Sakura Hospital Hinthada

Call Directions Website Contact the practice

Sakura Hospital Hinthada နွေးထွေးဆုံး စေတနာ မြန်မာ့ ဆာကူရာ
Offical page of SAKURA Hospital Hinthada

🏥 𝑺𝑨𝑲𝑼𝑹𝑨 𝑯𝑶𝑺𝑷𝑰𝑻𝑨𝑳 𝑯𝑰𝑵𝑻𝑯𝑨𝑫𝑨📢 𝑱𝑶𝑩 𝑽𝑨𝑪𝑨𝑵𝑪𝒀Sakura Hospital Hinthada တွင် တာဝန်ထမ်းဆောင်ရန်Cashier (F)1-Postလိုအပ်သောအရည်အချင...
10/10/2026

🏥 𝑺𝑨𝑲𝑼𝑹𝑨 𝑯𝑶𝑺𝑷𝑰𝑻𝑨𝑳 𝑯𝑰𝑵𝑻𝑯𝑨𝑫𝑨

📢 𝑱𝑶𝑩 𝑽𝑨𝑪𝑨𝑵𝑪𝒀

Sakura Hospital Hinthada တွင် တာဝန်ထမ်းဆောင်ရန်

Cashier (F)1-Post

လိုအပ်သောအရည်အချင်းများ
✅တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။
✅အသက် (၂၀)နှစ် မှ (၃၀) နှစ်အတွင်းဖြစ်ရမည်။
✅ရုပ်ရည်အသင့်အတင့်ရှိသူဖြစ်ရမည်။
✅စကားပြောသွက်လက်ပြီး ယဉ်ကျေးစွာ
ပြောဆိုတက်သူဖြစ်ရမည်။
✅Team work ဖြင့်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
✅ကွန်ပျူတာအသုံးပြုနိုင်သူဖြစ်ရမည်။
✅လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။
✅နေ့ / ညမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
✅ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။

အထက်ပါရာထူးအားလျှောက်ထားရန် စိတ်ဝင်စားသူများသည်သက်ဆိုင်ရာ ဘွဲ့လက်မှတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ ၊အလုပ်သမားမှတ်ပုံတင်မိတ္တူ(လေဘာကဒ်)၊သန်းခေါင်စာရင်းမိတ္တူ ၊(၄)လအတွင်းရိုက်ထားသောဓါတ်ပုံ (၃)ပုံ တို့နှင့်အတူအမှတ်(၁၁၁) ၊ ဗိုလ်မြတ်ထွန်းလမ်း ၊
ဆကာရပ်ကွက် ၊ ဟင်္သာတမြို့ဆာကူရာဆေးရုံ ဝန်ထမ်းရေးရာဌာနသို့ အောက်တိုဘာဘာလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်လျှောက်ထားနိုင်ပါသည် ။ဆက်သွယ်လိုပါက - 09 771 705 381သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည် ။Mail ဖြင့်လျှောက်ထားလိုပါက[email protected]
သို့ပေးပို့လျှောက်ထားနိုင်ပါသည်။

📅 𝑨𝒑𝒑𝒍𝒊𝒄𝒂𝒕𝒊𝒐𝒏 𝑫𝒆𝒂𝒅𝒍𝒊𝒏𝒆
20 October 2026

📍 𝑨𝒑𝒑𝒍𝒚 𝑰𝒏 𝑷𝒆𝒓𝒔𝒐𝒏
Sakura Hospital HR Department
No. 111, Bo Myat Htun Road, Saka Qtr, Hinthada

Online မှ လျှောက်ထားရန်
https://forms.gle/z6dNHZ2b3qrzD5kv7

📱 𝑪𝒐𝒏𝒕𝒂𝒄𝒕
09 771 705 381

📧 𝑬𝒎𝒂𝒊𝒍
[[email protected]](mailto:[email protected]





💜 World Mental Health Day 2026 🌿ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (အောက်တိုဘာ ၁၀)​“စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ ကိုယ့်ကိုယ်ကိ...
10/10/2026

💜 World Mental Health Day 2026 🌿

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (အောက်တိုဘာ ၁၀)

