Aung Thu Kha Hospital အောင်သုခဆေးရုံ ကန့်ဘလူမြို့

  • Home
  • Myanmar
  • Kanbalu
  • Aung Thu Kha Hospital အောင်သုခဆေးရုံ ကန့်ဘလူမြို့

Aung Thu Kha Hospital အောင်သုခဆေးရုံ ကန့်ဘလူမြို့ Private hospital established in 2017,providing quality health care services to the local community.

  🚨 🚨 🚨 #သွေးလွန်တုပ်ကွေးအန္တရာယ်ခုချိန်က 🤒 ဖျားပြီ ဆိုတာနဲ့ ငပွကြီး   ပဲ တန်းမြင်တန်းထင်ကြတော့ တာဆိုတော့တခြားရောဂါတွေ မ...
04/10/2021

🚨 🚨 🚨

#သွေးလွန်တုပ်ကွေးအန္တရာယ်

ခုချိန်က
🤒 ဖျားပြီ ဆိုတာနဲ့ ငပွကြီး ပဲ တန်းမြင်တန်းထင်ကြတော့ တာဆိုတော့

တခြားရောဂါတွေ မေ့မနေရအောင် သတိပေးလိုခြင်းဖြစ်ပါတယ်

#ဖျားတယ် 🤒 High Grade Fever နဲ့ (၁၀၂-၁၀၃) လောက်ထိပဲ
😢 ဆေးသောက်၊ ရေပတ်တိုက်ခဏပဲ ကျတယ် ဆေးရှိန်ကုန်တာနဲ့ ပြန်ဖျားတော့တာပဲ
😢 နေ့စဉ်ရက်ဆက် ဆက်တိုက်ကို ဖျားတာ
😳 နှာမစေးဘူး၊ ချောင်းမဆိုးဘူး၊ လည်ချောင်းမနာဘူး၊ ရင်မကြပ်ဘူး

ကိုယ့်ကိုယ်ကိုယ်ကြတော့ 🤷‍♂️ ရိုးရိုးဖျားတာ (အပူရှပ်/အအေးပတ်တာ) လို့ထင်ကြတာကိုး

ဆေးရုံဆေးခန်းတွေ သွားဖို့ကလည်းမလွယ်ဘူး 😢သွားပြီး ဟိုက ကူးလာမှာလည်းကြောက်တယ် 😢
အိမ် Lock down ကျမှာကြောက်တယ် 😰
Quarantine နေရမှာကြောက်တယ် 😰

ဆိုတော့ကာ

🏘️ အိမ်မှာပဲနေတယ် (နီိးစပ်ရာတွေ မေးမြန်းပြီး) 💊 ဆေးတွေ သောက်တယ်ပေါ့

👉 ခန္ဓာကိုယ်မှာ အနီိစက်လေးတွေ ထွက်လာတယ်
👉 ဗိုက်နာလာတယ် (ညာဘက်နံရိုးအောက်)
👉 အန်လာတယ် (ကော်ဖီရောင်တွေ)
👉 နှာခေါင်းသွေး လျှံလာမယ်
👉 ခေါင်းအရမ်းကိုက်မယ်
👉 ခြေဖျား လက်ဖျားအေးလာတယ်
👉 အထိုင်အထတွေ မိုက်ခနဲ မိုက်ခနဲ ဖြစ်နေတယ်
အဲ့လိုနဲ့ ဆေးရုံဆေးခန်း မသွားပဲ ဆက်နေရင်း
👉 ရုတ်တရက် အဖျားကျသွားတယ်
👉 အဖျားကျသွားသလို လူလည်းမလှုပ်နိုင်တော့ဘူး၊ ခြေဖျား လက်ဖျားအေးစက်ပြီး၊ ခေါင်းတောင်မထောင်နိုင်တော့ဘူး

😰 အဲ့လို အခြေအနေဆိုရင်တော့ မကောင်းတော့ပါဘူး

Shock ရပါပြီ။
Dengue လို့ခေါ်တဲ့ #သွေးလွန်တုပ်ကွေး ပါ
Dengue Shock ပါ

#သေတတ်ပါတယ်
အရင်က 🧒 ကလေးတွေမှာပဲ ဖြစ်တယ်လို့ ယူဆထားကြတာ 👉 လူကြီးတွေမှာဖြစ်ပါတယ် သေတတ်ပါတယ်

Covid လူနာတွေ ပြည့်ကြပ်နေတဲ့ အခုအချိန် 🏥ဆေးရုံတတ်ပြီး ကုသဖို့ ရာ အခက်အခဲတွေ ရှိပါတယ်
အဲ့ဒါကြောင့် အဲ့လို Shock အခြေအနေမျိုးထိမရောက်အောင် ကြိုတင်ကာကွယ်ကုသမှု ခံယူကြပါ

>>>>>>>>

COVID 19 ကနေလွန်မြောက်ပြီး လူတစ်ချို့မှာ ဆက်ရှိနေတတ်တဲ့ “Long-COVID” ခေါ် နာတာရှည် COVID လက္ခဏာများ🍁Long COVID  ဆိုတာဘာလ...
29/09/2021

COVID 19 ကနေလွန်မြောက်ပြီး လူတစ်ချို့မှာ ဆက်ရှိနေတတ်တဲ့ “Long-COVID” ခေါ် နာတာရှည် COVID လက္ခဏာများ

