Linn Hospital Kyaukse

Linn Hospital Kyaukse Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Linn Hospital Kyaukse, Hospital, စည်ပင်ရုံးအနီး၊ အောက်ချိုင်းရပ်, Kyaukse.

ယနေ့၊ မေလ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်တွင် "လင်းဆေးရုံ" ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်မီးငြိမ်းသတ်ရေးဆိုင်ရာ သရု...
27/05/2026

ယနေ့၊ မေလ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်တွင် "လင်းဆေးရုံ" ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်မီးငြိမ်းသတ်ရေးဆိုင်ရာ သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု (Fire Drill) ကို အောင်မြင်စွာ ပြုလုပ်ခဲ့ပါတယ်။

ယခုလေ့ကျင့်မှုတွင် ဆေးရုံဝန်ထမ်းများအားလုံးမှ တက်ကြွစွာ အတူတကွ ပူးပေါင်းပါဝင် လေ့ကျင့်ခဲ့ကြပါတယ်။

23/05/2026

လင်းဆေးရုံ ကျောက်ဆည် တွင် ဝန်ထမ်း အမြန်အလိုရှိသည်။

၁။ ရာထူး- Receptionist (ဧည့်ကြိုဝန်ထမ်း) (မ ၂ ယောက်)

အဓိက လုပ်ငန်းတာဝန်များ:

ဆေးရုံသို့ ကြွရောက်လာသော ဆရာဝန်ကြီးများ၊ လူနာများနှင့် လူနာရှင်များအား ဆေးရုံအပေါက်ဝမှ ပျူငှာစွာ ဆီးကြိုခြင်း။

လာရောက်ပြသသော လူနာများအား သက်ဆိုင်ရာ ပြင်ပလူနာဌာန၊ ကောင်တာများနှင့် အခန်းများသို့ လမ်းညွှန်ပေးခြင်းနှင့် ကိုယ်တိုင် လိုက်လံပို့ဆောင်ပေးခြင်း။

စိတ်ရှည်သည်းခံနိုင်သူ၊ အလုပ်အပေါ် တာဝန်ယူမှုရှိပြီး တက်ကြွရွှင်လန်းသူ ၊ အကောင်းမြင်စိတ်ရှိသူဖြစ်ရမည်။

ဆေးရုံသို့ ဖုန်းဆက်၍ ဆရာဝန်များနှင့် ပြသရန် Booking (ကြိုတင်ရက်ချိန်း) ယူခြင်းများကို လိမ္မာယဉ်ကျေးစွာ ပြန်လည်ဖြေကြားပြီး စနစ်တကျ စာရင်းသွင်း လက်ခံပေးခြင်း။

ဆေးရုံဝင်ပေါက်ဝဝန်းကျင်ကို အမြဲ သပ်ရပ်သန့်ရှင်းပြီး စနစ်တကျ ရှိနေအောင် ကြီးကြပ်ခြင်း။

၂။ ရာထူး - Customer Service (မ ၂ ယောက်)

အဓိက လုပ်ငန်းတာဝန်များ:

ဆေးရုံတွင် စောင့်ဆိုင်းနေသော လူနာများနှင့် လူနာရှင်များ စိတ်အေးချမ်းသာစွာ အနားယူနိုင်ရန် စကားပြောဆို အားပေးခြင်းနှင့် လိုအပ်သည်များကို မေးမြန်းဂရုစိုက်ပေးခြင်း။

လူနာများ ဆေးရုံတွင် နေထိုင်စဉ်အတွင်းသက်သောင့်သက်သာ ရှိစေရေးတို့အတွက် တာဝန်ယူ ဆောင်ရွက်ပေးခြင်း။

လူနာများ၏ လိုအပ်ချက်၊ အခက်အခဲများကို စိတ်ရှည်ရိုသေစွာ နားထောင်ပေးပြီး သက်ဆိုင်ရာ ထံ ချက်ချင်း တင်ပြဖြေရှင်းပေးခြင်း။

လူနာများ စိတ်ချမ်းသာစေရန် ဖော်ရွေသော ဝန်ဆောင်မှု ပေးခြင်း။

✅ လျှောက်ထားသူများတွင် ရှိရမည့် အရည်အချင်းများ (အထူး လိုအပ်ချက်)

အသက် (၁၈) နှစ်မှ (၃၀) နှစ်အတွင်း ရှိသူ

***အများနဲ့ ဆက်ဆံရမှာ ဖြစ်တဲ့အတွက် အပြောအဆို ယဉ်ကျေးချိုသာပြီး ရုပ်ရည် အသင့်အတင့်ရှိသူ ဖြစ်ရမည်။***

စိတ်ရှည်သည်းခံနိုင်သူ၊ အလုပ်အပေါ် တာဝန်ယူမှုရှိပြီး တက်ကြွရွှင်လန်းသူ ၊ အကောင်းမြင်စိတ်ရှိသူဖြစ်ရမည်။