​“စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။” 💜

​နေ့စဉ်ဘဝမှာ အလုပ်တာဝန်တွေ၊ မိသားစုပြဿနာတွေ၊ လူမှုဆက်ဆံရေးနဲ့ အခြားသော စိန်ခေါ်မှုတွေကြောင့် စိတ်ဖိစီးမှုတွေကို အမျိုးမျိုး ကြုံတွေ့ရနိုင်ပါတယ်။ တစ်ခါတလေမှာ အရာအားလုံး အဆင်ပြေသလို နေ နေပေမယ့် စိတ်ထဲမှာတော့ ပင်ပန်းနွမ်းနယ်နေတာမျိုးတွေ ရှိနိုင်ပါတယ်။

​💜 အနားယူပါ: စိတ်ပင်ပန်းနေတဲ့အခါ မိမိကိုယ်ကို အနားယူခွင့် အပြည့်အဝ ပေးပါ။
​💜 ရင်ဖွင့်ပါ: ကိုယ့်ရဲ့ခံစားချက်တွေကို ယုံကြည်ရသူတစ်ဦးဦးနဲ့ ရင်ဖွင့်မျှဝေပါ။
​💜 မနှိုင်းယှဉ်ပါနဲ့: အခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်နေမယ့်အစား ကိုယ့်ရဲ့သေးငယ်တဲ့ တိုးတက်မှုလေးတွေကို ကိုယ်တိုင် အသိအမှတ်ပြုပေးပါ။
​💜 အကူအညီရယူပါ: စိတ်ဖိစီးမှုတွေ ကြာရှည်လာပြီး နေ့စဉ်ဘဝကို ထိခိုက်လာပြီဆိုရင် စိတ်ကျန်းမာရေးအတွက်ဘကျွမ်းကျင်သူတွေရဲ့ အကူအညီကို ရယူဖို့ အကြံပေးချင်ပါတယ်။

​စိတ်ကျန်းမာရေးဟာ ကိုယ်ကျန်းမာရေးကဲ့သို့ လုံးဝအရေးကြီးပါတယ်။ အကူအညီတောင်းခံခြင်းဟာ အားနည်းချက်မဟုတ်ဘဲ "ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ခြင်းရဲ့ အကောင်းဆုံး လက္ခဏာတစ်ခု" ဖြစ်ပါတယ်။

​ဒီနေ့မှာ ကိုယ့်စိတ်ကိုလည်း သေချာဂရုစိုက်ပေးပါ။ ကိုယ်ချစ်ရတဲ့သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း နားထောင်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။💜

​✨ Your mental health matters. You matter. 🌷
​━━━━━━━━━━━━━━━
🏥 Sakura Hospital Hinthada
(ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်လိုပါက ဆာကူရာဆေးရုံဟင်္သာတသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ််။)
​📞 ဖုန်း: [09 776 303 132 , 09 688 688 678]
📍 လိပ်စာ: [အမှတ် ၁၁၁ ၊ ဗိုလ်မြတ်ထွန်းလမ်း ၊ ဆကာရပ်ကွက် ၊ ဟင်္သာတမြို့ ]
​

Delivering happiness and health,one baby at a time. Thank you for trusting us with your precious moment.💜Welcome to the ...
06/10/2026

Delivering happiness and health,one baby at a time. Thank you for trusting us with your precious moment.💜

Welcome to the world Babies👶

ချစ်စရာကောင်းတဲ့ကလေးငယ်လေးတွေနဲ့ မိခင်များရဲ့ စိတ်ချမ်းမြေ့မှု ၊ ဘေးကင်းလုံခြုံမှုတို့ အတွက် Sakura_Hospital Hinthada မှအစွမ်းကုန်ကြိုးစားပေးထားပါတယ်🥰

အဆင့်မြင့်နည်းပညာများ ၊ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်နဲ့အတူ ကောင်းမွန်သောဝန်ဆောင်မှုများနဲ့ သင်တို့ရဲ့ အဖိုးတန်ရင်သွေးငယ်လေးများအတွက် ယုံကြည်စိတ်ချစွာရွေးချယ်နိုင်ပါတယ်။🥰💜

🏥 𝑺𝑨𝑲𝑼𝑹𝑨 𝑯𝑶𝑺𝑷𝑰𝑻𝑨𝑳 𝑯𝑰𝑵𝑻𝑯𝑨𝑫𝑨📢 𝑱𝑶𝑩 𝑽𝑨𝑪𝑨𝑵𝑪𝒀Sakura Hospital Hinthada တွင် အောက်ပါရာထူးများအတွက် ဝန်ထမ်းများ ခေါ်ယူလျက်ရှိပါသည...
06/10/2026

