ThuKha Oo Clinic and Pharmacy

ThuKha Oo Clinic and Pharmacy Smart clinic with specialist on-call services. We also provide home visits, vaccinations, nebuliser therapy, lab services and many others.

Call us to find out more!

🚨 **ကော်လရာ (Cholera) ဟုခေါ်သော ကာလဝမ်းရောဂါ အကြောင်း သိကောင်းစရာများ —** 🆘️ "ကာလဝမ်းရောဂါ" ဟာ👉 *Vibrio cholerae* ဆိုတဲ့...
16/05/2026

🚨 **ကော်လရာ (Cholera) ဟုခေါ်သော ကာလဝမ်းရောဂါ အကြောင်း သိကောင်းစရာများ —** 🆘️

"ကာလဝမ်းရောဂါ" ဟာ
👉 *Vibrio cholerae* ဆိုတဲ့ **ဘက်တီးရီးယားပိုး** ကြောင့်ဖြစ်တဲ့ ရောဂါပါ။ ရိုးရိုးဝမ်းလျှောတာနဲ့ မတူပဲ ပေါ့ဆမိရင် အသက်အန္တရာယ်ရှိတဲ့ထိ ဖြစ်နိုင်လို့ လူတိုင်း သိထားသင့်ပါတယ်။

---

💩 **ကော်လရာက ဘယ်လိုကူးတာလဲ?**

အဓိကကတော့ ဝမ်းထဲပါလာတဲ့ပိုးတွေဟာ -
🥤 ညစ်ညမ်းတဲ့ရေ၊ ရေခဲ
🍜 မသန့်ရှင်းတဲ့ အစားအစာ တွေထဲရောက်တာ
👐 လက်မဆေးဘဲ အစားစားမိတာ
တွေကနေ ကူးပါတယ်။

*ရေနှင့် ရေခဲ*

ဥပမာ - မသန့်ရှင်းသော ရေကို သောက်သုံးခြင်း၊ အအေးဆိုင်တွေမှာ အခမဲ့ရတဲ့ရေခဲမှာကအစ ပိုးက ပါလာ ခြင်းဖြစ်နိုင်ပါတယ်။ အထူးသတိထားရပါမယ်။

နောက်တစ်ခုက ကာလဝမ်းရောဂါ ခံစားနေရတဲ့ လူနာတစ်ယောက် အိမ်မှာရှိပြီဆိုရင် သူ့ဆီကနေ အိမ်ကလူတွေ အကုန်ကူးနိုင်သလို၊ မိလ္လာစနစ် မသန့်ရှင်းမှု မရှိပါက သူ့ဝမ်းကနေ မိလ္လာကျင်းကတဆင့် မြေကြီးထဲက သောက်ရေ၊ သုံးရေ ပိုက်တွေထဲ ရောက်ခဲ့သော် တစ်ရပ်ကွက်လုံး ကူးသွားတာမျိုးပါ တွေ့ဖူးတာမို့ သတိပြုသင့်ပါတယ်။

👉 ကာကွယ်ရန် - ရေသန့် သောက်သုံးခြင်း၊ ဆပ်ပြာဖြင့် လက်သေချာဆေးခြင်း အမြဲပြုလုပ်သင့်ပါတယ်။ အပြင်ရေ၊ ရေခဲများ သောက်သုံးခြင်းကို တတ်နိုင်သမျှ ရှောင်ရှားပါ။

🍜အစားအစာ

ဥပမာ - လမ်းဘေးအစားအစာတွေ စားတဲ့အခါမှာ ပန်းကန်ဆေးတဲ့ ရေမသန့်တာ၊ အစားအစာပြင်ဆင်တဲ့ ရေမသန့်တာ၊ ပြင်ဆင်တဲ့လက်မသန့်တာ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပိုးကူးနိုင်ပါတယ်။

⚠️ကာကွယ်ရန် - လမ်းဘေးမသန့်တဲ့ အစားအသောက်တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး အိမ်မှာသာ အစားအသောက်တွေကို ပူပူနွေးနွေး၊ သန့်သန့်ရှင်းရှင်း ချက်ပြုတ်စားသောက်ပါ။

