Care and Counseling project, MIT

Care and Counseling project, MIT စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု Dr. Khin Kyu Kyu, the Chaplain and professor at Myanmar Institute of Theology, with the support of Rev.

Care and Counseling Project - ဂရုပြုနှစ်သိမ့်ဆွေးနွေးခြင်းဆိုင်ရာ စီမံကိန်း သည် Myanmar Institute of Theology - မြန်မာနိုင်ငံဓမ္မတက္ကသိုလ် ကျောင်းတော်ကြီး၏ လက်အောက်တွင် စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းသင်တန်းများကို အခမဲ့ ကြိုးစားလုပ်ဆောင်နေသော စီမံကိန်းတစ်ခု ဖြစ်ပါသည်။

History fo Charis Care and Counseling Center

The Charis Care and Counseling C

enter is originally brought up from the passion and empathy of the project Director Rev. Dr. Ursula Hecker, the retired hospital Chaplain from Germany. The project was born from the seed of the Chaplaincy seminars from 2010 to 2020. The Care and Counseling Project, MIT has been serving seminaries, conventions, churches, and communities by providing individuals and needy families with compassionate and comprehensive mental healthcare services, since 2018. On February 28, 2024, the project was announced to be an official center of the Myanmar Institute of Theology with the uphold valuable blessings of the Myanmar Baptist Convention (MBC) and named Charis Care and Counseling Center, MIT. Charis Care and Counseling Center aims to help and support Myanmar people with Mental Health care awareness, encouraging them to access mental health services and helping them restore their hope from helpless situations as well as providing training in psychological concerns based on current demand and situation.

အပြစ်တင်ခြင်း၏ အလွန်...အပြစ်တင်ခြင်း (Blame) ဆိုတာ လူတိုင်း ကြုံတွေ့ရတတ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကို...
18/05/2026

အပြစ်တင်ခြင်း၏ အလွန်...

အပြစ်တင်ခြင်း (Blame) ဆိုတာ လူတိုင်း ကြုံတွေ့ရတတ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကို အပြစ်တင်တတ်သလို၊ တစ်ခါတစ်ရံမှာတော့ အခြားသူ (သို့) အခြေအနေတွေကို အပြစ်တင်နေမိတတ်ကြပါတယ်။ စိတ်ပညာအရ အချို့သော အပြစ်တင်ခြင်းတွေဟာ “အမှား” တစ်ခုတည်းကိုသာ ဦးတည်ဖော်ပြနေခြင်းမဟုတ်ဘဲ ပိုမိုနက်ရှိုင်းတဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်များနှင့် ဆက်စပ်နေတတ်ပါတယ်။

Psychological Flexibility ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် “Blame” ဆိုတာ ခက်ခဲတဲ့ အတွင်းခံစားချက်တွေကို ရှောင်ရှားခြင်း (Experiential Avoidance) သို့မဟုတ် ကိုယ့်အတွေးများနှင့် အလွန်အကျွံ တစ်ထပ်တည်းဖြစ်သွားခြင်း (Cognitive Fusion) ကို ဖော်ပြနေခြင်းလို့လည်း ဆိုနိုင်ပါတယ်။

တချို့သော ပတ်ဝန်းကျင်တွေမှာ ခံစားချက်တွေကို တိုက်ရိုက်ဖော်ပြဖို့ မလုံခြုံဘူးလို့ခံစားရတဲ့အခါ အပြစ်တင်ခြင်းဟာ နာကျင်မှုကို ဖော်ပြတဲ့ နည်းလမ်းတစ်ခု ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် လူမှုဆက်ဆံရေးကို အရေးထားတဲ့ community culture တွေမှာ “အမှား”ကို တိုက်ရိုက်ဝန်ခံလိုက်တာထက် “သူကြောင့်...” လို့ အပြစ်တင်လိုက်ဖို့က ပိုလွယ်ကူနေတတ်ပါတယ်။

အပြစ်တင်ခြင်းရဲ့ အခြေခံကတော့ မိမိကိုယ်ကို ကာကွယ်လိုစိတ် ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ခံစားချက်တွေ အလွန်ပြင်းထန်လာပြီး မခံနိုင်တဲ့အခါ ကျွန်တော်တို့ရဲ့ survival အတွက် မသိစိတ်က မိမိကိုယ်ကိုကာကွယ်တဲ့ နည်းလမ်းဖြစ်တဲ့ Defense Mechanism တွေကို ထွက်ပေါ်လာစေတာ ဖြစ်တယ်လို့ နားလည်လို့ရပါတယ်။

