ရှားသွားလာရတာ ပိုလွယ်ကူစေပါတယ်။
🚽ခွဲစိတ်စဉ် ပြသနာ မရှိခဲ့တယ်ါ ဆီးပိုက် ကိုလည်း အနည်းဆုံး ၁၂ နာရီ အကြာ မှာ စဖြုတ်လို့ ရပါပြီ။ ဆီးပိုက် စောစော ဖြုတ်ပေးတာက လှုပ်ရှားမှု တွေကို အထောက်အကူ ပေးပြီး ဆီးပိုးဝင်တာတွေကို လျော့ချပေးပါတယ်။

🏡အိမ်ပြန်ရောက်တဲ့အခါ ဆောင်ရန်/ရှောင်ရန် တွေက ဘာတွေဖြစ်မလဲ?
🧷အနာဂရုစိုက်ပေးပါ: ခွဲစိတ်ဒဏ်ရာကို ခြောက်သွေ့အောင် ထားပါ။ အနာဆေးထည့် ချိန်မှာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သန့်သန့်ရှင်းရှင်း ထားပေးပါ။
📦လေးလံသောအရာတွေ မ ‘မ’ ခြင်း: ကလေးထက် လေးတဲ့အရာတွေကို အနည်းဆုံး (၆) ပတ်
လောက်အထိ မ’မ’ပါနဲ့။
🍳အာဟာရ: ပရိုတင်းဓာတ် (အသား၊ ငါး၊ ဥ) နှင့် ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေကို စားပေးတာက အနာကျက် ရာမှာ ကူညီပေးပါတယ်။ ဝမ်းမချုပ်အောင် ရေများများသောက်ပြီး အမျှင်ဓာတ်ပါတာတွေ စားပေးပါ။
😴နားနေခြင်း: ကလေးအိပ်ချိန်မှာ မိခင်ပါ လိုက်အိပ်ပေးပါ။ ခွဲစိတ်မှုဟာ ခန္ဓာကိုယ်အတွက် အင်အားအများကြီး သုံးရတာကြောင့် အနားယူဖို့ အလွန်အရေးကြီးပါတယ်။
‼️ဘယ်လိုလက္ခဏာဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြရမလဲ?
ဒီလို လက္ခဏာတွေ ဖြစ်လာရင် ဆေးရုံကို ချက်ချင်းပြန်သွားသင့်ပါတယ်။
၁။ဗိုက်ခွဲဒဏ်ရာကနေ ပြည်ထွက်
တာ၊ သွေးထွက်တာ သို့မဟုတ် အနာဟလာတာ။
၂။အဖျားဝင်လာတာ။
၃။ဗိုက်က ပုံမှန်ထက် ပိုနာလာတာ။
၄။ခြေသလုံး တစ်ဖက်တည်း ရောင်လာတာ သို့မဟုတ် နာကျင်
တာ (ဒါဟာ သွေးကြောပိတ်တယ့်
လက္ခဏာဘဲ ဖြစ်ပါတယ်)။
၅။အသက်ရှူရ ခက်ခဲလာတာ။

🌝စိတ်ကျန်းမာရေး
ခွဲမွေးပြီးနောက်ပိုင်း ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်တိုတာ၊ ဝမ်းနည်းတာ (Baby Blues) ဖြစ်တတ်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ပေမဲ့ (၂) ပတ်ထက်ကျော်ပြီး စိတ်ဓာတ်အရမ်းကျနေရင်တော့ မိသားစုဝင်တွေ ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ERAS ပရိုဂရမ်ရဲ့ အဓိကသော့ချက်ကတော့ "မြန်မြန်လှုပ်ရှား၊ မြန်မြန်စား၊ နာကျင်မှုကို စနစ်တကျ ထိန်းချုပ်" ဖို့ပဲ ဖြစ်ပါတယ်။

ထပ်ပြီး သိလိုတာတွေကို Dr Fertina အား cb (or) comment ကတစ်ဆင့် မေးမြန်း နိုင်ပါတယ် ။