🍁Long COVID ဆိုတာဘာလဲ။
COVID 19 ဖြစ်ပွားသူတွေအများစုဟာ ၂ပတ်ကနေ ၄ ပတ်အတွင်း ရောဂါလက္ခဏာတွေ သက်သာလေ့ရှိကြပါတယ်။ တချို့ မှာတော့ ၄ ပတ်ကျော်၊ တချို့မှာတော့ ၃ လကျော်သည်အထိ ရောဂါလက္ခဏာအချို့ကို ဆက်လက် ခံစားရနိုင်ပါတယ်။ ဒါကို "long-COVID," "chronic COVID-19," or"post-COVID syndrome." လို့ ခေါ်ကြပါတယ်။

🍁Long COVID မှာ ခံစားရလေ့ရှိတာတွေ....
COVID 19 ရောဂါခံစားရချိန်မှာ အောက်စီဂျင်လို့တဲ့သူတွေ၊ အသက်ရှုစက်တပ်ခဲ့ရတဲ့သူတွေက long COVID ကို ခံစားရလေ့ရှိပါတယ်။ အသက်အန္တရာယ်မှ လွန်မြောက်သက်သာလာပြီးနောက်ပိုင်းမှာ ရောဂါလက္ခဏာတချို့က အချိန်အတန်ကြာ ဆက်ရှိနေတာမျိုးပါ။
- ပင်ပန်းနွမ်းလျခြင်း
- အသက်ရှုရ ခက်ခဲနေခြင်း
- ရင်ဘတ် မသက်မသာဖြစ်ခြင်း
- ချောင်းဆိုးခြင်း စတာတွေကို အချိန်အတိုင်းအတာတစ်ခုအထိ ခံစားနေရတတ်ပါတယ်။
တချို့မှာ အနံ့ပျောက်တာ၊ အရသာပျက်တာ၊ ခေါင်းကိုက်တာ၊ နှာရည်ယိုတာ၊ အစားအသောက်ပျက်တာ၊ အဆစ်နာ ကြွက်သားနာတာမျိုးတွေလည်း အချိန်အတော်ကြာ ဆက်ရှိနေတတ်ပါတယ်။ အိပ်မပျော်ခြင်း၊ စိုးရိမ်သောကများခြင်း၊ စိတ်ဓာတ်ကျခြင်းတို့လည်း ရှိတတ်ပါတယ်။

🍁Long COVID ကို ဘယ်လိုကုမလဲ။
ကုသမှုကတော့ တစ်ဦးနှင့်တစ်ဦးမတူပါဘူး။ ခံစားရတဲ့ရောဂါလက္ခဏာအပေါ်မူတည်ပြီး ဆေးပေးရပါတယ်။
၁။ အရမ်းပင်ပန်းနေ၊ နုံးချိနေလျှင်
- ပြည့်ပြည့်ဝ၀ အနားယူပါ။
- နာလန်ထခါစ အလုပ်ပြန်လုပ်မည်ဆိုလျှင် မိမိနိုင်သည့်ဝန်ကိုသာ ထမ်းပါ။ အပြင်းအထန် မလုပ်ပါနှင့်။ အနားယူချိန်ရှိပါစေ။
- စိတ်ခွန်အား၊ လူခွန်အား အပြည့်ထည့်ရမည့် အလုပ်များကို မနက်ခင်းပိုင်းတွင်လုပ်တာက သင့်ကို အားပိုဖြစ်စေပါတယ်။
၂။ အိပ်မပျော်လျှင်
- စောစောအိပ် စောစောထသည့်အကျင့်ကို ကျင့်ပါ။
- အိပ်ချိန်မှန်ပါစေ။
- ညအိပ်ရာဝင်ခါနီး ကော်ဖီ လက်ဖက်ရည်သောက်တာ၊ ဖုန်းသုံးတာ၊ ကွန်ပျူတာကြည့်တာတွေကို ရှောင်ပေးပါ။
၃။ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ ခေါင်းကိိုက်ခြင်း၊ ခန္ဓာကိုယ်ညောင်းကိုက် နာကျင်နေခြင်းများအတွက် နီးစပ်ရာ ဆရာဝန်ထံမှ အကြံဉာဏ်ရယူပါ။
၄။ နှလုံးကျန်းမာဖို့ ကာယလေ့ကျင့်ခန်းများလုပ်ခြင်း၊ အစားအသောက် ဂရုတစိုက်စားခြင်း (ချိုလွန်းသော၊ ငန်လွန်းသော၊ အဆီများလွန်းသော အစားအစာများရှောင်ပါ။)၊ ဆေးလိပ်သောက်သူဖြစ်ပါက ဆေးလိပ်ဖြတ်ခြင်းတို့ ပြုလုပ်ရပါမယ်။
၅။ အဆုတ်ပြန်လည် သန်စွမ်းလာဖို့အတွက်ကတော့ အဆုတ်ရဲ့ လေဝင်လေထွက်အားကို မြင့်တင်ပေးမယ့် အသက်ရှုလေ့ကျင့်ခန်းများ (ဥပမာ- အားဖြင့် ဖြည်းဖြည်းချင်းရှုသွင်းရှုထုတ်သည့် deep breathing practice) ကို ဆက်လက်လုပ်ဆောင်နေသင့်ပါတယ်။
၆။ စိုးရိမ်ပူပန်မှုများနေပါက (သို့မဟုတ်) စိတ်ဓာတ်ကျနေပါက စိတ်ကျန်းမာရေးဆိုင်ရာ အကြံပေး page များမှ ဆရာဝန်များ၊ စိတ်ကျန်းမာရေးဆိုင်ရာ ပညာရှင်များထံမှ အကြံဉာဏ်ရယူပါ။
ခက်ခဲကြမ်းတမ်းတဲ့ ခရီးကိုဖြတ်ကျော်ပြီး အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ပြီးပြီ။ ဒီအချိန်မှာမှ စိတ်မပျက် အားမလျော့ပဲ အမြန်နာလန်ထူနိုင်ဖို့ ခွန်အားအပြည့်နဲ့ ရုန်းထပါ။