(Customer Service ပိုင်း သို့မဟုတ် ဧည့်ကြိုပိုင်း လုပ်သက်အတွေ့အကြုံ ရှိသူများကို ဦးစားပေး စဉ်းစားမည်။)

✅ ရရှိမည့် အကျိုးခံစားခွင့်များ

အခြေခံလစာ + ရက်မှန်ကြေး + ဆေးရုံ၏ သတ်မှတ်ချက်အတိုင်း စွမ်းဆောင်ရည်အလိုက် Bonus (အပိုဆုကြေး) ခံစားခွင့် စသဖြင့် ရရှိမည်။

စိတ်ပါဝင်စားသူများသည် မိမိတို့၏ ကိုယ်ရေးအကျဉ်း (CV Form)၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ၊ ရဲစခန်းထောက်ခံချက်၊ လိုင်စင် ဓာတ်ပုံ
တို့ နှင့်အတူ အောက်ပါလိပ်စာ သို့ ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

📍 ဆက်သွယ်ရန်လိပ်စာ: လင်းဆေးရုံ၊ ဆူးကုန်းတံတားအရှေ့ထိပ်၊ စည်ပင်ရုံးအနီး၊ ကျောက်ဆည်မြို့။

လူနာတိုင်းအတွက် စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ဖို့"အရည်အသွေးမြင့် ကုသမှု၊ စိတ်ချရသော ခွဲစိတ်ခန်း” စံချိန်စံညွှန်းမီတဲ...
12/05/2026

လူနာတိုင်းအတွက် စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ဖို့

"အရည်အသွေးမြင့် ကုသမှု၊ စိတ်ချရသော ခွဲစိတ်ခန်း”

စံချိန်စံညွှန်းမီတဲ့ ခွဲစိတ်ခန်းသုံး ပစ္စည်းကိရိယာတွေနဲ့အတူ လူနာတွေအတွက် အကောင်းဆုံးသော စောင့်ရှောက်မှုကို လင်းဆေးရုံမှာ ရရှိနိုင်ပါတယ်။

✅ စနစ်ကျသော ခွဲစိတ်ခန်းပြင်ဆင်မှု

✅ ခေတ်မှီ စက်ကိရိယာကြီးများ

✅ ကျွမ်းကျင်သော အထူးကုဆရာဝန်ကြီးများနှင့်

✅ ထူးကဲသော ဂရုစိုက်မှု တို့ကို ရရှိနိုင်သော ဆေးရုံတစ်ခုဖြစ်ပါတယ်။

🔹လင်းဆေးရုံ၊ ကျောက်ဆည်မြို့။

🔹09 973 4444 63, 09 9621 99487

နှစ်ဆန်း တစ်ရက်နေ့ ပရိတ်တရားတော် မင်္ဂလာ
17/04/2026

နှစ်ဆန်း တစ်ရက်နေ့ ပရိတ်တရားတော် မင်္ဂလာ

14/04/2026

လမ်းဘေးစာ စားတိုင်းကျန်းမာရေးနဲ့ မညီညွတ်‌တော့ဖူးလား?💁🏻‍♀️🍔

ဒီနေ့ခေတ်မှာ စားချင်စရာ Street food တွေကလဲများတော့ စားလဲစားချင်တယ်၊ကျန်းမာရေးလဲ မထိခိုက်ချင်ဖူး ဟုတ်တယ်ဟုတ်။

ဒါဆို ဘယ်လိုရွေးပြီးစားကြမလဲ?

🥗အာဟာရပြည့်အောင်ပါလား?

ဥပမာ- မုန့်ဟင်းခါးလို ငါးရဲ့ အသားဓာတ်၊ မုန့်ဟင်းခါးဖတ်ရဲ့ ကစီဓာတ်
ပါတာမျိုးကို စားမယ်။

💧သန့်သန့်ရှင်းရှင်းရှိရဲ့လား?

အစားအသောက်တွေကို ယင် မနားအောင် သေချာအုပ်ထားရဲ့လား၊ သန့်တဲ့ ရေနဲ့ ပစ္စည်းတွေသုံးရဲ့လားကိုကြည့်မယ်။

👩🏻‍🍳လတ်လတ်ဆတ်ဆတ် ချက်ထားတာလား?

