Care and Counseling project, MIT

Directions Website Contact the practice

Care and Counseling project, MIT စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု Dr. Khin Kyu Kyu, the Chaplain and professor at Myanmar Institute of Theology, with the support of Rev.

Care and Counseling Project - ဂရုပြုနှစ်သိမ့်ဆွေးနွေးခြင်းဆိုင်ရာ စီမံကိန်း သည် Myanmar Institute of Theology - မြန်မာနိုင်ငံဓမ္မတက္ကသိုလ် ကျောင်းတော်ကြီး၏ လက်အောက်တွင် စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းသင်တန်းများကို အခမဲ့ ကြိုးစားလုပ်ဆောင်နေသော စီမံကိန်းတစ်ခု ဖြစ်ပါသည်။

History fo Charis Care and Counseling Center

The Charis Care and Counseling Center is originally brought up from the passion and empathy of the project Director Rev. Dr. Ursula Hecker, the retired hospital Chaplain from Germany. The project was born from the seed of the Chaplaincy seminars from 2010 to 2020. The Care and Counseling Project, MIT has been serving seminaries, conventions, churches, and communities by providing individuals and needy families with compassionate and comprehensive mental healthcare services, since 2018. On February 28, 2024, the project was announced to be an official center of the Myanmar Institute of Theology with the uphold valuable blessings of the Myanmar Baptist Convention (MBC) and named Charis Care and Counseling Center, MIT. Charis Care and Counseling Center aims to help and support Myanmar people with Mental Health care awareness, encouraging them to access mental health services and helping them restore their hope from helpless situations as well as providing training in psychological concerns based on current demand and situation.

  Alzheimer's Day ,2026 #အထိမ်းအမှတ်ဆောင်းပါး #အယ်လ်ဇိုင်းမား ရောဂါ (Alzheimer's Disease) ဆိုတာ ဦးနှောက်အတွင်းရှိ အာရုံက...
21/09/2026

Alzheimer's Day ,2026
#အထိမ်းအမှတ်ဆောင်းပါး #
အယ်လ်ဇိုင်းမား ရောဂါ (Alzheimer's Disease) ဆိုတာ ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်တွေ တဖြည်းဖြည်း ပျက်စီးပြီး မှတ်ဉာဏ်၊ စဉ်းစားနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းနဲ့ နေ့စဉ်ဘဝရဲ့ ပုံမှန် လုပ်ဆောင်နိုင်စွမ်းများ ထိခိုက်လာစေနိူင်တဲ့ အာရုံကြောနှင့်ဆိုင်သည့် ရောဂါတစ်မျိုး ဖြစ်ပါတယ်။
အယ်လ်ဇိုင်းမားရှိသူကို စောင့်ရှောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးပိုင်း ဆိုင်ရာ ပင်ပန်းမှုတွေ ဖြစ်စေနိုင်ပါတယ်။
အဲဒီပင်ပန်းမှုတွေဟာ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတဲ့ လူနာတစ်ဦးတည်းမှာ သာမကဘဲ သူ့ကို ပြုစုစောင့်ရှောက်နေသူရဲ့ ခံစားချက်တို့ပါ တဖြည်းဖြည်း ပြောင်းလဲလာစေနိူင်တဲ့ စောင့်ရှောက်မှု ခရီးရှည်တစ်ခု ဖြစ်ပါတယ်။
ပြုစုစောင့်ရှောက်ပေးသူက အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတဲ့လူနာရဲ့ ပြောင်းလည်းမှုဖြစ်စဥ်ကို သိရှိနားလည်ထားမှသာ ကြိုတင်ပြင်ဆင်ထားရမည့်အရာများကို လုပ်ဆောင်နိူင်မှာဖြစ်ပါတယ်။
🧠 အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတဲ့ သူရဲ့ ဦးနှောက်ထဲမှာ ဘာတွေဖြစ်နေသလဲ …
Alzheimer’s disease ဟာ ဦးနှောက်ဆဲလ်တွေကို တဖြည်းဖြည်း ပျက်စီးစေတဲ့ progressive neurological disease တစ်ခုဖြစ်ပါတယ်။
ဦးနှောက်အတွင်း amyloid plaques နဲ့ tau tangles စတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီး အာရုံကြောဆဲလ်တွေရဲ့ ဆက်သွယ်မှုနဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ထိခိုက်လာနိုင်ပါတယ်။
ဒါကြောင့် မကြာသေးခင်က ဖြစ်ခဲ့တာကို မမှတ်မိတာတွေ၊ တူညီတဲ့မေးခွန်းကို ထပ်ခါထပ်ခါ မေးနေတာမျိုး၊ ရင်းနှီးတဲ့လူတွေကို မမှတ်မိနိုင်တာမျိုးလည်းရှိတတ်ပါတယ်။ တချို့သူတွေမှာ စကားပြောဆိုရာတွင် သော်လည်းကောင်း၊ မိမိရဲ့နေ့စဉ်လုပ်ငန်းတွေကို ကိုယ်တိုင်လုပ်ဆောင်ရန် အခက်အခဲရှိလာခြင်းစတာတွေကို ကြုံတွေ့နိုင်ပါတယ်။
တစ်ချိန်က သားသမီးတွေကို မိမိလက်နဲ့ ကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့ “မိခင် (သို့) ဖခင်” ဖြစ်ခဲ့သူတွေက အဲဒီအချိန်မှာ သူတို့ရဲ့ သားသမီးရဲ့ အကူအညီနဲ့ စောင့်ရှောက်မှုကို လိုအပ်လာပါပြီ။
ဒါပေမဲ့ ဒီလိုပြောင်းလဲမှုတွေကို သူတစ်ယောက်တည်း ခံစားရတာမဟုတ်ပါဘူး။
မိမိတို့ရဲ့ ဟီးရိုးကြီးဖြစ်ခဲ့တဲ့သူတွေကနေ ရုတ်တရက်အတွင်း မိမိကပြန်ပြီးပြုစုစောင့်ရှောက်ပေးရမဲ့ အခြေအနေဟာ ပြုစုစောင့်ရှောက်ရမည့်သားသမီးတွေအတွက်လည်း အလွန်ခက်ခဲတဲ့ emotional transition ဖြစ်နိုင်ပါတယ်။
ခံစားချက်ပိုင်းဆိုင်ရာအရ သူတို့သိကျွမ်းခဲ့တဲ့ အရင်တုန်းကလူတစ်ယောက်ကို တဖြည်းဖြည်းချင်း ဆုံးရှုံးနေရသလို (Emotional damage) ခံစားရနိုင်ပါတယ်။
ကိုယ်ပိုင်မိသားစုအတွက် ရုန်းကန်နေရတဲ့သားသမီးတွေအတွက် ဝန်ထုပ်ဝန်ပိုးသဖွယ် စိန်ခေါ်မှုများနှင့် အတူ အပြစ်မကင်းစိတ် (Guilty) ကို ခံစားရစေနိူင်ပါတယ်။
မိမိကိုယ်တိုင် မစောင့်ရှောက်နိူင်သည့်အခြေအနေမျိုးဆိုရင် အပြင်သူစိမ်းကို ငှားရမ်းရသည့်အခါ တွင်လည်း စိုးရိမ်ပူပန်မှုများ (Anxiety) ၊ စိတ်ပင်ပန်းမှုများ (stress) နေ့စဥ်ခံစားရနိူင်ပါတယ်။
💜 Alzheimer’s ရောဂါခံစားရသူဟာ သူတို့ချစ်ရတဲ့သူတွေရဲ့နာမည်ကို မမှတ်မိတော့တာမျိုး ဖြစ်တတ်ပါတယ်။ ကျွန်မတို့က သူတို့ရဲ့ သား၊ သမီး၊ ခင်ပွန်း၊ ဇနီး ဒါမှမဟုတ် ချစ်ရသူဖြစ်ခဲ့တာကို မမှတ်မိတာမျိုး လည်းဖြစ်နိုင်ပါတယ်။
💜 ဒီအချိန်မှာ အရေးကြီးဆုံးက သူတို့ကို ကလေးတစ်ယောက်လို အပြစ်တင်ပြီးမဆက်ဆံမိဖို့ပါပဲ။
“မမှတ်မိဘူးလား” “အဲဒါကို ဘယ်နှစ်ခါပြောရမလဲ” “ဘာလို့ ဒီလောက်တောင် မေ့နေတာလဲ”
လို့ မပြောဘဲ နူးညံ့စွာနဲ့ စိတ်ရှည်ရှည်ထားပြီးနားထောင်ပေးခြင်းဟာ လူတစ်ယောက်အနေနဲ့ သူတို့ကို လေးစားပေးခြင်းနဲ့ သူတို့ရဲ့ဂုဏ်သိက္ခာကို စောင့်ရှောက်ပေးခြင်းပုံစံလည်း ဖြစ်ပါတယ်။
ဒီလို စိတ်ရှည်ရှည်နဲ့ ပြုစုစောင့်ရှောက်နိုင်ဖို့အတွက် ပြုစုစောင့်ရှောက်ပေးတဲ့သူ၊ သားသမီးများ (သို့) Caregiver များကိုယ်တိုင်လည်း မိမိရဲ့စိတ်ကျန်းမာရေးကိုအထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
Caregiver တစ်ယောက်ဟာ မိမိရဲ့ စိတ်ကျန်းမာရေး (mental health) ကို စောင့်ရှောက်ခြင်းဟာ
မိမိ လူနာကိုပြုစုခြင်းလုပ်ငန်းစဥ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
WHO ကနေလည်း caregivers တွေအတွက် information and education, psychological support, counselling/psychotherapy, mindfulness-based interventions နဲ့ respite care စတဲ့ အထောက်အပံ့တွေဟာ အရေးကြီးကြောင်း ဖော်ပြထားပါတယ်။
🤝 ဒါကြောင့် ကျွန်မတို့က Caregiver ကိုတွေ့ရင် “လူနာအခြေအနေဘယ်လိုနေလဲ” ဆိုတာတင်မဟုတ်ဘဲ “သူ့ရဲ့အခြေအနေကရော ဘယ်လိုနေသလဲ” ဆိုတာ လည်းမေးပြီး ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။
💜 Caregivers need care, too. 💜
လူနာစောင့်ရှောက်နေတဲ့သူအတွက် အစားအသောက်ကောင်းစွာစားရဖို့လိုအပ်သလို၊
အနားယူချိန်လည်း လုံလောက်စွာရရှိဖို့လိုပါတယ်။
Caregiver တစ်ယောက်အနေနဲ့ အခြားသူတစ်ဦးရဲ့အကူအညီလိုအပ်နေပါက အကူအညီတောင်းဖို့ လည်းလိုအပ်ပါတယ်။
💜 အယ်လ်ဇိုင်းမားက မှတ်ဉာဏ်တွေကိုပဲ ပြောင်းလဲစေနိုင်တာပါ။

