အေးသုခ ဆေးဆိုင်

အေးသုခ ဆေးဆိုင် ဆေးစတိုး

💕Vita-Kid ကလေးအားဆေးလေးကိုစျေးသက်သက်သာသာနဲ့ ရောင်းချင်ပါတယ်💓Price - 15,000 (Exp Date - 3/2024)📌𝗩𝗶𝘁𝗮-𝗞𝗶𝗱 ကလေးအားဆေးကို ဘယ...
11/01/2024

💕Vita-Kid ကလေးအားဆေးလေးကို
စျေးသက်သက်သာသာနဲ့ ရောင်းချင်ပါတယ်

💓Price - 15,000 (Exp Date - 3/2024)

📌𝗩𝗶𝘁𝗮-𝗞𝗶𝗱 ကလေးအားဆေးကို ဘယ်အရွယ်ကစတိုက်လို့ရလဲ...

👨‍👩‍👧‍👦𝗩𝗶𝘁𝗮-𝗞𝗶𝗱 ကလေးအားဆေးကို ကလေး အသက် (၄) နှစ်အထက်ဆိုရင် အစာစားပြီးနောက် တစ်နေ့ (၁) လုံးမှ (၂) လုံး အထိ ဝါးစားခိုင်းပြီး တိုက်ကျွေးနိုင်ပါတယ် (သို့မဟုတ်) ဆရာဝန်ညွှန်ကြားချက်အတိုင်း တိုက်ကျွေးနိုင်ပါတယ်။

📌ကလေးအသက် (၃) နှစ်အောက်ဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်အတိုင်း တိုက်ကျွေးနိုင်ပါတယ်။

🤗 𝗩𝗶𝘁𝗮-𝗞𝗶𝗱 ကလေးအားဆေးတွင် ကလေးများကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးရန်လိုအပ်သော ဗီတာမင် (၁၂) မျိုးနှင့် သတ္တုဓာတ် (၆) မျိုးပါဝင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စံချိန်
စံညွှန်းများအတိုင်း တိကျစွာထုတ်လုပ်ထားတာကြောင့် ယုံကြည်စိတ်ချစွာ တိုက်ကျွေးနိုင်ပါတယ်။

📌𝗩𝗶𝘁𝗮-𝗞𝗶𝗱 ကလေးအားဆေးတိုက်ကျွေးခြင်းဖြင့်
👉 ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေခြင်း
👉ရောဂါကူးစက်နိုင်ခြေကို လျှော့ချပေးခြင်း
👉ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းစေခြင်း
👉ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။

📱ဆက်သွယ်ရန်ဖုန်း - 09769962346 မှတစ်ဆင့်
မေးမြန်းဝယ်ယူနိုင်ပါတယ်ရှင်

#အေးသုခဆေးဆိုင်💜

💥ဒိတ်နီး Drip Bottle (500ml) လေးတွေ စျေးတန်တန်နဲ့ ရမယ်ရှင့်......💥🔸Normal Saline (NS) (instock 3လုံး) => 1,000 (11/2024)...
30/12/2023

💥ဒိတ်နီး Drip Bottle (500ml) လေးတွေ
စျေးတန်တန်နဲ့ ရမယ်ရှင့်......💥

🔸Normal Saline (NS) (instock 3လုံး) => 1,000 (11/2024)
🔸Ringer Lactate (RL) (instock 22လုံး) => 600
(3/2024)
🔸Dextrose Water (DW) (instock 25လုံး) => 600 (3/2024)
🔸Dextrose and Sodium Chloride (DS) (instock 22လုံး) => 7,00 (8/2024)

📌အထက်ပါDripပုလင်းများအားလုံးဝယ်ယူမည်
ဆိုပါက စျေးညှိနှိုင်းလျော့ပေးပါမည်။

📱ဆက်သွယ်ရန်ဖုန်း - 09 792 545 940 (သို့)
Chatbox မှတစ်ဆင့်လည်း မေးမြန်းဝယ်ယူနိုင်ပါတယ်ရှင်💜