ဘယ်တုန်းက ချက်ထားမှန်းမသိတာထက် ပူပူနွေးနွေးချက်ထားတာကို စားမယ်။

တန်ဆေးလွန်ဘေးဆိုသလို လမ်းဘေးစာက အမြဲစားလို့ မသင့်ဖူးဆိုတာသိကြတယ်ဟုတ်။

🥘မသန့်တဲ့ ဆီအဟောင်းကို ပြန်သုံးထားတဲ့ ဆီကြော်တွေ၊ အငံအစပ်နဲ့ သကြားဓာတ် များတာတွေက ရေရှည်မှာ ရောဂါတွေဖြစ်စေနိုင်လို့ပါ။

ဒီတော့ လမ်းဘေးစာစားမယ်ဆို သေချာလေးရွေးစားမယ်၊ အမြဲတမ်းလဲ မစားဖူးဆို ကျန်းမာရေးကို မထိခိုက်နိုင်ပါဖူးရှင့်။

ခေါက်ဆွဲခြောက်တွေဘာလို့မစားသင့်ဖူးပြောကြတာလဲ?အဓိက ခေါက်ဆွဲထုတ်ထဲက တာရှည်ခံခေါက်ဆွဲနဲ့ ဆား၊အချိုမှုန့်နဲ့ သကြားဓာတ်တွေ အမ...
12/04/2026

ခေါက်ဆွဲခြောက်တွေဘာလို့မစားသင့်ဖူးပြောကြတာလဲ?

အဓိက ခေါက်ဆွဲထုတ်ထဲက တာရှည်ခံခေါက်ဆွဲနဲ့ ဆား၊အချိုမှုန့်နဲ့ သကြားဓာတ်တွေ အများကြီးပါတဲ့ အရသာမှုန့်တွေကြောင့်ပါ။

ပြီးတော့ ကစီဓာတ်အများကြီးပါပြီး တခြားအသားဓာတ်နဲ့ ဗီတာမင်ဓာတ်တွေမပါလို့ နေ့တိုင်းစားရင် အာဟာရချို့တဲ့စေပါတယ်။

တာရှည်ခံ‌အောင်လုပ်ထားလို့ ရိုးရိုးခေါက်ဆွဲကြော်ထက်လဲ အစာကြေနိုင်ဖို့ခက်ခဲပါတယ်။

ခေါက်ဆွဲထုပ်ကို ဘာလို့စားပြီးရင်းစားချင်တာလဲ?

အရသာရှိလို့ပါ။ ဟုတ်ပါတယ် အသင့်စားခေါက်ဆွဲရဲ့ အငံဓာတ်နဲ့ အဆီဓာတ်တွေကြောင့် ထပ်စားချင်နေတာပါ။

မဖြစ်မနေစားရမယ်ဆိုရင်ရော?

အာဟာရမျှတအောင် အသားဓာတ်အတွက် ကြက်ဥ၊အသားထည့်တာ၊ ဗီတာမင်ဓာတ်အတွက် ဟင်းသီးဟင်းရွက်တွေထည့်ပြီး စားနိုင်ပါတယ်။

အသင့်စား ခေါက်ဆွဲတွေက တခါတလေစားရင် ကိစ္စမရှိပေမဲ့ နေ့တိုင်းစားရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်စေတယ်ဆိုတာ ထပ်သတိပေးလိုက်ပါရစေရှင့်။


Crd images to the owner

ကျန်းမာချင်ရင် နေရောင်ခြည်ရဖို့လဲလိုပါတယ်တဲ့!!☀️ဘာလို့ နေရောင်ခြည်ဓာတ်က အရေးကြီးပါလိမ့်?UVB ray လို့ခေါ်တဲ့ နေရောင်ခြည်က...
09/04/2026

ကျန်းမာချင်ရင် နေရောင်ခြည်ရဖို့လဲလိုပါတယ်တဲ့!!

☀️ဘာလို့ နေရောင်ခြည်ဓာတ်က အရေးကြီးပါလိမ့်?