ရောဂါဆိုးကြီးအပါအဝင် ကပ်ကြီး (၃)ပါးမှ ကင်းလွတ်နိုင်ကြပါစေ။🕊️
Dr. ဖြိုးဇော်အောင်
၁၈.၇.၂၀၂၁

ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက် အတိုင်းအတာအထိ ကာကွယ်ပေးနိုင်သလဲ…….. booster ထပ်ထိုးဖို့ လိုမလား…….ကိုဗစ်ကာကွယ်ဆေးတွ...
27/09/2021

ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက် အတိုင်းအတာအထိ ကာကွယ်ပေးနိုင်သလဲ…….. booster ထပ်ထိုးဖို့ လိုမလား…….

ကိုဗစ်ကာကွယ်ဆေးတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ထိုးနှံလို့ ရနေပြီဖြစ်တာကြောင့် လူအတော်များများက ကာကွယ်ဆေး ထိုးနှံဖို့ကို စိတ်ဝင်စားနေကြသလို ကာကွယ်ဆေး ထိုးပြီးသူတွေလည်း ရှိနေကြလောက်ပါတယ်။

ကာကွယ်ဆေး မထိုးရသေးခင်ကတော့ ကာကွယ်ဆေးမှာ ဘယ်ကာကွယ်ဆေး အမျိုးအစားက စိတ်ချရလဲ။ ကာကွယ်ဆေး ထိုးရင် ဘယ်လိုတွေ ခံစားရမလဲ။ ကာကွယ်ဆေး ထိုးပြီး ခံစားရတဲ့ လက္ခဏာတွေကို ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာတွေပါ။

အခုချိန်မှာတော့ ကာကွယ်ဆေးတွေ ထိုးတာ ၁ ကြိမ် ပြီးတဲ့သူတွေလည်း ရှိသလို ၂ ကြိမ်လုံး ပြည့်ပြီးသွားသူတွေလည်း ရှိနေမှာပါ။ ဒီတော့ စိတ်ဝင်တစား သိချင်နေမယ့် အကြောင်းအရာက ကာကွယ်ဆေး ထိုးပြီးရင် ကာကွယ်ဆေးက ကိုဗစ်ရန်ကနေ ဘယ်လောက်ကြာကြာ ကာကွယ်ပေးနိုင်မလဲ ဆိုတာကိုပါ။

ဒီအဖြေလေးကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

ကိုဗစ်ကာကွယ်ဆေးကပေးတဲ့ ခုခံအား
ကိုဗစ်ရောဂါကို ကူးစက်ခံရပြီးချိန်မှာလည်း ပြန်ကောင်းလာပြီဆိုရင် ခန္ဓာကိုယ်မှာ ကိုဗစ်ကို တုံ့ပြန် တိုက်ခိုက်နိုင်တဲ့ ကိုယ်ခံအား antibody ထွက်ပါတယ်။ ဒါက ပုံသေပြောလို့တော့ မရပါဘူး။ အချို့တွေမှာ လက္ခဏာတွေ လည်းပြတယ်။ ကိုဗစ်လည်း ဖြစ်တယ်။ ပြန်သက်သာလာချိန်မှာ antibody ကို test kit နဲ့ စစ်ကြည့်ပေမယ့် ကိုယ်ခံအား ထွက်မနေတာမျိုးတွေ ရှိပါတယ်။

နောက်တစ်ချက်က ဒီလို ထွက်လာတဲ့ antibody က အကြာကြီး မခံဘဲ အလျင်အမြန် ကျဆင်းတတ်တယ်ဆိုတာပါ။ ဒီလို ကျဆင်းတာကြောင့်လည်း ကိုဗစ်ဖြစ်ပြီး ထပ်ကူးစက်ခံရတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာရတာပါ။

ကာကွယ်ဆေးကတော့ ကိုဗစ်ကို ခုခံဖို့ ကိုယ်ခံအားကို သေချာပေါက် ထွက်စေမယ့်အရာပါ။ ကိုဗစ်က ပြန်သက်သာလာတယ်ဆိုရင်တောင် နောက်ထပ်တစ်ကြိမ် ဆိုတာမျိုး မဖြစ်အောင် ကာကွယ်ဖို့ ကာကွယ်ဆေးက လိုအပ်ဆဲပါ။

ကိုဗစ် ကာကွယ်ဆေးကို ထိုးလိုက်တဲ့အခါ ပထမတစ်ကြိမ်က ကိုယ်ခံအားကို ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ပြင်ပက ဗိုင်းရပ်စ်ကို ရှာဖွေတတ်အောင် လေ့ကျင့်ပေးတာ ဖြစ်ပြီး ကိုယ်ခံအား အနေနဲ့ ဗိုင်းရပ်စ်ကို ခုခံတိုက်ထုတ်တတ်အောင် လေ့ကျင့်ချိန် ပေးလိုက်ပါတယ်။

ဒီလေ့ကျင့်ချိန်မှာ ကိုယ်ခံအားက ဗိုင်းရပ်စ်ကို အကောင်းဆုံး တုံ့ပြန်နိုင်ဖို့ လေ့ကျင့်ခွင့်ရလိုက်ပါတယ်။ ဒါကြောင့်လည်း ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဖျားချင်သလိုလို မအီမသာဖြစ်သလို ခံစားရတာပါ။

