Edan Tarot Astrology

Edan Tarot Astrology Daily tarot guidance ✨
Love | Career | Life
DM for private reading”

✨ မင်းအတွက် ယနေ့ရဲ့ Tarot Messageယနေ့အတွက် Message | Ace of Cupsအချစ်ရေးခံစားချက်အသစ်တွေ၊ နွေးထွေးတဲ့စကားတွေ ကြားရနိုင်ပ...
08/06/2026

✨ မင်းအတွက် ယနေ့ရဲ့ Tarot Message

ယနေ့အတွက် Message | Ace of Cups

အချစ်ရေး
ခံစားချက်အသစ်တွေ၊ နွေးထွေးတဲ့စကားတွေ ကြားရနိုင်ပါတယ်။ နှလုံးသားကို ပိတ်မထားပါနဲ့

လူမှု / စီးပွားရေး
အခွင့်အရေးအသစ်တစ်ခု ရောက်လာနိုင်တဲ့နေ့ပါ။ လူသစ်တွေနဲ့ ဆက်ဆံရေးက အကျိုးရှိနိုင်ပါတယ်

ကျန်းမာရေး
စိတ်ဖိစီးမှုတွေ လျော့လာပြီး စိတ်ပိုင်းဆိုင်ရာ ပြန်လည်အားဖြည့်နိုင်မယ့်နေ့ပါ။ ရေများများသောက်ဖို့ မမေ့ပါနဲ့

Pisces, Cancer, Scorpio တွေအတွက် စွမ်းအင်ပိုမိုထင်ရှားနိုင်ပါတယ်

ဒီနေ့ရဲ့ အဓိက Message
ကောင်းမွန်တဲ့အရာတွေကို လက်ခံဖို့ အသင့်ဖြစ်နေပါစေ🤍✨

Libra တွေ Fall In Love တဲ့အခါ... 🤍ဘယ်လိုပြုမူကြလဲLibra တွေက လူတစ်ယောက်ကို သဘောကျဖို့ လွယ်ပေမယ့် တကယ်ချစ်မိဖို့တော့ အချိန...
07/06/2026

Libra တွေ Fall In Love တဲ့အခါ... 🤍ဘယ်လိုပြုမူကြလဲ

Libra တွေက လူတစ်ယောက်ကို သဘောကျဖို့ လွယ်ပေမယ့် တကယ်ချစ်မိဖို့တော့ အချိန်ယူတတ်ကြတယ်

ဒါပေမယ့် တတယ်ချစ်မိသွားပြီဆိုရင်...တော့
မင်းရယ်နေတာကို မြင်ချင်လို့ အမြဲဟာသလုပ်ပေးမယ် မင်းပြောတဲ့ အကြောင်းအရာသေးသေးလေးတွေကိုတောင် မှတ်ထားတတ်မယ်။ အလုပ်တွေရှုပ်နေတဲ့ကြားကနေ မင်းအတွက် အချိန်ဖယ်ထားပေးမယ်

Libra တွေက ချစ်တယ်ဆိုတာကို စကားလုံးကြီးကြီးမားမားတွေနဲ့ ပြတာထက် "မင်းကို ဂရုစိုက်နေတယ်" ဆိုတဲ့ အသေးစိတ်လေးတွေနဲ့ ပြသတတ်ကြတယ်

မင်းစိတ်ညစ်နေတဲ့နေ့တွေမှာ နားထောင်ပေးမယ်။ မင်းဘက်က ရပ်တည်ပေးမယ်။ သူကြိုက်တဲ့ သီချင်းတွေ၊ စာအုပ်တွေ၊ နေရာလေးတွေကို မင်းနဲ့မျှဝေချင်လာမယ်
ပြီးတော့... သူ့ဘဝထဲမှာ မင်းကို တဖြည်းဖြည်း နေရာပေးလာမယ်

Libra တွေအတွက် အချစ်က ရင်ခုန်စရာတစ်ခုတည်း မဟုတ်ဘူး။ နားလည်မှု၊ ညီမျှမှုနဲ့ စိတ်ချမ်းသာမှုတွေ ပါဝင်တဲ့ ဆက်ဆံရေးတစ်ခု ဖြစ်တယ်
ဒါကြောင့် Libra တစ်ယောက် တကယ်ချစ်မိသွားတဲ့အခါ... သူက မင်းကို ချစ်ရုံတင်မဟုတ်ဘူး
မင်းနဲ့အတူရှိတဲ့ အချိန်တွေကိုပါ လှပတဲ့အမှတ်တရတွေ ဖြစ်အောင် ဖန်တီးပေးတတ်တယ် 🤍

Collective zodiac facts ဖြစ်တာကြောင့် Libra အားလုံးနဲ့ တိုက်ဆိုင်ချင်မှ တိုက်ဆိုင်နိုင်ပါတယ်နော် ✨

စပ်မိစပ်ရာ Zodiac Signs တွေအကြောင်းZodiac Signs တွေရဲ့ လူသိနည်းတဲ့ဘက်တချို့ Scorpio, Libra, Leo နဲ့ Cancer တွေက အပြင်ကကြ...
06/06/2026