UVB ray လို့ခေါ်တဲ့ နေရောင်ခြည်က အသားအရေကိုထိလိုက်ရင် Vitamin D ဓာတ်ထုတ်ပေးပါတယ်။

🦴Vitamin D က ခန္ဓာကိုယ်မှာရှိတဲ့ အရိုးအဆစ်နဲ့ ကိုယ်ခံအားအပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ ‌ကောင်းစေပါတယ်။

🙍🏼‍♀️တကယ်လို့ နေရောင်ကနေ Vitamin D မရရင် အရိုးအဆစ်ပြသနာနဲ့ ကိုယ်ခံအားနည်းတာတွေဖြစ်‌လာမှာပါ။

ပြီးတော့ နေရောင်က “Serotonin” လို့ခေါ်တဲ့ စိတ်ကိုပျော်စေတဲ့ ဟော်မုန်းကိုလဲ များအောင်လုပ်ပေးပါသေးတယ်တဲ့။

🏔️အနောက်နိုင်ငံတွေမှာဆို Polar night လို့ခေါ်တဲ့ နေရောင်မမြင်ရတဲ့ ရာသီဆို စိတ်ဓာတ်ကျတာ၊ ကိုယ်ခံအားကျတာတွေဖြစ်လို့ Vitamin D ၊ငါးကြီးဆီတို့ကိုတောင် သောက်‌ပေးရပါတယ်။

🛑နေရောင်ရဲ့ ခရမ်းလွန်ရောင်ခြည်က အသားအရေကို ထိခိုက်စေလို့ နေရောင်အလွံအကျွံခံရင်လဲ အန္တရာယ်များပါတယ်။

ဒီတော့ မနက်စောစော နေရောင်ခြည်ကို ၁၀ မိနစ်၊မိနစ် ၂၀ လောက် ခံပေးရင် လုံလောက်ပါပြီနော်။

#နေရောင်ခြည်

၀က်ခြံတွေ တအားထွက်တယ် ရာသီလဲမှန်မှန်မလာဖူး ဆိုတဲ့ ပြသနာတွေကြုံနေကြလား ကောင်မလေးတို့ရေ?ဒီလိုပြသနာတွေဖြစ်နေပြီဆို PCOSဆိုတ...
02/04/2026

၀က်ခြံတွေ တအားထွက်တယ် ရာသီလဲမှန်မှန်မလာဖူး ဆိုတဲ့ ပြသနာတွေကြုံနေကြလား ကောင်မလေးတို့ရေ?

ဒီလိုပြသနာတွေဖြစ်နေပြီဆို PCOS
ဆိုတဲ့ ဟော်မုန်းမညီမျှတဲ့ ပြသနာကြောင့်လဲဖြစ်နိုင်ပါတယ်။

PCOS ရဲ့ အဓိက လက္ခဏာတွေက ဘာတွေလဲ?🤔

🩸ရာသီသွေး ပုံမှန်မဆင်းတာ၊ လုံး၀မလာတာ

🙍🏻‍♀️Androgen လို့‌ခေါ်တဲ့ အမျိုးသားဟော်မုန်းများတာကနေ ၀က်ခြံတွေပေါက်တာ

🤰🏻သားအိမ်မှာ သားဥပုံမှန်မတည်လို့ ကိုယ်၀န်ဆောင်တာမှာ အခက်အခဲဖြစ်တာ

ဒါတွေအပြင် ရေရှည်မှာ နှလုံးရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာမှာလဲ ပြသနာတွေဖြစ်စေပါတယ်။

💡PCOS ကိုဘယ်လိုကာကွယ်ကြမလဲ?

ကိုယ့်ရဲ့နေ့တိုင်းစားနေတာတွေကို အာဟာရရှိအောင်စားမယ်

လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ခန္ဓာကိုယ်ကိုဂရုစိုက်မယ်

ဆရာ၀န်ညွှန်ကြားတဲ့ ဆေးသောက်မယ်

📌ပြီးတော့ PCOS ရဲ့ လက္ခဏာတွေက ကိုယ့်ရဲ့စိတ်နဲ့ ယုံကြည်မှုကို ထိခိုက်လာရင် ဟော်မုန်းအပြောင်းအလဲတွေကြောင့်ဖြစ်တယ်ဆိုတာလေး‌ကို မမေ့ပါနဲ့နော်။

"မင်္ဂလာရှိသော မွေးဖွားခြင်း နှင့် နွေးထွေးသော စောင့်ရှောက်မှု” 🤱🏻📍 လင်းဆေးရုံ၊ စည်ပင်ရုံးအနီး၊ အောက်ချိုင်းရပ်၊ ကျောက်ဆ...
26/03/2026

"မင်္ဂလာရှိသော မွေးဖွားခြင်း နှင့် နွေးထွေးသော စောင့်ရှောက်မှု” 🤱🏻

📍 လင်းဆေးရုံ၊ စည်ပင်ရုံးအနီး၊ အောက်ချိုင်းရပ်၊ ကျောက်ဆည်မြို့။

📞 09973444463

Address

စည်ပင်ရုံးအနီး၊ အောက်ချိုင်းရပ်
Kyaukse

Website

Alerts

Be the first to know and let us send you an email when Linn Hospital Kyaukse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category