🏥 𝑺𝑨𝑲𝑼𝑹𝑨 𝑯𝑶𝑺𝑷𝑰𝑻𝑨𝑳 𝑯𝑰𝑵𝑻𝑯𝑨𝑫𝑨

📢 𝑱𝑶𝑩 𝑽𝑨𝑪𝑨𝑵𝑪𝒀

Sakura Hospital Hinthada တွင် အောက်ပါရာထူးများအတွက် ဝန်ထမ်းများ ခေါ်ယူလျက်ရှိပါသည်။

🩺 𝑴𝒆𝒅𝒊𝒄𝒂𝒍 𝑶𝒇𝒇𝒊𝒄𝒆𝒓 – 𝟏 𝑷𝒐𝒔𝒕 (𝑴/𝑭)
• Full-Time & Part-Time
• MBBS ဘွဲ့ရရှိထားသူဖြစ်ရမည်။
• ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
• Communication & Teamwork ကောင်းမွန်သူဖြစ်ရမည်။
• Day / Night Duty ဆင်းနိုင်သူဖြစ်ရမည်။
• Salary – Over 20 Lakhs + Pool Money +++
• လုပ်ငန်အတွေ့အကြုံ နှင့် Duty Hours အပေါ်မူတည်၍ လစာညှိနှိုင်းပေးမည်

🧪 𝑴𝒆𝒅𝒊𝒄𝒂𝒍 𝑻𝒆𝒄𝒉𝒏𝒐𝒍𝒐𝒈𝒊𝒔𝒕 (𝑳𝒂𝒃𝒐𝒓𝒂𝒕𝒐𝒓𝒚) – 𝟐 𝑷𝒐𝒔𝒕𝒔 (𝑴/𝑭)
• B.Med.Tech ဘွဲ့ရရှိထားသူဖြစ်ရမည်။
• Biochemistry, Immunology & Microbiology Tests များ လုပ်ဆောင်နိုင်သူဖြစ်ရမည်။
• Teamwork ကောင်းမွန်ပြီး တာဝန်ယူမှုရှိသူဖြစ်ရမည်။

👩🏻‍⚕️ 𝑺𝒕𝒂𝒇𝒇 𝑵𝒖𝒓𝒔𝒆 – 𝟓 𝑷𝒐𝒔𝒕𝒔 (𝑭)
• B.N.Sc (သို့) Diploma in Nursing ဘွဲရရှိထားသူဖြစ်ရမည်။
• ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
• Day / Night Duty ဆင်းနိုင်သူဖြစ်ရမည်။
• Interpersonal Skills ကောင်းမွန်သူ ဖြစ်ရမည်။

🩹 𝑵𝒖𝒓𝒔𝒆 𝑨𝒊𝒅 – 𝟏𝟎 𝑷𝒐𝒔𝒕𝒔 (𝑴/𝑭)
• သူနာပြုအကူ သင်တန်းဆင်းလက်မှတ် ရရှိထားသူဖြစ်ရမည်။
• ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူ ဖြစ်ရမည်။
• Day / Night Duty ဆင်းနိုင်သူ ဖြစ်ရမည်။
• ရေရှည်လုပ်ကိုင်နိုင်သူ
• လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်

💻 𝑫𝒂𝒕𝒂 𝑬𝒏𝒕𝒓𝒚 – 𝟏 𝑷𝒐𝒔𝒕 (𝑴/𝑭)
• Laboratory Results များ Data Entry ပြုလုပ်နိုင်သူ ဖြစ်ရမည်။
• Email မှ ပေးပို့လာသော Results များ စစ်ဆေးနိုင်သူ ဖြစ်ရမည်။
• Results များ Print ထုတ်နိုင်သူဖြစ်ရမည်။
• ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။
• Basic Computer Skills ရှိသူ ဖြစ်ရမည်။
• Microsoft Word, Excel & Email အသုံးပြုနိုင်သူ ဖြစ်ရမည်။
• တာဝန်ယူမှုရှိပြီး စနစ်တကျလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
• လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည် ဖြစ်ရမည်။

HR Staff (Attendance & Roster) – 𝟏 𝑷𝒐𝒔𝒕 (𝑴/𝑭)
- ဝန်ထမ်းများ၏ Attendance နှင့် Duty In/Out များကို စစ်ဆေးခြင်း
- Duty Roster များကို စစ်ဆေးခြင်းနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း
- Monthly Meeting များ၏ Meeting Minutes များကို မှတ်တမ်းတင်ခြင်းနှင့် ဖြန့်ဝေခြင်း