မိမိကိုယ်ကို ကာကွယ်တဲ့ နည်းလမ်းများကတော့ -
လွှဲချခြင်း (Projection)
လူတစ်ယောက်ဟာ ကိုယ်တိုင် လက်မခံချင်တဲ့ ခံစားချက်များ၊ စိတ်ဖိစီးမှုများ သို့မဟုတ် စိတ်တွန်းအားများကို အခြားသူတစ်ယောက်အပေါ် ပုံချတတ်ပါတယ်။ ဒီလို “Projection” လုပ်ခြင်းက အတွင်းမှာရှိနေတဲ့ ခက်ခဲတဲ့ စိတ်ခံစားချက်တွေကို မသိစိတ်က ရှောင်ရှားနိုင်ဖို့ ကူညီပေးတာ ဖြစ်ပါတယ်။
ဥပမာ - ရုံးမှာ အဆင်မပြေမှု ကြုံခဲ့ရပြီး အိမ်ပြန်ရောက်တဲ့အခါ အိမ်ကသူတစ်ယောက်ရဲ့ အသေးအဖွဲ အပြုအမူတစ်ခုအပေါ် ဒေါသတွေ ပုံချအပြစ်တင်ခြင်းဖြင့် စိတ်ထွက်ပေါက်ရှာမိတာမျိုးပေါ့။
တစ်ခါတစ်ရံ အမှားတစ်ခုကို ကိုယ်တိုင် တာဝန်ယူဖြေရှင်းခြင်းထက် အခြားသူတစ်ယောက်ကို အပြစ်ပုံချလိုက်ခြင်းက ပိုလွယ်ကူတယ်လို့ ခံစားရနိုင်ပါသည်။ ဒီလိုလုပ်ခြင်းဟာ ပြဿနာကို အမှန်တကယ် ဖြေရှင်းခြင်း မဟုတ်ဘဲ ရှောင်လွှဲလိုက်ခြင်းသာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ပြောင်းလဲနိုင်စွမ်းနှင့် လုပ်ဆောင်နိုင်စွမ်းတွေကိုလည်း လျော့ကျသွားစေပါတယ်။

ခံစားချက်ထိန်းညှိနိုင်မှု အားနည်းခြင်း (Emotional Regulation)
ခံစားချက်တွေကို ကောင်းစွာ မထိန်းညှိနိုင်တဲ့အခါ လူတွေဟာ မိမိရဲ့ ဒေါသ၊ အရှက်ကွဲမှု၊ ဝမ်းနည်းမှု၊ နာကျင်မှု သို့မဟုတ် မလုံခြုံမှုကဲ့သို့သော ခံစားချက်တွေကို ဖုံးကွယ်လိုစိတ်နဲ့ အခြားသူတွေအပေါ် အပြစ်တင်ပုံချ တတ်ကြပါတယ်။ မြန်မာစကားမှာ “ရှက်ရမ်း ရမ်းတယ်” ဆိုတဲ့ စကားလုံးက ဒီအခြေအနေအတွက် အတော်လေး ဆင်တူတယ်လို့ ပြောလို့ရပါတယ်။

ခဏတာ စိတ်သက်သာမှု (Short-term Relief)
မိမိတာဝန်ယူရမယ့်အရာကို တစ်စုံတစ်ယောက်အပေါ် အပြစ်ပုံချလိုက်တဲ့အခါ ခဏတာ စိတ်သက်သာမှုရရှိသလို ခံစားရနိုင်ပေမဲ့ ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ မသေချာမရေရာဖြစ်ခြင်း၊ အပြစ်ရှိသလိုခံစားရခြင်း၊ မလုံခြုံသလိုခံစားရခြင်းတွေကို ဆက်ပြီး ခံစားရနိုင်ပါတယ်။ အပြစ်တင်ခြင်းဟာ စစ်မှန်တဲ့ ပြဿနာဖြေရှင်းနည်း မဟုတ်ဘဲ နာကျင်မှုကို ခဏတာ ရှောင်လွှဲခြင်းသာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်တွေကို ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းလိုက်ခြင်းကသာ စစ်မှန်တဲ့ ပြောင်းလဲမှု ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။

