ဇီဝက ဆေးခန်း - သံရွာ

ဇီဝက ဆေးခန်း - သံရွာ Medical service

နာမကျန်းသောသူကို
ပြုစုလုပ်ကျွေးခြင်းသည်ပင်လျှင်
ငါဘုရားကို ပြုစုလုပ်ကျွေးခြင်း မည်ပါပေ၏
~ ဗုဒ္ဓ

သံရွာတိုက်နယ်နှင့် အနီးတဝိုက်ရှိ လုပ်ငန်းခွင်ဝင်ရန်ပြင်ဆင်ချင်သော လူငယ်များအတွက်သူနာပြုအကူသင်တန်းနှင့် ဆေးဝါးကျွမ်းကျင်အ...
12/07/2026

သံရွာတိုက်နယ်နှင့် အနီးတဝိုက်ရှိ လုပ်ငန်းခွင်ဝင်ရန်ပြင်ဆင်ချင်သော လူငယ်များအတွက်
သူနာပြုအကူသင်တန်းနှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်းများကို
"ဇီဝက ဆေးခန်း - သံရွာ"တွင် ဆရာဝန်များကိုယ်တိုင် လေ့ကျင့်သင်ကြားပေးမည် ဖြစ်ပါသည်။

⛳ ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ❓

▪️အတန်းပညာရေးစနစ်(ဟောင်း)၈တန်း/(သစ်)G10ထိ အောင်မြင်ထားသူများ
▪️ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်တွေမှာ အလုပ်လုပ်ချင်သူများ
▪️ကိုယ်ပိုင်ဆေးဆိုင်ဖွင့်လှစ်ရန် အစီအစဉ်ရှိသူများ
▪️ပြည်တွင်းပြည်ပမှာ Caregiver/ Homecare လုပ်ချင်သူများ
▪️ကိုယ်တိုင်နဲ့ မိသားစုအတွက် ကျန်းမာရေးစောင့်ရှောက်ဖို့
▪️ဘဝအတွက် ခိုင်မာတဲ့ အတတ်ပညာတစ်ခုကို
အခြေခံကစပြီး သင်ယူချင်သူများ

🧑‍⚕️ ဘာကြောင့် ဒီသင်တန်းကို တက်သင့်တာလဲ❓
▫️စာတွေ့+လက်တွေ့ သင်ခန်းစာများပါဝင်ခြင်း
▫️သင်ထောက်ကူပစ္စည်းများ ထားရှိပေးခြင်း
▫️ဆရာဝန်များကိုယ်တိုင် သင်ကြားပို့ချပေးခြင်း
▫️အ‌ခြေခံမှ လုပ်ငန်းခွင်အတွေ့အကြုံအထိ စနစ်တကျသင်ယူရခြင်း
▫️လက်တွေ့အသုံးချ General English စာ Trainingပေးခြင်း
▫️မိမိနေထိုင်ရာ သံရွာတိုက်နယ်အတွင်းမှာတင်ဖြစ်၍ သွားလာရေးလွယ်ကူခြင်း
▫️သင်တန်း‌ပြီးဆုံးပါက အလုပ်အကိုင်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးခြင်း

🎯 Quality Control ကြောင့် လူဦးရေ ကန့်သတ်ထားလို့ အမြန်ဆုံးစာရင်းပေးသွင်းကြပါနော်!

📅 July 23 ရက် (ကြာသပတေးနေ့) သင်တန်းစတင်ပါမည်။

⏳ သင်တန်းကာလ - ၃ လ (စာတွေ့+လက်တွေ့)

⏰ သင်တန်းချိန် - မနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီထိ

💸 သင်တန်းကြေး -
🩺သူနာပြုအကူသင်တန်း = ၃၀၀,၀၀၀ ကျပ်
💊ဆေးဝါးကျွမ်းကျင်အကူသင်တန်း = ၃၀၀,၀၀၀ ကျပ်

🎁 Special Offer အနေဖြင့် သင်တန်း(၂)ခုစလုံး တက်ရောက်မည့်သူတိုင်းအား
၅၀,၀၀၀ ကျပ် Discount ပေးမည့်အပြင်
သင်တန်းကြေးစုစုပေါင်းကို အရစ်ကျခွဲသွင်းနိုင်ရန်လည်း စီစဉ်ထားပါသည်။

🔎 သင်တန်းအသေးစိတ်ကို သင်တန်းသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနှင့်ဖြစ်စေ
လာရောက်ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါသည်။

