Dr Hnin Thida Cho . Child Clinic .

Dr Hnin Thida Cho . Child Clinic . Child clinic

03/05/2026

🥤 အားဖြည့်အချိုရည်တွေနဲ့ ကျန်းမာရေးအန္တရာယ်⚠️

ယနေ့ခေတ်တွင် ကျောင်းသား၊ ကျောင်းသူတွေနဲ့ လူငယ်တွေက နိုးကြားလန်းဆန်းစေရန် ၊ ခွန်အားတိုးလာစေရန်နဲ့ စာပိုပြီးလေ့လာနိုင်စေရန် ရည်ရွယ်ချက်တွေနဲ့ အားဖြည့်အချိုရည် (𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤𝐬) တွေကို မကြာခဏ သောက်သုံးနေကြပါတယ်။

⚡ ဒီအချိုရည်တွေက စိတ်ကိုနိုးကြားစေတဲ့ _ ကဖိန်းဓာတ်၊ သကြားဓာတ်တွေနဲ့ အချို့သော လှုံ့ဆော်ပစ္စည်းတွေ (ဥပမာ – 𝐺𝑢𝑎𝑟𝑎𝑛𝑎၊ 𝑇𝑎𝑢𝑟𝑖𝑛𝑒၊ 𝐺𝑖𝑛𝑠𝑒𝑛𝑔၊ 𝐺𝑙𝑢𝑐𝑢𝑟𝑜𝑛𝑜𝑙𝑎𝑐𝑡𝑜𝑛𝑒၊ 𝐿-𝑐𝑎𝑟𝑛𝑖𝑡𝑖𝑛𝑒 စသည်တို့) ကို ပမာဏမြင့်မားစွာ ထည့်သွင်းထားတဲ့ အဖျော်ယမကာတွေဖြစ်ပြီး ဒီလှုံ့ဆော်ပစ္စည်းတွေရဲ့ ပါဝင်မှုမြင့်မားတာကြောင့် ⚠️ အထူးသဖြင့် ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက် ကျန်းမာရေးဆိုင်ရာ ပြဿနာများစွာကို ဖြစ်စေနိုင်ပါတယ်။

🥤 ဒီအချိုရည်တွေကို တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ပမာဏအနည်းငယ်သောက်ရုံဖြင့် အန္တရာယ်မရှိသော်လည်း နေ့စဉ်ပမာဏများစွာ ဆက်တိုက်သောက်သုံးပါက အချိုရည်ထဲက လှုံ့ဆော်ပစ္စည်းတွေကြောင့် ခန္ဓာကိုယ်မှာ (အထူးသဖြင့် ဦးနှောက်နဲ့ အာရုံကြောစနစ်တွင်) ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

🚨 အားဖြည့်အချိုရည်များကြောင့်ဖြစ်နိုင်သော ကျန်းမာရေးအန္တရာယ်များ 🚨

👦🏻 ကလေးတွေက ခန္ဓာကိုယ်အရွယ်အစား ပိုမိုသေးငယ်ခြင်း၊ ဦးနှောက်ဖွံ့ဖြိုးဆဲဖြစ်ခြင်းနဲ့ မိမိကိုယ်ကို ထိန်းချုပ်ကန့်သတ်နိုင်စွမ်း နည်းပါးခြင်းတို့ကြောင့် ကဖိန်းဓာတ် စားသုံးတာကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာတွေ၊ အန္တရာယ်တွေကို ပိုပြီး ခံစားရလွယ်ပါတယ်။ ကဖိန်းဓာတ် သောက်သုံးတဲ့ ကလေးတွေက အိပ်စက်ခြင်းမှာ အနှောင့်အယှက်တွေဖြစ်လာနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ 👉 အထူးသဖြင့် အလွန်အကျွံ သောက်သုံးမိပါက အောက်ပါနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

🧍‍♂️ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ __ ရေဓာတ်ခန်းခြောက်ခြင်း၊ ဝမ်းလျှောခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ အသက်ရှူနှုန်း မြန်ခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်း၊ မမှန်ခြင်း (Arrhythmias)၊ သွေးတိုးခြင်း၊ တက်ခြင်း

🧠 စိတ်ပိုင်းဆိုင်ရာ (သို့) အပြုအမူဆိုင်ရာ ပြဿနာများ __ အိပ်မပျော်ခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ အာရုံစူးစိုက်နိုင်မှု ကျဆင်းခြင်း၊ ရန်လိုခြင်း၊ စိတ်ဖိစီးမှု များလာခြင်း၊ စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်ခြေ များလာခြင်း၊ ကြောက်ရွံ့ထိတ်လန့်မှု လွန်ကဲသည့်ရောဂါ (Panic attack) စသည်တို့ ဖြစ်နိုင်ပါတယ်။