#အေးသုခဆေးဆိုင်💜

💞ဒိတ်နီးဆေးလေး ရောင်းချင်လို့ပါရှင့်💞ကိုယ်ခံစွမ်းအားကောင်းဖို့ အရေးပါတဲ့ Vitamin C Supplement သောက်သုံးချင်သူများအတွက်.....
30/12/2023

💞ဒိတ်နီးဆေးလေး ရောင်းချင်လို့ပါရှင့်💞

ကိုယ်ခံစွမ်းအားကောင်းဖို့ အရေးပါတဲ့ Vitamin C Supplement သောက်သုံးချင်သူများအတွက်...
Nature C (သဘာဝစီ)
===============
ဆီးဖြူသီးကရတဲ့ သဘာဝ Vitamin C ဖြစ်တာကြောင့် အစာအိမ်ထိခိုက်တာ ကျောက်တည်တာတွေမရှိတဲ့အတွက် ပုံမှန်မှီဝဲနိုင်ပါတယ်ရှင်...

💊အသက် ၅ နှစ်မှ ၁၂ နှစ် - တစ်ခါသောက် ၁ လုံး တစ်နေ့ ၁ ကြိမ်
💊အသက် ၁၂ နှစ်အထက် - တစ်ခါသောက် ၂ လုံး တစ်နေ့ ၂ ကြိမ် အစာစားပြီး သောက်သုံးပေးနိုင်ပါတယ်...

🏷အလုံး ၆၀ ပါတစ်ဘူး - ၄,၅၀၀ ကျပ်
🚨Expired Date - 5/2024
📌Instock => 25ဗူး ရှိပါသည်။
📌အရေအတွက်များများ ဝယ်ယူမည်ဆိုပါက
စျေးလျော့ပေးပါမည်။

📱ဆက်သွယ်ရန်ဖုန်း - 09 792 545 940 (သို့)
Chatbox မှတစ်ဆင့်လည်း မေးမြန်းဝယ်ယူနိုင်ပါတယ်ရှင် 💜

#အေးသုခဆေးဆိုင်💜

တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) မှာ ဝေနေယျအားလုံး စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေ ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြ...
09/09/2022

တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) မှာ ဝေနေယျအားလုံး စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့
ကြပါစေ ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေလို့
ဆုမွန်ကောင်းပို့သအပ်ပါတယ်ရှင်...🙏🙏🙏

#တော်သလင်းလပြည့်အကြောင်း

***တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့***

တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ လို့ သတ်မှတ်ကြပါတယ်
သတ်မှတ်ရခြင်းအကြောင်းမှာ ဂရုဓမ္မဇာတ်တော် ပေါ်ပေါက်တဲ့နေ့တစ်နေ့မို့ပါ

အလေးဂရု စောင့်ထိန်းသမှု ပြုအပ်တာကြောင့်
ငါးပါးသီလ ကို ဂရုဓမ္မ လို့ ခေါ်ဆိုပါတယ်

တော်သလင်းလပြည့်နေ့ ကို
ဂရုဓမ္မ ဇာတ်တော် ပေါ်ပေါက်တဲ့နေ့လို့ဆိုရာမှာ
အဲဒီ ဇာတ်တော်ရဲ့ အကျဥ်းလေးကိုတော့
သိထားဖို့ ​ကောင်းပါတယ်

- ဂရုဓမ္မ ဇာတ်တော်အကျဥ်း-

ရှေးအခါက-
ကုရုတိုင်း​ပြည်​ကြီးမှာ
ဘုရင်ကအစ တတိုင်းပြည်လုံး
ဂရုဓမ္မ ခေါ် ငါးပါးသီလ ကို စောင့်ထိန်းကြတယ်