အပြစ်တင်တတ်သည့်အကျင့်ကို ကိုင်တွယ်နိုင်မည့်နည်းလမ်းများ -
Mindfulness ကို လေ့ကျင့်ပါ
အပြစ်တင်ခြင်းဟာ အလိုအလျောက်တုံ့ပြန်မှု (Automatic Response) တစ်ခု ဖြစ်နိုင်ပါတယ်။ အပြစ်တင်တဲ့ အတွေးတွေ ဝင်လာတဲ့နောက်မှာတော့ အနုတ်လက္ခဏာ ခံစားချက်တွေကလည်း ဆက်တိုက် ပေါ်လာတတ်ပါတယ်။ ဒီအရာအတွက် လက်ရှိအချိန်မှာ ကိုယ်ဘာတွေပြောနေလဲ၊ ဘာခံစားနေလဲ၊ ဘယ်လိုပြုမူနေမိလဲ ဆိုတာကို သတိပြုကြည့်ပါ။ ဒီလိုဆိုရင် အပြစ်တင်တတ်တဲ့ အပြုအမူကို ဖြည်းဖြည်းလျှော့ချလာနိုင်မှာ ဖြစ်ပါတယ်။

အကူအညီမဖြစ်သော တွေးခေါ်မှုပုံစံများအပေါ် အားပြုခြင်းကိုရပ်တန့်လိုက်ပါ (Stop Reinforcing Your Unhelpful Thinking Patterns)
ကျွန်တော်တို့ တစ်စုံတစ်ခု ဖြစ်ပျက်ပြီးတဲ့ အခါတိုင်းမှာ မိမိကိုယ်ကို (သို့) တစ်ဖက်သူရဲ့ အပြစ်တွေကို အခြားသူတွေကို ထပ်ခါထပ်ခါ ပြောပြနေမိ တတ်ကြပါတယ်။ ဒီလို ထပ်ခါထပ်ခါ ပြောဆိုခြင်းက ကိုယ့်ရဲ့ အဆိုးမြင်ခံစားချက်တွေကို အားဖြည့်ပေးနေသလို ဖြစ်ပြီး အတွင်းစိတ်ထဲမှာ ပိုမိုနက်ရှိုင်း ခိုင်မာစွာ အမြစ်တွယ်စေနိုင်ပါတယ်။
ဒါကြောင့် နောက်တစ်ကြိမ် မိမိကိုယ်ကို သတိထားကြည့်ပါ။ မိမိကိုယ်ကို (သို့) လူတစ်ယောက်ကို အပြစ်တင်မိတဲ့အခါ အဲဒီအကြောင်းကို ထပ်ခါထပ်ခါ မပြောမိအောင် သတိထားကြည့်ပါ။ နောက်ပြီးတော့ ကိုယ့်ရဲ့ စိတ်အခြေအနေ ဘယ်လိုပြောင်းလဲသွားလဲဆိုတာကိုလည်း သတိပြုလေ့လာကြည့်ပါ။

အမှားများကို ရှုမြင်တဲ့ပုံစံ ပြောင်းလဲပါ (Change your perspective)
အမှားတွေကို “အရှုံး” လို့ မမြင်ဘဲ ကိုယ့်ရဲ့ တိုးတက်မှုအတွက် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်နိုင်ဖို့ ကြိုးစားကြည့်ပါ။ အမှားတွေကို လက်ခံအသိအမှတ်ပြုနိုင်ခြင်းကနေ သင်ယူနိုင်စွမ်း ပိုကောင်းလာပြီး ကိုယ့်ဘဝကို ပိုမိုထိန်းချုပ်နိုင်တဲ့ ( In my control) ခံစားချက်လည်း ရရှိလာနိုင်မှာဖြစ်ပါတယ်။

တစ်ဖက်သူရဲ့ အမြင်နဲ့ ကြည့်ပါ
“သူ့နေရာမှာ ငါသာဆိုရင်... ” ဆိုပြီး ကိုယ့်ကိုယ်ကို အစားထိုးကြည့်ပါ။
ကျွန်တော်တို့ဟာ အခြားသူတစ်ယောက်ကို အပြစ်တင်တဲ့အခါ သူ့ရဲ့ အပြုအမူကို သူ့ပင်ကိုယ်စရိုက်ပဲလို့ တိုက်ရိုက် ကောက်ချက်ချတတ်ကြပါတယ်။ ဥပမာ- “သူက လူပျင်းဆိုတော့ ...” သို့မဟုတ် “သူမှာ အချိန်ကိုစီမံခန့်ခွဲနိုင်စွမ်း မရှိလို့ ဒီလိုဖြစ်တာလေ” ဆိုတာမျိုး ဖြစ်ပါတယ်။ စိတ်ပညာမှာ ဒီလိုဖြစ်စဉ်ကို Fundamental Attribution Error လို့ ခေါ်ပါတယ်။ မိမိကိုယ်ကို (သို့) တစ်ဖက်သူအပေါ် ကိုယ်ချင်းစာစိတ်လေးထားပြီး နားလည်ဖို့ ကြိုးစားနိုင်မယ်ဆိုရင် အပြစ်တင်တဲ့ အကျင့်ကို လျှော့ချဖို့ အထောက်အကူ ဖြစ်နိုင်ပါတယ်။