စပ်မိစပ်ရာ Zodiac Signs တွေအကြောင်း

Zodiac Signs တွေရဲ့ လူသိနည်းတဲ့ဘက်တချို့

Scorpio, Libra, Leo နဲ့ Cancer တွေက အပြင်ကကြည့်ရင် ဆွဲဆောင်မှုရှိပြီး confidence အပြည့်နဲ့ နေတတ်ကြတယ်
ဒါပေမဲ့ သူတို့ကို အရမ်းလွယ်လွယ်မကပ်နဲ့နော်။ တစ်ခါတလေ စိတ်မာပြီး ပြတ်သားလွန်းတဲ့ဘက်လည်း ရှိတတ်တယ်

Sagittarius, Capricorn, Aries, Gemini, Aquarius နဲ့ Virgo တွေကတော့ ညဘက်ရောက်မှ အတွေးတွေ ပိုများလာတဲ့သူတွေထဲမှာပါတယ်
လူတွေ အိပ်နေချိန်မှာ သူတို့က ဘဝအကြောင်း၊ အချစ်အကြောင်း၊ အနာဂတ်အကြောင်း ကိုစပြီးစဉ်းစားကြတော့တာပဲ

Virgo, Leo, Cancer, Pisces, Aquarius နဲ့ Gemini တွေက "ရပါတယ်" လို့ ပြောပေမဲ့ တကယ်တော့ မမေ့ကြဘူး
ခွင့်လွှတ်နိုင်တယ်၊ ဒါပေမဲ့ ဖြစ်ခဲ့တာတွေကို စိတ်ထဲမှာအသေးစိတ်ကအစ မှတ်ထားတတ်ကြတယ်

Cancer, Sagittarius, Gemini, Capricorn, Ta**us နဲ့ Virgo တွေကတော့ ဟာသလုပ်တာလား၊ အရွဲ့တိုက်တာလား မသိအောင် ပြောတတ်တဲ့သူတွေ တစ်ခါတလေ သူတို့ပြောတဲ့စကားက ရယ်စရာလည်း ကောင်းတယ်၊ လောင်စရာလည်း ကောင်းတယ်😭

Sagittarius, Aries, Gemini, Pisces, Virgo နဲ့ Cancer တွေက အပြင်မှာ အေးဆေးနေပေမဲ့ အတွေးလွန်တဲ့ဘက် ရှိတတ်တယ် တစ်ခုခုဆို မဖြစ်နိုင်တဲ့အဆိုးဆုံးအထိ တွေးမိတတ်တဲ့သူတွေပါ

Leo, Aquarius, Pisces, Scorpio, Capricorn နဲ့ Ta**us တွေကတော့ ကိုယ့်အကျိုးကို ကြည့်တတ်တဲ့ဘက် ရှိပေမဲ့ တကယ်လိုအပ်လာရင် ကူညီပေးဖို့ ဝန်မလေးတဲ့သူတွေပါ

✨ Collective Zodiac Reading ဖြစ်လို့ ကိုက်တာကိုပဲ ယူပါ ✨

05/06/2026

June လမကုန်ခင် ဘာတွေ ဖြစ်လာနိုင်လဲ?

ကိုယ့် Zodiac Sign ကို ရှာပြီး June လအတွက် Message ကို ဖတ်ကြည့်ပါ

♈ Aries
June လမှာ Aries တွေက ကိုယ်တကယ်လိုချင်တဲ့အရာအတွက် ရှေ့ဆက်ဖို့ သတ္တိပိုရှိလာမယ့်လပါ။ အရင်က တွန့်ဆုတ်နေခဲ့တဲ့ကိစ္စတွေကို ဆုံးဖြတ်ချက်ချနိုင်လာမယ်။ အချစ်ရေးမှာတော့ ရှင်းလင်းတဲ့ စကားပြောမှုတွေက relationship ကို ပိုကောင်းလာစေနိုင်ပါတယ်။

♉ Ta**us
Ta**us တွေအတွက် June က ကိုယ့်တန်ဖိုးကို နားလည်လာတဲ့လ ဖြစ်နိုင်ပါတယ်။ လူတိုင်းကို လိုက်ကျေနပ်အောင်လုပ်ပေးဖို့ထက် ကိုယ့်အတွက် ဘာကောင်းလဲဆိုတာကို ပိုဦးစားပေးလာမယ်။ ငွေကြေးပိုင်းမှာ အခွင့်အရေးအသစ်တစ်ခု မြင်ရနိုင်ပါတယ်။

♊ Gemini
Gemini တွေအတွက် အပြောင်းအလဲတွေများတဲ့လ ဖြစ်နိုင်ပါတယ်။ အလုပ်၊ ပညာရေး ဒါမှမဟုတ် relationship တစ်ခုမှာ chapter အသစ်စတင်ရတတ်ပါတယ်။ အမြန်ဆုံးဖြတ်ဖို့ထက် သေချာစဉ်းစားပြီးမှ ရွေးချယ်ပါ။

