Kyal Sin Lin Dental Clinic.Hpaan

Kyal Sin Lin Dental Clinic.Hpaan (Hpa-an)

🥰ဆုံးရှုံးသွားတဲ့သွားတွေနေရာမှာ သဘာဝနဲ့အနီးစပ်ဆုံး သွားတစ်ချောင်းဖြင့် အစားထိုးချင်တယ်ဆိုရင်     Dental Implant သွားအမြစ...
11/07/2026

🥰ဆုံးရှုံးသွားတဲ့သွားတွေနေရာမှာ သဘာဝနဲ့အနီးစပ်ဆုံး သွားတစ်ချောင်းဖြင့် အစားထိုးချင်တယ်ဆိုရင်
Dental Implant သွားအမြစ်တုတိုင်စိုက်နည်းဟာ အကောင်းဆုံး ရွှေးချယ်မှုတစ်ခုပါ။

😊ဖြူဖွေးတောက်ပတဲ့ သွားလေးတွေနဲ့ ယုံကြည်မှု       အပြည့်ပြုံးလိုက်ပါ🦷🦷🦷
11/07/2026

😊ဖြူဖွေးတောက်ပတဲ့ သွားလေးတွေနဲ့ ယုံကြည်မှု အပြည့်ပြုံးလိုက်ပါ🦷🦷🦷

03/07/2026
02/07/2026

KEY နဲ့ သွားညှိမယ်ဆိုရင်... ပိတ်ရက်တိုင်း ဆေးခန်းသွားစရာမလိုတော့ဘူး

Braces တပ်ထားရင် ဝိုင်ယာကြိုးလဲဖို့၊ အတုံးပြုတ်လို့၊ ပြန်ချိန်ညှိဖို့ဆိုပြီး တစ်လကို နှစ်ကြိမ်၊ သုံးကြိမ်လောက် ဆေးခန်းသွားနေရတတ်ပါတယ်။ ရခဲလှတဲ့ ပိတ်ရက်တွေ ဆေးခန်းမှာတင် အချိန်ကုန်သွားရတာ တကယ့်ကို စိတ်ရှုပ်စရာပါ။

KEY Aligner နဲ့ဆိုရင်တော့ ဆေးခန်းခဏခဏသွားစရာမလိုဘဲ အိမ်မှာတင် ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားညှိလို့ရပါပြီ။

သင့်သွားညှိမယ့် အဆင့်တိုင်းကို Digital စနစ်နဲ့ ကြိုတင်တွက်ချက်ပြီး Aligner Set တွေကို အပတ်စဉ်အလိုက် အဆင်သင့် ထုတ်ပေးထားပါတယ်။

ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာတင် အစီအစဉ်အတိုင်း Aligner အစွပ်လေးတွေကို ကိုယ်တိုင်လဲပေးရုံနဲ့ ကုသမှုက ခရီးရောက်နေမှာပါ။

ဆရာဝန်နဲ့ကတော့ လအနည်းငယ်ကြာမှ တစ်ကြိမ်သာ Check-up လုပ်ဖို့ လိုအပ်တာကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ ပိတ်ရက်တွေကို အပြည့်အဝ အသုံးချနိုင်ပါတယ်။

ဒါကြောင့် အချိန်ကို တန်ဖိုးထားတဲ့ လူငယ်တွေအတွက် အလုပ်လည်းမရှုပ်၊ အလှလည်းမပျက်စေဘဲ သွားညှိနိုင်မယ့် နည်းလမ်းကတော့ KEY Aligner ပါပဲ။
ပိတ်ရက်တွေကို ဆေးခန်းမှာ မကုန်ဆုံးစေဘဲ KEY နဲ့အတူ လွတ်လပ်စွာ ဖြတ်သန်းလိုက်ပါ။

English below

Ditch the Weekend Clinic Runs with KEY Aligner!