📍 သင်တန်းတည်နေရာ - "ဇီဝက"အထွေထွေရောဂါကုဆေးခန်း၊ သံရွာ_ဈေးတန်းရပ်၊ ကျောက်ဆည်မြို့နယ်။

☎️ သင်တန်းဖုန်းနံပါတ် - 09253497050 , 09799648850

📲 TikTok Link - https://tiktok.com/.clinic

#ဇီဝကဆေးခန်း #သံရွာ #သူနာပြုအကူသင်တန်း #ဆေးဝါးကျွမ်းကျင်အကူသင်တန်း

မင်္ဂလာရှိ‌‌သော မြန်မာနှစ်သစ်ကူးအခါသမယမှာ ‌ကျန်းမာရွှင်လန်းစွာဖြင့် လုပ်ငန်းစီးပွားတိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင...
12/04/2026

မင်္ဂလာရှိ‌‌သော မြန်မာနှစ်သစ်ကူးအခါသမယမှာ ‌ကျန်းမာရွှင်လန်းစွာဖြင့် လုပ်ငန်းစီးပွားတိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါရစေရှင့်။ ။ 🙏🌊
> ကျွန်မတို့ ဇီဝက ဆေးခန်း - သံရွာ သည် သင်္ကြန်တွင်း အကြို၊ အကျ၊ အကြတ်၊ အတက် (၄)ရက်စလုံး ဆေးခန်းဖွင့်လှစ်ထားပါမည်ရှင့်။ နှစ်ဆန်း ၁ရက်နေ့ ၁ရက်ဆေးခန်းပိတ်ပါမည်။
> သင်္ကြန်အခါတွင်းတွင် ဆေးခန်းမှ သွေးတိုးဝေဒနာရှင်လူနာဟောင်းများနှင့် ပြလက်စလူနာများအတွက် ဆေးဝါးဒါနအလှူအဖြစ် ‌ပုံမှန်သောက်သုံးရမည့် သွေးတိုးကျဆေး (၁လစာ) လှူဒါန်းပေးမည်ဖြစ်ပါ‌ကြောင်း သတင်းကောင်းပါးပါရစေရှင့်။ ။ {‌ မိမိတို့၏ လူနာမှတ်တမ်းစာအုပ်များ ယူခဲ့ပေးပါရန် }

18/03/2026

ဇီဝက ဆေးခန်း - သံရွာ မှ ပုံမှန်အပတ်စဉ် တနဂ်နွေနေ့တိုင်း စမ်းသပ်ရိုက်ကူးပေးသည့် တီဗွီ(Ultrasound)ဓာတ်မှန်ကို ယခုအပါတ်အတွက် လာမည့် တနဂ်နွေနေ့အစား သန်ဘက်ခါ သောကြာနေ့ " 20-3-2026 "ရက်နေ့တွင် ဓာတ်မှန်အထူးကုဆရာဝန်ကြီးဖြင့် စမ်းသပ်ကုသမှုပေးမည် ဖြစ်ပါသည်။

ဆက်သွယ်စာရင်းပေးသွင်းရန် ဆေးခန်းဖုန်းနံပါတ်များ =
09 421451557 , 09988105061

2026 အပတ်စဥ် (2)သူနာပြုအကူ နှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်း မကြာမှီပြန်လည်ဖွင့်လှစ်ပါတောမည်ရှင့်
03/01/2026

2026 အပတ်စဥ် (2)သူနာပြုအကူ နှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်း မကြာမှီပြန်လည်ဖွင့်လှစ်ပါတောမည်ရှင့်

Check out Kyu Thin’s video.

ကျွန်မတို့ သံရွာ - ဇီဝကဆေးခန်းမှသင်္ကြန်နှစ်သစ်ကူးအခါတွင်းကြို၊ကျ၊ကြတ်၊တက် (၄)ရက်စလုံးပိတ်ရက်မရှိ ဖွင့်လှစ်လျက်ကျန်းမာရေ...
12/04/2025

ကျွန်မတို့ သံရွာ - ဇီဝကဆေးခန်းမှ
သင်္ကြန်နှစ်သစ်ကူးအခါတွင်း
ကြို၊ကျ၊ကြတ်၊တက် (၄)ရက်စလုံး
ပိတ်ရက်မရှိ ဖွင့်လှစ်လျက်
ကျန်းမာရေးဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း
သတင်းကောင်းပါးအပ်ပါတယ်ရှင့် 🙏

Address

Kyaukse

Telephone

+959793047219

Website

Alerts

Be the first to know and let us send you an email when ဇီဝက ဆေးခန်း - သံရွာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဇီဝက ဆေးခန်း - သံရွာ:

Shortcuts

Share

Category