♋ Cancer
Cancer တွေက ဒီလမှာ အနားယူဖို့ လိုအပ်နေတဲ့ energy တွေ တွေ့ရပါတယ်။ အရာအားလုံးကို တစ်ယောက်တည်း ထမ်းထားဖို့ မလိုပါဘူး။ အချစ်ရေးမှာတော့ နားလည်ပေးနိုင်တဲ့ လူတစ်ယောက်ရဲ့ support ကို ရနိုင်ပါတယ်။

♌ Leo
Leo တွေအတွက် spotlight ပြန်ရလာမယ့်လပါ။ ကိုယ့်ရဲ့ ကြိုးစားမှုတွေကို လူတွေ သတိထားမိလာနိုင်တယ်။ Single တွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ connection အသစ်တွေ ဝင်လာနိုင်ပါတယ်။

♍ Virgo
Virgo တွေက June မှာ စိတ်ရှုပ်စရာတွေကို ဖြည်းဖြည်းချင်း ရှင်းထုတ်နိုင်လာမယ်။ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကို လွှတ်ချဖို့ သင်ယူရမယ့်လပါ။ Financial planning လုပ်ဖို့လည်း အချိန်ကောင်းဖြစ်ပါတယ်။

♎ Libra
Libra တွေအတွက် balance ပြန်ရလာမယ့်လ ဖြစ်နိုင်ပါတယ်။ အရင်က မသေချာခဲ့တဲ့ relationship တစ်ခုမှာ clarity ရလာနိုင်တယ်။ ကိုယ့်ခံစားချက်ကို ဖုံးကွယ်မထားဘဲ ပြောဆိုတာက ပိုကောင်းမယ်။

♏ Scorpio
Scorpio တွေအတွက် transformation energy အားကောင်းနေပါတယ်။ အတိတ်က မကောင်းတဲ့ pattern တွေကို ဖြတ်တောက်နိုင်မယ့်လပါ။ အလုပ်နဲ့ ပတ်သက်ပြီး အခွင့်အရေးအသစ်တွေ ပေါ်လာနိုင်ပါတယ်။

♐ Sagittarius
Sagittarius တွေက ဒီလမှာ စွန့်စားချင်စိတ်တွေ များနေမယ်။ ခရီးသွားခြင်း၊ လေ့လာမှုအသစ်တွေ စတင်ခြင်းမျိုး ဖြစ်နိုင်ပါတယ်။ Relationship မှာတော့ လွတ်လပ်မှုနဲ့ commitment ကြား balance ရှာဖို့ လိုပါတယ်။

♑ Capricorn
Capricorn တွေအတွက် ကြိုးစားထားတာတွေ ရလဒ်ပြန်မြင်ရမယ့်လ ဖြစ်နိုင်ပါတယ်။ အလုပ်ပိုင်းမှာ recognition ရနိုင်တယ်။ ဒါပေမယ့် အနားယူဖို့ကိုလည်း မမေ့ပါနဲ့။

♒ Aquarius
Aquarius တွေက June မှာ idea အသစ်တွေ၊ inspiration အသစ်တွေ များနေမယ်။ Creative project တွေ စလုပ်ဖို့ အချိန်ကောင်းပါ။ လူသစ်တွေနဲ့တွေ့ဆုံရင်း အခွင့်အရေးကောင်းတွေ ရလာနိုင်ပါတယ်။

♓ Pisces
Pisces တွေအတွက် emotional healing energy တွေ တွေ့ရပါတယ်။ အရင်က နာကျင်စေခဲ့တဲ့အရာတချို့ကို လက်လွှတ်နိုင်လာမယ်။ အချစ်ရေးမှာတော့ ဖြည်းဖြည်းချင်း တိုးတက်လာမယ့် energy ရှိပါတယ်။

Sun Sign၊ Moon Sign ဒါမှမဟုတ် Rising Sign နဲ့လည်း ဖတ်နိုင်ပါတယ်
Collective Tarot Reading ဖြစ်သောကြောင့် Energy ကိုက်တာကိုသာ ယူပါ

ကိုယ့်မှာ ပယောဂနှင့် မမြင်ရသော စွမ်းအင်အနှောင့်အယှက် ရှိမရှိ ဆေးစစ်တော့ ဘာရောဂါမှမရှိဘူး၊ ဒါပေမဲ့ နေလို့မကောင်းတာကတော့ အ...
03/06/2026

ကိုယ့်မှာ ပယောဂနှင့် မမြင်ရသော စွမ်းအင်အနှောင့်အယှက် ရှိမရှိ

ဆေးစစ်တော့ ဘာရောဂါမှမရှိဘူး၊ ဒါပေမဲ့ နေလို့မကောင်းတာကတော့ အမှန်ပဲ
"တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရင် ငါ့စိတ် ဟုတ်ရဲ့လားလို့ သံသယဝင်မိတယ်..."