Traditional braces mean visiting the clinic 2 to 3 times a month for wire adjustments and loose brackets. Who wants to waste their hard-earned weekends waiting at the dentist?
With KEY Aligner, you can straighten your teeth right from the comfort of home—no frequent clinic visits required!

Why Choose KEY Aligner?
⭐️Digital Precision: Your entire treatment plan is pre-calculated using advanced digital tech.

⭐️Ready-to-Use Sets: You get your custom weekly aligner sets upfront. Just swap them out at home according to your plan.

⭐️Fewer Check-ups: You only need to see the doctor once every few months for a quick progress check.
Save Time, Stay Confident.

Edited...ဆေးခန်းအလုပ်ခေါ်စာအတွက်🥰🥰 ဝန်ထမ်းသမီးငယ်တစ်ဦး ခန့်ထားပြီးပါပြီရှင်။ကြိုဆိုပါတယ် သမီးလေးရေ။ လုပ်ငန်းခွင်မှာ ပျေ...
27/06/2026

Edited...ဆေးခန်းအလုပ်ခေါ်စာအတွက်🥰🥰 ဝန်ထမ်းသမီးငယ်တစ်ဦး ခန့်ထားပြီးပါပြီရှင်။ကြိုဆိုပါတယ် သမီးလေးရေ။ လုပ်ငန်းခွင်မှာ ပျော်ရွှင်မယ်လို့ ယုံကြည်ပါတယ်🥰🥰(6-7-2026)

💙ကြယ်စင်လင်းသွားနှင့်ခံတွင်းဆေးကုခန်း💙(ဘားအံ) တွင် Dental Assistant (Female) တစ်ဦး ခန့်ထားလိုပါသဖြင့် စိတ်ဝင်စားသူများ လျှောက်ထားနိုင်ပါပြီရှင့်

💚အခြေခံပညာ အထက်တန်းသင်ကြားဖူးသူ (သို့မဟုတ်) ကျောင်းကိစ္စ ကင်းရှင်းသူဖြစ်ရပါမည်။
💙အသက် (18)နှစ် ပြည့်ပြီးသူ ဖြစ်ရပါမယ်နော်။

💓စိတ်ဝင်စားသော သမီးငယ်များ ဆေးခန်း Viber phone ကနေ လျှောက်ထားနိုင်သလို ဆေးခန်းမှာ CV form လာယူ​ ပြီး လျှောက်ထားနိုင်တယ်နော်။

❤Dental Assistant သင်တန်းကို အလုပ်ခန့်ထားပြီး
(3)လ ကြာ သင်ကြားပေးပါမယ်နော်။
💛တနင်္လါနေ့တိုင်း ဆေးခန်းပိတ်နားရက်ဖြစ်ပါတယ်ရ

🚣🏊🏄အိုမင်းရင့်ရော်မှုကို အထိရောက်ဆုံး တားဆီးပေးနိုင်တဲ့ အလေ့အကျင့်များ ကောင်း တစ်ခု(1)Treat Oral Health as a window to t...
02/06/2026

🚣🏊🏄အိုမင်းရင့်ရော်မှုကို အထိရောက်ဆုံး တားဆီးပေးနိုင်တဲ့ အလေ့အကျင့်များ ကောင်း တစ်ခု

(1)Treat Oral Health as a window to the brain
ခံတွင်း ကျန်းမာရေးကို ဦးနှောက်ရဲ့ ပြတင်းပေါက်အဖြစ် သဘောထားပါ။
☺ လူအများစုက သွားဖုံးရောဂါဆိုတာ သွားနဲ့ပတ်သက်တဲ့ အသေးအမွှား ကိစ္စပဲ ထင်တတ်ကြတယ်။
ခံတွင်းကျန်းမာရေးမကောင်းရင် ခန္ဓာကိုယ်တခုလုံး ရောင်ရမ်းမှုကို ဖြစ်စေပြီး အယ်လ်ဇိုင်းမားရောဂါ နှလုံးရောဂါ လေဖြတ်တာတွေနဲ့ တိုက်ရိုက် ဆက်စပ်တဲ့ အခြေနေတခုပါ။