💜ကျွန်မတို့ရဲ့ ကြင်နာတတ်တဲ့နှလုံးသားတွေကိုတော့ မပြောင်းလဲ ပစ်နိူင်ပါဘူး။
💜ဒါကြောင့် မိမိကိုယ်ကို ကြင်နာပါ။ မိမိရဲ့ ခံစားချက်တွေကိုဂရုစိုက်ပါ။
💜Alzheimer’s ရောဂါခံစားရသူများကိုလည်း ကျွန်မတို့အတူတူ နားလည်ကြင်နာ ဖေးမကြပါစို့နော။

နဲ့ပတ်သက်ပြီး ထပ်မံလေ့လာလိုပါက DSM-5 စာအုပ် တွင်အသေးစိတ်လေ့လာလို့ရပါတယ်။

@အကူအညီရယူလိုပါက Charis Care and Counseling Center ကို ဆက်သွယ်လို့ရပါတယ်ရှင်
Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/

“စိတ်နဲ့ကိုယ်နဲ့ မကပ်ဘူး” “အာရုံတွေ မရဘူးဟာ” တခါတလေမှာ ကျွန်မတို့ ဒီလိုဖြစ်နေတတ်ပါသလား . . . ဒါက စိတ်ဖိစီးမှုကြောင့်လား ...
18/09/2026

“စိတ်နဲ့ကိုယ်နဲ့ မကပ်ဘူး” “အာရုံတွေ မရဘူးဟာ”
တခါတလေမှာ ကျွန်မတို့ ဒီလိုဖြစ်နေတတ်ပါသလား . . . ဒါက စိတ်ဖိစီးမှုကြောင့်လား . . .
✨ မိသားစုအရေး၊ အလုပ်တာဝန်များလွန်းခြင်း စသည့်အကြောင်းများစွာကြောင့် စိတ်ဖိစီးမှု (Stress) ဖြစ်နိူင်ပါတယ်။ တစ်ခါတလေ Stress ဆိုတာကလည်း အလုပ်များလွန်းလို့မဟုတ်ပြန်ပါဘူး။
✨ အတွေးတွေ မရပ်နိုင်တာ၊ အတိတ်ကအကြောင်းတွေ ပြန်တွေးနေတာ၊ မဖြစ်သေးတဲ့ အရာတွေကို ကြိုတင်စိုးရိမ်နေတာတွေကြောင့်လည်း စိတ်က လက်ရှိအခြေအနေမှာ မရှိတော့တာမျိုးကြောင့် စိတ်ဖိစီးမှုလည်း ဖြစ်တတ်ပါတယ်။
✨ စိတ်ဖိစီးလာတဲ့အခါ…ကျွန်မတို့ရဲ့ “အာရုံငါးပါး (5 senses) ” ကို သတိထားလုပ်ဆောင်ခြင်းက ကျွန်မတို့အတွက် ဘယ်လိုအထောက်အကူဖြစ်စေနိူင်မလဲ . . .
Stress ဖြစ်နေတဲ့အခါ စိတ်က “ဘာဖြစ်ခဲ့လဲ” ဒါမှမဟုတ် “ဘာဖြစ်လာမလဲ” ဆိုတဲ့အတွေးထဲ ရောက်နေတတ်ပါတယ်။
အာရုံငါးပါးကို သတိထားလုပ်ဆောင်ခြင်းကကျွန်မတို့ အတွေးထဲမှာပဲ ပိတ်မိနေတဲ့စိတ်အာရုံကို လက်ရှိအချိန် ဆီ ပြန်လည်အာရုံစိုက်ဖို့ အကူအညီဖြစ်စေနိုင်ပါတယ်။
✨ကျွန်မတို့ရဲ့ အာရုံငါးပါး ကို အသုံးချပြီး လက်ရှိအခိုက်အတန့်ဆီ ပြန်လာဖို့ ကြိုးစားကြရအောင် . .
🩷 Sight အမြင် . . .
ကျွန်မတို့အနားမှာ မြင်ရတဲ့အရာက “ဘယ်လိုပုံစံလဲ” “ဘာအရောင်လဲ” “ဘာတွေရှိသလဲ”
ကြည့်ရုံမဟုတ်ဘဲ သတိထားပြီး တစ်ခုချင်းကို စိတ်ဝင်တစား ကြည့်ပါ။ လှပတဲ့အရာလေးတွေဟာ ကျွန်မတို့ စိတ်နှလုံးကို အေားချမ်းအောင်ကူညီပေးနိူင်ပါတယ်။
🩷 Hearing အကြား . . .
မျက်လုံးကို ခဏမှိတ်ပြီး ကျွန်မတို့ပတ်ဝန်းကျင်က အသံတွေကို နားထောင်ကြည့်ပါ။
လူတွေရဲ့အသံလား၊ လေတိုက်သံလား သေသေချာချာဂရုစိုက်နားထောင်ကြည့်တဲ့အခါ အသံကို ပြောင်းလဲဖို့မကြိုးစားဘဲ ကြားနေရတာကိုပဲ သတိထားနားထောင်ကြည့်ပါ။
အသံတွေဟာ ကျွန်မတို့ ရဲ့ အတွေးကိုဖြတ်တောက်ပြီး သတိပြန်ဝင်လာအောင် ကူညီပေးနိူင်ပါတယ်။
🩷 Smell အနံ့ . . .
အနံ့တွေဟာ ကျွန်မတို့ရဲ့ အမှတ်တရတွေကနေ စိတ်ခံစားမှုတွေအထိ ဆက်နွယ်နိုင်တာကြောင့် ဂရုတစိုက်ရှူရှိုက်ကြည့်ပါ။
ရနံ့ကကျွန်မတို့ရဲ့ အာရုံစူးစိုက်မှုကို ပြန်လည်နိူးကြားလာအောင် အထောက်အကူပြုနိုင်ပါတယ်။
🩷 Taste အရသာ . . .
ကျွန်မတို့စားနေတဲ့ အစားအစာကို အလောတကြီး ခပ်မြန်မြန် မစားဘဲ တစ်ကိုက်ချင်း၊ တလုတ်ချင်းကို အရသာခံပြီး စားကြည့်ပါ။
ချိုချဥ်စပ်ခါး အရသာများဟာ ကျွန်မတို့ရဲ့ ခံစားမှုကို နိုးကြားလာဖို့ကူညီပေးနိူင်ပါတယ်။
🩷 Touch အထိအတွေ့
ကျွန်မတို့လက်နဲ့ ထိတွေ့လို့ရတဲ့အရာမှန်သမျှကို ဂရုတစိုက်ထိကိုင်ကြည့်ပေးပါ။
အဲဒီအထိအတွေ့ရဲ့ နွေးထွေးမှု၊ သန်မာမှုအား ကို ပြန်လည်တက်ကြွစေတဲ့ အာရုံခံမှုအဖြစ် အကူအညီ ရယူလို့ရပါတယ်။
✨Mindfulness ရဲ့ အဓိကအချက်တစ်ခုက (Present-Moment Awareness) လက်ရှိအခိုက်အတန့် တိုင်းကို သတိနှင့်သိရှိခံစားခြင်း ဖြစ်ပါတယ်။
✨အာရုံငါးပါး (5 senses) လုပ်ဆောင်မှုဟာ Stress ကို ချက်ချင်း ပျောက်ကင်းစေတဲ့နည်းလမ်း တစ်ခု တော့မဟုတ်ပါဘူး။
✨ဒါပေမယ့် စိတ်ကို ခဏအနားပေးဖို့ (Relaxation) ၊ လက်ရှိအချိန် (present moment) ကို ပြန်လည် သတိထားဖို့၊ ကိုယ့်စိတ်ခံစားချက်ကို ကောင်းမွန်စွာ ထိန်းသိမ်းတဲ့အလေ့အကျင့် (Emotional regulate) လုပ်ဖို့ အထောက်အကူပြုနိုင်တဲ့ mindfulness (သတိပဠာန်)၊ grounding practice (အခြေခံအလေ့အကျင့်) တစ်ခု ဖြစ်ပါတယ်။
ဒါ့ကြောင့် စိတ်ဖိစီးလာတဲ့အခါ ဒီနည်းလမ်းလေးကို စမ်းကြည့်လို့ရပါတယ်။
“ဘဝမှာ မျှော်လင့်သလို မဖြစ်လာသေးရင်လည်း အခုအချိန်မှာ၊ ဒီနေရာမှာ ငါ အကောင်းဆုံး အသက်ရှင်နေတယ် လို့ ကိုယ့်ကိုယ်ကိုအားပေးရင်း အချင်းချင်း ဖေးမကြရအောင်နော”
📚 Reference: အသေးစိတ်လေ့လာဖတ်ရှုလိုပါက Jon Kabat-Zinn, Coming to Our Senses: Healing Ourselves and the World Through Mindfulness (New York: Hyperion, 2005). မှာ ဖတ်ရှုလို့ရပါတယ်။