ပယောဂ (သို့မဟုတ်) Negative Spirit Attachment ဆိုတာ ရုပ်ရှင်တွေထဲကလို ချက်ချင်း ထူးဆန်းတာတွေ လျှောက်လုပ်တာမျိုးထက်၊ ကိုယ့်ရဲ့စိတ် ထဲကို တဖြည်းဖြည်းချင်း အစိမ်းလိုက် ဝင်ရောက်စွက်ဖက် နှောင့်ယှက်တာမျိုးက ပိုများပါတယ်

ကိုယ့်မှာ တကယ်ပဲ စွမ်းအင်အနှောင့်အယှက်တွေ ခံနေရပြီလားဆိုတာကို အသေးစိတ် နဲ့ ဆန်းစစ်ကြည့်ရအောင်

စိတ်နှင့် စရိုက်ပိုင်းဆိုင်ရာ လက္ခဏာများ
အကြောင်းမဲ့ ဒေါသတကြီး တုံ့ပြန်ခြင်း

ပုံမှန်ဆို စိတ်ရှည်တတ်ပေမယ့် အကြောင်းရင်း မရှိဘဲ လူက စိတ်ဆတ်လာတာ၊ ရန်လိုလာတာ၊ သွေးပျက်မတတ် ဒေါသထွက်လာတာမျိုးပါ။ ပိုဆိုးတာက ကိုယ်ပြောလိုက်တဲ့ စကား၊ ကိုယ်လုပ်လိုက်တဲ့ အပြုအမူကို "ငါဘာလို့ ဒါတွေလုပ်မိပါလိမ့်" လို့ နောက်မှ ကိုယ့်ကိုယ်ကိုယ် ပြန်အံ့သြနေတတ်ပါတယ်

စွဲလမ်းစိတ်နှင့် အတွေးလွန်ခြင်း

ကိုယ့်ဦးနှောက်ထဲကို တစ်ယောက်ယောက်က အဆိုးမြင်အတွေးတွေ လာထည့်ပေးနေသလိုမျိုး လုံးဝ ရပ်တန့်လို့မရဘဲ စိတ်ဓာတ်ကျတာ၊ သတ်သေချင်စိတ် ပေါ်လာတာ၊ ဒါမှမဟုတ် တစ်ခုခုကို အစွဲအလမ်းကြီး စွဲလမ်းပြီး စိတ်ရူးပေါက်တာမျိုး ဖြစ်တတ်ပါတယ်

အထီးကျန်ခြင်းနှင့် မွန်းကျပ်ခြင်း

လူတွေကြားထဲ မသွားချင်တော့ဘဲ အမှောင်ထဲမှာပဲ အချိန်ပြည့် အောင်းနေချင်တာ၊ အလင်းရောင်ကို မုန်းတီးလာတာ၊ ဘာသာရေးအသံတွေ ဒါမှမဟုတ် High Vibration ရှိတဲ့ တရားအသံတွေကြားရင် စိတ်မရှည်ဘဲ ထအော်ချင်လောက်အောင် မွန်းကျပ်လာတာမျိုး ဖြစ်ပါတယ်

ရုပ်ပိုင်းဆိုင်ရာ ထူးခြားချက်များ
မျက်လုံးအကြည့် ပြောင်းလဲခြင်း

မှန်ထဲမှာ ကိုယ့်မျက်လုံးကို ပြန်ကြည့်တဲ့အခါ ပုံမှန်နဲ့မတူဘဲ အရောင်မှိန်ဖျော့နေတာ၊ သို့မဟုတ် အရောင်တောက်ပြီး စူးစူးရဲရဲ ကြီး ဖြစ်နေတာ၊ မျက်ဆန်အိမ် အနေအထား ပြောင်းလဲနေတာမျိုး ခံစားရတတ်ပါတယ် သူတစ်ပါးက ကိုယ့်ကိုကြည့်ရင်လည်း အကြည့်က အေးစက်စက်နဲ့ ခြောက်ခြားစရာ ကောင်းနေတတ်ပါတယ်

အပူအအေး မမျှတခြင်းနှင့် ခန္ဓာကိုယ် လေးလံခြင်း

ရာသီဥတု ပူနေပေမယ့် ခြေဖျားလက်ဖျားတွေ အေးစက်နေတာ၊ သို့မဟုတ် ခန္ဓာကိုယ်ထဲကနေ အကြောင်းမဲ့ ပူလောင်အိုက်စပ်နေတာမျိုးပါ အထူးသဖြင့် ဂုတ်ပိုး၊ ပခုံးနှစ်ဖက်နဲ့ ကျောကုန်း တည့်တည့်မှာ တစ်ခုခု ဖိစီးစီးကြီး ဆွဲချထားသလို ခံစားရပြီး လမ်းလျှောက်ရင် ပုံမှန်ထက် ပိုမောနေတတ်ပါတယ်

ထူးဆန်းသော အနံ့အသက်များ

ကိုယ်သွားတဲ့နေရာ၊ အထူးသဖြင့် ကိုယ့်ဘေးနားတင်ပဲ တခြားလူတွေ မရဘဲ ကိုယ်တစ်ယောက်တည်း ရလေ့ရှိတဲ့ အနံ့ဆိုးတွေ (ဥပမာ- ပုပ်စော်နံတာ၊ အမဲညှီနံ့ရတာ၊ ဆေးခြောက်နံ့လိုလို အနံ့မျိုး) ခဏခဏ ရတတ်ပါတယ်။ (တစ်ခါတလေ အမျှဝေချင်တဲ့ ဝိညာဉ်ဆိုရင်တော့ ပန်းနံ့၊ နံ့သာနံ့မျိုး ရတတ်ပါတယ်