ကာကွယ်ဆေး ပထမ အကြိမ်မှာ တုံ့ပြန်ဖို့ အကောင်းဆုံး လေ့ကျင့်ခွင့်ရထားတဲ့ ကိုယ်ခံအား အနေနဲ့ ဒုတိယ အကြိမ် ကာကွယ်ဆေး ထိုးလိုက်ချိန်မှာ အားဖြည့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒီလို ထိုးပြီးတဲ့အခါ ကိုယ်ခံအားက ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီးတဲ့ရက်ကနေ ၁၄ ရက်အတွင်းမှာ antibody စထွက်ပါမယ်။

ကာကွယ်ဆေးကလည်း ဆေးအောင်တယ်ဆိုမှ antibody ထွက်မှာပါ။ ကိုဗစ်ကို ခုခံတဲ့ antibody တွေဟာ ရိုးတွင်းခြင်ဆီထဲက antibody ထုတ်ပေးတဲ့ ကိုယ်ခံအားဆဲလ်တွေထဲမှာ ၇ လ ကနေ ၈ လလောက်အထိ ရှိနေတတ်တာမျိုးလည်း ရှိပါတယ်။

ဒီထွက်လာတဲ့ antibody က ရက်ပေါင်း ၉၀ အကြာမှာ တဖြည်းဖြည်းချင်း ပြန်ကျလာတာမျိုးလည်း ရှိပါတယ်။ ကာကွယ်ဆေးအလိုက် အချိန်ကာလ ကွာခြားတာမျိုးလည်း ရှိနိုင်ပါတယ်။ ကာကွယ်ဆေး အများစုကတော့ ၆ လ အထိ ကောင်းကောင်း ကာကွယ်ပေးနိုင်ပါတယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။

hybrid immunity
နောက်ထပ် ဝမ်းသာစရာတစ်ခု ကိုဗစ်ဖြစ်ထားပြီး ကာကွယ်ဆေး ထိုးတဲ့သူတွေက ပုံမှန်ထက် ကိုယ်ခံအား ပိုကောင်းတယ် ဆိုတာပါ။ ရောဂါကို ခုခံတာကြောင့် ထွက်လာတဲ့ ကိုယ်ခံအားရော ကာကွယ်ဆေးက ထွက်တဲ့ ကိုယ်ခံအားရော ၂ ခုစလုံးကို တပြိုင်နက်တည်း ရတာကြောင့်ပါ။ ဒါကို “hybrid immunity” လို့ခေါ်ပါတယ်။ antibody က တစ်မျိုးတစ်စားမကတဲ့ antibody ကို ထွက်ရှိစေတာပါ။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာက ကိုဗစ်ကာကွယ်ဆေး ထိုးပြီး ထွက်လာတဲ့ antibody က အကြမ်းအားဖြင့် ၆ လ အထိ ခံတယ်ဆိုတာပါ။ ကာကွယ်ဆေး ထိုးပြီးပေမယ့်လည်း မတ်ခ်တပ်တာ၊ လက်ဆေးတာ၊ လူစုလူဝေးကိုရှောင်တာလိုမျိုး ကိုဗစ် ကာကွယ်ရေး စည်းကမ်းတွေကို ဆက်လက်လိုက်နာဖို့ လိုပါမယ်။

ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် booster လိုမလား……

ကာကွယ်ဆေး အများစုက booster လိုပါမယ်။ တုပ်ကွေး ကာကွယ်ဆေးဆိုရင် တစ်နှစ်တစ်ခါ ထွက်လာတဲ့ မျိုးစိတ်သစ်ကို ကာကွယ်ဖို့ တစ်နှစ်တစ်ကြိမ် ထိုးပေးရပါတယ်။ တချို့ ကာကွယ်ဆေးတွေဆိုရင်လည်း ၆ လ တစ်ကြိမ်လောက် ထပ်ဆောင်းကာကွယ်ဆေး (booster) ထိုးရပါတယ်။

ကိုဗစ်ကာကွယ်ဆေးအနေနဲ့ ဆေးနှစ်လုံး အပြည့်ထိုးပြီး ၆လကျော်ကြာတဲ့အခါ တတိယဆေးတစ်လုံး ထပ်ဆောင်းထိုးတာက ပိုကောင်းတယ်ဆိုတဲ့ စာတမ်းတွေတော့ ထွက်လာပါပြီ။ ချမ်းသာတဲ့ နိုင်ငံတွေမှာလည်း ကိုဗစ်ဖြစ်လာရင် အန္တရာယ်ရှိတဲ့သူတွေ (ဥပမာ အသက်ကြီးတဲ့သူတွေ)ကို တတိယအကြိမ်ထိုးပေးဖို့ ပြင်ဆင်နေပါပြီ။

သူတို့က ချမ်းသာတဲ့အတွက် ပြဿနာ မရှိပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေ၊ ဆင်းရဲလို့ ၂လုံးပြည့်အောင် ထိုးဖို့ အနိုင်နိုင်ထိုးဖို့ ခက်တဲ့သူတွေအတွက် ဒီဟာက အခက်အခဲ ရှိနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိမှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကာကွယ်ဆေး လွှမ်းခြုံမှု မကောင်းတဲ့ အနေအထား ဖြစ်နေလို့ပါ။

ကပ်ရောဂါတွေရဲ့ သဘောတရားအတိုင်း ကိုယ်တစ်ယောက်တည်း ထိုးထားလို့ မရဘဲ လူအများစု ထိုးနိုင်မှ ဒီကပ်ရောဂါကြီး ရပ်တန့်သွားမှာမို့လို့ပါ။ မဟုတ်ရင် ဗီဇပြောင်းပိုးတွေလည်း ဆက်ကာ ဆက်ကာ ပေါ်နေမှာပါ။