  Su***de Prevention Day  10, 2026ကမ္ဘာတဝန်းလုံးမှာ မိမိကိုယ်ကိုအဆုံးစီရင်ခြင်းနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရန်နှင့် ဂရု...
10/09/2026

Su***de Prevention Day
10, 2026
ကမ္ဘာတဝန်းလုံးမှာ မိမိကိုယ်ကိုအဆုံးစီရင်ခြင်းနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရန်နှင့် ဂရုစိုက်ပြုမူရမဲ့အကြောင်းလေးတွေကို အသိပညာပေးအစီအစဉ်များ ပြုလုပ်နိူင်ရန် စက်တင်ဘာလ ၁၀ ရက်၊ ဒီနေ့လေးကို World Su***de prevention Day အဖြစ် ကမ္ဘာ့ကုလ သမ္မဂမှ အသိအမှတ်ပြုပေးထားပါတယ်။
ဒီနှစ်အတွက် ဆောင်ပုဒ်လေးကတော့
“ Changing the narrative on Su***de “
“မိမိကိုယ်ကို အဆုံးစီရင်ခြင်းအပေါ် အမြင်များကိုပြောင်းကြစို့” ဖြစ်ပါတယ်။

😥အလွန်ဝမ်းနည်းစရာကောင်းတဲ့အချက်တစ်ခုကကျွန်မတို့နေထိုင်တဲ့ ကမ္ဘာကြီးမှာ နှစ်စဉ်လူပေါင်း ၇၂၀,၀၀၀ ဟာ မိမိကိုယ်ကို အဆုံးစီရင်နေကြတယ် လို့ WHO မှ သုတေသနပြုချက်များအရတွေ့ရှိရပါတယ်။
💡ဒီရှာဖွေတွေ့ရှိချက်က အကြောင်းအမျိုးမျိုး၊ အသက်အရွယ်အမျိုးမျိုးမှာ မိမိကိုယ်ကိုအဆုံးစီရင်ခြင်းဆိုတဲ့ ကိစ္စရပ်ကြီးဟာ မထင်မှတ်ထားတဲ့အချိန်မှာပဲ ကျွန်မတို့မိသားစု၊ ကျွန်မတို့ချစ်တဲ့သူ၊ ကျွန်မတို့နေထိုင်တဲ့အဝိုင်းအဝန်းလေးမှာ ရောက်လာနိူင်တဲ့ သတိပေးချက်ကြီးဖြစ်လို့နေပါပြီ။

💡ဒါကို ကျွန်မတို့ဘယ်လိုကိုင်တွယ်ကြမလဲ

🩵ဒီနှစ်ရဲ့ Call to Action လေးကတော့
“Start the conversation “ လေးပါပဲ
🌷အားနည်းလိုက်တာ၊ ပျော့ညံ့လိုက်တာ၊ ခံစားချက်ကိုရှေ့တန်းတင်နေတာလား ဆိုပြီး အပြစ်တင်တဲ့စကား၊ အပြစ်မြင်တဲ့အကြည့်တွေကို ဖယ်လိုက်ကြရအောင်နော

🌷စကားတစ်ခွန်းရဲ့အင်အားကို ယုံကြည်ရင် ကျွန်မတို့အနားမှာရှိနေတဲ့သူ၊ ကျွန်မတို့ရဲ့မိသားစု၊ ကျွန်မတို့ရဲ့ အကူအညီ လိုနေတဲ့သူတွေကို ဒီနေ့လေးမှာ မှတ်မှတ်ရရ ခွန်အားဖြစ်စေတဲ့ စကားလေးနဲ့အားပေးလိုက်ကြရအောင်လေနော

🌷ရိုးရှင်းပေမဲ့ မမြင်ရတဲ့အင်အားတွေဟာ အဲဒီ စကားဝိုင်းလေး၊ စကားလေးတစ်ခွန်း ကနေ ရှင်သန်ခြင်းလိုစိတ်ကိုပြန်လည်တည်ဆောက်ပေးနိူင်ပါတယ်

💜 သင်တစ်ယောက်ထဲ မဟုတ်ပါဘူး
အတူတူရှင်သန်ကြရအောင်နော

🙏🏻အကူအညီရယူလိုပါက Charis Care and Counseling Center ကို ဆက်သွယ်လို့ရပါတယ်ရှင်
Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/


#
***dePrevention #

  is Su***de Prevention Month #   Depression(စိတ်ဓါတ်ကျခြင်း)ကိုနားလည်ခြင်းဟာ စိတ်ကျန်းမာရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍတစ...
07/09/2026