အိပ်စက်ခြင်းနှင့် အိပ်မက်ဆိုင်ရာ လက္ခဏာများ
အိပ်မက်ဆိုးများ အဆက်မပြတ်မက်ခြင်း

အိပ်မက်ထဲမှာ အမြင့်က ပြုတ်ကျတာ၊ မြွေတွေ ခဏခဏ လိုက်ကိုက်တာ၊ လူမည်းကြီးတွေက ကိုယ့်ကို လိုက်လံသတ်ဖြတ်တာ၊ ဒါမှမဟုတ် သုသာန်တွေ၊ အိမ်လွတ်တွေထဲမှာ လမ်းပျောက်နေတာမျိုးကို တစ်ညတည်းတင်မကဘဲ ရက်ဆက် မက်တတ်ပါတယ်

အိပ်ရတာပင်ပန်းခြင်းနှင့် လန့်နိုးခြင်း

ခန္ဓာကိုယ် လှုပ်ရှားလို့မရအောင် တစ်ခုခုက ဖိနှိပ်ထားသလို ခံစားရတာ၊ မျက်လုံးဖွင့်ကြည့်ရင် အမှောင်ရိပ်တစ်ခုခုကို မြင်နေရတာမျိုးအပြင်... ညဘက် မနက်ခင်း ၃ နာရီ ဝန်းကျင် ရောက်ရင် ဘာအကြောင်းမှမရှိဘဲ ရင်တုန်ပန်းတုန်နဲ့ ထထလန့်နိုးတတ်ပါတယ်

ပတ်ဝန်းကျင်နှင့် တိရစ္ဆာန်များ၏ တုံ့ပြန်မှု

အိမ်မွေးတိရစ္ဆာန်များ စိတ်ဆောက်တည်ရာမရခြင်း:
အိမ်က ကြောင်လေးတွေက ကိုယ့်အနားကို မကပ်ရဲဘဲ အမွှေးတွေထောင်ပြီး ရန်မူတာ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ ခေါင်းပေါ်/ပခုံးပေါ်မှာ တစ်ခုခု ရှိနေသလိုမျိုး လေဟာနယ်ကို စိုက်ကြည့်ပြီး ကြောက်လန့်တကြား အော်တာမျိုး လုပ်တတ်ပါတယ်

အီလက်ထရွန်နစ်ပစ္စည်းများ ထူးဆန်းစွာ ပျက်စီးခြင်း:

ကိုယ့်ရဲ့ Aura ရဲ့ Frequency က ပယောဂကြောင့် ကမောက်ကမ ဖြစ်နေတဲ့အခါ ကိုယ်ကိုင်တဲ့ ဖုန်း၊ မီးသီး၊ လျှပ်စစ်ပစ္စည်းတွေက အကြောင်းမရှိ ခဏခဏ ပျက်တာ၊ မီးလောင်တာ၊ စက်တွေ အလိုလို ပွင့်လာတာမျိုးတွေ ကြုံရတတ်ပါတယ်

တကယ်လို့ ဒီအချက်တွေ တော်တော်များများ တိုက်ဆိုင်နေတယ်ဆိုရင် စိတ်ကို လုံးဝ မလျှော့လိုက်ပါနဲ့။
နေ့တိုင်း သရဏဂုံသုံးပါးကို အာရုံပြုပြီး စိတ်ခိုင်ခိုင်ထားပါ
အိမ်တွင်းမှာ အမွှေးတိုင် (သို့မဟုတ်) Sage/Palo Santo သုံးပြီး စွမ်းအင်သန့်စင် (Cleansing) လုပ်ပေးပါ

ဒါက ရိုးရိုး Stress ကြောင့်လား၊ ဒါမှမဟုတ် တကယ်ပဲ Negative Energy ခံနေရတာလားဆိုတာကို Tarot Card တွေရဲ့ လမ်းညွှန်ချက်နဲ့ စစ်ဆေးချင်တယ်ဆိုရင်တော့ messenger မှာလာရောက်မေးမြန်းနိုင်ပါတယ်
#ပယောဂ

31/05/2026

လက်ရှိ ကိုယ့်ရဲ့ စိတ်စွမ်းအင် (Mental Energy) ဘာတွေဖြစ်နေလဲ?

ဘဝရဲ့ အလှည့်အပြောင်းတွေ၊ အလုပ်တွေကြားထဲမှာ ကိုယ့်ရဲ့ စိတ်ကလေး ဘယ်လိုရှိနေလဲဆိုတာ ပြန်လည်ဆန်းစစ်ကြည့်ဖို့ အချိန်လေးတစ်ခု ပေးလိုက်ရအောင်

စိတ်ကို အေးအေးဆေးဆေးထား၊ အသက်ကို ဝဝရှူပြီး ပုံ(၃) ခုထဲက ကိုယ့်မျက်စိထဲ အကျဆုံး၊ စိတ်ထဲ အဆွဲဆောင်ရဆုံး ဖြစ်မယ့် Pile တစ်ခုကို ရွေးချယ်ပြီး အဖြေကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်