💧 ရေအပြင် အခြားကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားထိုး ရွေးချယ်စရာများ 🥛

● သကြားမပါသော အုန်းရည် (𝐒𝐮𝐠𝐚𝐫-𝐟𝐫𝐞𝐞 𝐂𝐨𝐜𝐨𝐧𝐮𝐭 𝐖𝐚𝐭𝐞𝐫) – သဘာဝအတိုင်း ဓာတ်ဆားများ ပါဝင်သည်
● ရေဖြင့် ဖျော်ထားသော ၁၀၀% သစ်သီးဖျော်ရည် (𝐃𝐢𝐥𝐮𝐭𝐞𝐝 𝟏𝟎𝟎% 𝐅𝐫𝐮𝐢𝐭 𝐉𝐮𝐢𝐜𝐞) – သစ်သီးဖျော်ရည်ကို ရေဖြင့် ရောစပ်သောက်သုံးနိုင်သည်
● အဆီလျှော့ထားသော နို့ သို့မဟုတ် နို့အစားထိုး ထုတ်ကုန်များ (𝐋𝐨𝐰-𝐟𝐚𝐭 𝐌𝐢𝐥𝐤 𝐨𝐫 𝐌𝐢𝐥𝐤 𝐀𝐥𝐭𝐞𝐫𝐧𝐚𝐭𝐢𝐯𝐞𝐬) – ပရိုတင်းနှင့် ကယ်လ်ဆီယမ်ဓာတ်များ ရရှိနိုင်သည်
● အိမ်တွင်းဖြစ် အားကစား အချိုရည် (𝐇𝐨𝐦𝐞𝐦𝐚𝐝𝐞 𝐒𝐩𝐨𝐫𝐭𝐬 𝐃𝐫𝐢𝐧𝐤) – ၁၀၀% သစ်သီးဖျော်ရည် (၁/၃ ခွက်) + ရေ (၂/၃ ခွက်) + ဆားအနည်းငယ်တို့ကို ရောစပ်ဖျော်စပ်နိုင်သည်

“အားဖြည့်အချိုရည်များနှင့် ကျန်းမာရေးအန္တရာယ်” အကြောင်း အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ အခုပဲဝင်ရောက်ဖတ်ရှုလိုက်ပါ။ ✨


#အားဖြည့်အချိုရည်

27/04/2026
13/03/2026
26/02/2026

"မြန်မာလူမျိုးတို့ရဲ့ လွဲမှားနေတဲ့ လူနာကြည့်ခြင်းယဉ်ကျေးမှု"
- ဒေါက်တာဇေညီညီ | MediFlow -

မြန်မာတို့ရဲ့ လူနာကြည့်ခြင်းယဉ်ကျေးမှုမှာ အလွဲမှားဆုံးတစ်ခုက "ဂရုစိုက်ခြင်း" နဲ့ "နှောင့်ယှက်ခြင်း" ကို ခွဲခြားမသိတာပါပဲ။
သူတို့ရဲ့ "စေတနာ" ဟာ လူနာအတွက်တော့ "ဝေဒနာ" ဖြစ်နေတတ်တယ်။

ဥပမာတစ်ခု ပြောရရင်..
ကိုမြက လေဖြတ်လို့ ဆေးရုံတက်နေရတယ်။ ဆရာဝန်က အနားယူခိုင်းထားတယ်။

ဒါပေမဲ့ သူ့ဆီကို ဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေ တစ်သုတ်ပြီးတစ်သုတ် လာကြတယ်။
"ဘာဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ" လို့ တတွတ်တွတ် မေးကြတယ်။
"နေမကောင်းတဲ့သူကို လာကြည့်တာ လူမှုရေးအရဖြစ်တယ်၊ ကုသိုလ်လည်း ရတယ်" ဆိုတဲ့ အယူအဆနဲ့ လူနာကို စကားတွေ အတင်းပြောတယ်။
လိုက်လုပ်ဖို့ ဆေးမြီးတိုတွေ မျိုးစုံပြောပြတယ်။

ဒီနေရာမှာ လာကြည့်တဲ့သူတွေက ကိုမြကို ဒုက္ခရောက်စေချင်တာတော့ မဟုတ်ဘူး၊ သူတို့က စေတနာနဲ့ လာတာ။
ဒါပေမဲ့ အဲဒီ စေတနာဟာ လူနာရဲ့ "အနားယူခွင့်"ကို ချိုးဖောက်နေတာပါ။

သူတို့ပေးတဲ့ ဆေးမြီးတိုတွေဟာ ဆေးပညာ ( Medical Science) ကို နားလည်ပြီး ပြောတာမဟုတ်ဘဲ သူတို့ရဲ့ "ကြားဖူးနားဝ" (Anecdotes) တွေကို မှီငြမ်းပြီး ပြောနေတာ ဖြစ်တယ်။