is Su***de Prevention Month #

Depression(စိတ်ဓါတ်ကျခြင်း)ကိုနားလည်ခြင်းဟာ စိတ်ကျန်းမာရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။
ကျွန်မတို့အနားမှာ ရှိတဲ့သူတစ်ယောက်ယောက်ဆီကနေ
“စိတ်ဓါတ်ကျတယ်ဟာ … ငါဒီလောကကြီးမှာ မနေချင်တော့ဘူး…”
“ငါ့ဘဝက အဓိပ္ပါယ်မရှိတော့ဘူး…” “ငါ မရှိတော့ရင် ပိုကောင်းမယ်ထင်တယ်…”လို့ ပြောနေတာမျိုးကို ကြားဖူးပါသလား။
✨အဲလိုအချိန်မျိုးမှာ ကျွန်မတို့ ဘယ်လိုတုံ့ပြန်ခဲ့ဖူးပါသလဲ။ အတူတူပြန်ဆန်းစစ်ကြရအောင်။
🌻ကျွန်မတို့ရဲ့ စကားတစ်ခွန်းဟာ လူတစ်ယောက်ရှေ့ဆက်အသက်ရှင်နိူင်ဖို့ ခွန်အားဖြစ်‌စေနိူင်သလို၊ သူ့ဘဝကို လက်လျှော့သွားစေတာမျိုးလည်း ဖြစ်သွားနိူင်ပါတယ်။
🌻လူတစ်ယောက် စိတ်ပျက်ဝမ်းနည်းတာ၊ Depression ရတာ၊ စိတ်ဓါတ်ကျနေတယ်ဆိုတာ သာမာန်ကိစ္စ၊ လူတိုင်းဖြစ်နေကြတဲ့ အရာလိုမျိုး သတ်မှတ်လို့မရပါဘူး။
“Depression ဆိုတာ ဝမ်းနည်းတာကိုခံစားနေရရုံပဲ မဟုတ်ပါဘူး …
ကျွန်မတို့ရဲ့ စိတ်ခံစားချက်၊ အတွေးအခေါ်၊ အိပ်စက်မှုပုံစံ၊ စွမ်းအင်နှင့် နေ့စဉ်ဘဝလုပ်ဆောင်နိုင်မှုများကို ထိခိုက်စေနိုင်သော စိတ်ကျန်းမာရေး အခြေအနေတစ်ခု ဖြစ်ပါတယ်။
ဆေးပညာမှာတော့ ရက်အတော်ကြာတဲ့အထိ စိတ်ဓါတ်ကျခြင်း (Depression) ခံစားရခြင်းတွင် Mild Depression (အပျော့စား စိတ်ဓါတ်ကျခြင်း)၊ Moderate Depression ( အနည်းငယ်ပြင်းထန်သော စိတ်ဓါတ်ကျခြင်း)၊ Severe Depression (ပြင်းထန်သော စိတ်ဓါတ်ကျခြင်း) ဆိုတဲ့ Depression ရဲ့အခြေအနေကို အဆင့်များဖြင့် အကြမ်းဖျဥ်း သတ်မှတ်ထားပါတယ်။
🌻 သူခံစားရတဲ့အခြေအနေ (Level) ကို သိရရင် ကျွန်မတို့ပိုပြီး ဂရုတစိုက်ပြုမူနိူင်မှာဖြစ်ပါတယ်။
💛 Mild Depression (အပျော့စား စိတ်ဓါတ်ကျခြင်း)
ဒီအခြေအနေမျိုးမှာတွေ့နိုင်တဲ့ လက္ခဏာများတွင် ရက်အတော်ကြာတဲ့အထိ . . .
👉 ဝမ်းနည်းခြင်း၊ စိတ်မကြည်လင်ခြင်း
👉 မိမိအရင်ကနှစ်သက်တဲ့အရာတွေကို စိတ်ဝင်စားမှု လျော့လာခြင်း
👉 ပင်ပန်းလွယ်ခြင်း
👉 အိပ်စက်မှုပုံစံပြောင်းလဲခြင်း
👉 အာရုံစူးစိုက်ရခက်ခြင်း စသည်တို့ကို စတင်ခံစားရတတ်ပါတယ်။
🚨 ဒါမျိုးကလူတိုင်းဖြစ်နေတာ၊ သိပ်မပြင်းထန်ပါဘူး ဆိုပြီး လျစ်လျူမရှုဖို့လိုပါတယ်။
💚 Moderate Depression ( အနည်းငယ်ပြင်းထန်သော စိတ်ဓါတ်ကျခြင်း)
ဒီအခြေအနေမျိုးမှာတွေ့နိုင်တဲ့ လက္ခဏာများတွင် ရက်အတော်ကြာတဲ့အထိ. . .
👉 အလုပ်/စာသင်ရာမှာ အာရုံစူးစိုက်ရခက်ခြင်း
👉 လူတွေနဲ့ မတွေ့ချင်တော့ခြင်း
👉 ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်း
👉 မျှော်လင့်ချက်မဲ့သလို ခံစားခြင်း
👉 နေ့စဉ်လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ ခက်ခဲခြင်း စသည်တို့ ခံစားရနေနိူင်ပါတယ်။
🚨 အထက်ပါလက္ခဏာများကြောင့် ကျွန်မတို့ရဲ့ နေ့စဉ်ဘဝကို ပိုမိုထိခိုက်လာစေနိုင်တဲ့အတွက် ကိုယ်ယုံကြည်ရသူတစ်ဦးထံ ပြောပြပြီး အကူအညီ စတင်ရယူဖို့လိုအပ်ပါတယ်။
❤️ Severe Depression (ပြင်းထန်သော စိတ်ဓါတ်ကျခြင်း)
ဒီအခြေအနေမျိုးမှာတွေ့နိုင်တဲ့ လက္ခဏာများတွင် ရက်အတော်ကြာတဲ့အထိ . . .
👉 အလွန်အမင်း မျှော်လင့်ချက်မဲ့နေခြင်း
👉 ကိုယ့်ကိုယ်ကို တန်ဖိုးမရှိသူလို ခံစားရခြင်း
👉 နေ့စဉ်ဘဝလုပ်ငန်းများ မလုပ်နိုင်တော့ခြင်း
👉 လူမှုဆက်ဆံရေးမှ ခွဲထွက်လာခြင်း
👉 မိမိဘဝကိုအရှုံးပေးချင်စိတ်၊ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုလိုစိတ်၊ လက်လျှော့လိုစိတ်ရှိလာခြင်း များကို ခံစားရနေတတ်ပါတယ်။
🚨 ဒီအခြေအနေမှာ လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝလုပ်ဆောင်နိုင်မှုကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါတယ်။ လူတစ်ယောက်ဟာ ဒီလိုအတွေး၊ ဒီလိုခံစားချက်တွေရှိနေရင် ဂရုပြုပေးဖို့၊ လိုအပ်တဲ့အကူအညီရရှိရန် ချိတ်ဆက်ပေးဖို့ အလွန်အရေးကြီးပါတယ်။
🚨 အကူအညီရယူလိုပါက Charis Care and Counseling Center ကို ဆက်သွယ်လို့ရပါတယ်ရှင်
Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/



#
***dePrevention #

 # You Deserve to Say “Thank You” to Yourself ကျွန်မတို့ကို တစ်စုံတစ်ယောက်က မုန့် (သို့မဟုတ်) တခုခု ပေးရင် “Thank You” လ...
05/09/2026

# You Deserve to Say “Thank You” to Yourself
ကျွန်မတို့ကို တစ်စုံတစ်ယောက်က မုန့် (သို့မဟုတ်) တခုခု ပေးရင် “Thank You” လို့ပြန်ပြောဖို့ ငယ်စဥ် ကလေးဘဝကတည်းက လူကြီးမိဘတွေကသင်ပေးတာကို အားလုံးလည်း ကြုံခဲ့ဖူးပါလိမ့်မယ်။
တစ်စုံတစ်ယောက်က ကျွန်မတို့ကိုကူညီရင်၊ ကျမတို့ကို တစ်ခုခုလုပ်ပေးရင် တဖက်လူကို “ကျေးဇူးတင်ပါတယ်နော” ဆိုတဲ့စကားကို ကျွန်မတို့ လှိုက်လှိုက်လှဲလှဲ၊ ဖောဖောသီသီ အသုံးပြုကြပေမယ့် ကိုယ့်ကိုယ်ကို “ကျေးဇူးတင်ပါတယ်နော” လို့ ပြန်ပြောတဲ့ အလေ့အထမျိုးတော့ မရှိကြပါဘူး။
“ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်တယ်လို့ ပြောခြင်း” ဟာ မိမိကိုယ်ကို စိတ်အားတက်စေရန် ပြောလိုက်တဲ့ စကားတစ်ခုထက် ပိုပါတယ်။
စိတ်ပညာအရ “ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်တယ်လို့ ပြောခြင်း” ဟာ
💚 Self-affirmation (မိမိ၏တန်ဖိုးနှင့် ကြိုးစားမှုကို အသိအမှတ်ပြုခြင်း)
💚 Self-compassion (မိမိကိုယ်ကို ကြင်နာနားလည်ပေးခြင်း)
စသည့်တို့အားကောင်းအောင် လေ့ကျင့်ပေးတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ တွေ့ရှိရပါတယ်။
ဒီအလေ့အထလေးတွေကို လုပ်ပေးခြင်းအားဖြင့် Self-esteem (မိမိကိုယ်ကိုတန်ဖိုးထားခြင်း) ပိုမိုမြင့်တက်လာစေနိုင်ပြီး မိမိရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေအပေါ် အလွန်အမင်း မမှီခိုတဲ့ ပိုတည်ငြိမ်သော Self-worth (မိမိကိုယ်မိမိတန်ဖိုးရှိသောသူဟုသိမှတ်ခြင်း) ကို ရောက်ရှိစေမှာဖြစ်ပါတယ်။
တခါတလေ ကျွန်မတို့တွေက အခြားသူတစ်ဦးဆီကနေ
🌸 “ငါလုပ်နေတာကို တစ်ယောက်ယောက်က အသိအမှတ်ပြုမလား”
🌸 “ငါသူ့အတွက်လုပ်ပေးထားတာလေးအတွက် ငါ့ကို ကျေးဇူးတင်တယ်လို့ ပြောမလား”
စသဖြင့် စောင့်မျှော်မိသလိုခံစားနေရတတ်ပါတယ်။