Pile1

လက်ရှိစွမ်းအင် (Energy): သင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲမှာ တာဝန်တွေ၊ အလုပ်တွေ ဒါမှမဟုတ် အတွေးတွေ အရမ်းများပြီး စိတ်ရောလူပါ Burnout ဖြစ်ချင်သလို ဖြစ်နေရတတ်ပါတယ်
အရာရာကို အကောင်းဆုံးဖြစ်အောင် လိုက်ထိန်းညှိနေရလို့ စိတ်အင်အား (Mental Battery) က အားနည်းနေတဲ့ ပုံစံမျိုးပါ
အရာအားလုံးကို တစ်ယောက်တည်း ထမ်းပိုးမထားပါနဲ့ အချိန်ခဏလောက်ဖြစ်ဖြစ် အနားယူဖို့ လိုအပ်နေပါပြီ ဖုန်းပိတ်ထားတာမျိုး၊ ကိုယ်ဝါသနာပါတဲ့အရာလေးတွေ လုပ်တာမျိုးနဲ့ စိတ်ကို Spoil လုပ်ပေးပါ "No" လို့ ငြင်းသင့်တဲ့အရာတွေကို ငြင်းလိုက်ဖို့ ဝန်မလေးပါနဲ့

Pile 2

လက်ရှိစွမ်းအင် (Energy): ဒီရက်ပိုင်း အနာဂတ်အတွက် စိုးရိမ်စိတ်တွေ၊ ဇဝေဇဝါဖြစ်စရာတွေကြောင့် အတွေးတွေ အရမ်းများ (Overthinking ဖြစ်) နေတတ်ပါတယ်။ "ငါ လုပ်နိုင်ပါ့မလား" ဆိုတဲ့ သံသယစိတ်တွေက သင့်ကို ရှေ့မဆက်ရဲအောင် နှောင်ကြိုးတုပ်ထားသလို ခံစားနေရနိုင်ပါတယ်
ဒါမဲ့ သင့်လက်ထဲမှာ အဖြေရှာနိုင်မယ့် "သော့ချက်" ရှိနေပြီးသားပါ မဖြစ်လာသေးတဲ့ အနာဂတ်အတွက် ကြိုတင်ပူပန်နေမယ့်အစား လက်ရှိလုပ်နိုင်တဲ့ အသေးအမွှား ကိစ္စလေးတွေကနေ စတင်ပြီး ခြေလှမ်းပြင်ပါ ကိုယ့်ရဲ့ စွမ်းရည်နဲ့ လုပ်နိုင်စွမ်းကို ယုံကြည်မှုအပြည့် ထားလိုက်ပါ

Pile 3

လက်ရှိစွမ်းအင် (Energy): လက်ရှိမှာ စိတ်ခံစားချက်က ပုံမှန်မဟုတ်ဘဲ တက်လိုက်ကျလိုက်နဲ့ အပြောင်းအလဲ မြန်နေတတ်ပါတယ်။ ဝမ်းနည်းလွယ်တာ၊ စိတ်မရှည်ဖြစ်တာ ဒါမှမဟုတ် တခြားသူတွေရဲ့ စကား၊ ပတ်ဝန်းကျင်ရဲ့ စွမ်းအင်တွေကြောင့် စိတ်မလုံခြုံသလို ခံစားနေရတဲ့ အခြေအနေမျိုးပါ
စိတ်မကောင်းဖြစ်စရာရှိရင် ငိုချလိုက်ပါ ခံစားချက်တွေကို အတင်းအကြပ် ဖိနှိပ်မထားပါနဲ့
လမင်းမှာ လပြည့်တာ၊ လကွယ်တာ ရှိသလိုပဲ ကိုယ့်ရဲ့ စိတ်ခံစားချက် အတက်အကျ ရှိတာဟာလည်း သဘာဝပဲလို့ လက်ခံပေးပါ တရားထိုင်တာ၊ စာရေးတာ ဒါမှမဟုတ် ကိုယ့်ကို နားလည်ပေးနိုင်မယ့်သူနဲ့ စကားပြောတာမျိုးက စိတ်ကို ပြန်လည်တည်ငြိမ်စေပါလိမ့်မယ်

Pick a Pile ဆိုတာ (General Reading) သဘောမျိုးဖြစ်လို့ ကိုယ်နဲ့ ကိုက်ညီတဲ့ အချက်လေးတွေကိုပဲ အပြုသဘောဆောင် ယူသွားပေးကြဖို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ။ အားလုံးပဲ စိတ်အေးချမ်းသာယာ ရှိကြပါစေ🤍

မကြာခင် မင်းရဲ့ Career (အလုပ်အကိုင်) မှာ ဘာတွေ ထူးခြားလာတော့မလဲ?အလုပ်ပြောင်းဖို့ (သို့) Freelance လောကထဲ ဝင်ဖို့ စဉ်းစား...
28/05/2026

မကြာခင် မင်းရဲ့ Career (အလုပ်အကိုင်) မှာ ဘာတွေ ထူးခြားလာတော့မလဲ?