By: Dr. Fertina
#မေမေ့ရဲ့ ပထမဆုံးလက်ဆောင်မွန်




အမွှာ ကိုယ်ဝန် နဲ့ ပတ်သက်တယ့် အကြောင်းအရာ တွေကို ဆက်လက် ဝေမျှ ပေးသွားပါမယ်။👯အမွှာကိုယ်ဝန်လို့ သိရင် မိသားစု တော်တော်များ...
18/05/2026

အမွှာ ကိုယ်ဝန် နဲ့ ပတ်သက်တယ့် အကြောင်းအရာ တွေကို ဆက်လက် ဝေမျှ ပေးသွားပါမယ်။

👯အမွှာကိုယ်ဝန်လို့ သိရင် မိသားစု တော်တော်များများ က ပျော်ရွှင်ကြပါတယ်။
ဒါပေမယ့် ကျန်းမာရေး ရှုထောင့်ဘက်က ကြည့်မယ် ဆိုရင် အမွှာသန္ဓေ က high risk pregnancy (အန္တရာယ်များသော ကိုယ်ဝန်) ပဲဖြစ်ပါတယ်။

ဒါကြောင့် အမွှာကိုယ်ဝန်ဆောင်ထားရတဲ့အခါ မိခင်ရော ကလေးတွေမှာပါ သာမန်ထက် ပိုပြီးဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။

👩မိခင်မှာ ဖြစ်ပေါ်လာနိုင်တယ့် အခြေအနေတွေကတော့
၁။ကိုယ်ဝန်ဆောင် အော့အန်ခြင်း
(Hyperemesis Gravidarum): ကိုယ်ဝန် ဟော်မုန်းပမာဏ ပိုများတဲ့အတွက် သာမန်ထက် ပိုပြီး ပျို့အန်တာ၊ မူးဝေတာမျိုး ဖြစ်နိုင်ပါတယ်။

၂။သွေးအားနည်းခြင်း (Anemia): သန္ဓေသား နှစ်ယောက်အတွက် သံဓာတ်နဲ့ ဖောလစ်အက်ဆစ် ပိုမိုလိုအပ်တဲ့အတွက် သွေးအားနည်းရောဂါ ပိုပြီး ဖြစ်လွယ်ပါတယ်။

၃။သွေးတိုးခြင်းနှင့် အဆိပ်တက်ခြင်း (Pre-eclampsia): သွေးတိုးတာ၊ ဆီးထဲမှာ အသားဓာတ် (Protein) ပါတာမျိုးတွေ ဖြစ်တတ်ပါတယ်။

၄။ကိုယ်ဝန်ဆောင် ဆီးချို (Gestational Diabetes): အမွှာကိုယ်ဝန်မှာ ဆီးချိုဖြစ်နိုင်ခြေ ပိုများပါတယ်။

🐣ကလေးတွေမှာ ဖြစ်ပေါ်လာနိုင်တယ့် အခြေအနေတွေကတော့
၁။လမစေ့ဘဲ မွေးဖွားခြင်း (Preterm Labor): အမွှာကိုယ်ဝန် အများစုဟာ လမစေ့ဘဲ မွေးဖွားလေ့ရှိပါတယ်။

၂။ ကိုယ်အလေးချိန် မပြည့်ခြင်း (Low Birth Weight): အမွှာကလေးတွေဟာ သာမန်ကလေးတွေထက် ကိုယ်အလေးချိန် နည်းပြီး မွေးဖွားလာတတ်ပါတယ်။
အချင်းတစ်ခုတည်း မျှသုံးရတယ့် အမွှာ တွေမှာ ကြီးထွားမှု မညီမျှတာ ဖြစ်တတ်ပါတယ်။