🌷ဘယ်သူမှ အသိအမှတ်မပြုရင်တောင် ကိုယ် ကိုယ်တိုင်က ကိုယ့်ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုပေးဖို့ လိုအပ်ပါတယ်။
🌷ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်တယ်လို့ပြောပေးခြင်းဟာ မိမိကိုယ်ကိုမိမိ အားပေးရန်သက်သက် လုပ်တဲ့သဘော မဟုတ်ပါဘူး။
🌷မိမိရဲ့ကြိုးစားမှု၊ ကျော်ဖြတ်နိုင်တဲ့ခံနိုင်ရည်စွမ်းအား၊ လူသားတစ်ယောက်အနေနဲ့ မိမိရဲ့တန်ဖိုးကို အသိအမှတ်ပြုပေးခြင်းလည်း ဖြစ်ပါတယ်။
🌻 ကျွန်မတို့ အကြားချင်ဆုံးဖြစ်နိူင်တဲ့ “Thank You” ဆိုတဲ့စကားကို ဘယ်သူ့ဆီကမှ မကြားရရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပေးဖို့ လိုအပ်ပါတယ်။
ကဲ . . . ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုလေးပြောကြည့်ကြရအောင် . . .
🩷 ဒီနေ့အထိ မလွယ်ကူတဲ့အရာတွေကို ကျော်ဖြတ်လာပေးတဲ့အတွက် ငါ့ကိုယ်ငါ ကျေးဇူးတင်ပါတယ်။
🩷 ငါ က perfect မဖြစ်နေလည်းရတယ်။ အကောင်းဆုံးလုပ်နေတဲ့ ငါလေး က ပြည့်စုံနေပြီးသားပဲ
🩷ငါ့ကိုယ်ငါ နားလည်ပေးဖို့ ၊ ငါ့ကိုယ်ငါ ချစ်ပေးဖို့ ငါလိုအပ်တယ်။
🩷ငါဟာ တန်ဖိုးရှိတဲ့လူတစ်ယောက်ပါ။ ငါ့တန်ဖိုးကို ငါအသိအမှတ်ပြုပေးရမယ်။
💐မိမိကိုယ်ကိုယ် အသိအမှတ်ပြု ကျေးဇူးတင်တတ်သည့် အလေ့အထဟာ စိတ်ပိုင်းဆိုင်ရာလက်တွေ့ လေ့ကျင့်မှုတစ်ခုဖြစ်ပြီး စိတ်ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။
# You Deserve to Say “Thank You” to Yourself #
🚨 အကူအညီရယူလိုပါက Charis Care and Counseling Center ကို ဆက်သွယ်လို့ရပါတယ်ရှင်
Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/



 -Body in Relationship # #ကိုယ်ချစ်တဲ့သူကို နာကျင်မိစေတဲ့ မိမိအထဲကနာကျင်ခြင်း”တချို့ အခြေအနေတွေမှာ လက်ရှိဖြစ်ရပ်ကြောင့် ...
31/08/2026

-Body in Relationship #
#ကိုယ်ချစ်တဲ့သူကို နာကျင်မိစေတဲ့ မိမိအထဲကနာကျင်ခြင်း”

တချို့ အခြေအနေတွေမှာ လက်ရှိဖြစ်ရပ်ကြောင့် နာကျင်နေတာ မဟုတ်ဘဲ…အတိတ်က မပြီးဆုံးသေးတဲ့ နာကျင်မှုတွေကြောင့် ပြင်းထန်တဲ့နာကျင်ခြင်းက လူနှစ်ဦးရဲ့ဆက်ဆံရေးထဲမှာ ရှိနေတတ်ပါတယ် . . .

❤️‍🔥သူ့စကားတစ်ခွန်းက ဘာလို့ ကိုယ့်ကို ဒီလောက်နာကျင်စေတာလဲ . . .
☘️လက်ရှိ အဖြစ်အပျက်နဲ့ အတိတ်က အတွေ့အကြုံတွေ ဘယ်လိုချိတ်ဆက်ပြီး emotional reaction ဖြစ်လာနိုင်သလဲ . . .
ဒီအခြေအနေမှာ ကျွန်မတို့ နားလည်ထားရမယ့် စိတ်ပိုင်းဆိုင်ရာ သဘောတရားလေးတွေကို သိထားဖို့လိုအပ်ပါတယ်။

နာကျင်မှုများပြန်လည် အသက်ဝင်လာခြင်း
Pain-Body Activated ဖြစ်နေပြီဆိုတဲ့ အခြေအနေများ . . .
💥လက်ရှိအဖြစ်အပျက်နဲ့ မမျှတဲ့အထိ Emotion (စိတ်ခံစားချက်) ကပြင်းထန်နေခြင်း
💥အတိတ်က အကြောင်းတွေကို ပြန်ဆွဲထုတ်မိနေခြင်း
💥”အရင်တုန်းကလိုပဲ ငါ့ကိုလိမ်နေတာ… အရင်တုန်းက ကြုံရသလိုပဲဖြစ်လာမှာ” လို့ တွေးမိခြင်း
💥ချက်ချင်းပြန်လည် တုံ့ပြန်တိုက်ခိုက်ပြီး အပြစ်တင်ခြင်းအား ပြင်းပြင်းထန်ထန်လုပ်မိခြင်း
💥ပြဿနာအားလုံးဖြေရှင်းပြီးသွားချိန်မှာပင်လျှင် Emotion (စိတ်ခံစားချက်) က ဆက်လက်မြင့်နေသေးခြင်း စသည်တို့ကို တွေ့နိူင်ပါတယ်။
🍃လူနှစ်ဦးရဲ့ ဆက်ဆံရေးတွင် တုံ့ပြန်ဖြေရှင်းရမဲ့ အခြေအနေတစ်ခုပေါ်လာတိုင်း
“ငါက သူ့ကို တုံ့ပြန်နေတာလား၊ အတိတ်ကမကောင်းခဲ့တဲ့အကြောင်းအရာကို တုံ့ပြန်နေတာလား” ဆိုတာကို သတိပြုရပါမယ်။
ဥပမာ
သူ့ဆီကို စာပို့ထားတာကို သူဘက်ကစာပြန်မပို့တာက
၂ နာရီ လောက်ရှိသွားပြီဆိုပါစို့။

💜သာမာန်လူအနေနဲ့ဆိုရင် “သူ message ပြန်မပို့လာသေးဘူး အလုပ်ရှုပ်နေတာနေမယ်”ဆိုတာလောက်ပဲတွေးမိပေမဲ့
အတိတ်က နာကျင်စရာဒဏ်ရာဟောင်းကျန်နေသူ (Pain-Body ရှိတဲ့သူ)က စိတ်ခံစားချက်က တဆင့်ချင်း မြင့်တက်လာနိူင်ပြီး “သူငါ့ကို မချစ်တော့ဘူး … ဂရုမစိုက်တော့ဘူး” “သူ့မှာ အခြားတစ်ယောက်ရှိနေပြီလား”
“နောက်ဆုံးတော့ သူ ငါ့ကို ထားခဲ့တော့မယ်…”ဆိုပြီး မိမိစိတ်ထဲမှာ ဇာတ်လမ်းတစ်ခု ဖန်တီးမိနေနိုင်ပြီး ပိုပြီးထိခိုက်နာကျင်နေရတတ်ပါတယ်။

🌷Pain-Body ကို ဘယ်လို Handle လုပ်မလဲ . . .
🩵လက်ရှိအဖြစ်အပျက်နဲ့ မိမိပုံဖော်မိနေတာကို ခွဲမြင်နိုင်ခြင်းက မိမိကိုယ်ကိုသိခြင်း Awareness ရဲ့ အစပါ။

အရေးကြီးဆုံးကတော့ Emotion မြင့်တက်လာတဲ့အချိန်မှာ Relationship တစ်ခုကို ပျက်စီးစေမယ့် ဆုံးဖြတ်ချက်မျိုး ကို လွယ်လွယ်ကူကူ မချမိဖို့၊ မပြောမိဖို့ လိုအပ်ပါတယ်။
🩵ကိုယ့်ရဲ့ ခံစားချက်က မြင့်တက်လာနေတယ်ဆိုတာကို သတိပြုမိပါစေ
🩵အဲဒီအချိန်မှာ ခဏရပ်ဖို့ကြိုးစားကြည့်ပါ
🩵အသက်ပုံမှန်ရှူနိူင်ဖို့မိမိကိုယ်ကို သတိပေးပါ
🩵လက်ရှိ ဖြစ်နေတဲ့ပြဿနာ၊ အဖြစ်အပျက်ကို မြင်အောင်ကြည့်ပါ
🩵မိမိခံစားရတဲ့ ခံစားချက်ကို အသိအမှတ်ပြုပါ
🩵အဲဒါပြီးမှ တုံံ့ပြန်မှုကိုအစပြုပါ

💕လူနှစ်ဦးရဲ့ပတ်သက်မှုတွင် ပေါင်းစပ်မိသွားတဲ့ အရာများစွာထဲမှာ သူ့ရဲ့ pain body နဲ့ ကိုယ့်ရဲ့ pain body ပေါင်းစပ်ခြင်းလည်း ပါဝင်ပါတယ်။

🌷တဖက်လူရဲ့ Pain-Body ကို နားလည်ခြင်းဆိုတာ သူ့ရဲ့ မကောင်းတဲ့အပြုအမူတွေကို ခွင့်လွှတ်ပေးဖို့ ချည်းသက်သက် မဟုတ်ပါဘူး။
Boundary (စည်း) ထားဖို့ လိုအပ်တဲ့နေရာတွေမှာ Boundary (စည်း) ထားရမယ်။
မလုံခြုံတဲ့ Relationship ဖြစ်ရင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာသိနေရမယ်။

🩵Relationship တစ်ခုမှာ မိမိရဲ့ တုံပြန်မှုထဲကနေ အတိတ်က နာကျင်မှုတွေ ဘယ်လောက်ပါနေသလဲ ဆိုတာကို မိမိကိုယ်တိုင်မြင်လာတဲ့အခါ Relationship ကို ပိုပြီး သတိရှိစွာ ကိုင်တွယ် လာနိုင်မှာဖြစ်ပါတယ်။