"ငါ့ဦးလေးတုန်းကလည်း ဒါမျိုးဖြစ်တာ၊ ဟိုအမြစ်လေး သွေးလိမ်းလိုက်တာ" "ဒီအရွက်လေး ပြုတ်သောက်လိုက်တာ ချက်ချင်းပျောက်သွားရော" ဆိုတဲ့ စကားမျိုးတွေနဲ့ ဆေးရုံတက်ပြီး စနစ်တကျဆေးကုသမှု ခံယူနေတဲ့ လူနာကို အာရုံဝေဝါးအောင်လုပ်ပါတယ်။

သူတို့ရဲ့ လာကြည့်မှုကို အသိအမှတ်ပြုပေးပါ။ ဒါပေမဲ့ သူတို့ပေးတဲ့ "ဆေးမြီးတို" တွေနဲ့ ထင်ရာလမ်းညွှန်မှုတွေကိုတော့ လုံးဝ စိစစ်ဖို့လိုပါတယ်။

လူနာလာကြည့်တယ် ဆိုတာနဲ့ အားနာစရာမလိုပါဘူး
ဆေးရုံခုတင်ဘေးမှာ ထိုင်ပြီး -
"နင်က အစားမရှောင်လို့ ဖြစ်တာ၊ ဝလို့ဖြစ်တာ၊ အလုပ်တွေ အရမ်းလုပ်လို့ ဖြစ်တာ" လို့ Victim Blaming လုပ်မယ့် အဒေါ်တွေ။
"ခုမင်းကို ကြည့်တဲ့ ဆရာဝန်က ငယ်သေးတယ်၊ ဟိုဆရာဝန်က ပိုတော်တယ်" လို့ ထင်ရာပြောမယ့် ဦးလေးတွေ။

လူနာနားမှာ ထိုင်ပြီး ကိုယ့်အကြောင်းမဟုတ်ဘဲ တခြားသူအတင်းကို အားရပါးရ ပြောနေမယ့် ဆွေမျိုးတွေ။

"လူကြီးမို့လို့ လာကြည့်တာ... စေတနာနဲ့ ပြောတာ..." ဆိုပြီး ဖြည့်တွေးပေး မနေပါနဲ့။
ဆေးရုံအခန်းထဲမှာ လူအုပ်ကြီးနဲ့ စုပြုံပြီး ဆူညံနေတာကို "သွေးသားတွေမို့လို့" ဆိုပြီး သည်းခံနေရင် မိတ်ဆွေရဲ့ ကျန်းမာရေးကို မိတ်ဆွေကိုယ်တိုင် ဖျက်ဆီးနေတာပါ။

ဆေးရုံတက်ပြီး ကုရတဲ့ ရောဂါအများစုက လူနာဟာ စိတ်ရောကိုယ်ပါ အနားယူဖို့ လိုအပ်ပါတယ်။
အဲဒါမှ ရောဂါက မြန်မြန်သက်သာမှာပါ။

Toxic ဖြစ်တဲ့ စေတနာရှင်တွေကို အားနာနေတာဟာ ကိုယ့်ရဲ့ ရောဂါကို ပိုဆိုးအောင် မြေတောင်မြှောက်ပေးသလို ဖြစ်နေတတ်ပါတယ်။

> စည်းခြားထားပါ
နေမကောင်းလို့ အားနည်းနေချိန်မှာ လူလာတွေ့တာကို လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိပါတယ်။
"ဆရာဝန်က လူနာကို စကားမပြောခိုင်းဘူး၊ အိပ်ခိုင်းထားတယ်" လို့ ယဉ်ယဉ်ကျေးကျေး အကြောင်းပြပြီး ငြင်းပယ်ပါ။ ကိုယ့်ကျန်းမာရေးအတွက် Boundaries ထားတာဟာ ရိုင်းတာမဟုတ်ဘူး။

အရေးအကြီးဆုံး သိထားရမှာက —
မိတ်ဆွေရဲ့ ခန္ဓာကိုယ်ဆိုတဲ့ အိမ်ကြီးထဲမှာ မိတ်ဆွေက အိမ်ရှင်ပါ။
ဧည့်သည်အဖြစ် လာကြည့်တဲ့ ဆွေမျိုးတွေက "အိမ်အပြင်အဆင် မလှဘူး၊ ဟိုနားရွှေ့၊ ဒီနားရွှေ့" လို့ အကြံပေးနိုင်ပေမယ့်... အိမ်သော့ကို သူတို့လက်ထဲ ထိုးပေးလိုက်ရင်တော့ မိတ်ဆွေရဲ့အိမ်ဟာ မိတ်ဆွေနားခိုရာ မဟုတ်တော့ဘဲ သူတို့ နေအိမ် ဖြစ်သွားပါလိမ့်မယ်။