လိုအပ်သောအရည်အချင်းများ
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်
- HR လုပ်ငန်းကို အမှန်တကယ် စိတ်ဝင်စားပြီး ရေရှည်လေ့လာလုပ်ကိုင်လိုသူ ဖြစ်ရမည်
- HR လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။ Fresh Graduate များလည်း လျှောက်ထားနိုင်ပါသည်။
- Microsoft Office အသုံးပြုနိုင်ရမည်
- ဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်ရမည်
- တာဝန်ယူမှုရှိပြီး စည်းကမ်းလိုက်နာသူဖြစ်ရမည်

အထက်ပါရာထူးများအားလျှောက်ထားရန် စိတ်ဝင်စားသူများသည်သက်ဆိုင်ရာ ဘွဲ့လက်မှတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ ၊အလုပ်သမားမှတ်ပုံတင်မိတ္တူ(လေဘာကဒ်)၊သန်းခေါင်စာရင်းမိတ္တူ ၊(၄)လအတွင်းရိုက်ထားသောဓါတ်ပုံ (၃)ပုံ တို့နှင့်အတူအမှတ်(၁၁၁) ၊ ဗိုလ်မြတ်ထွန်းလမ်း ၊
ဆကာရပ်ကွက် ၊ ဟင်္သာတမြို့ဆာကူရာဆေးရုံ ဝန်ထမ်းရေးရာဌာနသို့ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်လျှောက်ထားနိုင်ပါသည် ။ဆက်သွယ်လိုပါက - 09 771 705 381သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည် ။Mail ဖြင့်လျှောက်ထားလိုပါက[email protected]
သို့ပေးပို့လျှောက်ထားနိုင်ပါသည်။

📅 𝑨𝒑𝒑𝒍𝒊𝒄𝒂𝒕𝒊𝒐𝒏 𝑫𝒆𝒂𝒅𝒍𝒊𝒏𝒆
30 September 2026

📍 𝑨𝒑𝒑𝒍𝒚 𝑰𝒏 𝑷𝒆𝒓𝒔𝒐𝒏
Sakura Hospital HR Department
No. 111, Bo Myat Htun Road, Saka Ward, Hinthada

📱 𝑪𝒐𝒏𝒕𝒂𝒄𝒕
09 771 705 381

📧 𝑬𝒎𝒂𝒊𝒍
[[email protected]]





📚💙 World Teachers’ Day 2026 💙📚“ကျန်းမာရေးစောင့်ရှောက်မှုတိုင်းရဲ့ နောက်ကွယ်မှာ ဆရာ၊ ဆရာမတို့ရဲ့ ကျေးဇူးတရားတွေ ရှိနေပါတယ...
05/10/2026

📚💙 World Teachers’ Day 2026 💙📚

“ကျန်းမာရေးစောင့်ရှောက်မှုတိုင်းရဲ့ နောက်ကွယ်မှာ ဆရာ၊ ဆရာမတို့ရဲ့ ကျေးဇူးတရားတွေ ရှိနေပါတယ်။” 🩺✨

အနာဂတ်ရဲ့ ခေါင်းဆောင်တွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ လူ့ဘောင်အဖွဲ့အစည်းကို ပုံဖော်ပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမများအားလုံးကို World Teachers’ Day မှာ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုဆုမွန်ကောင်း တောင်းအပ်ပါသည်။ 💐

ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားပြသပေးမှု၊ လမ်းပြပေးမှုတွေနဲ့ တန်ဖိုးရှိတဲ့ ပညာပေးမှုများကြောင့်သာ ကျွန်ုပ်တို့ဟာ ယနေ့ လူနာများကို စေတနာအပြည့်ဖြင့် ပြုစုစောင့်ရှောက်ပေးနိုင်တဲ့ ကျန်းမာရေးဝန်ထမ်းများ ဖြစ်လာနိုင်တာ ဖြစ်ပါတယ်။ 🤍

ကမ္ဘာတစ်ဝှမ်းရှိ ဆရာ၊ ဆရာမများအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး ပျော်ရွှင်ခြင်းများနဲ့ ပြည့်စုံကြပါစေကြောင်း Sakura Hospital Hinthada မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ 🌸

