ကျန်းမာသုတ ဘဝသုခ

ကျန်းမာသုတ ဘဝသုခ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

16/05/2026

ထမင်းစားပြီး နောက် ရှောင်ကြဥ်သင့်သော
အချက်များ

❤️၁)လှဲလျောင်းခြင်း- အစာခြေခြင်းကို
နှေးကွေးစေပြီး အက်စစ်ပြန်တက်ခြင်းကို ဖြစ်စေတယ်။

❤️၂)ရေအလွန်အကျွံသောက်ခြင်း-
အစာခြေအင်ဇိုင်းများကို ပျော့ပျောင်းစေပြီး
အစာခြေစနစ်ကို အားနည်းစေပါတယ်။

❤️၃)အစာစားပြီးနောက်ဆေးလိပ်သောက်ခြင်း-
အဆိပ်အတောက်များတိုးစေပြီး ကျန်းမာရေးဆိုင်ရာပြဿနာများ အန္တရာယ်မြင့်တက်စေပါတယ်။

❤️၄)ချက်ချင်းရေချိူးခြင်း -အစာခြေခြင်းမှ
သွေးစီးဆင်းမှုကို ပြန်လည်လမ်းကြောင်းပြောင်းပေးတယ် အစာခြေစနစ်မကောင်းပါ ။

❤️၅)ချက်ချင်းသစ်သီးစားခြင်း-
အူလမ်းကြောင်းတွင် ဖောရောင်ခြင်းနှင့်
အချဥ်ဖောက်ခြင်းဖြစ်နိုင်ပါတယ်။

❤️၆)ကော်ဖီ လက်ဖက်ရည်သောက်ခြင်း-
သက့်အစာအစားမှ သံဓါတ်စုပ်ယုမှုအားနည်းစေပါတယ်။

❤️၇)လေ့ကျင့်ခန်းလုပ်ခြင်း -ကြွက်တက်ခြင်းနှင့်အမောရောဂါဖြစ်နိုင်ပါတယ်။

credit

ဆီးချိုရောဂါ နှင့် သတိမထားမိသော အန္တရာယ်အစားအစာများ          ဆီးချိုရောဂါရှိသူတွေကြားမှာ ပြောနေကျစကားတစ်ခွန်းက “ဘာမှလည်း...
08/05/2026

ဆီးချိုရောဂါ နှင့် သတိမထားမိသော အန္တရာယ်အစားအစာများ
ဆီးချိုရောဂါရှိသူတွေကြားမှာ ပြောနေကျစကားတစ်ခွန်းက “ဘာမှလည်း မစားပဲနဲ့ ဆီးချိုတွေ အရမ်းတက်တက် လာတယ်။ အခုကြောက်လို့ ဘာမှမစားရဲတော့ဘူး” ဆိုတဲ့ စကားပါပဲ။ ကြောက်လို့ ဘာမှမစားဖြစ်တဲ့အခါ အားနည်းပြီး သွေးချိုကျတာ၊ လမ်းမလျှောက်နိုင်တော့တာ၊ အလေးချိန်တွေ ကျသွားတာမျိုးတွေ ကြုံရတတ်ပါတယ်။
အကြောင်းကတော့ ဆီးချိုအထိန်းဓာတ်ကို တရိပ်ရိပ်နဲ့ တက်လာစေတဲ့ အစားအစာတွေကို မသိပဲ စားမိနေလို့ပါပဲ။ ဒါကြောင့် ဒီနေ့မှာတော့ ဆေးသောက်နေရင်းနဲ့ ကို သွေးတွင်းအချိုဓာတ်တက်လာ​စေတဲ့ အစားအစာတွေအကြောင်းကို ဗဟုသုတရအောင် ပြောပြပေးချင်ပါတယ်
(ဘာအစားအစာတွေ သိရရင် ကြိုးစားပြီးရှောင်ဖို့က အရေးကြီးပါတယ်)