ဒီတော့ ထိုးသင့်လား မထိုးသင့်ဘူးလားဆိုရင် ဆေး ၂လုံးထိုးပြီးသား လူတွေက တော်တော်ကာကွယ်နိုင်နေပါပြီ။ မဖြစ်မနေထိုးစရာတော့ မဟုတ်ပါဘူး။ စိတ်ချရတဲ့ ဆေးကိုလည်း ရနိုင်မယ်၊ ကိုဗစ်ဖြစ်လာရင် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့သူလည်း ဖြစ်နေမယ်ဆိုရင်တော့ ထိုးချင် ထိုးနိုင်ပါတယ်။ သာမန်လူကတော့ ၂လုံး ပြည့်ပြီးသားဆိုရင် မထိုးရသေးတဲ့သူတွေကို ဦးစားပေးပေးပါ။

ကာကွယ်ဆေးကို ၂လုံးပဲထိုးထိုး၊ ၃လုံးပဲထိုးထိုး မက်စ်တပ်၊ လက်ဆေး၊ ဝေးဝေးနေဆိုတာကိုတော့ ဆက်ပြီး လုပ်နေရဦးမှာပဲ ဖြစ်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်
ရွှေမေတ္တာ ဆေးခန်း
ရုံးကြီးရပ်၊ နာရီစင်အနီး၊ မုံရွာမြို့ ။

COVID 19 ကာကွယ်ဆေးအကြောင်း သိမှတ်စရာတချို့#########COVID 19 ကာကွယ်ဆေးအများစုက ၂ ကြိမ်ထိုးကြရတာပါ။ပုံကို ကြည့်ပါ။ 💉ပထမ အပ...
26/09/2021

COVID 19 ကာကွယ်ဆေးအကြောင်း သိမှတ်စရာတချို့
#########

COVID 19 ကာကွယ်ဆေးအများစုက ၂ ကြိမ်ထိုးကြရတာပါ။
ပုံကို ကြည့်ပါ။
💉ပထမ အပြာရောင်လှိုင်းလေးက COVID 19 ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးရင် ထွက်လာမယ့် ရောဂါကာကွယ်ပေးမယ့် ကိုယ်ခံအား antibody ပမာဏကို ပြထားတာပါ။ ဆေးစထိုးပြီးသည့်နေ့မှ တဖြည်းဖြည်းထွက်လာပြီး ၁၄ရက်မြောက်တွင်ထိပ်သို့ရောက်သွားကာ ရက် ၃၀ လောက်တွင် အောက်သို့ပြန်ကျသွားပါတယ်။
💉ဒါကြောင့် ပထမအကြိမ်ထိုးပြီး ၂၈ ရက်အကြာမှာ ဒုတိယအကြိမ် ထပ်ထိုးကြတာပါ။
💉အနီရောင်လှိုင်းလေးက ဒုတိယအကြိမ်ထိုးပြီးရင် ထွက်လာမယ့် ကိုယ်ခံအား antibody ပမာဏကို ပြတာပါ။ ဒုတိယအကြိမ် ထိုးလိုက်တဲ့အခါ ဆေးထိုးပြီး ရရက်မှ ၁၀ ရက်ကြားမှာ antibody ထွက်နှုန်းက သိသိသာသာမြင့်တက်လာသလို ပြန်ကျသွားတဲ့အခါမှာလည်း အရမ်းထိုးကျသွားတာမျိုးမဟုတ်ပဲ အတိုင်းအတာ တစ်ခု အထိ ကာကွယ်ပေးနိုင်မှု ပမာဏဆက်ကျန်နေခဲ့မှာပါ။

ဒါကြောင့် COVID 19 ကာကွယ်ဆေးထိုးနေကြသူများ (သို့မဟုတ်) ထိုးဖို့ စီစဉ်ထားသူများ ရှိလျှင် မှတ်ထားသင့်တာက
၁။ ဆေးကို ပထမအကြိမ်ထိုးပြီးသည်နှင့် စိတ်ချရတဲ့ ကာကွယ်မှုကို မပေးနိုင်ပါ။
၂။ ဆေးသွားထိုးစဉ် ပိုးတွေ့လူနာနှင့် တွေ့ခဲပါက၊ ထိစပ်ခဲ့ပါက ကာကွယ်သည့် antibody အပြည့်အဝ မထွက်သေးချိန်မို့ မိမိမှာ ရောဂါကူးလာတတ်တာကို သတိပြုပါ။ 🦠
၃။ ဒုတိယ အကြိမ်ထိုးပြီးလျှင်တော့ ကာကွယ်ဆေးအများစုက ထိုက်သင့်သည့် ကိုယ်ခံအားကို ပေးပါတယ်။ သို့သော် ကာကွယ်ဆေးထိုးပြီးသူတိုင်း ထိုကိုယ်ခံအား အပြည့်အဝ ရမည်လို့လည်းအာမခံလို့မရပါ။ ကာကွယ်ဆေး၂ကြိမ်ထိုးပြီးလျက်နှင့် လုံလောက်သည့် ကိုယ်ခံအား antibody မထွက်ခဲ့လျှင် တချို့မှာ ရောဂါဖြစ်နိုင်ခြေရှိပါသေးတယ်။ ဒါကို Breakthrough Infection လို့ခေါ်ကြပါတယ်။ 👹
၄။ ကာကွယ်ဆေးထိုးပြီးသော်ငြား ကာကွယ်မှုလမ်းစဉ်များကို စွန့်လွှတ်လိုက်လို့ မရပါ။ Mask ကို ဆက်တပ်ရပါမယ်။ လက်ကို ခဏခဏ ဆေးကြရပါဦးမယ်။ လူစုလူဝေးရှောင်ကာ လူအချင်းချင်းတွေ့လျှင်လည်း ၆ပေအကွာမှ နေ၍ social distancing practice… စတာတွေကို ဆက်လက်လုပ်ဆောင် နေကြရပါဦးမယ်။

