Mascots Laboratory Referral Centre

Call Directions Contact the practice

Mascots Laboratory Referral Centre Mascots Laboratory Referral Centre

Centre of Excellence providing one stop service to Myanmar patients

Medical Referral
- Asking second opinion from the specialists at National University Hospital, Tan Tock Seng Hospital & Mount Alvernia Hospital
- Arrangement of outpatient appointments with specialists , health screening appointment , direct admission
- Travel related services ( Visa application, Flight reservation and confirmation, Accommodation)
- Billing and Financial information
- Arrangement of Medical Assistance during treatment at hospital
- Any other services upon request

Laboratory Referral
- Sending Blood samples and Biopsies to Singapore from Monday to Thursday
- Daily Sample collection

Academic Purpose
- Clinical updates by Singapore Doctors
- Clinical Fellowship Program

🧪ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်းအတွက် လိုအပ်သော သွေးစစ်ဆေးမှုများ🧪      နာတာရှည်ကျောက်ကပ်ဝေဒနာခံစားနေရပြီး ကျောက်ကပ်ဆေ...
11/09/2026

🧪ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်းအတွက် လိုအပ်သော သွေးစစ်ဆေးမှုများ🧪
နာတာရှည်ကျောက်ကပ်ဝေဒနာခံစားနေရပြီး ကျောက်ကပ်ဆေးရန်လိုအပ်နေသူများ၊ ကျောက်ကပ်ပုံမှန်ဆေးနေရသော ဝေဒနာရှင်များ၊ ကျောက်ကပ်ဆေးရုံဖြင့် မလုံလောက်သော ကျောက်ကပ်ပျက်ဆီးနေသည့် ဝေဒနာရှင်များအတွက် အသင့်တော်ဆုံးကုထုံးဖြစ်တဲ့ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု ပြုလုပ်ရန် လူနာတွင် ကြံ့ခိုင်သောကျန်းမာရေး အခြေအနေ ရှိ/မရှိ၊ အလှူရှင်​၏ကျန်းမာရေး ကောင်းမွန်မှု ရှိ/မရှိ၊ ခွဲစိတ်မှုမပြုလုပ်ခင် လူနာနှင့် အလှူရှင်တို့​၏ သွေးအုပ်စုများ၊ ခုခံအားများ ကိုက်ညီမှု ရှိ/မရှိ၊ လူနာ​၏ ခုခံအားတိုက်ဖျက်နိုင်စွမ်း အားကောင်းမှု ရှိ/မရှိကို တိကျမှန်ကန်စွာ ကြိုတင်စစ်ဆေးရန် အထူးအရေးကြီးပါတယ်။
ကျောက်ကပ်အစားထိုးကုသခြင်းအတွက် အလွန်အရေးကြီးသော ကျောက်ကပ်အစားမထိုးမီနှင့် အစားထိုးပြီးနောက်ပိုင်းတွင် ပြုလုပ်ရမည့် သွေးစစ်ဆေးမှုများ-
🌟 Donor Screening Tests
🌟 Crossmatch
🌟 Flow Crossmatch with Pronase
🌟 Flow Crossmatch without Pronase
🌟 Donor Specific Antibody
🌟 Tissue Typing
🌟 CMV test , BK test , Anti-PLA2R test
🌟 Sirolimus level , Tacrolimus Level
🌟 Cyclosporine Level, Everolimus Level
ဖော်ပြထားသော သွေးစစ်ဆေးမှုများကို ပြုလုပ်ခြင်းဖြင့် လူနာအတွက် ကျောက်ကပ်အစားထိုးကုသမှု အောင်မြင်နိုင်ချေ ပိုမိုမြင့်တက်ခြင်း၊ အလှူရှင်၏ကျောက်ကပ်ကို လူနာ၏ခုခံအားစနစ်မှ ငြင်းပယ်နိုင်ခြင်းရှိ၊မရှိ ကြိုတင်သိရှိနိုင်ခြင်း၊ ထိုသို့သိရှိခြင်းကြောင့် မလိုအပ်သော အစားထိုးခွဲစိတ်မှု ပြုလုပ်မိခြင်းမှ ရှောင်ရှားနိုင်ခြင်းနှင့် အစားထိုးကုသမှုနောက်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲဆိုးကျိုးများစွာကို လျှော့ချပေးနိုင်ခြင်း စသည့် အရေးပါသော အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
Mascots Laboratory Referral Centreမှ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်းအတွက် လိုအပ်သော သွေးစစ်ဆေးမှုများအပြင် အခြားသော သွေးစစ်ဆေးမှုများစွာကိုလည်း စင်ကာပူနိုင်ငံရှိ ကမ္ဘာ့အဆင့်မီဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးပေးနေပါပြီ။ သွေးစစ်ဆေးခြင်း ဝန်ဆောင်မှုများအကြောင်း အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ )၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄




🧬သားဥအိမ်ကင်ဆာကုသမှုအတွက် မျိုးရိုးဗီဇပြောင်းလဲမှု (Genetic Testing) စစ်ဆေးပြီး ပိုမိုတိကျစွာ ကုသနိုင်ပါပြီ💉      သားဥအိ...
05/09/2026