(၁) “အချိုမှုန့် (ဟင်းခတ်မှုန့်)”
- MSG (သို့) အချိုမှုန့်ကို ဟင်းထဲထည့်စားတာ ဒါမှမဟုတ် အချိုမှုန့် ဟင်းခတ်မှုန့်တွေ ပါပြီးသား အစားအစာတွေ (ဥပမာ - ခေါက်ဆွဲခြောက်ထုပ်၊ အာလူးကြော်လေဖောင်းထုပ်တွေ နဲ့ ကြေးအိုးလို စားစရာတွေ) စားတာဟာ သွေးတွင်းအချိုဓာတ်ထိန်းတာကို ပျက်စီးစေတဲ့အပြင် အဝလွန်စေတာကို တွေ့ရပါတယ်။
- အချိုမှုန့်အနွယ်ဝင်တွေထဲမှာ အချိုမှုန့်ပါတဲ့ ကြက်သားမှုန့်၊ ငါးအသားမှုန့် နဲ့ ဟင်းသီးဟင်းရွက်မှုန့်တွေလည်း ပါတာကြောင့် မသုံးရင်အကောင်းဆုံးပါပဲ။
- ဆီးချိုသွေးတိုး ရှိပြီး ကျောက်ကပ်ပါအားနည်းတဲ့ လူနာတွေမှာဆိုရင် ဟင်းသီးဟင်းရွက်မှုန့် စစ်စစ်တွေ ဆိုရင်တောင် ရှောင်ပေးရပါမယ်။ (ပိုတက်ဆီယမ် နဲ့ ဆိုဒီယမ် တက်လာပြီး ကျောက်ကပ်ပိုပျက်နိုင်လို့ပါ)

(၂) သကြားနဲ့ ဆော်ဒါပါသော အားဖြည့်အချိုရည်များ
- တခါတလေ ဆီးချိုလူနာတွေမှာ အားပြတ်ရင် အားဖြည့်အချိုရည်တွေ သောက်မိတတ်ကြပါတယ်။ ကြော်ငြာတွေ အားကောင်းတာကြောင့် ထမင်းမစားပဲ အားဖြည့်အချိုရည်သောက်လိုက်ရင် အားပြည့်သွားမယ်လို့ ထင်တတ်ကြပါတယ်။
- ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါတယ်ဆိုပြီး ကြော်ငြာတာကြောင့် လူနာတွေခမျာ မှားယွင်းသောက်သုံးမိပြီး ဆီးချိုမထိန်းနိုင်ဖြစ်ကြရပါတယ်။
- ဆီးချိုအကြိုအဆင့်နဲ့ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးတဲ့သူတွေမှာဆိုရင် နောင်မှာဆီးချိုမဖြစ်အောင် ပိုရှောင်သင့်ပါတယ်။

(၃) ပြည့်ဝဆီများ (Trans fats and Saturated Fats)
- ထောပတ်၊ မာဂျရင်း၊ မြေပဲထောပတ်၊ မလိုင်၊ ခရင် နဲ့ အေးခဲအစားအစာတွေ မှာ ပြည့်ဝ/အသွင်ပြောင်းဆီ​တွေ အများကြီးပါပါတယ်။ ဒီဆီတွေက ဆီးချိုဓာတ်ကို တိုက်ရိုက်မတက်စေပေမယ့် သွေးတွင်းအဆီများတာကတဆင့် အင်ဆူလင်အထိန်းကျစေပြီး သွယ်ဝိုက်သောနည်းနဲ့ ဆီးချိုတက်စေပါတယ်။
- အပေါ်က စားစရာတွေပါတဲ့ ကိတ်မုန့်၊ ပေါင်မုန့် တွေစားရင်လည်း ဆီးချိုတက်စေတတ်လို့ သတ်မှတ်ပမာဏအတိုင်းပဲ စားသင့်ပါတယ် (ကိတ်မုန့် သို့ ပေါင်မုန့်ဖြူ = တစ်ချပ်/ ပေါင်မုန့်ကြမ်း = ၂ချပ်၊ ထမင်း/အာလူး/အချိုစာများနဲ့ ကပ်မစားပါနဲ့၊ တစ်နေ့တစ်မျိုးသာ အဆာပြေအနေနဲ့ စားပါ)

(၄) သီးစုံအရသာ ဒိန်ချဉ်
- အချိုမပါတဲ့ ဒိန်ချဉ်အလွတ် (သို့) အဆီထုတ်နွားနို့ဒိန်ချဉ် ကို ဆီးချိုဩကားလေးအနည်းငယ်ထည့်သောက်တာက ဆီးချိုလူနာတွေအတွက် ပိုသင့်တော်ပါတယ်
- သီးစုံအရသာ ဒိန်ချဉ်ကတော့ အဆီနည်းပေမယ့် သကြားများပါတယ် >> သိပ်မသောက်သင့်ပါဘူး