ကုရုတိုင်းပြည်ကြီးဟာ
ဂရုဓမ္မ ခေါ် ငါးပါးသီလရဲ့ အစွမ်းကြောင့်
မိုးလေဝသ မှန်ပြီးတော့
ကပ်သုံးပါးဘေးမှလည်း လွတ်မြောက်ကြတယ်

အခြားတဘက်မှာ ရှိတဲ့
ကာလိင်္ဂ တိုင်းပြည်မှာတော့
ဂရုဓမ္မ ခေါ် ငါးပါးသီလ မစောင့်ထိန်းကြလို့
မိုးခေါင် ရေရှားဖြစ်ပြီးတော့
ကပ်သုံးပါးဘေးကြီး ကျရောက်နေကြပါတယ်

အဲဒီမှာ
မိုးခေါင်ရေရှားတွေ ဖြစ်လာရာကနေ
ကပ်​သုံးပါးနဲ့ ပက်ပင်းရင်ဆိုင်​ ကြုံ​တွေ့နေရတဲ့
ကာလိင်္ဂတိုင်းဘုရင်ဟာ...
ဟိုကုရုတိုင်းမှာက မင်္ဂလာဆင်​​ဖြူတော်ကြောင့်
မိုးရွာတာဖြစ်မယ်- လို့ ထင်ပြီး
ကုရုတိုင်းဘုရင်ထံ အသနားခံကာ
ဆင်ဖြူတော်ကို တောင်းတယ်
ကုရုတိုင်းဘုရင်လဲ ကြည်ဖြူစွာ ပေးလိုက်တယ်

ဆင်ဖြူတော် ရောက်လာခဲ့ပေမဲ့လဲ
ကာလိင်္ဂတိုင်း​ပြည်မှာ မိုးခေါင်မြဲခေါင်နေပြီး
ကပ်ဆိုက်မြဲ ဆိုက်နေပါတယ်
အဲဒီမှာပဲ ကာလိင်္ဂ တိုင်း ဘုရင်ဟာ
မိုးရွာတာ ဆင်ဖြူတော်ကြောင့် မဟုတ်ဘဲ
သူတို့ကုရုတိုင်းသူပြည်သားတွေ ကျင့်သုံး​ကြတဲ့
ဂရုဓမ္မ ကြောင့်ပဲ ဖြစ်လိမ့်မယ်- လို့ တွေးမိပြီး
ကုရုတိုင်းထံ တမန်တော်တွေကို တဖန်လွှတ်လို့
ဂရုဓမ္မ အကျင့်ကို ကူးယူခိုင်းလိုက်တယ်

ကာလိင်္ဂ ဘုရင်ရဲ့ တမန်တော်တွေဟာ
ကုရုတိုင်းထံ တဖန်သွားရောက်ကာ
ကုရုတိုင်းသူပြည်သားတွေ ကျင့်သုံးကြတဲ့
ဂရုဓမ္မ (ငါးပါးသီလ)ကို ရွှေပြားပေါ် ရေးတင်လို့
သူတို့ရဲ့ ကာလိင်္ဂဘုရင်ထံ ပေးဆက်ကြတယ်

ကာလိင်္ဂ ဘုရင်ဟာ
​ရွှေပြားကို လက်ခံရရှိတဲ့
အဲဒီ တော်သလင်းလပြည့်နေ့မှာပဲ
ဂရုဓမ္မ ခေါ် ငါးပါးသီလ အကျင့်ကို
မိမိကိုယ်တိုင် စောင့်ထိန်း၍
မိမိရဲ့ တိုင်းပြည်တစ်ဝှမ်းလုံးကိုလည်း
ကျင့်သုံး စောင့်ထိန်းခိုင်းလိုက်တယ်