Dr. ဖြိုးဇော်အောင်
1.8.2021

ရေခဲသေတ္တာထဲ ထည့်မသိမ်းထားသင့်တဲ့အစားအစာများ      ဈေးဝယ်ပြီး အိမ်ပြန်ရောက်တဲ့အခါမှာ ဈေးကဝယ်လာတဲ့ ဟင်းချက်စရာ၊စားစရာတွေနဲ...
25/09/2021

ရေခဲသေတ္တာထဲ ထည့်မသိမ်းထားသင့်တဲ့အစားအစာများ

ဈေးဝယ်ပြီး အိမ်ပြန်ရောက်တဲ့အခါမှာ
ဈေးကဝယ်လာတဲ့ ဟင်းချက်စရာ၊စားစရာတွေနဲ့ ရေခဲသေတ္တာကပြည့်လျှံနေတတ်ပါတယ်။ ဒါပေမယ့် ပစ္စည်းတွေအားလုံးက ရေခဲသေတ္တာထဲမှာတကယ်ထားသင့်တဲ့ စားစရာတွေ ဟုတ်ပါရဲ့လား။အအေးခန်းသိုလှောင်မှုက အစားအစာအများစု အတွက်မရှိမဖြစ်လိုအပ်ပေမယ့် ရေခဲသေတ္တာရဲ့ အေးစက်တဲ့လေတွေက တချို့အစားအစာတွေထားရင် ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။အောက်ပါ အစားအစာတွေကို ရေခဲသေတ္တာထဲမှာမထားဘဲ အပြင်အခန်းအပူချိန်မှာသာထားသင့်ပါတယ်။

၁။ငှက်ပျောသီး

ငှက်ပျောသီးကို ရေခဲသေတ္တာထဲမှာမထားပါနဲ့။ ရေခဲသေတ္တာထဲထက် အပြင်ဘက်မှာထားမှသာ ငှက်ပျောသီးရဲ့အာဟာရဓာတ် အပြည့်အဝရမှာမို့ ရေခဲသေတ္တာထဲ မထားသင့်ပါ။ဒါပေမဲ့ ရေခဲသေတ္တာထဲထားရင် ငှက်ပျောသီးရဲ့ ရင့်မှည့်မှုဖြစ်စဉ်ကိုနှေးကွေးစေပြီးရေခဲသေတ္တာရဲ့ အစိုဓာတ်နဲ့ အမှောင်က ငှက်ပျောသီးရင့်မှည့်နေချိန် ရိတာပုပ်တာ ကိုသာသက်သာစေပါတယ်။

၂။ပျားရည်

ပျားရည်ကို ရေခဲသေတ္တာထဲ မသိမ်းသင့်ပါဘူး။ပျားရည်ပုလင်းကို တင်းကျပ်အောင်ပိတ်ပြီး အပြင်မှာ သိမ်းထားရင် နှစ်ရှည်လများခံပါတယ်။ပျားရည်ဟာ သဘာဝအတိုင်းထိန်းသိမ်းထားလို့ရတာမို့ ရေခဲသေတ္တာထဲ သိုလှောင်ထားစရာ မလိုအပ်ပါ။
ရေခဲသေတ္တာထဲမှာ ပျားရည်ထည့်ရင် အနည်ကျ(သကြားပုံဆောင်ခဲ)လုပ်ငန်းစဉ်ကို
အရှိန်မြှင့်ပေးပါလိမ့်မယ်။ခဲသွားတဲ့အခါ အသုံးပြုရခက်ခဲတာ သုံးမရတာတွေ ဖြစ်တတ်ပါတယ်။

၃။ထောပတ်သီး

မရင့်မှည့်သေးတဲ့ ထောပတ်သီးကို ဝယ်လာပြီးရေခဲသေတ္တာထဲမှာ မထားသင့်ပါ။ထောပတ်သီးတွေ
မှည့်ဖို့ အချိန်လိုအပ်တာမို့ အအေးခန်းထဲမှာ ထားတာက ရင်မှည့်တဲ့ ဖြစ်စဉ်ကို အဟန့်အတားဖြစ်စေပါတယ်။ထောပတ်သီးရင့်မှည့်ပြီး ချက်ချင်းမစားဖြစ်ရင်တော့ ရေခဲသေတ္တာထဲ ထည့်ကာ သိမ်းထားနိုင်ပါတယ်။

၄။ ပန်းသီး၊ လိမ္မော်သီးနဲ့ သံပုရာသီး

လတ်လတ်ဆတ်ဆတ်ခူးထားတဲ့ ပန်းသီးတွေက
၁၄ ရက်လောက်ထိ အခန်းအပူချိန်မှာထားလို့ရပါတယ်။ မစားဖြစ်ဘူးဆိုမှ နည်းနည်းအချိန်ကြာကြာထားဖို့လိုအပ်တာမို့ ရေခဲသေတ္တာထဲမှာအအေးခံပြီးထားနိုင်ပါတယ်။လိမ္မော်သီး ၊သံပုရာသီးတို့လို့ citric အက်ဆစ်ပြည့်နေတဲ့အသီးတွေ ရင့်မှည့်ဖို့က ပြင်ပ သဘာဝအပူချိန်လိုအပ်တာမို့ ရေခဲသေတ္တာထဲ ထားတာက ရင့်မှည့်တဲ့လုပ်ငန်းစဉ်ကိုအဟန့်အတားဖြစ်စေပါတယ်။ရေခဲသေတ္တာထဲသိုလှောင်ထားရင် အသီးခွံမှာ အစက်အပြောက်တွေ၊အဝါရောင်တွေပေါ်လာတတ်ပါတယ်။ရင့်မှည့်နေရင်တော့ တာရှည်ခံအောင် ထားလို့ရပါတယ်။

