22/07/2026
"ငါနဲ့တော့ မဖြစ်နိုင်ဘူး..."
"ဘယ်လောက်ကြိုးစားကြိုးစား မပြောင်းလဲနိုင်ဘူး..."
"ငါက ဒီလောက်ပဲ..."
ဒီလို အတွေးတွေ ဝင်လာဖူးပါသလား။
တကယ်တော့ ဒီအတွေးတွေဟာ ပြင်ပက ဝေဖန်မှုတွေကနေ လာတာမဟုတ်ပါဘူး။
ကိုယ့်စိတ်ထဲမှာ တဖြည်းဖြည်း တည်ဆောက်လာတဲ့ ယုံကြည်ချက်တွေကနေ လာတာ ဖြစ်ပါတယ်။
စိတ်ပညာမှာတော့ ဒါကို Learned Helplessness လို့ ခေါ်ပါတယ်။
လူတစ်ယောက်ဟာ အကြိမ်ကြိမ် ကျရှုံးမှု၊ ဝေဖန်ခံရမှု၊ ငြင်းပယ်ခံရမှုတွေကို ကြုံတွေ့လာတဲ့အခါ...
နောက်တစ်ကြိမ် အခွင့်အရေး ရလာရင်တောင် "ကြိုးစားလည်း အကျိုးမရှိဘူး" လို့ ယုံကြည်လာတာပါ။
တကယ်တော့...
ပြောင်းလဲလို့ မရတာလည်း မဟုတ်ပါဘူး။
မပြောင်းလဲနိုင်ဘူးလို့ ယုံကြည်နေမိတာ ဖြစ်ပါတယ်။
ဒီအတွေးက သင်တစ်ခုခု လုပ်တော့မယ်ဆိုရင် အဆင်မပြေဘူးလို့ ပြောကောင်းပြောပါလိမ့်မယ်။
ဒါပေမယ့် ယုံကြည်သင့်တာက အဲ့အတွေးက ခု သင့်အနာဂတ်ကို အဆုံးအဖြတ် မပေးနိုင်တော့ပါဘူး။
ဒါက အတိတ်က ငါ ကြုံခဲ့ရတဲ့ အတွေ့အကြုံကြောင့်လို့တွေးမြင်ပါ။
ဒီနေ့ မလုပ်နိုင်ခဲ့ရင်
မနက်ဖြန်လည်း ငါ မလုပ်နိုင်ဘူးလို့ မဆိုလိုပါဘူး။
နေ့တိုင်း နည်းနည်းစီ ကြိုးစားတာ၊ သင်ယူတာကို မရပ်ဘဲ ဆက်လုပ်ကြည့်လိုက်ပါ။ အဲ့တာကပဲ သင့်ရဲ့အတွေးနဲ့ ဘဝကို ပြောင်းလဲပေးပါလိမ့်မယ်။
ဒါကြောင့်...
တစ်ခုခု လုပ်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။
"ငါ တကယ်မလုပ်နိုင်တာလား... ဒါမှမဟုတ် မလုပ်နိုင်ဘူးလို့ ယုံကြည်နေမိတာလား?"
အဖြေက သင့်ဘဝကို ပြောင်းလဲအောင် လုပ်ပေးနိုင်ပါလိမ့်မယ်။
သိထားသင့်တာက
သင်ကိုယ်တိုင် ကန့်သတ်ထားတာတွေက အမြဲတမ်း အမှန်တရား မဟုတ်ပါဘူး။
တစ်ခါတလေ...
ဒါတွေက စိတ်ထဲမှာ ကြာရှည်စွာ နေရာယူထားတဲ့ ယုံကြည်ချက်ဟောင်းတွေသာ ဖြစ်ပါတယ်။
ဒီယုံကြည်ချက်အဟောင်းတွေကို စတင်ပြောင်းလဲတဲ့နေ့ကစပြီး...
သင့်ဘဝဟာလည်း တဖြည်းဖြည်း ပြောင်းလဲလာမှာ ဖြစ်ပါတယ်။
လူတိုင်း လူတိုင်း မိမိတို့လျှောက်လမ်းသော ခရီးလမ်းတိုင်းမှာ အဆင်ပြေချောမွေ့ကြပါစေရှင့်။
🧑🎓 Dr.Khin Aye Soe
(Counselling Psychologist)