၃။ အချင်းမှတစ်ဆင့် သွေးစီးဆင်းမှု ပြဿနာ (Twin-to-Twin Transfusion Syndrome - TTTS): အချင်းတစ်ခုတည်းကို အတူသုံးတဲ့ အမွှာတွေမှာ ကလေးတစ်ယောက်ဆီကို သွေးပိုရောက်ပြီး နောက်တစ်ယောက်ဆီကို နည်းသွားတာမျိုး ဖြစ်တတ်ပါတယ်။

၄။ အမွှာ ထဲက တစ်ယောက် ကိုယ်ဝန်ဆောင်စဉ် ဆုံးပါးတတ်ပြီး ရှင်ကျန်ခဲ့တယ့် အမွှာမှာ ဦးနှောက် နှင့် အာရုံကြော ဖွံ့ဖြိုးမှုမှာ ပြသနာ ဖြစ်တတ်ပါတယ်။

အမွှာကိုယ်ဝန်ဆောင်တွေက ပုံမှန်ထပ် ပိုဂရုစိုက်ဖို့ လိုအပ်တဲ့အတွက်
၁။ ပုံမှန်ဗိုက်အပ်ပါ: အာထရာဆောင်း (Ultrasound) ရိုက်ပြီး ကလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ အချင်း အနေအထားကို ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။

၂။ အာဟာရ ပြည့်ဝစွာစားပါ: သံဓာတ်၊ ကယ်လ်စီယမ်နဲ့ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို ပိုမိုမှီဝဲဖို့ လိုပါတယ်။

၃။လက္ခဏာများကို သတိထားပါ: ဗိုက်အောင့်တာ၊ အရည်ဆင်းတာ သို့မဟုတ် ပုံမှန်မဟုတ်ဘဲ ဖောရောင်လာတာ ရှိလျှင် ဆရာဝန်နှင့် ချက်ချင်းပြသ ဖို့ လိုအပ်ပါတယ်။

အမွှာကိုယ်ဝန်ဟာ စိန်ခေါ်မှုရှိသလို ပျော်ရွှင်စရာလည်း ကောင်းတာကြောင့် စနစ်တကျ ဂရုစိုက်စောင့်ရှောက်မှု ခံယူဖို့ အရေးကြီးပါတယ်။

ထပ်ပြီး သိရှိလိုတာတွေကို Dr Fertina အား comment or cb ကနေ တဆင့်မေးမြန်း နိုင်ပါတယ်။

By: Dr. Fertina
#မေမေ့ရဲ့ ပထမဆုံးလက်ဆောင်မွန်




💟“မေမေ့ရဲ့ ပထမဆုံး လက်ဆောင်မွန်”💟လူသားတစ်ယောက်ရဲ့ ဘဝခရီးစဉ်မှာ အမြတ်နိုးဆုံးအရာကို ပြပါဆိုရင် မေမေ့ရဲ့ "ဝမ်းဗိုက်" ထဲကနေ...
09/05/2026