🧬သားဥအိမ်ကင်ဆာကုသမှုအတွက် မျိုးရိုးဗီဇပြောင်းလဲမှု (Genetic Testing) စစ်ဆေးပြီး ပိုမိုတိကျစွာ ကုသနိုင်ပါပြီ💉
သားဥအိမ်ကင်ဆာဖြစ်ပွားပုံနဲ့ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုတွေဟာ လူနာတစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ ဒါကြောင့် ကုသနည်းတွေကလည်း လူနာတိုင်းအတွက် တစ်ပုံစံတည်း ဖြစ်ဖို့မလိုအပ်ပါဘူး။
Precision Medicine ပညာရပ်ဆိုတာ လူနာတစ်ဦးချင်းစီရဲ့ ကင်ဆာဆဲလ်တွေမှာရှိတဲ့ မျိုးရိုးဗီဇနဲ့ မော်လီကျူးဆိုင်ရာ ချို့ယွင်းမှုတွေကို လေ့လာပြီး ပိုမိုတိကျတဲ့ ကုသမှုရွေးချယ်နိုင်အောင် ကူညီပေးတဲ့ ခေတ်မီကုသနည်းတစ်ခု ဖြစ်ပါတယ်။ ကင်ဆာကို ကုသရုံသာမက လူနာတစ်ဦးချင်းစီရဲ့ ရောဂါအခြေအနေကို နားလည်ပြီး ပိုမိုကိုက်ညီတဲ့ ကုသမှုကို ရွေးချယ်နိုင်ဖို့က Precision Medicine ပညာရပ်ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။
Genetic Testing (မျိုးရိုးဗီဇစစ်ဆေးခြင်း) ကလည်း ဒီကုသမှုလုပ်ငန်းစဉ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဥပမာ BRCA1 နဲ့ BRCA2လို မျိုးရိုးဗီဇပြောင်းလဲမှုတွေကို စစ်ဆေးခြင်းအားဖြင့်
💊ရောဂါအခြေအနေနဲ့ သင့်လျော်တဲ့ ကုသနည်းတွေကို သိရှိနိုင်ခြင်း
🎯အချို့Targeted Therapy ကုသနည်းတွေနဲ့ ကိုက်ညီမှုရှိ၊မရှိကို အကဲဖြတ်နိုင်ခြင်း
👨‍👩‍👧‍👦မိသားစုဝင်တွေအတွက် ကင်ဆာဖြစ်နိုင်ခြေကို သိရှိနိုင်ခြင်း
🩺နောက်ဆက်တွဲကုသမှုနဲ့ စောင့်ကြည့်မှုတွေကို ပိုမိုကောင်းမွန်စွာ စီစဉ်နိုင်ခြင်းစတာတွေကို အထောက်အကူပြုနိုင်ပါတယ်။
Genetic Testing စစ်ဆေးခြင်းကြောင့် ကင်ဆာဝေဒနာရှင်တွေအတွက် မိမိတို့ရဲ့ရောဂါအကြောင်းကို ပိုမိုနားလည်စေပြီး နောက်တစ်ဆင့် ဘယ်လိုကုသမှုကို ရွေးချယ်သင့်လဲဆိုတာ ဆရာဝန်တွေနဲ့ ဆွေးနွေးရာမှာ အရေးကြီးတဲ့ အချက်အလက်တွေကို ပေးစွမ်းနိုင်ပါတယ်။
ကင်ဆာရောဂါများနှင့် ပတ်သက်သည့် မျိုးရိုးဗီဇ ချို့ယွင်းပြောင်းလဲမှုများကို သိရှိနိုင်ရန် အသားစစစ်ဆေးခြင်းနှင့် သွေးမှတစ်ဆင့် စစ်ဆေးခြင်းများအကြောင်း အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄




🔬ကျောက်ကပ်အသားစစစ်ဆေးခြင်း (Renal Biopsy) ပြုလုပ်ရန် လိုအပ်နိုင်သည့် အခြေအနေများ🔬       ကိုယ်ခန္ဓာတွင်းရှိ ကျောက်ကပ်များ...
29/08/2026