(၅) အသင့်ဖျော် ကွေကာအုတ်ထုတ်များ (Sweetened Cereals & Instant Oats)

(၆) သစ်သီးခြောက်များ/ဖျော်ရည်များ

(၇) အာလူးကြော်

(၈) ခရင်ပါသော ဘီစကစ်တွေပဲ ဖြစ်ပါတယ်။

ဒီအစားအစာတွေကို မသိပဲ စားမိနေသူတွေမှာ ဆီးချိုတရိပ်ရိပ်တက်တာကြောင့် ကျောက်ကပ်ပျက်တာ၊ လေဖြတ်တာ၊ မျက်စိကွယ်တာ နဲ့ အခြားဆိုးကျိုးတွေ ခံစားရတာကြောင့် ရှောင်ရှားဖို့ အကြံပြုချင်ပါတယ်။

Crd
​Dr. ဆုမြတ်သဇင်
အာဟာရအထူးပြုဆရာဝန်

03/05/2026

ဘယ်အစာတွေက ဘယ်ကိုယ်တွင်းအင်္ဂါကို သန့်စင်ပေးနိုင်ပါသလဲ။
—————-
၁ ။ ရှောက်သီး… အသည်း

၂ ။ ဟင်းနုနယ်…သွေး

၃ ။ သခွါးသီး…ကျောက်ကပ်

၄ ။ ကြက်သွန်ဖြူ…သွေးကြော

၅ ။ မုန်လာဥနီ…မျက်စိ

၆ ။ ဘရိုကိုလီ( အစိမ်းရောင်ပန်းဂေါ်ဖီ)…အဆုတ်

၇ ။ ပန်းသီး…အူ

၈ ။ ပြောင်းဖူး..အူမကြီး

၉ ။ စပျစ်သီး…နှလုံး

၁၀ ။ လက်ဖက်ရည်ကြမ်းGreen tea…ဆဲလ်

၁၁ ။ သရက်သီး…အရေပြား

၁၂ ။ ငှက်ပျောသီး…အစာအိမ်

၁၃ ။ အုန်းရည်…ဆီးအိမ်

၁၄ ။ ခရမ်းချဉ်သီး…ဆီးကျိတ်

၁၅ ။ အာလူး…မုန့်ချိုအိတ်

၁၆ ။စတော်ဘယ်ရီ…ခံတွင်း

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
Crd ဒေါက်တာခင်မိုးမိုး

 #သင်္ဘောသီး အစိမ်း စားခြင်းနှင့် ကျန်းမာရေးဗီတာမင်စီ၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်ကြွယ်ဝပြီး သင်္ဘော သီးအစိမ်းမှာပါဝင်တဲ့ ...
12/02/2026

#သင်္ဘောသီး အစိမ်း စားခြင်းနှင့် ကျန်းမာရေး

ဗီတာမင်စီ၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်ကြွယ်ဝပြီး သင်္ဘော သီးအစိမ်းမှာပါဝင်တဲ့ သကြားနဲ့ တူတဲ့ဒြပ်တစ်ခုကလည်း အစာ ကောင်းစွာချေဖျက်နိုင်ဖို့ထောက်ကူပေးပါတယ်။ သင်္ဘောသီးစိမ်းဟာ အဆစ် အမြစ်ရောင်ရမ်းကိုက်ခဲခြင်း၊ အရိုးအဆစ်ရောင်ရမ်းနာ၊ ဂေါက်ရောဂါနဲ့ ပန်းနာရောဂါတွေကို သက်သာစေတဲ့အပြင် အူမအတွင်းက ကင်ဆာဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဝမ်းသွားစေခြင်းဖြင့် စွန့်ထုတ်စေပါတယ်။

သင်္ဘောသီးဟာ အစာချေ ဖျက်ခြင်းကို ထောက်ကူတဲ့ သဘာဝဝမ်းနုတ်ဆေး တစ်မျိုးလည်းဖြစ်တာကြောင့် ပုံမှန်စား ပေးရင် ဝမ်းချုပ်တာ၊ လိပ်ခေါင်း ရောဂါဖြစ်တာနဲ့ ဝမ်းလျှောတာ တွေကို ကာကွယ်ပေးနိုင်ပါတယ်။ သင်္ဘောသီးအစိမ်းကို ဖျော်ရည် လုပ်သောက်မယ်ဆိုရင် ဓမ္မတာ ထိမ်ခြင်းကို သက်သာစေပြီး ပုံမှန်ဖြစ်စေပါတယ်။ ဒါ့အပြင် အရေပြားဆိုင်ရာ ရောဂါတွေနဲ့ ဝက်ခြံ၊ မျက်နှာပေါ်မှာ အနီအဖုအပိန့် ထတာတွေကိုလည်း ပျောက်ကင်းစေပါတယ်။