အဲဒီလို ဘုရင်ကအစ တတိုင်းပြည်လုံးဟာ
ဂရုဓမ္မ ကို ကျင့်သုံးလိုက်ကြလို့
မိုးတွေရွာသွန်လာပြီး ရာသီဥတု မှန်လာလို့
ကပ်သုံးပါးမှ လွတ်မြောက်ကြတယ်
သာယာဝပြောလို့ ချမ်းသာသွားကြတယ်
အဲဒီ လ'က တော်သလင်းလပြည့်နေ့ပါ

အဲဒီ အထက်ပါ ဂရုဓမ္မဇာတ်​တော် ဟာ
တော်သလင်းလပြည့်နေ့မှာ ဖြစ်ပေါ်လာတာမို့
တော်သလင်းလပြည့်နေ့ ကို
ဂရုဓမ္မ အခါတော်နေ့ လို့ သတ်မှတ်​ကြတာပါ

ဂရုဓမ္မ ခေါ် ငါးပါးသီလ ဟာ
စောင့်ထိန်းရင်ထိန်းသလောက် အစွမ်းရှိပါတယ်
မိုးလေဝသ မှန်စေပြီး
ကပ်ဘေးကြီးတွေမှ လွတ်မြောက်စေပါတယ်

ဓမ္မပါလလုလင်ရဲ့ဇာတိရွာ တရွာလုံးလည်း
ငါးပါးသီလ စောင့်ထိန်းကြလို့
တရွာလုံး အသက် ၁၂၀ အထိ ရှည်ကြတယ်
အနာမရ ဘေးမခဘဲ အမြဲချမ်းသာခဲ့ကြတယ်

မြောက်ကျွန်းသူ ကျွန်းသားတွေလည်း
ငါးပါးသီလကို တကျွန်းလုံး စောင့်ထိန်းကြလို့
အသက် ၁၀၀၀ အထိ ရှည်ကြတယ်
အနာမရ ဘေးမခဘဲ အမြဲချမ်းသာကြရတယ်

ငါးပါးသီလရဲ့ အကျိုးအာနိသင်​တွေထဲမှာ
လူသိအများဆုံးက ငါးချက်ရှိပါတယ်
အဲဒီငါးချက်က-
- စီးပွားတက်ခြင်း
- သတင်းမွှေးခြင်း
- မကြောက်ရွံ့ခြင်း
- မတွေ​ဝေပဲ သေရခြင်း
- သေရင် နတ်ပြည်ရောက်ခြင်း လို့ပါ

ငါးပါးသီလ မစောင့်ထိန်းရင်တော့
အဲဒီအကျိုးတွေနဲ့ပြောင်းပြန် အဆိုးတွေပဲရမှာပါ

ငါးပါးသီလကို
မစောင့်ထိန်းကြတဲ့ ခေတ်ကာလမှာ
၁- ပါဏာတိပါတကြောင့်- လက်နက်ကပ်ဘေး
၂- အဒိန္နာဒါနကြောင့်- ငတ်မွတ်ကပ်ဘေး
၃- ကာမေသုမိစ္ဆာစာရကြောင့်- ရောဂါကပ်ဘေး
၄- မုသာဝါဒကြောင့်- ရောဂါကပ်ဘေး
၅- သုရာမေရယကြောင့်- ရောဂါကပ်ဘေး
အဲဒီကပ်ဘေးတွေ ကျရောက်လာတယ်လို့လဲ
သတ်မှတ်ချက်တရပ် ရှိခဲ့ဖူးပါတယ်

ဂရုဓမ္မ အမြင်ပွင့်လို့
ငါးပါးသီလအစွမ်းကြောင့် ကပ်သုံးပါးဘေးမှ
ထာဝရ လွတ်မြောက်ကြပါစေ လို့
ဆုမွန်ကောင်း တောင်း​ပေးလိုက်ပါတယ်

credit
ဓမ္မဒါနပြန်လည်မျှဝေပါသည်။

#အေးသုခ_ဆေးဆိုင်

Address

Thiri Mingalar Road
Insein
11011

Telephone

+959769962346

Website

Alerts

Be the first to know and let us send you an email when အေးသုခ ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share