---

🤒 **လက္ခဏာတွေက ဘာတွေလဲ?**

ကာလဝမ်းရောဂါရဲ့ အဓိကလက္ခဏာကတော့
🚽 “ဆန်ဆေးရည်လိုဝမ်းတလေဟာလျှောခြင်း” ပါ။ ဝမ်းအရောင်က တခါတလေ ပုံမှန်အရောင် ဖြစ်နေတတ်သလို ဆန်ဆေးရည်လို အဖြူနောက်နောက် အရောင်တွေလဲ ဖြစ်တတ်ပါတယ်။ ဝမ်းသွားတဲ့ ပမာဏကလည်း ရေဘုံဘိုင် ဖွင့်လိုက်တဲ့အလား အများကြီးကို အကြိမ်မြောက်များစွာ သွားတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ရေဓာတ် လျင်မြန်စွာ ကုန်ဆုံးပြီး အသက်အန္တရာယ် ဖြစ်ရတာပါ။

တချို့လူနာတွေမှာ

* အန်ခြင်း 🤮
* ခြေထောက်ကြွက်တက်ခြင်း 🦶
* ပါးစပ်ခြောက်ခြင်း 👄
* မူးဝေခြင်း 😵‍💫
* ဆီးနည်းသွားခြင်း 💦
* သတိလစ်ခြင်း 🫩 အထိ
ဖြစ်နိုင်ပါတယ်။

တချို့လူနာတွေက “ဝမ်းလျှောတာပဲ” လို့ ထင်ကြပေမယ့် ကော်လရာ ကာလဝမ်းရောဂါက **နာရီပိုင်းအတွင်း** ရေဓာတ်ခန်းခြောက်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ လက္ခဏာ တစ်ခုခုတူခဲ့ရင် နီးစပ်ရာ ဆေးရုံဆေးခန်းကို ချက်ချင်းပြဖို့ လိုအပ်ပါတယ်။

---

⏰ **ဘယ်လောက်ကြာရင် လက္ခဏာပေါ်လဲ?**

ပိုးဝင်ပြီး
🕐 ၁၂ နာရီကနေ ၅ ရက်အတွင်း
လက္ခဏာပေါ်လာနိုင်ပါတယ်။

---

🧃 **အရေးကြီးဆုံးကုသမှုက ဘာလဲ?**

💧 “ရေဓာတ်ပြန်ဖြည့်တာ” ပါ။

ဟုတ်ပါတယ်…
ဒီရောဂါကို အနိုင်ယူဖို့ အလိုအပ်ဆုံး က
🦸‍♂️ ORS (ဓာတ်ဆားရည်) ပါ။

ORS က
ဝမ်းလျှောလို့ ဆုံးရှုံးသွားတဲ့
ရေ + ဆားဓာတ် + သတ္တုဓာတ်တွေကို ပြန်ဖြည့်ပေးပါတယ်။

👉 ကော်လရာသံသယရှိရင်
“ဆေးရုံရောက်မှ သောက်မယ်” လို့မစောင့်ပါနဲ့။
ORS ဓာတ်ဆားရည်ကို ချက်ချင်းစသောက်ပါ။

ပြင်းထန်တဲ့လူနာတွေမှာတော့
💉 သွေးကြောထဲကနေ ဆေးရည် drip ပုလင်းချိတ်ပေးရနိုင်ပါတယ်။ တချို့လူနာတွေဆို တစ်ရက်တည်းတင် ပုလင်းကြီး အလုံး ၃၀ လောက် ချိတ်ရတာ မြင်ဖူးလို့ ဘယ်လောက်ပြင်းထန်လဲဆိုတာ မှန်းကြည့်နိုင်ပါတယ်။

တချို့အခြေအနေတွေမှာ
💊 ပဋိဇီဝဆေး (antibiotics) တွေလည်း သုံးရနိုင်ပါတယ်။

အချိန်မီကုသရင်
✅ လူနာ 99% ကျော် အသက်ရှင်နိုင်ပါတယ်။

---

🚫 **ဘာတွေ မသောက်သင့်လဲ?**

ဝမ်းလျှောနေချိန်မှာ
🥤 soft drink
🧃 juice အချိုများတာ
⚡ energy drink
တွေ မသောက်သင့်ပါဘူး။