💟“မေမေ့ရဲ့ ပထမဆုံး လက်ဆောင်မွန်”💟
လူသားတစ်ယောက်ရဲ့ ဘဝခရီးစဉ်မှာ အမြတ်နိုးဆုံးအရာကို ပြပါဆိုရင် မေမေ့ရဲ့ "ဝမ်းဗိုက်" ထဲကနေ စတင်ခဲ့ရတဲ့ အချိန်လေးတွေပါပဲ။
မေမေဆိုတာ... ကိုယ့်ရဲ့ လှပတဲ့ ပုံရိပ်တွေကို အနစ်နာခံ၊ ကိုယ့်ရဲ့ အားအင်တွေကို ဝေမျှပြီး ရင်သွေးလေးရဲ့ ကိုယ်လက်အင်္ဂါတွေ ဖွံ့ဖြိုးလာဖို့ အသွေးသားနဲ့ရင်းပြီး တည်ဆောက်ပေးခဲ့ရသူပါ။ ရင်သွေးလေးရဲ့ ပထမဆုံး နှလုံးခုန်သံကို စကြားရတဲ့နေ့ကစပြီး မေမေ့ရဲ့ ကမ္ဘာဟာ ကိုယ့်အတွက်မဟုတ်တော့ဘဲ "ရင်သွေးလေးအတွက်" သာ ဖြစ်သွားခဲ့ရပါတယ်။
ယနေ့ကျရောက်တဲ့”အမေများနေ့”မှာ မေမေတို့ရဲ့ သန့်ရှင်းဖြူစင်တဲ့ မေတ္တာတရားကို ဂုဏ်ပြုရင်း... ရင်သွေးလေးအတွက် ပေးနိုင်မယ့် အကောင်းဆုံး လက်ဆောင်တစ်ခုကို အသိပေးပါရစေ။
"ပျိုးပင်လေးတစ်ပင် သန်မာဖို့ မြေဆီလွှာက အရေးကြီးသလိုပဲ၊ ရင်သွေးလေးရဲ့ အနာဂတ် လှပဖို့ဆိုတာ မေမေ့ရဲ့ ခန္ဓာကိုယ်ဟာ ပြည့်စုံတဲ့ အာဟာရအရင်းအမြစ် ဖြစ်နေဖို့ လိုအပ်ပါတယ်။"
ရင်သွေးလေးရဲ့ ဉာဏ်ရည်ထက်မြက်မှုနဲ့ ကျန်းမာသန်စွမ်းမှုဆိုတာ... မေမေ့ရဲ့ ရင်ခွင်ထဲမှာ ခိုလှုံနေစဉ်ကတည်းက မေမေပေးခဲ့တဲ့ အာဟာရတွေပေါ်မှာ အခြေခံတာပါ။ မေမေ အာဟာရချို့တဲ့သွားရင် ရင်သွေးလေးရဲ့ ဖွံ့ဖြိုးမှုမှာ အားနည်းချက်တွေ ရှိသွားနိုင်တာမို့... မေမေ့ရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
နှလုံးသားနှစ်ခုစာအတွက် လိုအပ်တဲ့ Vitamins နဲ့ Minerals တွေကို အချိုးအစားကျကျ ဖြည့်ဆည်းပေးမယ့် Fertina ဟာ မေမေ့ရဲ့ မေတ္တာတွေ ရင်သွေးလေးဆီ အပြည့်အဝရောက်ရှိဖို့ ပံ့ပိုးပေးနေမှာပါ။
မေမေ့ဆီကရတဲ့ အာဟာရဟာ... ရင်သွေးလေးအတွက် တစ်သက်စာ အဖိုးမဖြတ်နိုင်တဲ့ "ပထမဆုံး လက်ဆောင်မွန်" ပါပဲ။
မေမေတို့ရဲ့ အနန္တမေတ္တာကို အစဉ်အမြဲ ကျေးဇူးတင်လျက်... Happy Mother’s Day!

Fertina ကိုယ်ဝန်ဆောင်အားဆေးကို
ရွှေအိုးဆေးဆိုင်၊ City Care(City Mart, Ocean, Market Place)၊ ကိုဟန်တင် +မတင်တင်အောင် ဆေးဆိုင် နှင့် နီးစပ်ရာဆေးဆိုင်တွေမှာလည်း ဝယ်ယူအားပေးလို့ရပါတယ်ရှင်.

#မေမေ့ရဲ့ပထမဆုံးလက်ဆောင်မွန် #အမေများနေ့

Mother’s Day အထူးပရိုမိုးရှင်းရင်သွေးလေးကို အကောင်းဆုံး ပျိုးထောင်နေတဲ့ မေမေတို့အတွက် (၅) ရက်တာ အထူးသီးသန့်အခွင့်အရေး!အထ...
06/05/2026

Mother’s Day အထူးပရိုမိုးရှင်း
ရင်သွေးလေးကို အကောင်းဆုံး ပျိုးထောင်နေတဲ့ မေမေတို့အတွက် (၅) ရက်တာ အထူးသီးသန့်အခွင့်အရေး!