အနာဖြစ်ရင်လည်း သင်္ဘော သီးစိမ်းနဲ့ ကပ်ပေးရင် ဖူးရောင်တာတွေ၊ ပြည်တည်တာတွေ မဖြစ်စေဘူးလို့ ဆိုပါတယ်။ သင်္ဘောသီးစိမ်းကို အနှစ်လုပ်ပြီး မျက်နှာမှာ သုတ်လိမ်းပေးရင်လည်း အညိုစက်တွေ၊အမည်းကွက်တွေကို ပျောက်ကင်းစေပြီး အသားအရေပုံမှန်ပြန်ဖြစ်စေပါ တယ်။ နောက်ပြီး သင်္ဘောသီးစိမ်းကို ပျားရည်နဲ့ဖျော်စပ်ပြီး သောက်သုံးပေးရင် အာသီးရောင်တာ၊ ဆုံဆို့နာနဲ့ တခြားလည်ချောင်းဆိုင်ရာရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

တစ်ခု သတိထားရမှာက သင်္ဘောသီးအစိမ်းမှာပါတဲ့ ဓာတ်တစ်မျိုးက ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်စေတာကြောင့် မိခင်လောင်းတွေ ရှောင်ရမှာပါ။ ဒါပေမဲ့ သင်္ဘောသီးမှည့်သွားရင် အန္တရာယ်ရှိစေတဲ့ ဓာတ်ကလျော့ပါးသွားပြီး ဗီတာမင်တွေ၊ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေရှိတာကြောင့် ကိုယ်ဝန်ဆောင်တွေစား ပေးသင့်ပါတယ်။

နောက်တစ်ချက်က သွေးကြောကျဉ်းရောဂါ ရှိသူတွေနဲ့ ကြက်ပေါင်စေး၊ ရော်ဘာစေးလိုမျိုးနဲ့ ဓာတ်မတည့်သူတွေ သင်္ဘောသီးစိမ်း မစားသင့်ပါဘူး။

Ref: healthbenefits.com
#လန်းလန်းတိုင်းရင်းဆေး
#လန်းလန်းအာရုံကြောဆေး

03/11/2025

#လေးညှင်းပွင့် ဆေးဖက်ဝင် အာနိသင်

#လေးညှင်း
၁။ ဝမ်းဗိုက် အမြဲထိုးအောင့် နာကျင်၍
ဝမ်းဖြူဖြူ အရေ ကျဲကျဲများ သွားပါက
လေးညှင်းမှုန့် ကို ပျားရည်နှင့် ရော၍ လျက်သော် ပျောက်၏။

၂။ လေးညှင်းပွင့် နှင့် ကနခို တို့ကို ညက်ညက် ကြိတ်၍
လုံးပြီး အရိပ်၌ အခြောက်လှန်း၍ ရေနွေးနှင့် သုံးဆောင်ပါက ဓာတ်ချုပ်ခြင်း၊ စမြင်းခံခြင်း၊ သလိပ် ကျပ်ခဲခြင်း တို့ပျောက်၏။

၃။ လေးညှင်းပွင့် ကို သွေး၍ သကြားခဲ ကျိုရည် ပျစ်ပျစ် နှင့် ရောလျက်သော် ကိုယ်ဝန် တည်စ အန်သော ရောဂါ ပျောက်၏။

၄။ လေးညှင်းပွင့် ကို ဆေးခါးကြီး နှင့် ရောကြိတ်ပြီး ရေနွေး ပူပူနှင့် သောက်သော် အဖျားရောဂါ နှင့် အားအင် ကုန်ခန်းခြင်း များကို ပျောက်ကင်းစေ၏။

၅။ ကြေးနီခွက် သန့်သန့်၌ လေးညှင်းပွင့် ကို ပျားရည်နှင့် ထုခြေ၍ မျက်စဉ်း ခတ်သော် မျက်စိနာခြင်း၊ မျက်လုံး၌ တိမ်ဖြူစွဲ ခြင်း ပျောက်၏။