🩵 ချစ်ခြင်းတိုင်းဟာ ပျော်ရွှင်ဖို့ထိုက်တန်ပါတယ်

📚 Reference : Eckhart Tolle
“The Power of Now”
# အကူအညီရယူလိုပါက Charis Carr and Counseling Center ကို ဆက်သွယ်ပြီးအကူအညီရယူလို့ရပါတယ်ရှင်
Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/


2026 ခုနှစ်ရဲ့ Counseling Seminar ကို ဩဂုတ်လ ၂၄-၂၈ အထိ ၅ ရက်တိုင်တိုင် အောင်မြင်စွာ ပြုလုပ် ဆောင်ရွက်နိူင်ခဲ့ပါတယ်။ Coun...
28/08/2026

2026 ခုနှစ်ရဲ့ Counseling Seminar ကို ဩဂုတ်လ ၂၄-၂၈ အထိ ၅ ရက်တိုင်တိုင် အောင်မြင်စွာ ပြုလုပ် ဆောင်ရွက်နိူင်ခဲ့ပါတယ်။ Counseling Seminar ကို အစပြုပေးခဲ့သည့် ကျွန်မတို့ရဲ့ချစ်ရတဲ့ ဆရာမကြီး Rev. Dr. ခင်ကြူကြူကိုအထူးပင်သတိရပြီး ကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်။ ဒီ Seminar တလျှောက် ကောင်းစွာလုပ်ဆောင်နိူင်ရန် ဖွင့်ပွဲတွင် လာရောက် ကောင်းကြီးပေးခဲ့သော MIT ရဲ့
ဒုကျောင်းအုပ်ကြီး ဖြစ်သော ဆရာကြီး Rev. Dr. M. Larip အား အထူးပဲကျေးဇူးတင်ပါတယ်။ Academic နှင့်ပတ်သက်ပြီး Sharing လုပ်ပေးခဲ့သော ဆရာကြီး Rev. Dr. Augurlion ကိုလည်းကျေးဇူးတင်ပါတယ်။
ဖိလစ်ပိုင်မှ လာရောက်တဲ့ Dr. Voc နှင့် ကူညီဘာသာပြန်ပေးပါသော ဆရာမမာမူးရာ တို့အားလည်း ကျေးဇူးတင်ပါတယ်။ ဒီ Seminar မှာ ဦးဆောင်သင် ကြားပေးတဲ့ ဆရာကြီး၊ ဆရာမကြီးများ ဖြစ်တဲ့
ဒေါက်တာ လင်းထက်၊ ဆရာမဂျူးလားသန်း၊ ဆရာ စလုတ်မန် တို့အားအထူးကျေးဇူးတင်ပါတယ်။ ဒါ့အပြင် Seminar မှာ ကိုယ်စွမ်း ဥာဏ်စွမ်း အပြည့်နှင့်ပါဝင်ပေးရုံမကပဲ Curriculum ရေးဆွဲခြင်းတွင်လည်း အားထုတ်ပေးကြသော ဆရာ၊ ဆရာမအားလုံးကိုအထူးပင် ကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်။
2026 Seminar မှာ Christian Counselor Group မှ Christian Counselor Association သို့ စတင်ခြေလှမ်းနိူင်ရန် ကူညီပံ့ပိုးပေးကြတဲ့သူအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။
ဒီ Counseling Seminar မှာ အတူတကွ တည်ဆောက် ပြုစုခဲ့သောအရာများအားဖြင့် ဂရုပြုခြင်း သာသနာလုပ်ငန်းတွင် သာ၍ လုပ်ဆောင်နိူင်ကြပါစေလို့ ကျွန်မတို့ Charis Care and Counseling Center, MIT မှ ဆုတောင်းပေးပါတယ်ရှင်။
ဒီအစီအစဉ်အတွက် ထောင့်ပေါင်းစုံမှ ပါဝင်ပေးသော၊ ဆုတောင်းပေးသောသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်
burdens, Restore Hope #

ကျန်းမာတဲ့ စိတ်ပျက်အားလျော့မှု ( Healthy Emotional Distress) #သူ့ကို ငါ ပြောလို့ရမနေဘူး . . . ငါ ထိန်းချုပ်လို့ မရတော့ဘူ...
24/08/2026

ကျန်းမာတဲ့ စိတ်ပျက်အားလျော့မှု
( Healthy Emotional Distress)
#သူ့ကို ငါ ပြောလို့ရမနေဘူး . . .
ငါ ထိန်းချုပ်လို့ မရတော့ဘူး #
ဆိုတဲ့အချိန်မှာကျွန်မတို့ဘာလုပ်ကြမလဲ . . .
ကျွန်မတို့ဟာ ကိုယ်ချစ်တဲ့သူတွေကို အကောင်းဆုံးဖြစ်စေချင်ကြပါတယ်။
မမှားစေချင်ဘူး။
မနာကျင်စေချင်ဘူး။
မကောင်းတဲ့ရွေးချယ်မှုတွေ မလုပ်စေချင်ဘူး။
အနာဂတ်မှာ အခက်အခဲမဖြစ်အောင် ကြိုတင်ကာကွယ်ပေးချင်တဲ့စိတ်ကြောင့် ပူပန်ရတာမျိုးတွေရှိတတ်ကြပါတယ်။
ဒါကြောင့် ကျွန်မတို့ချစ်ရတဲ့သူတစ်ယောက်က ကိုယ်ပြောတာကို နားမထောင်တဲ့အခါ၊
အကြိမ်ကြိမ်ရှင်းပြပေမယ့် မပြောင်းလဲတဲ့အခါ၊
တူညီတဲ့အမှားကို ထပ်ခါထပ်ခါလုပ်တဲ့အခါ
“ဘာလို့ ဒိလောက်တောင်ခက်ခဲနေတာလဲ” “ငါ ဘာလို့ မပြောင်းလဲပေးနိုင်တာလဲ”
“သူ့အတွက် ငါကအရေးပါတဲ့သူ မဟုတ်တော့ဘူးလား”
ဆိုပြီး ကိုယ်တိုင်က စိတ်ပျက်လာတတ်ပါတယ်။
အဲဒီလို အခြေအနေမှာ သူလုပ်ချင်တဲ့အရာကို လုပ်ခွင့်ပေးလိုက်တဲ့ သဘောမျိုး သက်ရောက်စေတဲ့ “Let them learn” သဘောတရားကို ခွင့်ပြုပေးလို့ရပါတယ်။
🌱 “Let them learn” ဆိုတာ လက်လွှတ်လိုက်တာ မဟုတ်ပါဘူး။ ကိုယ်တိုင်သင်ယူခွင့်ပေးတယ်ဆိုတာ
“မစောင့်ရှောက်ပေးတော့ဘူး၊ နားမထောင်ပေးတော့ဘူး” လို့ ဆိုလိုတာမဟုတ်ပါဘူး။
အန္တရာယ်မရှိတဲ့အရာတွေမှာ
သူ့ရဲ့ရွေးချယ်မှုတွေကနေ အတွေ့အကြုံနဲ့ ခံစားချက် ချိတ်ဆက်နိူင်ခွင့်ကို ပေးတဲ့သဘော ဖြစ်ပါတယ်။
☘️လူတစ်ယောက်ရဲ့ အပြုအမူကို
အခြားလူတစ်ယောက်က 100% ထိန်းချုပ်လို့မရပါဘူး။ ဒါဟာ ကျွန်မတို့ လက်ခံရမယ့် အမှန်တရားတစ်ခုပါ။
တစ်စုံတစ်ခု ကြုံတွေ့ရတဲ့အခါ ဘာကိုခံစားမလဲ၊
ဘာကိုရွေးချယ်မလဲ၊
ဘယ်လိုတုံ့ပြန်မလဲ၊
ဘယ်အချိန်မှာ သင်ခန်းစာရလိုက်မလဲဆိုတာတွေဟာ
အဲဒီလူကိုယ်တိုင်ရဲ့ အတွေးနဲ့ ၊ ရင့်ကျက်မှုနဲ့ဆိုင်တဲ့အတွင်းပိုင်းဖြစ်စဉ်တွေနဲ့လည်း ဆက်စပ်နေပါတယ်။
🌷တစ်ယောက်ယောက်က လမ်းပြပေးကောင်းပေးနိုင်တယ်။ ဒါပေမယ့် ဘယ်လမ်းကိုလျှောက်မလဲ ဆိုတာကို ကျွန်မတို့က အစားထိုးရွေးချယ်လုပ်ဆောင်ပေးလို့မရပါဘူး။
🌸ကျွန်မတို့က အကြံပေးနိုင်တယ်။
🌸အမှားမဖြစ်အောင် သတိပေးနိုင်တယ်။
ဒါပေမယ့် အတွေ့အကြုံကနေ သင်ယူရမယ့်အရာတိုင်းကို ကျွန်မတို့ကအချိန်တိုင်း ကာကွယ်ပေးဖို့ ကိုယ်စားလုပ်ဆောင်ပေးဖို့ မဖြစ်နိူင်ပါဘူး။
💐စိတ်ကျန်းမာရေးအရ လူတွေရဲ့စိတ်သဘောက မသေချာတဲ့အခြေအနေတွေကို မကြိုက်ပါဘူး။
“ဘာဖြစ်မလဲ”
“ဘယ်အချိန်ပြောင်းသွားမလဲ”
“ငါ ဘာလုပ်သင့်လဲ”
ဆိုတဲ့ မသေချာမှုတွေ များလာတဲ့အခါ စိုးရိမ်မှုနဲ့ စိတ်ဖိစီးမှုတွေ မြင့်တက်လာနိုင်ပါတယ်။
အထူးသဖြင့် ကိုယ်ချစ်တဲ့သူနဲ့ ပတ်သက်လာတဲ့အခါ
“ငါ တစ်ခုခုလုပ်မှ ဖြစ်မယ်””ငါ မလုပ်ပေးလိုက် ရင် သူတခုခုများ ဖြစ်သွားမလား” ဆိုတဲ့ခံစားချက်က စိုးရိမ်မှုနဲ့ စိတ်ဖိစီးမှုတွေ ပိုပြင်းထန်လာစေသလို၊ စိတ်ပျက်အားလျော့မှုကိုလည်း ဖြစ်စေနိူင်ပါတယ်။
ဒီလိုအချိန်မျိုးမှာ အမှားလေးတွေလည်း လုပ်နိူင်ပါတယ်။ ကိုယ်ချစ်တဲ့သူတစ်ယောက် အမှားလုပ်နေ တာကို မြင်နေရပေမဲ့ ဘာမှ ဝင်မပြောနိူင်တာ၊ ဘာမှပြောလို့ရမနေတာက ကျွန်မတို့အတွက် စိတ်ပျက်စရာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
“သူက ဒီလိုပဲ ဆက်လုပ်နေတော့မှာလား”
“ငါ အခုဝင်မပြောသင့်ဘူးလား”
“သူ့ကို ဒီလိုထားတာ မှန်ရဲ့လား” ဆိုတဲ့အတွေးတွေ ဝင်လာနိုင်ပါတယ်။
ဒီလိုခံစားရတာက ခံစားချက်မကောင်းနေလို့ သင်စိတ်ပျက်အားလျော့ နေတာမဟုတ်ပါဘူး။ သင်ကိုယ်တိုင်ကလည်း သူ့အမှားလေးတွေ ဒီထက်မမှားစေဖို့၊ သူ့အခက်အခဲလေးတွေ လျော့ကျသွားစေဖို့ သူ့ကိုချစ်လို့ ဒီလိုပြင်းထန်တဲ့ စိတ်ဖိစီးမှုကိုခံစားနေရတာပါ။
ဒါပေမယ့် . . . ချစ်ခြင်းနဲ့ ထိန်းချုပ်ခြင်းဟာ မတူပါဘူး။
တစ်ခါတလေ ကျွန်မတို့လုပ်သင့်တဲ့ အကောင်းဆုံးအရာမှာ စောင့်ဆိုင်းပေးခြင်း ဆိုတဲ့ ကျန်းမာတဲ့တုံ့ပြန်မှု (Healthy response) လည်းဖြစ်နိုင်ပါတယ်။