အထူးဈေးနှုန်း - (၄၀,၀၀၀) ကျပ်
ပရိုမိုးရှင်းကာလ - မေလ (၆) ရက်နေ့ မှ (၁၀) ရက်နေ့အထိ

မိခင်တိုင်းရဲ့ နေ့ရက်တွေ ပိုမိုတောက်ပပြီး ကျန်းမာပျော်ရွှင်နေဖို့ Fartina က အမြဲအနားမှာ ရှိနေမှာပါ

⏳ အရေအတွက် ကန့်သတ်ထားတာမို့လို့ အချိန်မဆိုင်းဘဲ အခုပဲ မှာယူလိုက်တော့နော်!

မိမိအတွက်ပဲဖြစ်ဖြစ်၊ ချစ်ရတဲ့ ဇနီးသည်နဲ့ မေမေလောင်းလျာလေးတွေအတွက် လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် အခုပဲ Message Box ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းလိုက်ပါရှင်

Order Here - m.me/118243467943736

#မေမေ့ရဲ့ ပထမဆုံးလက်ဆောင်မွန်

"ချွေးစက်တိုင်းမှာ တန်ဖိုးရှိသလို၊ လုပ်အားတိုင်းမှာ ဂုဏ်သိက္ခာရှိပါတယ်"ချွေးစက်ပေါင်းများစွာနဲ့ ရင်းနှီးပြီး မိသားစုအတွက...
01/05/2026

"ချွေးစက်တိုင်းမှာ တန်ဖိုးရှိသလို၊ လုပ်အားတိုင်းမှာ ဂုဏ်သိက္ခာရှိပါတယ်"

ချွေးစက်ပေါင်းများစွာနဲ့ ရင်းနှီးပြီး မိသားစုအတွက်၊ လူမှုအဖွဲ့အစည်းအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွှေ့ ကြိုးစားအားထုတ်နေကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ ကျွန်မတို့ရဲ့ သူရဲကောင်းတွေပါပဲ။🫡
ဒီနေ့ မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ -

💐ပင်ပန်းသမျှ အရာထင်ပါစေ။
💐ထိုက်တန်တဲ့ အခွင့်အရေးနဲ့ ဂုဏ်ပြုမှုတွေ ရရှိပါစေ။
💐မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ အားလပ်ရက်လေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုအပ်ပါတယ်။

Happy May Day! ❤️







ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားသည့် “ကဆုန်လပြည့် ဗုဒ္ဓနေ့”တွင် ဘေးဘယာ ဝေးကွာ၍ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဖါတီးနား ကိ...
29/04/2026

ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားသည့် “ကဆုန်လပြည့် ဗုဒ္ဓနေ့”တွင် ဘေးဘယာ ဝေးကွာ၍ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဖါတီးနား ကိုယ်ဝန်ဆောင်အားဆေးမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

အမွှာကိုယ်ဝန် (Multiple Pregnancy) ပက်သတ်ပြီး ပြောပြပေးမယ်နော်။  👯အမွှာ လို့ ပြောလိုက် ရင် နှစ်မွှာပူး၊ သုံးမွှာပူး၊ ၄ မ...
21/04/2026

အမွှာကိုယ်ဝန် (Multiple Pregnancy) ပက်သတ်ပြီး ပြောပြပေးမယ်နော်။

👯အမွှာ လို့ ပြောလိုက် ရင် နှစ်မွှာပူး၊ သုံးမွှာပူး၊ ၄ မွှာပူး စသဖြင့် အမွှာ လေးတွေရှိပါတယ်။

ဘယ်လို လူမျိုးတွေမှာ အမွှာသန္ဓေတည် သလဲ?

