Thandar Bhone Sett

Thandar Bhone Sett Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thandar Bhone Sett, Astrologist & Psychic, Kyaikhto.

Tarot Baydin
ရတနာ ၃ပါးကို အမြဲဦးထိပ်ပန်ယုံကြည်ကိုးကွယ်ပါ၏။
သင့်ကံအကောင်းအဆိုး ဘယ်ဂြိုဟ်မှာရပ်တည်နေလဲ ရှောင်ရန် ဆောင်ရန် ‌သိချင်ရင် ဆရာမဆီမှာ ဗေဒင်လာမေးနိုင်ပြီ🌹
Kpay/Wavepay 09795403547
Hay Mar Soe
Telegram/Viber 09795403547
အာစရိယဂုဏံအဟံဝန်တာမိ🙏🙏🙏

19/08/2026

သိသူဖော်စား မသိသူကျော်သွား

19/08/2026

ငွေကြေးအပူသောက ရောက်နေသူများ ပြုလုပ်သင့်သော ယတြာ

18/08/2026

ငွေကြေးကံကောင်းစေရန်ယတြာ

18/08/2026

၇ရက်သားသမီးများအတွက် ကျန်းမာရေးယတြာ

11/08/2026

တနဂ်နွေ သားသမီးများ
အစစ အရာရာ ကံအထောက်အပံ့ ရစေရန်
ကော်ဖီနဲ့ကိတ်မုန့်ကို မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်အား လှူဒါန်းပြီး မိမိ၏ ဆန္ဒကို အဓိပတိ ဖြစ်အောင် စိတ်ညွှန့်ဆုတောင်းပါ။

နှင်းဆီက လူတိုင်း ယတြာအနေနဲ့ ဆောင်သင့်ပါသလား?????အဖြေက ရှင်းပါတယ် ❌ မဆောင်သင့်ပါ❌  ဆိုင်တစ်ဆိုင်မှာ မုန့်သွားစားတော့ ယတြ...
10/08/2026

နှင်းဆီက လူတိုင်း ယတြာအနေနဲ့ ဆောင်သင့်ပါသလား?????
အဖြေက ရှင်းပါတယ်
❌ မဆောင်သင့်ပါ❌

ဆိုင်တစ်ဆိုင်မှာ မုန့်သွားစားတော့
ယတြာအနေနဲ့
ဆိုင်ရဲ့ ဗီဒိုအပေါ်မှာ နှင်းဆီကို ဖန်ခွက်နဲ့ ထိုးထားပြီး ဖန်ခွက်အောက်မှာ ငွေတစ်သောင်းတန် ခေါက်ဖိထားတာ တွေ့လိုက်တယ်။
မြင်တိုင်း သိတိုင်း မပြောသင့်တာတွေ ရှိတော့ မပြောပဲ နေနေလိုက်တယ်။
ဒါပေမယ့် စားနေရင်း စကားစလာခဲ့တယ် သူများလုပ်တာ တွေ့လို့ သူများလုပ်ခိုင်းလို့ လုပ်ထားတာ အဆင်ပြေရဲ့လားဆိုပြီး ယတြာအကြောင်း မေးလာခဲ့တယ်။
အဖြေမပေးခင် မေးခွန်းပြန်ထုတ်ခဲ့တယ်
ဆိုင်က တခါခါ ရောင်းအားတအားထိုးကျတာတွေရှိတယ်။ ဆိုင်ဖြုတ်ချင်လောက်တဲ့ထိ ခဏ ခဏ တွေးတယ်။
ရောင်းရရင်လည်း ပင်ပန်းပြီး မလုပ်ချင်သလို မရောင်းရရင်လည်း စိတ်ကုန်လာတယ် ဟုတ်လားအမ❓
"အယ် ဟုတ်တယ်တဲ့ အဲ့လိုပဲ ဖြစ်နေတာတဲ့"
ကဲ အမ ဒါဆို အဲ့နှင်းဆီကို မတင်နဲ့အမ
လုပ်သင့်တာတွေ အကြံပေးခဲ့တယ်။
ယတြာက သူများ ပြောတိုင်း လိုက်မလုပ်သင့်ပါဘူး
အများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိ ဆိုသလို အဖြစ်မခံကြပါနဲ့။