❤️ World Heart Day 2026 ❤️နှလုံးကျန်းမာရေးကို ဂရုစိုက်ခြင်းက ကျန်းမာပျော်ရွှင်တဲ့ဘဝအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါ။နေ့...
29/09/2026

❤️ World Heart Day 2026 ❤️

နှလုံးကျန်းမာရေးကို ဂရုစိုက်ခြင်းက ကျန်းမာပျော်ရွှင်တဲ့ဘဝအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါ။

နေ့စဉ်ဘဝမှာ
🥗 အာဟာရမျှတတဲ့ အစားအစာများကို ရွေးချယ်ပါ
🏃‍♀️ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
🚭 ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ
🩺 သွေးပေါင်ချိန်၊ သွေးတွင်းအဆီနှင့် သွေးချိုဓာတ်တို့ကို ပုံမှန်စစ်ဆေးပါ
😴 အိပ်ရေးဝဝအိပ်ပြီး စိတ်ဖိစီးမှုကိုလည်း လျှော့ချပါ။

နှလုံးရောဂါဟာ အသက်အရွယ်မရွေး ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ရောဂါလက္ခဏာတွေ ပေါ်လာမှသာ ဂရုစိုက်တာထက် ကြိုတင်ကာကွယ်စောင့်ရှောက်ခြင်းက ပိုမိုအရေးကြီးပါတယ်။

💙 ဒီ World Heart Day မှာ ကိုယ့်နှလုံးကျန်းမာရေးကို ပြန်လည်ဂရုစိုက်ဖို့အတွက် ခြေလှမ်းလေးတစ်ခု စတင်လိုက်ပါ။

❤️ Take care of your heart. Take care of your life.
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬: [အမှတ် ၁၁၁၊ဗိုလ်မြတ်ထွန်းလမ်း၊ဆကာရပ်ကွက်၊င်္ဟသာတမြို့]
📞 𝐂𝐨𝐧𝐭𝐚𝐜𝐭: [09 776 303 132 / 09 688 688 678]
📱 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤: Sakura Hospital Hinthada
📱 𝐓𝐢𝐤𝐓𝐨𝐤: .hospital.h

Sakura Hospital Hinthada
နွေးထွေးဆုံး စေတနာ မြန်မာ့ ဆာကူရာ

World Rabies Day 2026စက်တင်ဘာလ (၂၈) ရက်နေ့ဟာ World Rabies Day (ကမ္ဘာ့ခွေးရူးပြန်ရောဂါ ကာကွယ်တားဆီးရေးနေ့) ဖြစ်ပါတယ်။ခွေး...
28/09/2026

World Rabies Day 2026

စက်တင်ဘာလ (၂၈) ရက်နေ့ဟာ World Rabies Day (ကမ္ဘာ့ခွေးရူးပြန်ရောဂါ ကာကွယ်တားဆီးရေးနေ့) ဖြစ်ပါတယ်။

ခွေးရူးပြန်ရောဂါဟာ ကာကွယ်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပေမယ့် ရောဂါလက္ခဏာတွေ ပေါ်လာပြီးနောက်မှာ အသက်အန္တရာယ် အလွန်ပြင်းထန်နိုင်ပါတယ်။

🐾 ခွေး၊ ကြောင် စတဲ့ တိရစ္ဆာန်တွေ ကိုက်ခြင်း၊ ခြစ်ခြင်းခံရပါက

• ဒဏ်ရာကို ဆပ်ပြာနှင့် ရေဖြင့် ချက်ချင်း သေချာဆေးကြောပါ။
• ကိုယ်တိုင်ဆေးလိမ်းပြီး စောင့်မနေဘဲ နီးစပ်ရာဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံးသွားရောက်၍ ကုသမှုကို ခံယူပါ။
• ကျန်းမာရေးဝန်ထမ်း၏ အကြံပြုချက်အတိုင်း ခွေးရူးပြန်ကာကွယ်ဆေးနှင့် လိုအပ်ပါက အခြားကာကွယ်ကုသမှုများ ခံယူပါ။

ခွေးရူးပြန်ရောဂါဟာ လက္ခဏာတွေပေါ်လာပြီးနောက် အသက်အန္တရာယ်အလွန်ပြင်းထန်နိုင်ပေမယ့် ထိတွေ့မှုဖြစ်ပြီးနောက် အချိန်မီ ကာကွယ်ကုသမှုခံယူခြင်းဖြင့် ကာကွယ်နိုင်တဲ့ရော ဖြစ်တဲ့အတွက်ကြောင့်