၆။ လေးညှင်းပွင့် ကို ရေနှင့် ကြိတ်၍ ခပ်နွေးနွေး ပြုပြီး သောက်သော် ရေငတ်ခြင်း၊ ပျို့အန်လိုခြင်း၊ လျှာခြောက်ခြင်း၊ ချွဲခြင်း၊ အရသာ မပေါ်ခြင်း များပျောက်၏။

၇။ လေးညှင်းပွင့် နနွင်း ဆတူ စပ်၍ ကြိတ်ပြီး မြုံနေသော အနာများ ပေါ်တွင် လိမ်းပေးသော် ပျောက်၏။

၈။ သလဲသီး အချဉ် အရည်နှင့် လေးညှင်း ရောသောက်သော် ဝက်ရူးနာ ထ၍ အန်ခြင်းနှင့် ရိုးရိုး အန်သော ရောဂါ များ ပျောက်၏။

၉။ အထိုင် အထတို့ ၌ မူး၍ မျက်စိ မူးမိုက် သော် လေးညှင်း ကို ရေအေးနှင့် သွေးပြီး မျက်စဉ်းခတ် ပေးက ပျောက်၏။

၁၀။ လေးညှင်းပွင့်ကို မီးနှင့်လှော်၍ ကြိတ်ပြီး ပျားရည်နှင့် ရောလျက်သော် ကြက်ညှာ ချောင်းဆိုး ပျောက်၏။

အဆီ

၁။ လေးညှင်းဆီ သို့မဟုတ် လေးညှင်းပွင့် ကို သွေး၍ သွားနာ၊ သွားကိုက်သော နေရာသို့ လိမ်းပေးသော် သွားနာ၊ သွားကိုက် ပျောက်၏။

၂။ လေးညှင်းဆီကို မုန်ညင်းဆီနှင့် ရောလိမ်းသေCreditာ် အဆစ် အမျက် ကိုက်ခဲ နာကျင်ခြင်း များပျောက်၏။

၃။ မျက်နှာ နဖူး၏ အထက်ပိုင်းသို့ လေးညှင်းဆီကို လိမ်းပေးသော် ခေါင်းကိုက် ရောဂါ ပျောက်၏။
Crd

 #မာလကာရွက် ရဲ့အသုံးဝင်ပုံ ( ၁ရ ) ချက်၁။ ခန္ဓာကိုယ်ရဲ့အလေးချိန်ကို လျော့နည်းစေပါတယ်။ လက်ဖက်ခြောက်လို ခတ်သောက်လို့ရတဲ့ မာ...
31/10/2025

#မာလကာရွက် ရဲ့အသုံးဝင်ပုံ ( ၁ရ ) ချက်

၁။ ခန္ဓာကိုယ်ရဲ့အလေးချိန်ကို လျော့နည်းစေပါတယ်။ လက်ဖက်ခြောက်လို ခတ်သောက်လို့ရတဲ့ မာလကာရွက် ရေနေွးကြမ်းက အစာ ခဏခဏစားချင်တဲ့စိတ်ကို အဓိက ထိန်းပေးလို့ ကိုယ်အလေးချိန် လေှျာ့ချချင်တဲ့သူတေွအတွက်တော့ အထူးသင့်လျော်ပါတယ်။

၂။ မာလကာရွက် ခတ်ထားတဲ့ ရေနေွးကြမ်းကို ပုံမှန် သောက်သုံးပေးခြင်းအားဖြင့် ဆီးချိုဝေဒနာကို သက်သာစေပါတယ်။

၃။ အဲဒီမာလကာရွက် ရေနေွးကြမ်းက သင့်ရဲ့ ကိုလက်စထရော (cholesterol) ကျစေဖို့အတွက် အထောက်အကူ ပြုပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတေွကိုပဲ ဖယ်ထုတ်တာဖြစ်ပြီး အကျိုးပြုတဲ့ ကိုလက်စထရောတေွကိုတော့ ကောင်းကောင်း ချန်ထားပါတယ်။

၄။ မာလကာရွက် ရေနေွးကြမ်းက ဝမ်းပျက် ဝမ်းလေှျာနဲ့ ဝမ်းကိုက်ရောဂါတေွကိုလည်း သက်သာစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မာလကာရွက်ဟာ မကောင်းတဲ့ ဘက်တီးရီးယားတေွကို ဖယ်ရှားပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