🙂အထူးသဖြင့် သွားဖုံးရောဂါ အဓိက ဖြစ်စေတဲ့ Prophyromonas gingivalis ဆိုတဲ့ bacteria က အယ်လ်ဇိုင်းမား (မှတ်ဉာဏ်ချွတ်ယွင်းမှု)ဝေဒနါရှင်တွေရဲ့ ဦးနှောက်တစ်ရှုးတွေထဲမှာရော နှလုံးရောဂါရှိသူတွေရဲ့ မှာ အများပြားတွေ့ရပါတယ်။

☺နှလုံးကျန်းမာရေးဘက်ကကြည့်ရင်လည်း @ အမေရိကန်နှလုံးအဖွဲ့စည်း(AHA)က သွားဖုံးရောဂါဟာ နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေ ပိုမြင့်တယ်ဆိုတာ အတည်ပြုထားပါတယ်။
😊အဓိက ကတော့ သွားဖုံးထဲက ဘတ်တီးရီးယားတွေကြောင့်ဖြစ်လာတဲ့နာတာရှည်ရောင်ရမ်းမှုဟာ သွေးကြောကနေတဆင့် ခန္ဓာကိုယ်အနှံ့ပျံ့နှံ့သွားပြီး အသက်အရွှယ်နဲ့ဆိုင်တဲ့ ရောဂါတွေကို ပိုဆိုးလာစေတာပါ။

🥰ဒါတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့လုပ်ရမှာက ပိုက်ဆံလည်းမကုန်သလို တစ်နေ့ကို ၄ မိနစ်ဘဲ အချိန်ပေးရမှာပါ။
👍တစ်နေ့တစ်ကြိမ် သွားပွတ်ကြိုးဖြင့် သန့်ရှင်းရေးလုပ်ပေးပါ။ ဒါတွေက သွားပွတ်တံမရောက်နိုင်တဲ့ နေရာက ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်လို့ပါ။

🌸🌼တစ်နေ့ ၂ကြိမ်သွားတိုက်ပါ။ တစ်ခါတိုက်ရင် ၂ မိနစ် ပြည့်အောင် သွားတိုက်ပေးရုံပါဘဲ။

🍇သွားတိုက်တံကို လည်း ၃ လတစ်ကြိမ် အသစ်လဲပေးဖို့ပါ။
⏰တကယ်လို့ လွန်ခဲ့တဲ့ ၆လအတွင်း သွားဆရာဝန်နဲ့ မပြဖြစ်ဘူးဆိုရင် သွားပြဖို့ရက်ချိန်းယူလိုက်တာဟာ ဒီနှစ်အတွက် သင်လုပ်လိုက်တဲ့ ကျန်းမာရေးဆိုင်ရာ အရေးကြီးဆုံးတစ်ခုဖြစ်လာမှာပါ။

💙(၁၀ - ၄ -၂၀၂၆ ).  မှ ( ၂၀- ၄ -၂၀၂၆. ) ထိ ဆေးခန်းပိတ်ပါတယ်ရှင့်။💙   နှစ်သစ်တိုင်း နေ့ရက်တိုင်း အေးချမ်းသာယာရှိပါစေ။
02/04/2026

💙(၁၀ - ၄ -၂၀၂၆ ). မှ ( ၂၀- ၄ -၂၀၂၆. ) ထိ ဆေးခန်းပိတ်ပါတယ်ရှင့်။💙

နှစ်သစ်တိုင်း နေ့ရက်တိုင်း အေးချမ်းသာယာရှိပါစေ။

🎈   Amlodipine related gingiva hyperplasia 🎈သွေးတိုးတဲ့သူတွေ အမြဲသောက်ရတဲ့ Amlodipine ဆေးကြောင့် အချို့လူနာတွေမှာ သွားဖု...
26/03/2026