ကာကွယ်ခြင်းက အသက်ကို ကယ်တင်နိုင်ပါတယ်။

ဒီ World Rabies Day မှာ လူတိုင်းက ခွေးရူးပြန်ရောဂါအကြောင်း သိရှိနားလည်ပြီး မိမိကိုယ်တိုင်နဲ့ မိသားစုဝင်များကို ကာကွယ်နိုင်ကြပါစေ။

📍 𝐀𝐝𝐝𝐫𝐞𝐬𝐬: [အမှတ် ၁၁၁၊ဗိုလ်မြတ်ထွန်းလမ်း၊ဆကာရပ်ကွက်၊င်္ဟသာတမြို့]
📞 𝐂𝐨𝐧𝐭𝐚𝐜𝐭: [09 776 303 132 / 09 688 688 678]
📱 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤: Sakura Hospital Hinthada
📱 𝐓𝐢𝐤𝐓𝐨𝐤: .hospital.h
Sakura Hospital Hinthada

နွေးထွေးဆုံး စေတနာ မြန်မာ့ ဆာကူရာ

💙World Pharmacists Day 2026! 💙လူနာများ ဆေးဝါးများကို မှန်ကန်စနစ်တကျ သုံးစွဲနိုင်စေရန်နှင့် ဘေးကင်းလုံခြုံသော ကျန်းမာရေးစ...
25/09/2026

💙World Pharmacists Day 2026! 💙

လူနာများ ဆေးဝါးများကို မှန်ကန်စနစ်တကျ သုံးစွဲနိုင်စေရန်နှင့် ဘေးကင်းလုံခြုံသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် နောက်ကွယ်မှ စေတနာအပြည့်ဖြင့် ကြိုးပမ်းပေးနေကြသော ဆေးဝါးပညာရှင်များ (Pharmacists) အားလုံးကို လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါတယ်။ 💊✨

ယခုနှစ် World Pharmacists Day 2026 ရဲ့ Theme ကတော့—

“Empowering pharmacists for healthier futures”

ပိုမိုကျန်းမာသန်စွမ်းသော အနာဂတ်များအတွက် ဆေးဝါးပညာရှင်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း ဖြစ်ပါတယ်။

ပြည်သူလူထု၏ ကျန်းမာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် နေ့စဉ် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပေးနေကြသော Pharmacists များအားလုံးကို Sakura Hospital Hinthada မှ လေးစားစွာ ဂုဏ်ပြုဆုမွန်ကောင်း တောင်းအပ်ပါတယ်။ 💐🌸

📍 𝐀𝐝𝐝𝐫𝐞𝐬𝐬: [အမှတ် ၁၁၁၊ဗိုလ်မြတ်ထွန်းလမ်း၊ဆကာရပ်ကွက်၊င်္ဟသာတမြို့]

📞 𝐂𝐨𝐧𝐭𝐚𝐜𝐭: [09 776 303 132 / 09 688 688 678]

📱 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤: Sakura Hospital Hinthada

📱 𝐓𝐢𝐤𝐓𝐨𝐤: .hospital.h

Sakura Hospital Hinthada
နွေးထွေးဆုံး စေတနာ မြန်မာ့ ဆာကူရာ

မနက်စာ မစားဘဲ အလုပ် / ကျောင်း သွားဖြစ်နေသလား…? ⏰🏃‍♂️​“မနက်ခင်းမှာ အချိန်မရှိလို့”၊ “ဗိုက်မဆာသေးလို့” ဆိုပြီး မနက်စာကို မ...
24/09/2026

မနက်စာ မစားဘဲ အလုပ် / ကျောင်း သွားဖြစ်နေသလား…? ⏰🏃‍♂️
​“မနက်ခင်းမှာ အချိန်မရှိလို့”၊ “ဗိုက်မဆာသေးလို့” ဆိုပြီး မနက်စာကို မကြာခဏ ကျော်နေမိပါသလား?