အမည်ရှင်က မာယာ (အမည်လွှဲ)
ကြာသပတေး နံနဲ့စတယ်


၃ ဆီ
_ ၅ _


၀ နှင်း
သာစည် နဝင်းကြိုး ပြောင်းပြန်လှန် နေပါတယ်။
စီးပွားမဖြစ်ထွန်းပဲ အလွှဲ လွှဲ အချော်ချော်တွေ ဖြစ်နေပါသောကြောင့် ဆောင်ရန်မသင့်ပါ။

#အာစရိယဂုဏံ အဟံဝန္တာမိပါ
Bhone Sett (Mr Bhone 🙏)
#ကံအကျိုးပေးရကြပါစေ

လောကီပညာရပ်မှာ ရပ်တည်လာတာ ၃ နှစ်ကျော်လာခဲ့ပြီ ပညာတွေ ကြိုးစားသင်ယူပြီး အကျိုးပြုလူသားတစ်ယောက် ဖြစ်ခွင့်ရလို့ ဂုဏ်ယူမိတယ်...
08/08/2026

လောကီပညာရပ်မှာ ရပ်တည်လာတာ ၃ နှစ်ကျော်လာခဲ့ပြီ ပညာတွေ ကြိုးစားသင်ယူပြီး အကျိုးပြုလူသားတစ်ယောက် ဖြစ်ခွင့်ရလို့ ဂုဏ်ယူမိတယ်။
ဆရာကြီးရဲ့ လက်ရေးမူ မှတ်ချက်လေးကလည်း မြစ်ကြီးနားကနေ လာနေပြီ။
ဆရာကြီးက သမီးပညာပါရမီပါတယ် ဆက်ကြိုးစားပါလို့ တိုက်တွန်းတယ်။အကောင်းဆုံးကြိုးစားသွားပါ့မယ်လို့ ကတိပေးပါတယ်။
ဆရာလွှမ်းဘုန်းဆက်ကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။ဆရာကြီးသင်တန်းစတက်တော့ လောကီပညာနဲ့ စိမ်းတဲ့ ကျွန်မ အခက်အခဲတွေမှ အများကြီးပါ။ဆရာရဲ့ သင်ပြပေးမှု လမ်းညွှန်မှုတွေကြောင့် ခုချိန်ထိရပ်တည်လာနိုင်တာပါ။🙏🙏🙏
ဆက်ကြိုးစားပါမည်။
Bhone Sett

ငွေကြေးကံ ကောင်းလာစေရန်ပျားရည်ဆွမ်း လှူပေးပါ။ကြာသပတေးနံနက် ၆နာရီမှ ၇နာရီခွဲ အတွင်း မိမိတို့၏စားဦး စားဖျားကို မြတ်စွာဘုရာ...
03/06/2026

ငွေကြေးကံ ကောင်းလာစေရန်

ပျားရည်ဆွမ်း လှူပေးပါ။

ကြာသပတေးနံနက် ၆နာရီမှ ၇နာရီခွဲ အတွင်း
မိမိတို့၏စားဦး စားဖျားကို
မြတ်စွာဘုရားရှင်အား လှူဒါန်းရန် ဆွမ်းဦးပေါင်း တစ်ပန်းကန် ခူးခပ်လိုက်ပါ။

ဆွမ်းပန်းကန်ထဲသို့ ပျားရည် ၃စွန်းလောင်းထည့်ကာ ငွေကြေး အဆင်ပြေပါစေ၊ငွေကံကောင်းပါစေကြောင်း ဆုတောင်းပေးပါ။

"ဒိဝါတပတိ " ဂါထာတော်ကို ၃၇ ခေါက် ရွတ်ပွား ပူဇော်ပါ။

ပြန်စွန့်သော ဆွမ်းကို ကလေး (သို့) ကျေးငှက် များကို စွန့်ကျွေးပေးပါ။

#ကံအထိုက်အလျောက်ရကြပါစေ🙏

#မိမိစေတနာနဲ့သဒ္ဒါတရားအတိုင်းအကျိုးခံစားရပါမည်
#အာစရိယဂုဏံအဟံဝန္တာမိ🙏🙏🙏
Bhone Sett (Mr Bhone 🙏)

စီးပွားတိုးတက်စေသော ယတြာမိမိမွေး‌နံ၏ ဂဟပတိဂြိုဟ်တွင် အညွန့်ပန်း လှူပေးပါ။ယတြာပြုခြင်းသည် မိမိ၏ ကံကို အထောက်အပံ့ရစေရန် မြ...
26/05/2026