အလုပ်ပြောင်းဖို့ (သို့) Freelance လောကထဲ ဝင်ဖို့ စဉ်းစားနေတဲ့သူတွေ

ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ရုန်းကန်နေရလို့ စိတ်ပင်ပန်းနေတဲ့သူတွေ

ကိုယ့်ရဲ့ ကြိုးစားမှုတွေ ဘယ်တော့ အရာထင်မလဲ မျှော်လင့်နေတဲ့သူတွေ အတွက် အဖြေတစ်ခုခု ပေးပါလိမ့်မယ်

ဒီနေ့ညအတွက် Tarot free reading လေးလုပ်ပေးပါမယ်Pageကို like & follow လုပ်ပြီး page messenger ကိုတန်းလာခဲ့ပါဗျနာမည်နေ့နာမ်...
27/05/2026

ဒီနေ့ညအတွက် Tarot free reading လေးလုပ်ပေးပါမယ်
Pageကို like & follow လုပ်ပြီး page messenger ကိုတန်းလာခဲ့ပါဗျ
နာမည်နေ့နာမ်နဲ့သိချင်တဲ့မေးခွန်းတခုကိုပို့ပေးထားပေးပါ
အဆင်ပြေတဲ့အချိန်ထိကြည့်ပေးသွားမှာမို့တကယ်သိချင်ပြီးမေးဖို့လိုအပ်တာရှိရင်လာရောက်မေးမြန်းနိုင်ပါတယ်

Edan Tarot

27/05/2026

မင်းရဲ့ရင်ထဲမှာအကြာကြီးဘယ်သူ့ကိုမှ မပြောဘဲ မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တခုကဘာလဲ

ရှေ့မှာမြင်နေရတဲ့ Pile 1၊ Pile 2၊ Pile 3 ထဲကမှ ကိုယ့်စိတ်ထဲ အဆွဲဆောင်ဆုံးဖြစ်မယ့် ပုံတစ်ပုံ ကို စိတ်အေးအေးထားပြီး ရွေးချယ်ပေးပါ

Pile 1လေးတွေရဲ့
ရင်ထဲက ခံစားချက်
ဒီ Pile လေးကို ရွေးချယ်တဲ့သူတွေဟာ အပြင်ပန်းမှာ ဘာမှမဖြစ်သလို ရယ်မောနေတတ်ပေမယ့် ရင်ထဲမှာတော့ "အတိတ်က စိတ်ဒဏ်ရာတစ်ခု" ဒါမှမဟုတ် "ပြီးဆုံးသွားခဲ့တဲ့ ဆက်ဆံရေးတစ်ခု" ပေါ်မှာ အကြာကြီး နာကျင်ပြီး ကျန်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ်က အဲ့ဒီအရာကို အခုထိ လက်မလွှတ်နိုင်သေးဘူး။ "ငါသာ အဲ့ဒီအချိန်က ဒီလို မလုပ်ခဲ့ရင်..." ဆိုတဲ့ နောင်တတွေ၊ သံယောဇဉ်အကြွင်းအကျန်တွေကို အပြင်လူတွေ မသိအောင် မြိုသိပ်ထားရတာပါ

Tarot ရဲ့ လမ်းညွှန်ချက်

"မင်း အကြာကြီး ဝမ်းနည်းခဲ့ပြီးပြီပဲ ဖြစ်ပြီးခဲ့တာတွေကို ပြန်ပြင်လို့မရပေမယ့် မင်းရဲ့ ရှေ့ဆက်မယ့် အနာဂတ်ကိုတော့ မင်းကိုယ်တိုင် ပုံဖော်လို့ရပါတယ်။ နာကျင်မှုတွေကို ဖက်တွယ်မထားပါနဲ့တော့ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ပေးဖို့ အချိန်တန်ပြီလို့ ကတ်တွေက သတိရပေးနေပါတယ်ဗျာ"

Pile 2လေးတွေရဲ့
ရင်ထဲက ခံစားချက်
ဒီ Pile လေးကို ရွေးတဲ့သူတွေ ရင်ထဲမှာ အောင့်အည်းထားရတဲ့ ခံစားချက်ကတော့ "အထီးကျန်ခြင်းနဲ့ ပင်ပန်းနွမ်းနယ်မှု" ပါ ကိုယ့်ဘဝရဲ့ ရုန်းကန်မှုတွေ၊ စိတ်ဖိစီးမှုတွေကို ဘယ်သူ့ကိုမှ ဖွင့်မပြောဘဲ တစ်ယောက်တည်း ဒူးထောက်မကျအောင် တောင့်ခံထားရတာ ကြာပါပြီ ဘေးလူတွေက ကိုယ့်ကို အားကိုးရတဲ့သူ၊ သန်မာတဲ့သူလို့ မြင်ကြပေမယ့် ကိုယ့်မှာတော့ "ငါ့ကိုရော ဘယ်သူက နားလည်ပေးမှာလဲ၊ ဘယ်သူ့ဆီမှာ နားခိုရမှာလဲ" ဆိုတဲ့ မေးခွန်းနဲ့ အထီးကျန်နေရတာ ဖြစ်ပါတယ်