​မနက်စာက တစ်နေ့တာအတွက် လိုအပ်တဲ့ စွမ်းအင်နဲ့ အာဟာရဓာတ်တွေ ရရှိစေဖို့ အထောက်အကူပြုတဲ့ အစားအစာတစ်နပ် ဖြစ်ပါတယ်။

​ မနက်စာကို ကျော်နေမိရင်—
🔹 မနက်ပိုင်းမှာ ဆာလောင်ခြင်း၊ အားနည်းနွမ်းနယ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
🔹 ကျောင်းစာ သို့မဟုတ် အလုပ်လုပ်တဲ့အခါ အာရုံစိုက်ရ ခက်ခဲနိုင်ပါတယ်။
🔹 အာဟာရဓာတ်အချို့ကို လုံလောက်စွာ မရရှိနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။
🔹 နောက်ပိုင်းအချိန်တွေမှာ ပိုမိုဆာလောင်ပြီး အစားအစာရွေးချယ်မှုတွေ ပြောင်းလဲနိုင်ပါတယ်။

​💡 မနက်ခင်း အချိန်မရှိရင် ဘာစားမလဲ?
🍌 ငှက်ပျောသီး / သစ်သီး
🥚 ကြက်ဥပြုတ်
🥛 နို့
🥪 ပေါင်မုန့် / Sandwich
​အချိန်မရတဲ့ မနက်ခင်းတွေမှာတောင် အာဟာရပြည့်ဝတဲ့ အစားအစာလေးတွေကို ရွေးချယ်ဖို့ မမေ့ပါနဲ့။ 💙
​ကျန်းမာတဲ့နေ့တစ်နေ့ကို အာဟာရပြည့်တဲ့ မနက်စာလေးနဲ့ စတင်လိုက်ကြရအောင်။ 🌱

📍 𝐀𝐝𝐝𝐫𝐞𝐬𝐬: [အမှတ် ၁၁၁၊ဗိုလ်မြတ်ထွန်းလမ်း၊ဆကာရပ်ကွက်၊င်္ဟသာတမြို့]

📞 𝐂𝐨𝐧𝐭𝐚𝐜𝐭: [09 776 303 132 / 09 688 688 678]

📱 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤: Sakura Hospital Hinthada

📱 𝐓𝐢𝐤𝐓𝐨𝐤: .hospital.h

ကျန်းမာခြင်းနဲ့အတူ နွေးထွေးတဲ့ စောင့်ရှောက်မှုတွေကို ပေးစွမ်းဖို့ Sakura Hospital Hinthada မှ အမြဲအဆင်သင့်ရှိနေပါတယ်။ 💜🌸

နွေးထွေးဆုံး စေတနာ မြန်မာ့ ဆာကူရာ

​

💜 မေမေတို့ဆီမှာရော ဒီ 𝐊𝐞𝐲𝐜𝐡𝐚𝐢𝐧 လေး ရှိသေးလား? 🥰ရင်သွေးလေးကို မွေးဖွားခဲ့တဲ့ အထူးနေ့လေးကို အမှတ်တရဖြစ်စေဖို့ 𝐒𝐚𝐤𝐮𝐫𝐚 𝐇𝐨𝐬𝐩𝐢...
22/09/2026

💜 မေမေတို့ဆီမှာရော ဒီ 𝐊𝐞𝐲𝐜𝐡𝐚𝐢𝐧 လေး ရှိသေးလား? 🥰

ရင်သွေးလေးကို မွေးဖွားခဲ့တဲ့ အထူးနေ့လေးကို အမှတ်တရဖြစ်စေဖို့ 𝐒𝐚𝐤𝐮𝐫𝐚 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐇𝐢𝐧𝐭𝐡𝐚𝐝𝐚 မှာ ရင်သွေးလေးတွေ မွေးဖွားတဲ့ မေမေတို့အတွက် ဒီအမှတ်တရ 𝐊𝐞𝐲𝐜𝐡𝐚𝐢𝐧 လေးတွေကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကစပြီး ပေးအပ်လာခဲ့ပါတယ်။ 💜

အပြင်မှာ သီးသန့်ဝယ်လို့မရတဲ့ ဒီ Keychain လေးက မေမေတို့နဲ့ ရင်သွေးလေးတို့ရဲ့ အထူးနေ့လေးကို အမှတ်တရအဖြစ် သိမ်းထားနိုင်ဖို့ ပေးအပ်ထားတဲ့ လက်ဆောင်လေးပါ။ 🥰

အခုလည်း 𝐊𝐞𝐲𝐜𝐡𝐚𝐢𝐧 လေးတွေကို ဆက်လက်ပေးအပ်နေပြီး၊ နောင်လာမယ့် မေမေတို့နဲ့ ရင်သွေးလေးတွေအတွက်လည်း ဒီလို အမှတ်တရလက်ဆောင်လေးတွေကို ဆက်လက်ပေးအပ်သွားဦးမှာပါ။ 💜