🌸ကျွန်မတို့ချစ်တဲ့သူအတွက်
အရာအားလုံးကို ကြိုတင်ပြီးပြင်ဆင်ပေးခြင်းထက်
သူ့ဘာသာသူ သင်ယူ နိုင်ဖို့ အခွင့်အရေးပေးခြင်းကလည်း လိုအပ်ပါတယ်။
🌼အန္တရာယ်ရှိတဲ့အချိန်မျိုးဖြစ်လာရင်တော့ သူ့အတွက်အဆင်သင့်ရှိနေတယ် ဆိုတဲ့အသိကို တချိန်တည်း ခံစားရစေခြင်း ကလည်း စိတ်လုံခြုံမှုကိုရစေပါတယ်။
အဲဒီလို အခြေအနေမျိုးမှာ ခံစားရတဲ့ခံစားချက်ကို Healthy Emotional Distress လို့ခေါ်လို့ရပါတယ်။
🌷Healthy Emotional Distress သဘောတရားမှာ
“စိတ်ပျက်မနေပါနဲ့” လို့ ဆိုလိုတာမဟုတ်ပါဘူး။
စိတ်ပျက်နိုင်ပါတယ်။
ဒေါသထွက်နိုင်ပါတယ်။
အားလျော့နိုင်ပါတယ်။
“ငါ မတတ်နိုင်တော့ဘူး” လို့တောင် ခံစားရစေတဲ့ အခြေအနေရှိနိုင်ပါတယ်။
အရေးကြီးတာက အဲဒီခံစားချက်ကို ချက်ချင်းတုံ့ပြန်မယ့်အစား ခံစားချက်ကို သတိထားပြီး ကိုယ်တကယ် ထိန်းချုပ်နိုင်တာနဲ့ မထိန်းချုပ်နိုင်တာကို ခွဲခြားပြီး အချိန်တစ်ခုလောက် ရပ်စောင့်လိုက်တာမျိုးက ပိုကောင်းနိူင်ပါတယ်။
အခြားသူကို ထိန်းချုပ်ဖို့မလွယ်နိူင်ပေမယ့် ကိုယ့်ရဲ့ခံစားချက်ကို ပုံမှန်ဖြစ်တဲ့အထိ ကိုယ့်ကိုယ်ကို (သို့) တဖက်ကို အချိန်ပေးလိုက်တာ၊ ကိုယ့်ရဲ့အတွေးနဲ့ တုံ့ပြန်ပုံကို သတိထားပြုမူတာတွေဟာ အခြေအနေတစ်ခုကို အများကြီးအထောက်အကူဖြစ်စေနိူင်ပါတယ်။
ဒါကို ခွဲခြားသိလာတဲ့အခါ ကျွန်မတို့ရဲ့စိတ်ဖိစီးမှုဟာလည်း တဖြည်းဖြည်း လျော့လာနိုင်ပါတယ်။

🩵တစ်ခါတလေ “မလုပ်ခြင်း” ကလည်း လုပ်ဆောင်ချက်တစ်ခုပါ။ ပြဿနာတိုင်းကို ချက်ချင်းဖြေရှင်းပေးဖို့ မလိုပါဘူး။
💜ကျန်းမာတဲ့ စိတ်ပျက်အားလျော့မှု အခြေအနေကလည်း လူသားတွေဆီကနေ သဘာဝအလျောက် မြင်တွေ့နိူင်တဲ့ အခြေအနေတစ်ခုသာဖြစ်လို့ လက်ခံပေးခြင်းနှင့် ဂရုပြုပေးခြင်းကသာ ထိရောက်တဲ့ တုံ့ပြန်မှုကိုဖြစ်လာစေမှာဖြစ်ပါတယ် ။
🙏🏻အကူအညီလိုအပ်ပါက Charis Care and Counseling Center ကို ဆက်သွယ်လို့ရပါတယ်ရှင်
Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/




📚Reference: Ford, B. Q., Lam, P., John, O. P., & Mauss, I. B. (2018): Acceptance of negative emotions
# EmotionalWellbeing # #စိတ်ကျန်းမာရေး ပညာပေး #

🌷မဂ်လာရှိသောမနက်ခင်းလေးပါ 🌷💧အခုချိန်လေးက မိုးရာသီ ဖြစ်တော့ ဒီနေ့မိုးရွာမလား နေပူမလား ကျမတို့အမြဲတမ်းသတိထားပြီး ရာသီဥတုကိ...
22/08/2026