စီးပွားတိုးတက်စေသော ယတြာ

မိမိမွေး‌နံ၏ ဂဟပတိဂြိုဟ်တွင် အညွန့်ပန်း လှူပေးပါ။

ယတြာပြုခြင်းသည် မိမိ၏ ကံကို အထောက်အပံ့ရစေရန် မြှင့်ပေးခြင်းသာ ဖြစ်သည်။

ကံ ကံ၏အကျိုးကြောင့် မိမိစေတနာ သဒ္ဒါတရားအလျောက် အကျိုးပေးပါလိမ့်မည်။

ဆရာ့ဆရာများ၏ ကျေးဇူးကြောင့် တတ်သိသော ပညာကို မိမိ၏ မိတ်ဆွေများ အကျိုးဖြစ်ထွန်းစေရန် အတွက် ရည်ရွယ်ပါသည်။

ဂြိုဟ် (၈) ခွင် ဘုရားတွင် အ ဂါဝရ မဖြစ်စေရန် ၃ပတ်ပတ်ပါ။

မိမိ၏ဂဟပတိဂြိုဟ်ထောင့်တွင် သောက်တော်ရေချမ်း၊အမွှေးနံ့သာတိုင်၊အလင်းတိုင်နှင့် မိမိလှူရမည့် အညွန့်ပန်း ပူဇော်ပါ။
(‌လှူရမည့်‌ဂြိုဟ်ထောင့်နဲ့ လှူရမည့်အညွန့်ပန်း အောက်တွင် ဖော်ပြပေးထားပါသည်။)

တနဂ်နွေသားသမီးများ
စနေဂြိုဟ်‌ေထာင့်တွင် ကံ့ကော် ၁၅ ညွန့်လှူပေးပါ။

တနလ်ာ သားသမီးများ
ကြာသပတေး ဂြိုဟ်‌ေထာင့်တွင် ဇော်စိမ်း ၈ ညွန့် လှူပေးပါ။

အဂ်ါသားသမီးများ
ရာဟုဂြိုဟ်‌ေထာင့်တွင် ရွက်လှ ‌၁၇ ရွက်လှူပေးပါ။

ဗုဒ္ဓဟူးသားသမီးများ
သောကြာဂြိုဟ်‌ေထာင့်တွင် မေမြို့ /ပန်းဖြူ ၁၉ပွင့်လှူပေးပါ။

ရာဟုသားသမီးများ
အဂ်ါ ဂြိုဟ်တောင့်တွင် ပန်းဖြူ ၁၉ ပွင့် လှူပေးပါ။

ကြာသပတေးသားသမီးများ
တနလ်ာဂြိုဟ်‌ေထာင့်တွင် သီဟိုဠ် ၂၁ ရွက် လှူပေးပါ။

သောကြာသားသမီးများ
ဗုဒ္ဓဟူးဂြိုဟ်ထောင့်တွင် ထန်း ၁၀ ညွန့် လှူပေးပါ။

စနေသားသမီးများ
တနဂ်နွေဂြိုဟ်ထောင့်တွင် အုန်း ၆ ညွန့်လှူပေးပါ။

ဤယတြာကို ယုံကြည်မှုရှိရှိနှင့် မကြာ မကြာ ပြုလုပ်ပေးပါက မိမိ၏ကောင်းကျိုး ကောင်းကံ များရလာစေပြ စီးပွားတိုးတက်စေပါလိမ့်မည်။
#မိမိစေတနာနဲ့သဒ္ဒါတရားအတိုင်းအကျိုးခံစားရပါမည်
#ကောင်းကျိုးလိုအင်ဆန္ဒပြည့်ဝကြပါစေ
#ကံအထောက်အပံ့ရကြပါစေ
#အပူသောကများကင်းဝေးနိုင်ကြပါစေ
#အာစရိယဂုဏံအဟံဝန္တာမိ
Bhone 🙏 🙏 🙏
🍀🌹
#ဗေဒင်မေးလိုပါက မွေးသက္ကရာဇ်အပြည့်အစုံပို့ထားပေးပါ။

ဆက်လက်ကြိုးစားဖို့ ခွန်အား💪👍ဘဝရဲ့မှတ်တိုင်👍
13/05/2026

ဆက်လက်ကြိုးစားဖို့ ခွန်အား💪👍
ဘဝရဲ့မှတ်တိုင်👍

Address

Kyaikhto

Telephone

+959795403547

Website

Alerts

Be the first to know and let us send you an email when Thandar Bhone Sett posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thandar Bhone Sett:

Shortcuts

Share