အဲ့ဒီတုန်းက ရင်သွေးငယ်လေးတွေ အခုဆိုရင် ဘယ်လောက်တောင် ကြီးပြင်းလာကြပြီလဲနော်...🥰

မေမေတို့ဆီမှာ ဒီ 𝐊𝐞𝐲𝐜𝐡𝐚𝐢𝐧 လေး ရှိသေးရင် Comment မှာ ဓာတ်ပုံလေး ပြန်မျှဝေပေးခဲ့ကြပါဦးနော်။ 📸🥰

ရင်သွေးလေးရဲ့ အမှတ်တရဓာတ်ပုံလေး ဒါမှမဟုတ် 𝐏𝐨𝐬𝐭𝐜𝐚𝐫𝐝 လေးတွေ ရှိသေးရင်လည်း အတူတူ ပြန်လည်မျှဝေပေးလို့ရပါတယ်နော်။ 💜

𝐒𝐚𝐤𝐮𝐫𝐚 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐇𝐢𝐧𝐭𝐡𝐚𝐝𝐚 မိသားစုကလည်း မေမေတို့ရဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ ပြန်လည်ကြည့်ရှုရင်း ပီတိဖြစ်ချင်မိပါတယ်။ 🥰

သေးငယ်တဲ့ 𝐊𝐞𝐲𝐜𝐡𝐚𝐢𝐧 လေးတစ်ခုကနေ...
မေမေတို့အတွက် တစ်သက်တာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အမှတ်တရလေးတစ်ခု ဖြစ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🌸💜

🏥 𝐒𝐚𝐤𝐮𝐫𝐚 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐇𝐢𝐧𝐭𝐡𝐚𝐝𝐚

မေမေတို့နဲ့ ရင်သွေးလေးတို့အတွက် နွေးထွေးစိတ်ချရတဲ့ 𝐌𝐚𝐭𝐞𝐫𝐧𝐢𝐭𝐲 & 𝐁𝐚𝐛𝐲 𝐂𝐚𝐫𝐞 ဝန်ဆောင်မှုများအပြင် အရည်အသွေးပြည့်ဝသော 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 များကိုလည်း ပေးအပ်လျက်ရှိပါတယ်။ 💜

✨ 𝐎𝐮𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
• 🤰 𝐌𝐚𝐭𝐞𝐫𝐧𝐢𝐭𝐲 & 𝐎𝐛𝐬𝐭𝐞𝐭𝐫𝐢𝐜 𝐂𝐚𝐫𝐞
• 👶 𝐍𝐞𝐰𝐛𝐨𝐫𝐧 & 𝐁𝐚𝐛𝐲 𝐂𝐚𝐫𝐞
• 🩺 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞
• 🏥 𝐈𝐧𝐩𝐚𝐭𝐢𝐞𝐧𝐭 & 𝐎𝐮𝐭𝐩𝐚𝐭𝐢𝐞𝐧𝐭 𝐂𝐚𝐫𝐞

📍 𝐀𝐝𝐝𝐫𝐞𝐬𝐬: [အမှတ် ၁၁၁၊ဗိုလ်မြတ်ထွန်းလမ်း၊ဆကာရပ်ကွက်၊င်္ဟသာတမြို့]

📞 𝐂𝐨𝐧𝐭𝐚𝐜𝐭: [09 776 303 132 / 09 688 688 678]

📱 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤: Sakura Hospital Hinthada

📱 𝐓𝐢𝐤𝐓𝐨𝐤: .hospital.h

ကျန်းမာခြင်းနဲ့အတူ နွေးထွေးတဲ့ စောင့်ရှောက်မှုတွေကို ပေးစွမ်းဖို့ 𝐒𝐚𝐤𝐮𝐫𝐚 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐇𝐢𝐧𝐭𝐡𝐚𝐝𝐚 မှ အမြဲအဆင်သင့်ရှိနေပါတယ်။ 💜🌸

နွေးထွေးဆုံး စေတနာ မြန်မာ့ ဆာကူရာ

Address

No. 111 . Bo Myat Tun Road . Hinthada Township
Hinthada

Alerts

Be the first to know and let us send you an email when Sakura Hospital Hinthada posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sakura Hospital Hinthada:

Shortcuts

Share

Category