၅။မက်မွန်သီး၊တရုတ်ဆီးသီး၊နှင့် တခြားအစေ့ကြီးသည့် အသီးများ

မမှည့်သေးတဲ့ မက်မွန်သီး၊တရုတ်ဆီးသီး၊သရက်သီးလို သစ်သီးတွေ ကိုရေခဲသေတ္တာ ရဲ့
အပြင်ဘက်မှာသာ သိုလှောင်ထားသင့်ပါတယ်။ရင့်မှည့်လာမှ ပိုကြွပ် ရွဖို့ ရေခဲသေတ္တာထဲမှာ ခဏထားကာ သိုလှောင်စားသုံးနိုင်ပါတယ်။

၆။ပင်စည်ရိုးပျော့တဲ့ ဆေးဖက်ဝင်အပင်များ(HERBS)

ရေခဲသေတ္တာထဲထားရင် ပင်စည်ရိုးပျော့တဲ့ ဆေးဖက်ဝင်အပင်တွေက ညှိုးလွယ်ပါတယ်။
ရေဖြည့်ထားတဲ့ဖန်အိုးထဲထားတာ၊အဝတ်စိုနဲ့ အုပ်ထားတာက လတ်ဆတ်ပြီးစိမ်းလန်းနေစေပါတယ်။

၇။ဘယ်ရီသီးများ

လတ်ဆတ်တဲ့ ဘယ်ရီသီးတွေကို အခန်းအပူချိန်မှာထားစားတာ ပိုကောင်းပါတယ်။ ရေရှည်သိုလှောင်ဖို့လိုမှ ရေခဲသေတ္တာထဲထားပါ။ မှိုတက်တဲ့ဘယ်ရီသီးတွေ မစားမိစေဖို့ ရေခဲသေတ္တာထဲက ထုတ်စားတဲ့အခါ ရေဆေးစားဖို့ မမေ့ပါနဲ့။

၈။ကြက်သွန်နီ၊ကြက်သွန်ဖြူ

ကြက်သွန်နီကို သိုလှောင်ရန်အကောင်းဆုံးနည်းလမ်းက အေးတဲ့ မှောင်တဲ့ နေရာမှာ စက္ကူအိတ်ထဲထားကာ သိမ်းဆည်းပါ။ အာလူးနဲ့ ဝေးဝေးထားပါ။အာလူးက ကြက်သွန်နီကိုပုပ်စေနိုင်တဲ့ အစိုဓာတ်နဲ့ ဓာတ်ငွေ့တွေကိုထုတ်လွှတ်လေ့ရှိပါတယ်။
ရေခဲသေတ္တာရဲ့ အစိုဓာတ်က ကြက်သွန်နီကိုပျော့ပျောင်းစေပြီး မှိုတက်စေနိုင်ပါတယ်။
ရေခဲသေတ္တာထဲ ကြက်သွန်ဖြူထားရင် အနံ့၊အရသာ၊အထားခံတာတွေ လျော့နည်းစေပါတယ်။မှိုတက်စေနိုင်ပါတယ်။

၉။ပေါင်မုန့်

ရေခဲသေတ္တာထဲမှာ ပေါင်မုန့်ထားတာက ပေါင်မုန့်တွေ မြန်မြန်ခြောက်စေတာမို့ မထားသင့်ပါဘူး။
ပေါင်မုန့်ကိုအခန်းအပူချိန်မှာ လေးရက်အတွင်းသိမ်းပြီးစားကာ ကျန်တာတွေကိုအေးခဲထားနိုင်ပါတယ်။

၁၀။ပန်းငရုတ်

အနီရောင်၊ အစိမ်းရောင်၊ အဝါရောင်ငရုတ်သီး
တွေကို ရေခဲသေတ္တာထဲ သိမ်းတာထက် စက္ကူအိတ်ထဲထည့်ကာ ပြင်ပအေးတဲ့နေရာမှာ ထားသင့်ပါတယ်။

၁၁။ဆီများ
ဆီတွေကို ရေခဲသေတ္တာထဲထားရင် ခဲတတ်ပါတယ်။
ဆီတွေကို အေးပြီးမှောင်တဲ့နေရာမှာ သိုလှောင်ထားသင့်ပါတယ်။

၁၂။ဖရဲသီး

ပုံမှန်အားဖြင့် ဖရဲသီးက ရေခဲသေတ္တာအပြင်ဘက်
အခန်းအပူချိန်မှာထားတာသာ အကောင်းဆုံးပါ။ရေခဲသေတ္တာထဲ ထည့်သိမ်းထားရင် အရသာပျက်တတ်ပါတယ်။ဒါပေမဲ့ ဖရဲသီးလှီးပြီး မစားဖြစ်သေးရင်
ရေခဲသေတ္တာထဲမှာသုံးလေးရက်ခန့် သိမ်းထားကာ စားလို့ရပါတယ်။