သင်ထိန်းချုပ်နိုင်သော အရာများအပေါ် အာရုံစိုက်ပါ (Focus on What You Can Control)
မိတ်ဆွေအနေနဲ့ အခြေအနေနဲ့ လူတွေကို အပြစ်တင်ခြင်းကြောင့် ဖြစ်လာတဲ့ မသက်မသာ စိတ်အခြေအနေထဲမှာ ပိတ်မိနေခြင်းထက် ကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့ အရာတွေကို ပိုမိုအာရုံစိုက်ဖို့ ရွေးချယ်နိုင်ပါတယ်။
ဥပမာ - ရုံးချိန် ကားတွေပိတ်တတ်တာကြောင့် နောက်ကျနိုင်ခြေ ရှိမယ်ဆိုရင် အိမ်ကနေ ပိုစောစောထွက်ဖို့ ပြင်ဆင်နိုင်ပါတယ်။
အခြားသူတွေကို အပြစ်တင်နေမယ့်အစား အခြေအနေထဲမှာ ကိုယ်ပါဝင်နေတဲ့ အပိုင်းကို ပြန်လည်သုံးသပ်ပြီး နောက်တစ်ကြိမ်မှာ ပိုကောင်းအောင် ကိုင်တွယ်နိုင်ဖို့ သင်ယူနိုင်ပါတယ်။

နိဂုံး
တစ်ခါတစ်ရံ အပြစ်တင်ခြင်းရဲ့ အောက်မှာ “နားလည်ပေးစေလိုခြင်း”၊ “ထိခိုက်နာကျင်မှာကို စိုးရိမ်ခြင်း” သို့မဟုတ် “လုံခြုံမှု” ဆိုတဲ့ လူသားဆန်တဲ့ လိုအပ်ချက်တွေ ရှိနေတတ်ပါတယ်။ ကိုယ့်ရဲ့ နာကျင်မှုကို သတိပြုမိလာတဲ့အခါ အပြစ်တင်ခြင်းထက် ပိုကျန်းမာပြီး တန်ဖိုးရှိတဲ့ တုံ့ပြန်မှုတွေကို ရွေးချယ်လာနိုင်ဖို့ မျှော်လင့်ပါတယ်။
Psychological Flexibility ဆိုတာ ခက်ခဲတဲ့ ခံစားချက်တွေ မရှိတော့တာမျိုးမဟုတ်ဘဲ၊ အဲဒီခံစားချက်တွေနဲ့အတူ ရှင်သန်နိုင်ပြီး ကိုယ့်တန်ဖိုးနဲ့ ကိုက်ညီတဲ့ လုပ်ဆောင်မှုတွေကို ဆက်လက်ရွေးချယ်နိုင်ခြင်း ဖြစ်ပါတယ်။

“ငါ့ကြောင့်” ... “သူကြောင့်...” လို့ လက်ညှိုးထိုးနေမယ့်အစား “ဒီအခြေအနေထဲမှာ ငါ...ဘယ်အပိုင်းကို ပိုကောင်းအောင် လုပ်နိုင်မလဲ” ဆိုတဲ့ တာဝန်ယူစိတ်နဲ့ ပြန်ကြည့်နိုင်မယ်ဆိုရင် နောက်တစ်ကြိမ်မှာ ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ဖို့ သင်ယူလာနိုင်စေမှာဖြစ်ပါတယ်။

References:
https://www.therapynowsf.com/blog/blaming-one-of-the-most-common-cognitive-distortions
https://privatetherapy.com/blog/blame-and-responsibility/
https://doi.org/10.1016/j.paid.2022.111721Get rights and content
https://www.thepositivepsychologypeople.com/nothings-changing-because-youre-still-blaming/
Why Some People Will Always Blame Others | Psychology Today

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/


Address

Seminary Hill, Insein Yangon
Insein

Alerts

Be the first to know and let us send you an email when Care and Counseling project, MIT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Care and Counseling project, MIT:

Share