ဒေါက်တာဇေညီညီ
MediFlow

-Original Postကို Shareနိုင်ပါသည်။
-Copy ကူး၍ ပြန်တင်ခြင်း၊ Logo, နာမည်ဖျက်၍ ပြန်တင်ခြင်း ခွင့်မပြုပါ။

#လူနာကြည့်ခြင်း #လူနာ

ဒါလေးတော့ ကူပြီးကြော်ငြာပါရစေကိုယ်ကာယကြံ့ခိုင်ရုံတင်မကဘဲ စိတ်ဓါတ်ကြံ့ခိုင်တာပါအပိုဆုရမှာပါခေတ်ကာလအရ ဖုန်းကြည့်များကြတယ်တ...
17/02/2026

ဒါလေးတော့ ကူပြီးကြော်ငြာပါရစေ

ကိုယ်ကာယကြံ့ခိုင်ရုံတင်မကဘဲ စိတ်ဓါတ်ကြံ့ခိုင်တာပါအပိုဆုရမှာပါ
ခေတ်ကာလအရ ဖုန်းကြည့်များကြတယ်
တာရှည်ခံ, ရယ်ဒီမိတ် အချိုရည်နဲ့ လေဖောင်းမုန့်ထုပ်တွေ လုချင်းတွေအစားများကြတော့
အဝလွန်ကာ ထုံထိုင်းပြီး
ပေါင်းသင်းဆက်ဆံရေးအားနည်းတဲ့ကလေးတွေ ပိုများလာကြတယ်
ဒါကြောင့် အခုလို အစီအစဉ်ကို ကလေးလေးတွေ ပါဝင်လုပ်ကြည့်စေချင်မိတယ် ..

☀️ Kids For Summer Program ကို ယုံကြည်
စိတ်ချစွာ အပ်နှံနိုင်တဲ့ အကြောင်းရင်း 💪

Hpa An Fitness Gym မှာ ကလေးများအတွက် နွေရာသီ Program ကို ဒီလိုဆရာ ၂ ယောက်ကကိုယ်တိုင်ပြသပေးသွားမှာပါ….

👨‍🏫 Trainer Mann Bhone Pyae

✅ Energetic & Active Coaching Style နဲ့ပြသပေးနိုင်တဲ့သူ
✅ Discipline & Teamwork ကို အထူးအာရုံစိုက် သင်ကြားပေးနိုင်သူ
✅ Age-appropriate training program ကိုစီစဉ်နိုင်တဲ့သူ
✅ Safety ကို အဓိကထားပြီး လေ့ကျင့်ပေးနိုင်တဲ့သူ

👨‍🏫 Trainer Kyi Linn Oo

✅ ကလေးတွေနဲ့ အပြန်အလှန် ဆက်ဆံရေးကောင်းကိုတည်ဆောက်နိုင်တဲ့သူ
✅ Friendly & Patient – စိတ်ရှည်စွာ သင်ကြားပေးနိုင်တဲ့သူ
✅ Basic movement မှစပြီး စနစ်တကျ လေ့ကျင့်ပေးနိုင်တဲ့သူ
✅ Confidence တိုးတက်အောင် motivate လုပ်ပေးနိုင်တဲ့သူ

👉 ကလေးတွေက အားကစားကို ချစ်မြတ်နိုးလာစေအောင် လုပ်ပေးနိုင်တဲ့ Trainer နှစ်ယောက်

👉 ကလေးတွေရဲ့ Body Strength & Mental Strength နှစ်ခုလုံး တိုးတက်အောင် ကူညီပေးမယ့် Trainer တွေဖြစ်ပါတယ်

💬 “နွေရာသီကို အကျိုးရှိစွာ အသုံးချချင်တဲ့ မိဘများအတွက် Kids For Summer Program ဟာ ဒီလို Trainer ဆရာတွေကြောင့်ပိုပြီး ယုံကြည်စိတ်ချရတဲ့ ရွေးချယ်မှုဖြစ်ပါတယ်ရှင့်
📍 Location – Hpa-An
🎯 Limited

မိဘများအနေဖြင့် ကလေးရဲ့ ကျန်းမာရေးကို ဒီနေ့ကစပြီး အရေးထားပေးလိုက်ပါ 💛

Address

အမှတ်( ၃ )ကမ်းနားလမ်း၊၁၅၀ကွက်သစ်၊, ကူးဆိပ်လမ်းထိပ်၊, ဘားအံမြို့
Hpa-an

Telephone

+959402589262

Website

Alerts

Be the first to know and let us send you an email when Dr Hnin Thida Cho . Child Clinic . posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category