🔬ကျောက်ကပ်အသားစစစ်ဆေးခြင်း (Renal Biopsy) ပြုလုပ်ရန် လိုအပ်နိုင်သည့် အခြေအနေများ🔬
ကိုယ်ခန္ဓာတွင်းရှိ ကျောက်ကပ်များဟာ သွေးတွင်းရှိ အဆိပ်အတောက်များ သန့်စင်ပေးခြင်း၊ သွေးပေါင်ချိန် ထိန်းညှိပေးခြင်း၊ သွေးနီဥများထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်းစတဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေကို တာဝန်ယူ လုပ်ဆောင်ပေးပါတယ်။ ကျောက်ကပ်တွေ ပုံမှန်အလုပ်မလုပ်တဲ့ အချိန်မှာ Renal Biopsyစစ်ဆေးခြင်းက ကျောက်ကပ်ရောဂါရဲ့အဖြေကို တိတိကျကျသိရှိနိုင်ဖို့ အရေးကြီးတဲ့ စစ်ဆေးမှုတစ်ခုပဲ ဖြစ်ပါတယ်။
Renal Biopsyပြုလုပ်ဖို့ ဆရာဝန်တစ်ယောက်က အောက်ပါအခြေအနေတွေကြောင့်အကြံပြုနိုင်ပါတယ်။
🔬ဆီးထဲတွင် အသားဓာတ်ပမာဏ အလွန်များနေခြင်း
🔬ဆီးအရောင်ရင့်၍ ဆီးထဲ သွေးပါခြင်း
🔬ပုံမှန်ကျောက်ကပ်လုပ်ငန်းများ မလုပ်ဆောင်နိုင်တော့ခြင်းကြောင့် Creatinineတက်လာခြင်း၊ eGFRကျလာခြင်း
🔬ကိုယ်ခံအားစနစ်နှင့် သက်ဆိုင်သော ကျောက်ကပ်ရောဂါများ ဖြစ်ပွါးခြင်း
🔬ကျောက်ကပ်အစားထိုးကုသပြီးနောက် အစားထိုးကျောက်ကပ်အား ငြင်းပယ်ခြင်းနှင့် အခြားသော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပွါးနိုင်ကြောင်း သံသယရှိခြင်း
🔬ဖြစ်ပွါးနေသော ကျောက်ကပ်ရောဂါအတွက် ကိုယ်ခံအားလျော့ဆေးများ အသုံးပြုရန် လိုအပ်ခြင်း
🔬ကျောက်ကပ်ပုံရိပ်ဖော် စစ်ဆေးမှုများတွင် သံသယဖြစ်စရာ အလုံးအကျိတ်များ စစ်ဆေးတွေ့ရှိခြင်း
Renal Biopsyစစ်ဆေးခြင်းဟာ ရောဂါကို တိကျစွာ စစ်ဆေးသိရှိနိုင်ရုံတင်မက မှန်ကန်ထိရောက်တဲ့ ကုသမှုနည်းလမ်းတွေကို ရွေးချယ်နိုင်ပြီး ကျောက်ကပ်ပျက်စီးခြင်းကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပွါးမှုနည်းပါးအောင် လျော့ချနိုင်တဲ့အတွက် ဖော်ပြပါ ရောဂါအခြေအနေတွေမှာ Renal Biopsyပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။
ကျွန်ုပ်တို့ Mascots Laboratory Referral Centreမှ စင်ကာပူနိုင်ငံရှိ ကမ္ဘာ့အဆင့်မီဓာတ်ခွဲခန်းသို့ ပေးပို့ကာ ကျောက်ကပ်အသားစ စစ်ဆေးမှုအပါအဝင် အသားစစစ်ဆေးမှုအမျိုးမျိုးကို ဝန်ဆောင်မှုပေးလျက် ရှိပါတယ်။ အသားစစစ်ဆေးခြင်း(Biopsy)အကြောင်း အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄




ဆီးနှင့်ကျောက်ကပ်ကျန်းမာရေးပြဿနာများဖြစ်သည့်🔸ဆီးလမ်းကြောင်းနှင့် ကျောက်ကပ် ပိုးဝင်ခြင်း🔸ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်တွင...
15/08/2026

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေးပြဿနာများဖြစ်သည့်
🔸ဆီးလမ်းကြောင်းနှင့် ကျောက်ကပ် ပိုးဝင်ခြင်း
🔸ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်တွင် ကျောက်တည်ခြင်း
🔸မွေးရာပါ ကျောက်ကပ်ရောဂါများ
🔸 အရေပြားလေးဘက်နာနှင့် အဆစ်အမြစ်ရောဂါများ၏ နောက်ဆက်တွဲ ကျောက်ကပ်ရောဂါများ
🔸 သွေးတိုးနှင့် ဆီးချိုကြောင့် ဖြစ်သော ကျောက်ကပ်ပြဿနာများ
🔸ဆီးသွားလျှင် သွေးနှင့်အနည်များပါခြင်း
🔸ကျောက်ကပ်ရေအိတ်တည်ခြင်း
🔸ကျောက်ကပ်ပိုးဝင်ခြင်း
🔸ကျောက်ကပ်ရောင်ရမ်းခြင်းစသည့် ဆီးနှင့်ကျောက်ကပ်ရောဂါများ
🔸နာတာရှည်ကျောက်ကပ်ရောဂါများ
🔸ကျောက်ကပ်အစားထိုးကုသရန်အတွက် တိုင်ပင်ဆွေးနွေးမှုများ
🔸ကျောက်ကပ်အစားထိုးပြီးနောက် လိုအပ်သော တိုင်ပင်ဆွေးနွေးကုသမှုများအတွက် Mascots Laboratory Referral Centre (ရန်ကုန်)တွင် ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးကုသနိုင်ပါပြီ။
ထို့အပြင် ကျောက်ကပ်အစားထိုးကုသခြင်းနှင့် ပတ်သက်သည့် အရေးကြီးသော သွေးစစ်ဆေးမှုများအတွက်လည်း စင်ကာပူနိုင်ငံသို့ အပတ်စဥ် ပို့ဆောင်စစ်ဆေးပေးလျက်ရှိပါတယ်။

🌟ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများ
👨‍⚕️တွဲဖက်ပါမောက္ခ ဒေါက်တာကျော်စွာထက်
M.B.,B.S, M.Med.Sc (Internal Medicine), MRCP (UK), Dr.Med.Sc (Nephrology), FRCP (Edin)

👨‍⚕️တွဲဖက်ပါမောက္ခ ဒေါက်တာကျော်ဆန်းလွင်
M.B.,B.S, M.Med.Sc (Internal Medicine), MRCP (UK), FRCP (Edin), Dr.Med.Sc (Nephrology)