🌷မဂ်လာရှိသောမနက်ခင်းလေးပါ 🌷
💧အခုချိန်လေးက မိုးရာသီ ဖြစ်တော့ ဒီနေ့မိုးရွာမလား နေပူမလား ကျမတို့အမြဲတမ်းသတိထားပြီး ရာသီဥတုကို စစ်ဆေးကြသလိုပါပဲ ကျွန်မတို့ရဲ့စိတ်အခြေအနေ “စိတ်ခံစားချက်” လေးတွေကို အတူတကွ စစ်ဆေးကြည့်ကြရအောင်နော
💜ကျွန်မတို့ရဲ့စိတ်လေးတွေကို သတိထားပြီးစစ်ဆေးကြည့်ကြရင် ကိုယ့်ကိုယ်ကို ပိုသတိထားမိလာပြီး ပိုဂရုစိုက်တတ်လာစေမှာပါ
💧🌂မိုးရွာရင် ထီး လေးယူသွားပြီး ကျွန်မတို့ကိုယ့်ကိုယ်ကို အကာအကွယ်ပေးဖို့ လုပ်တတ်သလိုမျိုးပဲ
စိတ်ကလေး မပျော်ရျွင်ရင်၊ ပင်ပန်းနေရင် ကိုယ့်ကိုယ် ကိုရော ဘေးနားကလူတွေဆီကို ထိခိုက်မှုမဖြစ်စေဖို့ သတိထားကာကွယ်ရမဲ့အရာကို ကျွန်မတို့ ဂရုပြုမိမှာဖြစ်ပါတယ်
💛ဒါ့ကြောင့် “Feeling checking “ လေး လုပ်ပြိးမှ မိမိရဲ့တနေ့တာကို အစပြုဖို့ ဖော်ပြပေးလိုက်ရပါတယ်
💜 Comment မှာကိုယ့်ရဲ့ ဒီနေ့အတွက် စိတ်ခံစားချက်ကလေးတွေကို ရေးသွားလို့ရပါတယ်နော
🌷မိမိရဲ့စိတ်ကလေးကျန်းမာဖို့ ဂရုပြုစောင့်ရှောက် ကြပါစို့💕
# အကူအညီ လိုအပ်ပါက Charis Care and Counseling Center ကို ဆက်သွယ်လို့ရပါတယ်ရှင် #
Credit # Accessed on Google #

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/


  “Self-Emptying #🌱 Kenosis “Self-Emptying” ဆိုတာကို အလွယ်ဆုံးပြောရရင်“အခြားသူတစ်ယောက်ကို ကူညီပေးဖို့အတွက် မိမိကိုယ်ကို ...
17/08/2026

“Self-Emptying #
🌱 Kenosis “Self-Emptying” ဆိုတာကို အလွယ်ဆုံးပြောရရင်
“အခြားသူတစ်ယောက်ကို ကူညီပေးဖို့အတွက် မိမိကိုယ်ကို လျစ်လျူရှုလိုက်ခြင်း၊ မိမိလိုအပ်နေတာတွေကို ငြင်းပယ်၊ လျှော့ချပစ်လိုက်ခြင်းကို Kenosis “Self-Emptying” လို့ နားလည်လို့ရနိုင်ပါတယ်။ ဒါကြောင့် Self-Emptying ကို မိမိကိုယ်ကို ငြင်းပယ်သည့် စိတ်သဘောထား (orientation) တစ်ခုလို့ နားလည်လွယ်အောင် ပြောလို့ရပါတယ်။
ဥပမာ - Self-Emptying (Kenosis) စိတ်သဘောထားရှိသူများဟာ လူတစ်ယောက်ယောက်က အကူအညီလိုအပ်နေတဲ့အခါ မိမိမှာ အရေးကြီးကိစ္စ ရှိနေခဲ့ရင်တောင်မှ သူ့အတွက် အချိန်ပေးလိုက်တယ်၊ မိမိအင်အားကို အသုံးပြုလိုက်တယ်၊ အရင်းအမြစ်တွေကို အချိန်ပေးရှာဖွေမျှဝေပေးတယ်။ တစ်ခါတလေ ကိုယ့်ရဲ့ အသက်ကိုတောင် စွန့်တဲ့အလုပ်မျိုးထိတောင် လုပ်ပေးလိုက်တာလဲရှိတတ်တယ်။
✅ ဒီနေရာမှာ Self-Emptying ဆိုတဲ့ စိတ်သဘောထားက (Action) လုပ်ဆောင်ချက်အဖြစ် ပေါ်ထွက်လာတာမျိုး ကိုတွေ့နိုင်ပါတယ်။
⚠️ Self-Emptying (Kenosis) စိတ်သဘောထားရှိသူများ သတိထားရမည့် အရေးကြီးတဲ့အချက် တစ်ခု ရှိပါတယ်။
🌿 အခြားသူကို ကူညီတာ၊ အများအကျိုးအတွက် လုပ်ဆောင်တာ အင်မတန်မွန်မြတ်ပြီး ကောင်းတဲ့ အလုပ် ဖြစ်ပါတယ်။ သို့သော် ကိုယ့်အသက်ကို အန္တရာယ် ဖြစ်စေတာ၊ ကိုယ့်ကျန်းမာရေးကို လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှုတာ၊ ကိုယ့်တန်ဖိုးကို မရှိတော့သလို သတ်မှတ်တာဟာ ကျန်းမာတဲ့ (Healthy Self-Emptying / Healthy Kenosis) မဟုတ်ပါဘူး။
🌿 Healthy Self-Emptying / Healthy Kenosis ဆိုတဲ့ သဘောတရားမှာ ကျွန်မတို့ဟာ အခြားသူရဲ့ အသက်ကို တန်ဖိုးထားသလို ကိုယ့်အသက်ကိုလည်း တန်ဖိုးထားတတ်ခြင်းဖြစ်ပါတယ်။
🌿 သဘာဝဘေး အန္တရာယ်၊ လူလုပ်ဘေးအန္တရာယ်တွေအတွက် ရုပ်ပိုင်းဆိုင်ရာကူညီပေးနေသည့််သူများ၊ စိတ်ပိုင်းဆိုင်ရာ ကူညီပေးနေသည့်သူများတွင် (Healthy Self-Emptying / Healthy Kenosis) စိတ်သဘောထားမျိုးရှိရန်အရေးကြီးပါတယ်။
🌿 အကူအညီလိုအပ်နေတဲ့သူများကို ကူညီရင်း ရုပ်ပိုင်းဆိုင်ရာဒဏ်ရာအနာတရဖြစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်ရခြင်းများ ကြုံတွေ့ရနိူင်တဲ့ အခြေအနေတွေကို ကြိုတင်တွက်ဆ ထားဖို့လိုအပ်ပါမယ်။
အဲဒီအခြေအနေကို ကြိုတင်မပြင်ဆင်ထားပါက …
⚠️ Compassion fatigue (ကူညီမစလိုသည့် စိတ်စေတနာ အားလျော့ကုန်ခမ်းလာခြင်း)
⚠️ Burnout (ခြေကုန်လက်ပန်းကျခြင်း)
⚠️ Vicarious Trauma (သွယ်ဝိုက်ပြီးခံစားရသော စိတ်ပိုင်းဆိုင်ရာနာကျင်မှု) များခံစားရနိူင်ပါသည်။
ဒီခံစားချက်တွေက မိမိရဲ့ အရည်အချင်း၊ လုပ်ဆောင်ပေးနိူင်စွမ်းအပေါ်သံသယဖြစ်လာစေပြီး ဖိစီးမှုများကြောင့် ပင်ပန်းနွမ်းနယ်ခြင်းနှင့်အတူ မိမိအကူအညီပေးခဲ့သည်များအား “အချည်းနှီး၊ အလဟဿ” ဟု ခံစားရလာတတ်ပါသည်။
🌱သင်လည်း လူသားတစ်ယောက်ပါ။ လူတိုင်းအဆင်ပြေဖို့ သင်မကူညီနိူင်ပေမဲ့ လူတွေကို ကူညီပေးချင်တဲ့ သင့်စိတ်ထားကကို လှပနေပြီးသားပါ။ သင့်အတွက် သင်ဟာအရေးကြီးဆုံး ဆိုတာ မမေ့ဖို့လိုပါတယ်။

🌸 ကိုယ့်ကိုယ်ကို ချစ်ပါ။ မိမိရဲ့ ကိုယ်ပိုင်အချိန်ကို မိမိအတွက် သီးသန့်ထားပေးပါ။
🌸 မိမိကိုယ်ကို ဂရုစိုက်ပေးခြင်းလုပ်ငန်းစဥ်ထဲမှာ မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ ကောင်းမွန်စွာအနားယူနိူင်မဲ့ပုံစံနှင့် အစီအစဥ်လေးတွေကို စနစ်တကျ ချရေးထားပါ။
🌸 ချရေးထားတဲ့ အနားယူမည့်အစီအစဥ်လေးတွေကို မပျက်မကွက် လုပ်ဆောင်ပေးပါ။
🌸 အကူညီပေးနိူင်မည့်အခြေအနေ ရှိ၊ မရှိ မိမိကိုယ်ကို သေသေချာ ဆန်းစစ်သုံးသပ်ပါ။
-Emptying gives the heart to serve and Altruism turns that heart into action #
❤️ မိမိကိုယ်ကို မပျောက်ဆုံးစေဘဲ အခြားသူအတွက် တစ်စုံတစ်ရာ ဖြစ်ပေးရင်း၊အကူအညီလိုအပ်သောသူဆီသို့ မိမိရဲ့လက်တစ်စုံကို ကမ်းပေးရင်း လောကကြီးကို အလှဆင်ကြပါစို့။
@ အကူအညီလိုအပ်ပါက Charis Care and Counseling Center ကို ဆက်သွယ်လို့ရပါတယ်ရှင်
Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/



Address

Seminary Hill, Insein Yangon
Insein

Alerts

Be the first to know and let us send you an email when Care and Counseling project, MIT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Care and Counseling project, MIT:

Shortcuts

Share