၅။ ထိုနည်းတူစွာ ၄င်းရေနေွးကြမ်းက အစာအိမ်အောင့်ခြင်းနဲ့ အစာ အဆိပ်သင့်ခြင်း စတာတေွကိုလည်း သက်သာစေပါတယ်။

၆။ မာလကာရွက်ကို စားခြင်းဖြင့် လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်းတေွကိုလည်း ပျောက်ကင်း စေနိုင်ပါတယ်။

၇။ မာလကာရွက်ကို ၀ါးစားပေးရင် ခံတွင်းနာခြင်း ၊ သွားဖုံးရောင်ခြင်း ၊ သွားကိုက်ခြင်းတေွကိုလည်း သက်သာစေပါတယ်။

၈။ မာလကာရွက် ရေနေွးကြမ်းက သာမန်အဖျားရောဂါတေွကိုလည်း ကုသနိုင်ပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ မာလကာရွက် ကိုးရွက်ခန့်ကို ရေငါးခွက်စာထဲမှာ ထည့်ပြုတ်ပြီးတော့ သောက်ပါက အအေးမိ ဖျားနာ ကူးစက်ခြင်းကိုလည်း သက်သာစေပါတယ်။

၉။ ဒါအပြင် မာလကာရွက် ရေနေွးကြမ်းက ယောကျ်ားလေးအတွက် အရေးကြီးတဲ့ ယောကျာ်းအားကိုလည်း တိုးပွားစေပါတယ်။

၁ဝ။ ထိခိုက်ရှနာပွန်းပဲ့ ဒဏ်ရာတေွ အပေါ်မှာလည်း မာလကာရွက်ကို ချေပြီးအုံလိုက်ရင် မကြာမီ သိသိသာသာ ပျောက်ကင်းသက်သာသွားစေပါတယ်။

၁၁။ ပိုးကြောင့်ဖြစ်တဲ့ နားရောဂါများကိုလည်း အအေးခံထားတဲ့ မာလကာရွက် ရေနေွးကြမ်းနဲ့ နားထဲကို အစက်ချ ပေးလိုက်လှျင် သက်သာသွားစေပါတယ်။

၁၂။ ဓာတ်မတည့်လို့ ဖြစ်တဲ့ အရေပြား ယားနာတာတေွကိုလည်း မာလကာရွက် ချေပြီးတော့ အုံရင် များစွာ သက်သာစေပါတယ်။

၁၃။ ချေထားတဲ့ မာလကာရွက်ကလည်း ပိုးကောင် ကိုက်ထားတဲ့ အဖုအပိမ့်တေွ၊ အနာတေွကို ကောင်းကောင်း သက်သာစေပါတယ်။

၁၄။ ဒါအပြင် မာလကာရွက်ကို ညက်အောင်ထောင်းပြီးတော့ ၀က်ခြံဖုတေွ အပေါ်မှာ အုံပေးလိုက်ရင် ၀က်ခြံဖြစ်နေတာတေွ ပျောက်ကင်းစေနိုင်ပါတယ်။

၁၅။ မျက်နှာမှာ တကယ်လို့ အမည်းစက်တေွ ဖြစ်နေရင် မာလကာရွက်ကို ရေအနည်းငယ် ရောကာ ညက်အောင် ထောင်းပြီးတော့ ရလာတဲ့ အရည်နဲ့ မျက်နှာကို ချေးချှတ်နိုင်ပါတယ်။

၁၆။ အထက်ပါ အရည်ကိုလည်း မျက်နှာ ပေါင်းတင်ပေးရင် အိုမင်းရင့်ရော်မှုကို အထိုက်အလျောက် ကောင်းကောင်း တားဆီးပေးနိုင်ပါတယ်။

၁၇။ ရေထဲ ထည့်ပြုတ်ထားတဲ့ မာလကာရွက်တေွကို အအေးခံပြီးတော့ ဦးရေပြားမှာ ပွတ်ချေနိှပ်နယ် ပေးခြင်းဖြင့်လည်း ဆံပင်ကျှတ်ခြင်းကို သက်သာစေနိုင်ပါတယ်။
( For You - မာလကာရွက်ရဲ့ကောင်းကျိုးများ ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

Address

Hinthada

Telephone

+959770989990

Website

Alerts

Be the first to know and let us send you an email when ကျန်းမာသုတ ဘဝသုခ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကျန်းမာသုတ ဘဝသုခ:

Shortcuts

Share