၁။ အမေ ရဲ့ အသက်အရွယ် (Maternal Age)
အသက် ၃၅ နှစ်အထက် အမျိုးသမီးတွေမှာ အမွှာကိုယ်ဝန်ရနိုင်ခြေ ပိုများပါတယ်။ ခန္ဓာကိုယ်ထဲက Follicle-stimulating hormone (FSH) ပမာဏ မြင့်တက်လာတာကြောင့် တစ်လတည်းမှာ မျိုးဥ တစ်လုံးထက်ပိုပြီး ကြွေနိုင်ခြေ များလာလို့ ဖြစ်ပါတယ်။

၂။ မျိုးရိုးဗီဇ (Family History)
မိခင်လောင်းရဲ့ မိသားစုမျိုးရိုး (အထူးသဖြင့် မိခင်ဘက်က မျိုးရိုး) ထဲမှာ အမွှာရှိခဲ့ရင် အမွှာကိုယ်ဝန်ရဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဒါဟာ မျိုးဥတစ်လုံးထက်ပိုကြွေတတ်တဲ့ မျိုးရိုးဗီဇ ကြောင့် ဖြစ်ပါတယ်။

၃။ ခန္ဓာကိုယ် အချိုးအစား (Body Mass Index - BMI)
BMI ၃၀ နှင့်အထက် ရှိတဲ့ အမျိုးသမီးတွေမှာ အမွှာကိုယ်ဝန် ရနိုင်ခြေ ပိုများတယ်လို့ လေ့လာမှုအချို့က ဆိုပါတယ်။ ခန္ဓာကိုယ်ထဲက Insulin-like Growth Factor (IGF) မြင့်မားမှုက မျိုးဥကြွေနှုန်းအပေါ် သက်ရောက်မှု ရှိနိုင်တာကြောင့်ပါ။

၄။ ဆေးပညာအကူအညီဖြင့် ကိုယ်ဝန်ယူခြင်း (Assisted Reproductive Technology - ART)
ဒါကတော့ လက်ရှိကာလမှာ အမွှာကိုယ်ဝန်ဖြစ်စေတဲ့ အဓိကအချက်ပါ။
🐣IVF (In-vitro Fertilisation): သန္ဓေသားလောင်း (Embryo) တစ်ခုထက်ပိုပြီး သားအိမ်ထဲ ထည့်လိုက်တာမျိုးမှာ ဖြစ်တတ်ပါတယ်။
💊Ovulation Induction: မျိုးဥကြွေဆေးများ (ဥပမာ - Clomifene)သောက်သုံး ခြင်းက မျိုးဥ အများအပြားကို တစ်ပြိုင်တည်း ကြွေ အောင်လုပ်ဆောင်လို့ဘဲ ဖြစ်ပါတယ်။

👯အမွှာ သန္ဓေတွေမှာ မျိုးဥနှစ်လုံး ကနေ အမွှာသန္ဓေ ဖြစ်တာ နဲ့ မျိုးဥ တစ်လုံး ကနေ အမွှာ သန္ဓေ ဖြစ်တာ ဆိုပြီး နှစ်မျိုး ရှိပါတယ်။
ဘယ်လိုတွေ ကွာခြားချက်ရှိလဲ ဆိုတာကတော့