🎈 Amlodipine related gingiva hyperplasia 🎈

သွေးတိုးတဲ့သူတွေ အမြဲသောက်ရတဲ့ Amlodipine ဆေးကြောင့် အချို့လူနာတွေမှာ သွားဖုံးကြီးလာတာ သတိထားမိဖူးပါသလား?
ဒါပေမယ့် စိုးရိမ်စရာ မလိုပါဘူးနော်။
္💖သွားသန့်ရှင်းရေး (Scaling )လုပ်ခြင်း
သန့်ရှင်းမှန်ကန်တဲ့နည်းဖြင့်သွားတိုက်ခြင်း
သွားနှင့်ခံတွင်းပုံမှန်စစ်ဆေးခြင်း တို့နဲ့ကောင်းကောင်း ထိန်းထားနိုင်ပါတယ်။

💚 ဒါတွေကို မလုပ်ဘဲထားမယ် ဆိုရင် သွားဖုံးတွေက ပိုပိုပြီး ကြီးလာနိုင်ပါတယ်နော်။ သွားမသန့်ရှင်းရင် ပိုဆိုးနိုင်ပါတယ်။

🤎၆ လ တစ်ကြိမ် ပုံမှန် dental check up လုပ်ခြင်းဖြင့် ကာကွယ်ကြရအောင်။😊😊😊

📍 သွားအမြစ်တုနည်းပညာဖြင့် သွားစိုက်ခြင်းသည်🦷 Natural Looking – သဘာဝသွားအရောင်နဲ့ ပုံစံတူပြုလုပ်ထားတာကြောင့် ပြုံးတဲ့အခါ ...
01/03/2026

📍 သွားအမြစ်တုနည်းပညာဖြင့် သွားစိုက်ခြင်းသည်

🦷 Natural Looking – သဘာဝသွားအရောင်နဲ့ ပုံစံတူပြုလုပ်ထားတာကြောင့် ပြုံးတဲ့အခါ ယုံကြည်မှုအပြည့်ရစေပါတယ်။

🦷 Long Lasting – မှန်ကန်စွာထိန်းသိမ်းသွားပါက နှစ်ပေါင်းများစွာအသုံးခံနိုင်ပါတယ်။

🦷 Fully Functional – အစာစားခြင်း၊ ပြောဆိုခြင်းကို သဘာဝသွားလိုပဲ အပြည့်အဝလုပ်ဆောင်နိုင်ပါတယ်။
Dental Implant က သွားရိုးထဲကို တပ်ဆင်ပေးတာဖြစ်လို့ ခိုင်မာပြီး မရွေ့မလွှားပါဘူး။

💙သဘာဝသွားလိုပဲ သန့်ရှင်းရေးလုပ်နိုင်ပြီး နေ့စဉ်ဘဝကို အဆင်ပြေစေပါတယ်။💙
💙ပြုံးချင်တဲ့အခါ ယုံကြည်မှုအပြည့်နဲ့ ပြုံးနိုင်ဖို့💙
Dental Implant ကို ရွေးချယ်လိုက်ပါ 💖

💛မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အနေဖြင့် သွားအမြစ်တုတစ်ချောင်းစိုက်ပြီး မေတ္တာလက်ဆောင်အပိုတစ်ချောင်းကို လက်ဆောင်ရယူနိုင်ပါပီရှင်💛

💛မေတ္တာလက်ဆောင်ကို မိမိ(သို့မဟုတ်)မိမိချစ်ခင်သူများကို တစ်ဆင့် လက်ဆောင်လွှဲပြောင်းပေးလို့ရပါတယ်ရှင့်💛

Address

Ward (4) . . Hpa-an Yangon Road
Hpa-an
13021

Website

Alerts

Be the first to know and let us send you an email when Kyal Sin Lin Dental Clinic.Hpaan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share