Tarot ရဲ့ လမ်းညွှန်ချက်

"အမြဲတမ်း သန်မာနေဖို့ မလိုပါဘူး ပင်ပန်းရင် ခဏနားပါ ကိုယ့်ရဲ့ အားနည်းချက်ကို ပြသဖို့ မကြောက်ပါနဲ့ မင်းရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ခဏချထားပြီး ကိုယ့်စိတ်ဝိညာဉ်ကို အနားပေးလိုက်ပါဦး မင်းဟာ တစ်ယောက်တည်း မဟုတ်ပါဘူး"

Pile 3လေးတွေရဲ့
ရင်ထဲက ခံစားချက်
ဒီ Pile လေးကို ရွေးချယ်တဲ့သူတွေကတော့ "တစ်ဖက်သတ်အချစ်" ဒါမှမဟုတ် "ဖွင့်ပြောခွင့်မရှိတဲ့ လျှို့ဝှက်ချက်တစ်ခု" ကို ရင်ထဲမှာ မြှုပ်နှံထားရတာ ဖြစ်ပါတယ်တစ်စုံတစ်ယောက်အပေါ်မှာ စိတ်ခံစားချက်တွေ အများကြီး ရှိနေပေမယ့် အခြေအနေတွေ၊ အကြောင်းအမျိုးမျိုးကြောင့် (ဒါမှမဟုတ်) ဆက်ဆံရေး ပျက်စီးသွားမှာ ကြောက်လို့ ရင်ထဲမှာပဲ ကြိတ်ပြီး သိမ်းထားခဲ့ရတာပါ။ ပြောချင်တဲ့ စကားလုံးတွေ လည်ချောင်းဝမှာ တင်နေပေမယ့် မျိုချလိုက်ရတာ မျိုးခဏခဏ ကြုံဖူးပါလိမ့်မယ်

Tarot ရဲ့ လမ်းညွှန်ချက်

"ဒီခံစားချက်ကို အကြာကြီး ပိတ်လှောင်ထားရင် ကိုယ်ပဲ မွန်းကျပ်ရလိမ့်မယ် တကယ်လို့ ဖွင့်ပြောဖို့ အခြေအနေ မပေးဘူးဆိုရင်တောင် ဒီခံစားချက်ကို စာအုပ်ထဲ ချရေးတာမျိုး၊ ဒါမှမဟုတ် စိတ်ချရတဲ့အရာတစ်ခုခုမှာ သွန်ချပစ်လိုက်ပါ စိတ်ခံစားချက်တွေကို လွတ်လပ်ခွင့်ပေးလိုက်ပါတော့"

နောက်ထပ် ဘယ်လို Topic မျိုးတွေ ကြည့်ချင်လဲဆိုတာလည်း အကြံပြုခဲ့လို့ ရပါတယ်ဗျာ အားလုံးပဲ အဆင်ပြေကြပါစေ"
Energy ကိုက်လို့Personal reading လာရောက်မေးမြန်းလိုပါက Telegram
မှာလာရောက်မေးမြန်းနိုင်ပါတယ်

အချစ်ရေးနဲ့ ပတ်သက်ဆက်နွှယ်မှုတွေအပေါ် လောလောဆယ် သင့်ရဲ့ Energy က ဘယ်လိုရှိနေသလဲတစ်ခါတလေကျရင် ကျွန်တော်တို့ နှလုံးသားက ဘာ...
26/05/2026

အချစ်ရေးနဲ့ ပတ်သက်ဆက်နွှယ်မှုတွေအပေါ် လောလောဆယ် သင့်ရဲ့ Energy က ဘယ်လိုရှိနေသလဲ

တစ်ခါတလေကျရင် ကျွန်တော်တို့ နှလုံးသားက ဘာကို တကယ် လိုလားနေလဲဆိုတာ ကိုယ်တိုင်တောင် သေချာ မသိတတ်ကြဘူး။ အချစ်ရေးနဲ့ ပတ်သက်ဆက်နွှယ်မှုတွေအပေါ်မှာ လောလောဆယ် သင့်ရဲ့ စွမ်းအင် (စိတ်နေစိတ်ထား) က ဘယ်လို အခြေအနေမျိုး ရောက်နေလဲ
အတိတ်က ဒဏ်ရာတွေကို ကုစားနေတာလား၊ တစ်ယောက်တည်းပဲ အေးချမ်းနေတာလား၊ ဒါမှမဟုတ် နှလုံးသားတံခါးကို ပြန်ဖွင့်ဖို့ အဆင်သင့် ဖြစ်နေပြီလားဆိုတာ စကြဝဠာက ပေးတဲ့ မက်ဆေ့ခ်ျတွေကို အတူတူ ဖတ်ကြည့်ကြရအောင်။
ရှေ့မှာရှိတဲ့ Pile (၃) ခုထဲကမှ သင့်စိတ်ကို အဆွဲဆောင်နိုင်ဆုံး အရာတစ်ခုကို အာရုံပြုပြီး ရွေးချယ်ပေးပါ
ကိုယ်ရွေးချယ်ထားတဲ့ pile ကိုနှိပ်ပြီးဖတ်ရူနိုင်ပါတယ်ဗျ

Address

Yangon ကမာရွတ်
Kamayut
10201

Website

Alerts

Be the first to know and let us send you an email when Edan Tarot Astrology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share