၁။ ရုပ်ချင်းတူအမွှာ (Identical Twins / Monozygotic)
ဒါကတော့ မျိုးဥတစ်လုံးတည်းကို သုတ်ပိုးတစ်ကောင်တည်းက ပေါင်းစပ်ပြီးမှ နှစ်ခုကွဲထွက်သွားတာ ဖြစ်ပါတယ်။
🧬မျိုးရိုးဗီဇ တူညီမှု အားဖြင့် သူတို့ဟာ DNA ၁၀၀% နီးပါး တူညီကြပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ကျား/မ အင်္ဂါရပ်ဟာ အမြဲတမ်း တူညီနေရတာ ဖြစ်ပါတယ်။ (ဥပမာ - နှစ်ယောက်လုံး ယောင်္ကျားလေး (သို့) နှစ်ယောက်လုံး မိန်းကလေး) ဖြစ်တာမျိုးပါ။
၂။ ရုပ်ချင်းမတူအမွှာ (Dizygotic twin )
ဒါကတော့ မိခင်ဆီက မျိုးဥနှစ်လုံး တစ်ပြိုင်တည်း ကြွေလာပြီး ဖခင်ဆီက သုတ်ပိုးနှစ်ကောင်နဲ့ သီးခြားစီ ပေါင်းစပ်မိတာ ဖြစ်ပါတယ်။
🧬မျိုးရိုးဗီဇ တူညီမှု အားဖြင့် သူတို့ဟာ DNA ၅၀% ခန့်သာ တူညီကြပါတယ်။ ဆိုလိုတာကတော့ သာမန်မောင်နှမအရင်းတွေ တူညီကြတဲ့ နှုန်းအတိုင်းပါပဲ။
👯ဒီလို အမွှာ တွေက ရုပ်ချင်းမတူနိုင်သလို၊ ကျား/မ လည်း ကွဲပြားနိုင်ပါတယ်။ (ကျားတစ်ယောက်၊မတစ်ယောက် အမွှာ ဖြစ်နိုင်သလို၊ နှစ်ယောက် လုံး ကျား/မ တူ အမွှာဖြစ်နေနိုင်ပါတယ် ) မျိုးရိုးဗီဇအရတော့ သူတို့ဟာ မောင်နှမအရင်းတွေ တစ်ပြိုင်တည်း မွေးလာသလိုမျိုးပဲ ဖြစ်ပါတယ်။

ယေဘူယျ အားဖြင့်ပြောရင် အမွှာ တွေမှာရုပ်ချင်းမတူ အမွှာ( Dizygotic twin ) က ၇၀% လောက်ရှိပြီး၊ ရုပ်ချင်းတူအမွှာ ( monozygotic twin ) က ၃၀% လောက်ရှိပါတယ်။

💭အမွှာ ကိုယ်ဝန်တွေမှာ အချင်း နဲ့ ရေမွှာအိတ် ဘယ်လို တွေ ရှိလည်း ဆိုတာ က်ုယ်ဝန် ရလာဒ် ကို ကြည့်ဖို့ အတွက် အရေးကြီးပါတယ်။ အချင်း ၂ ခု ၊ ရေမွှာအိတ်လည်း ၂ ခု နဲ့ အမွှာ တွေက ဆိုးကျိုး အနည်းဆုံး အမွှာ တွေဘဲ ဖြစ်ပါတယ်။

👯ရုပ်ချင်း မတူအမွှာ တွေမှာ ကိုယ်ပိုင် အချင်း၊ ကိုယ်ပိုင်ရေမွှာအိတ်ပိုင်ဆိုင် ကြပါတယ်။
ရုပ်ချင်းတူအမွှာအချို့မှာ ကိုယ်ပိုင် အချင်း၊ ကိုယ်ပိုင် ရေမွှာ အိတ် ပိုင်ဆိုင် ပြီး၊ ၂၀% မှာတော့ အချင်း ၁ ခု နဲ့ ရေမွှာအိတ် ၂ ခု ပိုင်ဆိုင် ပြီး၊ ၁% မှာတော့ အချင်း ၁ ခု ရေမွှာအိတ် ၁ ခု တည်း ပ်ိုင် ဆိုင် တတ်ကြပါတယ်။

နောက်အပါတ်တွေမှာ လည်း အမွှာ ကိုယ်ဝန် နဲ့ ပါတ်သက်ပြီး ဆက်လက် ပြောပြပေးသွားပါမယ်။

အမွှာ ကိုယ်ဝန် နဲ့ ပါတ်သက်ပြီး သိလိုတာတွေ ကို comment (သို့) cb ကနေ မေးမြန်း နိုင်ပါတယ်။

By: Dr. Fertina
#မေမေ့ရဲ့ ပထမဆုံးလက်ဆောင်မွန်




Address

No. (32), Manawhari Street
Dagon
11191

Alerts

Be the first to know and let us send you an email when Fertina Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share