👨‍⚕️ဒေါက်တာမင်းအောင်ဟိန်း
M.B.,B.S, M.Med.Sc (Internal Medicine), MRCP (UK), MRCPE, Dr.Med.Sc (Nephrology), Fellowship in Nephrology and Renal Transplant (Apollo, India)

တိုင်ပင်ဆွေးနွေးကုသရန်အတွက် ကြိုတင်ရက်ချိန်းရယူလိုပါက အောက်ပါလိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ရက်ချိန်းရယူနိုင်ပါတယ်။

🏥 ရန်ကုန်ရုံး - အမှတ် (၂၄/၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - 01 8377 878, 09 2611 66664



🧬ပြီးပြည့်စုံတဲ့ အဆုတ်ကင်ဆာရောဂါကုထုံးကို ရွေးချယ်နိုင်ဖို့ မျိုးရိုးဗီဇစစ်ဆေးခြင်းက ဘယ်လိုအရေးပါသလဲ🧬      အဆုတ်ကင်ဆာရော...
08/08/2026

🧬ပြီးပြည့်စုံတဲ့ အဆုတ်ကင်ဆာရောဂါကုထုံးကို ရွေးချယ်နိုင်ဖို့ မျိုးရိုးဗီဇစစ်ဆေးခြင်းက ဘယ်လိုအရေးပါသလဲ🧬
အဆုတ်ကင်ဆာရောဂါဟာ အဆုတ်အတွင်းရှိဆဲလ်များ၏ မျိုးရိုးဗီဇချို့ယွင်းပြောင်းလဲခြင်းများကြောင့် အဆုတ်တစ်ရှူးဆဲလ်များ ပုံမှန်မဟုတ်ဘဲ အလွန်အကျွံပွါးများလာပြီး အဆုတ်တွင် အလုံးအကျိတ်ဖြစ်ကာ ကင်ဆာဖြစ်ပွါးခြင်းကို ခေါ်ပါတယ်။ အဆုတ်ကင်ဆာဟာ ကမ္ဘာပေါ်မှာ ကင်ဆာရောဂါကြောင့် အသက်ဆုံးရှုံးရခြင်းများရဲ့ အဓိကအကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ လူတစ်ဦးတွင် အဆုတ်ကင်ဆာဖြစ်ပွါးနေခြင်းကို အများအားဖြင့် ရောဂါအဆင့်မြင့်နေတဲ့ အချိန်တွေမှာမှ သိရှိရလို့ ကုသပျောက်ကင်းနိုင်ရန် အလွန်ခက်ခဲပါတယ်။
အဆုတ်ကင်ဆာရောဂါလက္ခဏာအချို့မှာ
🔺နာတာရှည်ချောင်းဆိုးနေခြင်း
🔺ချောင်းဆိုးလျှင် သွေးပါခြင်း
🔺ရင်ဘတ်အောင့်ခြင်း
🔺အသက်ရှူမဝခြင်း
🔺အဆုတ်တွင် မကြာခဏပိုးဝင်ခြင်း
🔺မောပန်းပင်ပန်လွယ်ခြင်း
🔺ကိုယ်အလေးချိန်အလွန်အမင်းကျဆင်းခြင်း စသည်တို့ ဖြစ်ပါကြပါတယ်။
အများဆုံးဖြစ်ပွါးတတ်သော အဆုတ်ကင်ဆာရောဂါဖြစ်တဲ့ Non-Small Cell Lung Cancer (NSCLC)ဖြစ်ပွါးခြင်းတွင် မျိုးရိုးဗီဇပြောင်းလဲ ချို့ယွင်းမှုများစွာ ပါဝင်နေလေ့ရှိတယ်လို့ သုတေသနပညာရှင်များက ရှာဖွေတွေ့ရှိထားပါတယ်။ အဆုတ်ကင်ဆာကို ကုသရာမှာ မျိုးရိုးဗီဇ ပြောင်းလဲချို့ယွင်းမှုတစ်ခုချင်းစီအလိုက် ရွေးချယ်ရသော ရောဂါကုထုံးများလည်း ကွဲပြားနိုင်ပါတယ်။
မျိုးရိုးဗီဇပြောင်းလဲ ချို့ယွင်းမှုများကို သိရှိနိုင်ရန် Fluorescence in situ hybridization (FISH) (သို့) Immunohistochemistry (IHC)ဆိုးဆေးကို အသုံးပြုကာ အသားစစစ်ဆေးခြင်း (Biopsy)၊ Next-generation sequencing (NGS)နည်းပညာဖြင့် သွေးမှတစ်ဆင့် စစ်ဆေးခြင်း (Liquid Biopsy)စတဲ့ နည်းလမ်းများကို အဓိကအသုံးပြုပြီး စစ်ဆေးလေ့ရှိကြပါတယ်။
မျိုးရိုးဗီဇ ပြောင်းလဲချို့ယွင်းမှုများကို စစ်ဆေးခြင်းဖြင့် တိကျမှန်ကန် ထိရောက်တဲ့ ရောဂါကုထုံးတွေကို ရွေးချယ်နိုင်ဖို့ များစွာအထောက်အကူပြုပါတယ်။ ထို့အပြင် ရောဂါမဖြစ်ပွါးခင်ကပင် မျိုးရိုးဗီဇချို့ယွင်းခြင်းရှိ၊မရှိ ကြိုတင်စစ်ဆေးထားပါက ကင်ဆာရောဂါဖြစ်နိုင်ချေ ရှိ၊မရှိကို ကြိုတင်သိရှိထားခြင်းဖြင့် ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ပြီး အမှန်တကယ် ဖြစ်ပွားလာပါက စောလျင်စွာ သိရှိနိုင်သောကြောင့် ရောဂါမပျံ့နှံ့ခင် အချိန်မီကုသပျောက်ကင်းနိုင်ပါတယ်။
ကင်ဆာရောဂါများနှင့် ပတ်သက်သည့် မျိုးရိုးဗီဇ ချို့ယွင်းပြောင်းလဲမှုများကို သိရှိနိုင်ရန် အသားစစစ်ဆေးခြင်းနှင့် သွေးမှတစ်ဆင့် စစ်ဆေးခြင်းများအကြောင်း အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄




🦠အသည်းရောင်အသားဝါရောဂါများနှင့် အသည်းကင်ဆာရောဂါ၏ ဆက်နွယ်မှု🧬       အသည်းကင်ဆာရောဂါဟာ ကမ္ဘာအနှံ့တွင် ဖြစ်ပွါးမှု အများဆုံ...
01/08/2026

🦠အသည်းရောင်အသားဝါရောဂါများနှင့် အသည်းကင်ဆာရောဂါ၏ ဆက်နွယ်မှု🧬
အသည်းကင်ဆာရောဂါဟာ ကမ္ဘာအနှံ့တွင် ဖြစ်ပွါးမှု အများဆုံးနှင့် အသက်ဆုံးရှုံးမှု အများဆုံးဖြစ်စေသော ကင်ဆာများအနက်မှ တစ်ခုဖြစ်ပါတယ်။ ထိုသို့ အသက်ဆုံးရှုံးမှု အန္တရာယ်ကြီးမားသော်လည်း အသည်းကင်ဆာ ဖြစ်ပွါးခြင်း၏ အဓိကအကြောင်းရင်းမှာ နာတာရှည် အသည်းရောင်အသားဝါရောဂါ ဘီနှင့်စီကြောင့်ဆိုတာကို သိရှိသူနည်းပါးပါတယ်။
ကမ္ဘာ့ကျန်းမာရေးအချက်အလက်များအရ အသည်းကင်ဆာဖြစ်သူများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ အသည်းရောင်အသားဝါရောဂါ ဘီနှင့်စီကြောင့်ဖြစ်တယ်လို့ သိရှိရပါတယ်။ ထိုသို့ဖြစ်ပွါးမှုနှုန်းများရခြင်းမှာ လူအများစုဟာ မိမိတို့တွင် အသည်းရောင်အသားဝါရောဂါ ဘီပိုး (HBV) နှင့် စီပိုး (HCV) ရှိနေသည်ကို မသိကြဘဲ အသည်းထိခိုက်ပျက်စီးလာသည့်အဆင့်မှသာ ရောဂါဖြစ်နေခြင်းကို သိရခြင်းကြောင့် ဖြစ်ပါတယ်။
အသည်းရောင်အသားဝါရောဂါ ဘီပိုး (HBV) နှင့် စီပိုး (HCV) ဆိုသည်မှာ အသည်းကိုထိခိုက်စေနိုင်သော ဗိုင်းရပ်စ်များဖြစ်ပြီး အသည်းကို ရောင်ရမ်းပျက်စီးစေကာ အသည်းရောင်ရမ်းသည့်အချိန် ကြာမြင့်လာပါက နောက်ဆုံးတွင် အသည်းတွင်း အမာရွတ်ဖြစ်ပြီး အသည်းခြောက်ခြင်း(Cirrhosis) ဖြစ်ကာ အသည်းကင်ဆာ (Hepatocellular Carcinoma, HCC) ဖြစ်ပေါ်လာနိုင်ပါတယ်။
အသည်းရောင်အသားဝါရောဂါ ဘီပိုး (HBV)ဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ မွေးဖွားစဉ်အချိန်တွင် မိခင်မှ ကလေးသို့ ကူးစက်ခြင်းနှင့် သွေးမှတစ်ဆင့် ကူးစက်နိုင်ပြီး နှစ်များကြာသည်အထိ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရနိုင်ပါတယ်။ အသည်းရောင်အသားဝါရောဂါ စီပိုး (HCV)ကတော့ ပိုးမသတ်ထားသော ဆေးထိုးအပ်များကို အသုံးပြုမိခြင်း၊ ဆေးကုသမှုပြုလုပ်ရာတွင် သုံးသော ပစ္စည်းကိရိယာများကို စနစ်တကျပိုးသတ်သန့်ရှင်းခြင်းများ မပြုလုပ်ခြင်းနှင့် ရောဂါပိုးရှိသော သွေးကို သွင်းမိခြင်းများကြောင့် ကူးစက်ခံရနိုင်ပါတယ်။
အသည်းရောင်အသားဝါရောဂါ ဘီနှင့်စီိကို ကြိုတင်ကာကွယ်ကုသလိုပါက
✅အသည်းရောင်အသားဝါရောဂါ ဘီပိုး (HBV) နှင့် စီပိုး (HCV)ရှိ၊မရှိ သွေးစစ်ဆေးခြင်း
✅အသည်းရောင်အသားဝါ ဘီပိုးအတွက် ကာကွယ်ဆေးထိုးထားခြင်း
✅ပိုးကူးစက်နိုင်သောနည်းလမ်းများကို ရှောင်ရှားခြင်း
✅အသည်းကို အန္တရာယ်ဖြစ်စေနိုင်သော အရာများအား ရှောင်ရှားခြင်း
✅အသည်းအတွက် ကျန်းမာရေးစစ်ဆေးမှုများ ကြိုတင်ပြုလုပ်ခြင်း
✅ဖြစ်ပွါးနေသော ရောဂါကို ကျွမ်းကျင်ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးကုသခြင်းစသည့် နည်းလမ်းများဖြင့် အသည်းရောင်အသားဝါရောဂါ ဘီနှင့်စီကို ထိရောက်စွာ ကြိုတင်ကာကွယ်ကုသနိုင်ပါတယ်။
ကင်ဆာရောဂါများနှင့် ပတ်သက်သည့် မျိုးရိုးဗီဇပြောင်းလဲချို့ယွင်းခြင်းများကို သိရှိနိုင်ရန် အသားစစစ်ဆေးခြင်းနှင့် သွေးမှတစ်ဆင့် စစ်ဆေးခြင်းများအတွက် အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄




🙏ဝါဆိုလပြည့်နေ့ ဆုမွန်ကောင်း🙏      ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် မိဘပြည်သူအပေါင်းတို့  ကိုယ်စိတ်နှစ်ဖြာ ကျန်းမ...
29/07/2026

🙏ဝါဆိုလပြည့်နေ့ ဆုမွန်ကောင်း🙏
ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် မိဘပြည်သူအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ချစ်ခင်ရတဲ့ မိသားစုများနှင့်အတူ သာယာချမ်းမြေ့သော အချိန်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Mascots Laboratory Referral Centre မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။


🧬မျိုးရိုးလိုက်တတ်သော မျိုးရိုးဗီဇပြောင်းလဲမှု (BRCA1/BRCA2)ကြောင့် ကင်ဆာဖြစ်နိုင်ချေ ရှိ၊မရှိကို သွေးမှတဆင့် စစ်ဆေးနိုင...
25/07/2026

🧬မျိုးရိုးလိုက်တတ်သော မျိုးရိုးဗီဇပြောင်းလဲမှု (BRCA1/BRCA2)ကြောင့် ကင်ဆာဖြစ်နိုင်ချေ ရှိ၊မရှိကို သွေးမှတဆင့် စစ်ဆေးနိုင်ပါပြီ🧬
မျိုးရိုးလိုက်တတ်သော မျိုးရိုးဗီဇ ချို့ယွင်းပြောင်းလဲမှုကြောင့် ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာနှင့် အခြားသော ကင်ဆာ ဖြစ်ပွါးနှုန်းများဟာ ပို၍မြင့်တက်နိုင်ပါတယ်။ ထိုမျိုးရိုးဗီဇပြောင်းလဲမှုများထဲမှ BRCA1 နှင့် BRCA2 အကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
BRCA1 နှင့် BRCA2 ဆိုတာ ကိုယ်ခန္ဓာအတွင်း ပုံမှန်ကျန်းမာနေသော ဆဲလ်များကို ကင်ဆာဆဲလ်များအဖြစ်သို့ မပြောင်းလဲစေရန် ထိန်းသိမ်းပြုပြင်ပေးသော မျိုးရိုးဗီဇတစ်မျိုးဖြစ်ပါတယ်။ BRCA1 နှင့် BRCA2 မျိုးရိုးဗီဇချို့ယွင်းပြောင်းလဲမှုဖြစ်ပြီး ပုံမှန်အလုပ်မလုပ်လျှင် ထိန်းသိမ်းပြုပြင်မှုမရှိသော မျိုးရိုးဗီဇများ စုပုံလာပြီး ပုံမှန်မဟုတ်သော ဆဲလ်ပွားခြင်းများ၊ ကင်ဆာဆဲလ်အဖြစ်သို့ ပြောင်းလဲခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။
ကိုယ်ခန္ဓာတွင်းရှိ မျိုးရိုးဗီဇများအားလုံးဟာ မိဘနှစ်ပါးဆီမှတစ်ဆင့် အမွေဆက်ခံရရှိပါတယ်။ မိဘတစ်ယောက်ယောက်ဆီမှ မျိုးရိုးဗီဇချို့ယွင်းမှုရှိသော BRCA1 နှင့် BRCA2 ပါလာပါက မိမိတွင် ကင်ဆာဖြစ်နိုင်ချေပိုများနိုင်ပါတယ်။ ထို့အပြင် ပြင်ပအရာများ(ဥပမာ-ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း)နှင့် မျိုးရိုးဗီဇလုပ်ဆောင်ပုံမှားယွင်းမှုများကြောင့်လည်း ကောင်းမွန်သော BRCA1 နှင့် BRCA2 genesသည် ချို့ယွင်းပြောင်းလဲသွားနိုင်ပါတယ်။
မိသားစုထဲတွင် ရင်သားကင်ဆာ၊သားဥအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ဆီးကြိတ်ကင်ဆာများ ဖြစ်ပွားဖူးသူရှိပါက မိမိတွင် မျိုးရိုးဗီဇပြောင်းလဲနေသော gene ရှိ/မရှိကို စစ်ဆေးကြည့်သင့်ပါတယ်။ BRCA1 နှင့် BRCA2 မျိုးရိုးဗီဇ ပြောင်းလဲမှုရှိမရှိကို သိရှိခြင်းဖြင့် သက်ဆိုင်ရာကျန်းမာရေးစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ခြင်း၊ ကျန်းမာသော နေထိုင်စားသောက်မှုပုံစံများဖြင့် ကင်ဆာဖြစ်ပွားနှုန်းကို လျှော့ချနိုင်ပါတယ်။
BRCA1 နှင့် BRCA2 genes mutation အပါအဝင် အခြားကင်ဆာမျိုးရိုးဗီဇ ချို့ယွင်းပြောင်းလဲမှုများနဲ့ ပတ်သက်တဲ့ Liquid Biopsyစစ်ဆေးမှုများအကြောင်း အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄





🩸ရိုးရှင်းတဲ့ သွေးစစ်ဆေးမှု (Liquid Biopsy) ပြုလုပ်ရုံနဲ့ သွေးကင်ဆာရောဂါတွေကို ထိရောက်စွာ ကုသနိုင်လား🧬        Liquid Bio...
18/07/2026

🩸ရိုးရှင်းတဲ့ သွေးစစ်ဆေးမှု (Liquid Biopsy) ပြုလုပ်ရုံနဲ့ သွေးကင်ဆာရောဂါတွေကို ထိရောက်စွာ ကုသနိုင်လား🧬
Liquid Biopsy ဆိုတာကတော့ သာမန်အတိုင်း သွေးဖောက်စစ်ဆေးရုံဖြင့် သွေးကြောများအတွင်း စီးဆင်းလျက်ရှိသော ctDNA ဟု ခေါ်သော ကင်ဆာဆဲလ်များမှ ထုတ်လွှတ်လိုက်သည့် DNAများကို စစ်ဆေးခြင်းဖြင့် ကင်ဆာရောဂါမျိုးရိုးဗီဇ ချို့ယွင်းမှု ရှိ၊မရှိ စစ်ဆေးနိုင်သော နည်းပညာတစ်ခု ဖြစ်ပါတယ်။ သွေးကင်ဆာ (Leukemia)၊ ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma) နဲ့ Multiple Myelomaလို ရောဂါတွေမှာ လူနာတစ်ဦးချင်းစီရဲ့ ရောဂါအခြေအနေနဲ့ အကိုက်ညီဆုံး၊ အတိကျဆုံး ကုသမှုတွေအတွက် လိုအပ်တဲ့ မျိုးရိုးဗီဇချို့ယွင်းမှုတွေကို သိရှိနိုင်ဖို့ Liquid Biopsyစစ်ဆေးမှုကနေ ထောက်ပံ့ပေးနိုင်ပါတယ်။
✨Liquid biopsyရဲ့ အဓိကအားသာချက်များ
🔬သာမန်အတိုင်း သွေးဖောက်စစ်ဆေးရုံပဲမို့ ခန္ဓာကိုယ်ကို ထိခိုက်နာကျင်မှု အနည်းဆုံးဖြစ်စေပါတယ်။
📊ကုသမှုက ဘယ်လောက် ထိရောက်မှုရှိလဲဆိုတာ အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်ပါတယ်။
🧬သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ကင်ဆာဆဲလ်အကြွင်းအကျန်တွေကို ရှာဖွေပေးနိုင်ပါတယ်။
🎯စစ်ဆေးတွေ့ရှိတဲ့ မျိုးရိုးဗီဇချို့ယွင်းမှုတွေအပေါ် မူတည်ပြီး လူနာတစ်ဦးချင်းစီနဲ့ အကိုက်ညီဆုံးဖြစ်မယ့် ကုသမှုကို ရွေးချယ်နိုင်ပါတယ်။
⏱️ အချို့ရောဂါအခြေအနေတွေမှာ ပုံမှန်နည်းလမ်းတွေထက် ရောဂါပြန်ကြွလာတာကို ပိုပြီး စောစီးစွာ သိရှိနိုင်ပါတယ်။
Liquid biopsyစစ်ဆေးမှုကို ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းကဲ့သို့ အခြားသော ရောဂါရှာဖွေစစ်ဆေးမှုတွေနဲ့ အတူပြုလုပ်ပါက ကင်ဆာကုသမှုကို များစွာအထောက်အကူ ပြုနိုင်ပါတယ်။ Precision Medicineပညာရပ်တွေ တိုးတက်လာတာနဲ့အမျှ Liquid biopsyစစ်ဆေးမှုဟာ ဆရာဝန်တွေနဲ့ လူနာတွေအတွက် ပိုပြီး မှန်ကန်တိကျတဲ့ ကုသနည်းတွေကို ရွေးချယ်နိုင်ဖို့ ကူညီပေးတဲ့အပြင် လူနာတစ်ဦးချင်းစီရဲ့ ရောဂါအခြေအနေနဲ့ ကိုက်ညီတဲ့ ကင်ဆာကုသစောင့်ရှောက်မှုကိုလည်း သေချာစွာ ပြုလုပ်နိုင်စေပါတယ်။
ကင်ဆာမျိုးရိုးဗီဇ ချို့ယွင်းပြောင်းလဲမှုများနဲ့ ပတ်သက်တဲ့ Liquid Biopsyစစ်ဆေးမှုများအကြောင်း အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄




🩸အောင်မြင်သော ကျောက်ကပ်အစားထိုးကုသခြင်းအတွက် အရေးကြီးသည့် သွေးစစ်ဆေးမှု Tissue Typing (HLA Typing)🩸       ကျောက်ကပ်အစားထ...
04/07/2026

🩸အောင်မြင်သော ကျောက်ကပ်အစားထိုးကုသခြင်းအတွက် အရေးကြီးသည့် သွေးစစ်ဆေးမှု Tissue Typing (HLA Typing)🩸
ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသရာတွင် Tissue Typing စစ်ဆေးမှုသည် ကျောက်ကပ်အစားထိုးမှု အောင်မြင်ရန်နှင့် အစားထိုးပြီးနောက်ပိုင်း လူနာ၏နောက်ဆက်တွဲ ကျန်းမာရေးအခြေအနေ ဆက်လက်ကောင်းမွန်စေရန်အတွက် အလွန်အရေးပါသည့် သွေးစစ်ဆေးမှုတစ်ခုပဲ ဖြစ်ပါတယ်။
Tissue Typing စစ်ဆေးမှုဆိုသည်မှာ ကျောက်ကပ်အစားထိုးကုသမည့် လူနာနှင့် ကျောက်ကပ်အလှူရှင်တို့၏ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များ၏ မျက်နှာပြင်ပေါ်တွင် ရှိနေသော Human Leukocyte Antigens (HLAs)ဟု ခေါ်သည့် ပရိုတင်းများ ကိုက်ညီမှုရှိ၊မရှိကို သွေးမှတစ်ဆင့် စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ HLAsများဟာ ကိုယ်ခံအားစနစ်မှ ကိုယ်ခန္ဓာအတွင်းရှိဆဲလ်များသည် ကိုယ်ခန္ဓာ၏ဆဲလ်များ ဟုတ်၊မဟုတ် ခွဲခြားသည့် လုပ်ငန်းတွင် ပါဝင်သော အဓိကအရေးကြီးသည့် ပရိုတင်းများ ဖြစ်ပါတယ်။
HLAsအမျိုးအစားများ Class I (A, B, C)နှင့် Class II (DR, DP, DQ)တို့ ရှိသည့်အနက် Tissue Typing စစ်ဆေးရာတွင် HLA-A, HLA-B, HLA-Cနှင့် HLA-DRတို့အား ကိုက်ညီမှုရှိ၊မရှိကို ကျောက်ကပ်အစားထိုးကုသမှုမတိုင်ခင် အဓိကစစ်ဆေးကြပါတယ်။ လူနာနှင့် အလှူရှင်၏ HLAsများ အနီးစပ်ဆုံး ကိုက်ညီမှုရှိမှသာလျှင် လူနာ၏ကိုယ်ခံအားစနစ်မှ အစားထိုးကျောက်ကပ်ကို တိုက်ခိုက်မှုမရှိဘဲ ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှု အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသရာတွင် Tissue Typingစစ်ဆေးခြင်းဖြင့်
✅HLAsကိုက်ညီမှုရှိခြင်းကြောင့် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အောင်မြင်နိုင်ချေ မြင့်မားခြင်း
✅ လူနာ၏ခန္ဓာကိုယ်မှ အစားထိုးကျောက်ကပ်အား ငြင်းပယ်နိုင်ချေကို လျှော့ချနိုင်ခြင်း
✅အစားထိုးကျောက်ကပ်အား ငြင်းပယ်နိုင်ချေကို လျှော့ချနိုင်ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများနှင့် အရေးပေါ်အခြေအနေများ ဖြစ်ပွါးခြင်း လျော့နည်းကာ ဆေးရုံမှ မြန်ဆန်စွာ ဆင်းနိုင်ခြင်း
✅အစားထိုးကျောက်ကပ်အား ငြင်းပယ်မှု မရှိသဖြင့် ကျောက်ကပ်လုပ်ဆောင်နိုင်စွမ်းကောင်းမွန်ကာ ပိုမိုကျန်းမာ အသက်ရှည်သော လူနေမှုဘဝကို ရရှိနိုင်ခြင်း
✅လူနာတစ်ဦးချင်းစီအလိုက် ခုခံအားလျှော့ချသောဆေးများအား အနိမ့်ဆုံးပမာဏဖြင့် ဘေးထွက်ဆိုးကျိုးနည်းစွာ အသုံးပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
Mascots Laboratory Referral Centre တွင် ကျောက်ကပ်အစားထိုးကုသရန်အတွက် လိုအပ်သော Tissue Typing သွေးစစ်ဆေးခြင်းနှင့် အခြားသော သွေးစစ်ဆေးမှုများစွာကိုလည်း စင်ကာပူနိုင်ငံရှိ ကမ္ဘာ့အဆင့်မီဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးပေးနေပါပြီ။ သွေးစစ်ဆေးခြင်း ဝန်ဆောင်မှုများအကြောင်း အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ )၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit-5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄



Address

No. 24(1-C) , Nawarat Condo , Samone Street
Dagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+95943099995

Website

Alerts

Be the first to know and let us send you an email when Mascots Laboratory Referral Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mascots Laboratory Referral Centre:

Shortcuts

Share

Category