၁၃။ဆားရည် စိမ်ထားတဲ့ ဟင်းသီးဟင်းရွက်များ၊လက်လုပ်ချဉ်များ

ကြာရှည်ခံအောင် ဆားစိမ်ထားတဲ့ အချဉ်တွေက ရေခဲသေတ္တာအပြင်ဘက်မှာထားတာ ပိုကောင်းပါတယ်။

၁၄။ငရုတ်ဆော့
ငရုတ်တော့ဟာ အထားတာရှည်ခံတဲ့ ပစ္စည်းမို့ ရေခဲသေတ္တာထဲ သိမ်းဖို့ မလိုအပ်ပါဘူး။

၁၅။ကော်ဖီ

ရေခဲသေတ္တာထဲက အစိုဓာတ်က ကော်ဖီရဲ့ အနံ့၊အရသာကို နည်းပါးစေတာမို့ လေလုံတဲ့အိတ်ထဲထားသိမ်းသင့်ပါတယ်။

၁၆။ပဲငံပြာရည်

ငါးငံပြာရည်၊ပဲငံပြာရည်တွေက ဆားနဲ့ အချဉ်​ဖောက်ထားတာမို့ တစ်နှစ်ထိ အပြင်မှာ ထားသုံးလို့ ရပါတယ်။တစ်နှစ်ထက်ပိုမထားရင် ရေခဲသေတ္တာထဲ
ထားရန်မလိုအပ်ပါ။

၁၇။ဆီနဲ့ရှာလကာရည် နှောထားတဲ့ အသုပ်သုပ်ရန် စားမြိန်ရည်(salad dressing)

ခရင်မ်၊ ဒိန်ချဉ် ၊Mayo ကို အခြေခံထားတဲ့ အသုပ်သုပ်တဲ့ စားမြိန်ရည်တွေက
ရေခဲသေတ္တာထဲမှာသိမ်းထားသင့်ပေမယ့် ဆီနဲ့ရှာလကာရည် နှောထားတဲ့ အသုပ်သုပ်ရန် စားမြိန်ရည်ကတော့ ပြင်ပမှာပဲ ထားသင့်ပါတယ်။

၁၈။အခွံမာသီးနဲ့ သစ်သီးခြောက်များ

အခွံမာသီးတွေက ရေခဲသေတ္တာထဲရှိတဲ့ တခြားအနံ့များကိုလည်းစုပ်ယူနိုင်သလို အရသာပြောင်းတတ်တာမို့ လေလုံတဲ့ အိတ်ထဲထည့်ကာ အပြင်မှာ သိမ်းသင့်ပါတယ်။သစ်သီးခြောက်တွေကိုလည်း ရေခဲသေတ္တာထဲ ထည့်သိမ်းဖို့ မလိုအပ်ပါဘူး။

၁၉​။ Cereal(အနှံအစေ့)

အနှံအစေ့၊အုတ်ဂျုံတွေကို အပြင်မှာထားတာ ပိုသင့်တော်ပါတယ်။

၂၀။ ယို၊မြေပဲထောပတ်ယို

ယိုနဲ့ဂျယ်လီတွေဟာ တာကြာရှည်ခံအောင် ပြုလုပ်ထားတာမို့ ဖွင့်ပြီးနောက် အပြင်မှာပဲ ထားလို့ရပါတယ်။အေးပြီး မှောင်တဲ့နေရာမှာ ထားတာက မြေပထောပတ်ယိုကို ပိုမိုကောင်းမွန်စေပါတယ်။

၂၁။အာလူး

ရေခဲသေတ္တာထဲက အအေးဓာတ်က အာလူးရဲ့ အရသာကိုဆိုးရွားစွာထိခိုက်စေတာမို့ အာလူးကို စက္ကူအိတ်တွေထဲတွင်ထားကာ အပြင်မှာ သိမ်းတာက အကောင်းဆုံးပါ။ပလတ်စတစ်အိတ်ထဲထည့်ထားရင် အစိုဓာတ်ကိုမြှင့်တင်ပေးပြီး ပျက်စီးယိုယွင်းမှုကိုမြန်စေပါတယ်။

၂၂။ခရမ်းချဉ်သီး၊ခရမ်းသီး

ရေခဲသေတ္တာရဲ့ အအေးဓာတ်က ခရမ်းချဉ်သီးတွေကိုမွဲခြောက်ခြောက်ဖြစ်တာမို့ အပြင်မှာပဲထားသင့်ပါတယ် ။

၂၃။ငါးသတျတောဘူး၊အသားဘူးမွား

ကြာရှည်ခံအောင်လုပ်ထားတဲ့ သံဘူးတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းစရာ မလိုပါဘူး။

၂၄။ရွှေဖရုံသီး

ဖရုံသီးတွေက နေရောင်ခြည်ကောင်းစွာရရှိဖို့လိုပါတယ်။ဒါမှ အခွံတင်းရင်းကာ လတ်ဆတ်စေပါတယ်။ဖရုံသီးကို ရေခဲသေတ္တာထဲထားတာက မြန်မြန်ရင့်ရော်စေတာမို့ ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ သိုလှောင်ထားသင့်ပါတယ်။

#ဟမ်စိုင်း(ဆေး-မန်း)

Address

မြို့မစျေးတောင်ဘက်၊ ကျန်စစ်သားလမ်း၊ အမှတ်(၄)ရပ်ကွက်၊ ကန့်ဘလူမြို့။
Kanbalu
02211

Telephone

+959776466496

Website

Alerts

Be the first to know and let us send you an email when Aung Thu Kha Hospital အောင်သုခဆေးရုံ ကန့်ဘလူမြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Thu Kha Hospital အောင်သုခဆေးရုံ ကန့်ဘလူမြို့:

Shortcuts

Share

Category