သကြားဓာတ်များလွန်းရင် လက္ခဏာတွေ ပိုဆိုးနိုင်ပါတယ်။

---

🛡️ **ကာကွယ်နည်းများ**

ကော်လရာ ကာလဝမ်း ရောဂါက “ကြောက်စရာ” ဖြစ်ပေမယ့်
ကာကွယ်လို့ရတဲ့ ရောဂါပါ 💪

✅ လက်ကို ဆပ်ပြာနဲ့ဆေးပါ
✅ ရေကို ကျိုသောက်ပါ
✅ မသန့်တဲ့ရေခဲ ရှောင်ပါ
✅ အစာကို သေချာချက်ပြုတ်စားပါ
✅ အိမ်သာသုံးပြီးတိုင်း လက်ဆေးပါ
✅ ဝမ်းလျှောရင် ရေဓာတ်ပြန်ဖြည့်ပါ

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးက ပြောသလို
သန့်ရှင်းတဲ့ရေ + သန့်ရှင်းတဲ့အိမ်သာ + လက်ဆေးခြင်း
က ကော်လရာကာကွယ်ဖို့ အရေးကြီးဆုံးအချက်တွေပါ။

---

Cholera ကာလဝမ်းရောဂါနဲ့ ပတ်သက်တဲ့ သိချင်တာတွေ ရှိရင်လည်း ဆေးခန်း page ကို စာပို့ပြီး အခမဲ့ မေးမြန်းနိုင်ပါတယ်။

အားလုံး ကျန်းမာချမ်းသာ ကာလဝမ်းဘေးကင်းကြပါစေ။

Dr. Hay Mun Min Lwin Oo
M.B.,B.S (Ygn) MRCP (UK)

Hello! မင်္ဂလာပါ။Dr. Hay Mun ပါ။ကျွန်တော်တို့ ဆေးခန်းလေးကို "10 Miles Clinic ၁၀မိုင် အထွေထွေရောဂါကု ဆေးခန်း" မှ "သုခဦး ‌...
13/03/2026

Hello! မင်္ဂလာပါ။
Dr. Hay Mun ပါ။
ကျွန်တော်တို့ ဆေးခန်းလေးကို "10 Miles Clinic ၁၀မိုင် အထွေထွေရောဂါကု ဆေးခန်း" မှ "သုခဦး ‌အထွေထွေရောဂါကု ဆေးခန်း နှင့် ဆေးဆိုင်" အဖြစ် ဆေးဆိုင်လေးပါ ထည့်ပြီးနာမည်ပြောင်း ဖွင့်လှစ်ထားပါတယ်။

ရရှိနိုင်တဲ့ Services တွေအများကြီးထပ်တိုးဖို့ ရှိလို့ ဒီ post လေးကို like and share လုပ်ပြီး သူများတွေကို အသိပေးပေးပါဦးနော်။

ဆေးပညာ နဲ့ပါတ်သတ်တဲ့ ပညာပေး contents ဆောင်း‌ပါးလေးတွေကိုလဲ ဆရာ၀န် အငယ်တွေ အတွက်ရော လူနာတွေအတွက်ရော ပုံမှန်ရေးတင်သွားဖို့ရှိပါတယ်။

If you have visited my clinic before, please feel free to like, share, follow and leave an honest review on the clinic page. (whether positive or negative, it's ok)

With warm regards,

Dr. Hay Mun Min Lwin Oo
M.B.,B.S (YGN) MRCP (UK)

Address

No 709, Bo Tay Za Street
Insein
11011

Opening Hours

Monday 09:00 - 12:30
15:30 - 19:30
Tuesday 09:00 - 12:30
15:30 - 19:30
Wednesday 09:00 - 12:30
15:30 - 19:30
Thursday 09:00 - 12:30
15:30 - 19:30
Friday 09:00 - 12:30
15:30 - 19:30
Saturday 09:00 - 12:30
15:30 - 19:30
Sunday 09:00 - 12:30
15:30 - 19:30

Telephone

+959956363771

Website

Alerts

Be the first to know and let us send you an email when ThuKha Oo Clinic and Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ThuKha Oo Clinic and Pharmacy:

Shortcuts

Share