08/09/2026
Type 2 DM လို့ခေါ်တဲ့ ဆီးချိုရောဂါ အမျိုးအစား (၂) မှာ အသုံးဝင်တဲ့ အပြင် ကိုယ်အလေးချိန်လျော့ချရာမှာပါ အသုံးဝင်တဲ့ Semaglutide နှင့် Tirzepatide အကြောင်းလေး ဖော်ပြလိုက်ပါတယ်
Type 2 Diabetes (အမျိုးအစား (၂) ဆီးချိုရောဂါ) အတွက်
Semaglutide နှင့် Tirzepatide တို့သည် အမျိုးအစား (၂) ဆီးချိုရောဂါကို ထိန်းချုပ်ရာတွင် အသုံးပြုသော နောက်ဆုံးပေါ်ခေတ်မီဆေးများဖြစ်ပြီး သူ့ရဲ့အဓိကeffect ဖြစ်တဲ့ အစာစားချင်စိတ်ကို လျော့ချပေးခြင်းဟာ ကိုယ်အလေးချိန်လျော့ကျစေသည့် အကျိုးသက်ရောက်မှုရှိတဲ့အတွက် Weight loss pen ဆိုပြီးလဲ လူသိများပါတယ်
📍ဆီးချိုရောဂါမှာ ဘယ်ဆေးက ပိုကောင်းသလဲ?📍
ဆီးချိုထိန်းချုပ်ခြင်း + ကိုယ်အလေးချိန်လျှော့ချခြင်း နှစ်မျိုးစလုံးကို အဓိကထားမည်ဆိုပါက Tirzepatide သည် ပျမ်းမျှအားဖြင့် ကိုယ်အလေးချိန်နှင့် သွေးတွင်းသကြားကို ပိုမိုလျှော့ချပေးနိုင်ပါသည်။ ဘယ်လိုလဲဆိုတော့ သူက GLP -1 and GIP/GLP-1 နေရာ၂ ခုမှာ သက်ရောက်မှုရှိတဲ့အတွက် ဖြစ်ပါတယ်။
သို့သော် လူတိုင်းအတွက် Tirzepatide က အကောင်းဆုံးဟု မဆိုနိုင်ပါ။ Semaglutide သည်လည်း အလွန်ထိရောက်သော ဆေးဖြစ်ပြီး နှလုံးသွေးကြောနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါအခြေအနေများကာကွယ်ပေးနိုင်ပါတယ်။
ဒါကြောင့် ဆေးအမျိုးအစား ရွေးချယ်ရာမှာ လူနာ၏ အခြေအနေအလိုက် ရွေးချယ်ရမှာဖြစ်လို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ရွေးချယ်ရပါမယ်။
📌📌📌ဆီးချိုရောဂါရှင်များ ဆေးရွေးချယ်ရာတွင် စဉ်းစားရမည့်အချက်များ
* HbA1c / သွေးတွင်းသကြားအခြေအနေ
* ကိုယ်အလေးချိန်နှင့် BMI
* နှလုံးသွေးကြောရောဂါ ရှိ/မရှိ
* ကျောက်ကပ်လုပ်ဆောင်ချက်
* လက်ရှိသောက်နေသော ဆီးချိုဆေးများ
* ဘေးထွက်ဆိုးကျိုးများ
* ဆေးရရှိနိုင်မှုနှင့် ကုန်ကျစရိတ်
ဒါတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။
ဆီးချိုသမားများ အသုံးပြုမယ်ဆိုရင် မိမိပြသနေတဲ့ ဆရာဝန်/ဆီးချိုဆိုင်ရာ သမားတော်များက တိုင်ပင်ပြီး ကုသသင့်ပါတယ်
အထူးသဖြင့် Insulin သို့မဟုတ် Sulfonylurea အုပ်စုဆေးများနှင့် တွဲသုံးနေသူများတွင် သွေးတွင်းသကြား အလွန်ကျနိုင်သောကြောင့် ဆေးပမာဏကို ဆရာဝန်က ပြန်လည်ညှိပေးရန် လိုအပ်နိုင်ပါသည်။
💡💡💡အရေးကြီးတဲ့ အချက်ဖြစ်တဲ့ ဝိတ်ချဆေးအဖြစ် အသုံးပြုမယ်ဆိုရင် သတိပြုစရာအချက်တွေရှိပါတယ်။Semaglutide သို့မဟုတ် Tirzepatide ကို “ဝိတ်ချဆေးထိုး” အဖြစ် မိမိဘာသာ မသုံးသင့်ပါ။
ပြင်းထန်အစာအိမ်ရောင်ရောဂါရှိရင်၊ မုန်ချိူအိတ်ရောင်တာဖြစ်ဖူးရင်၊ သိုင်းရွိုက်မှာ အလုံးအကျိတ်ရှိဖူးရင် သုံးစွဲဖို့မသင့်ပါဘူး။
🚨🚨ဆေးအမျိုးအစား၊ ထိုးဆေး/ စားဆေး၊ ထိုးတဲ့ ဆေးပမာဏ၊ ဆေးပမာဏတစ်မျိုးကို ထိုးရတဲ့ duration တွေကို မိမိရဲ့ လက်ရှိကိုယ့်အလေးချိန်၊ မိမိနဲ့သင့်လျော်သော Target ကိုယ်အလေးချိန် ပေါ်မူတည်ပြီး ဆရာဝန်နဲ့တိုင်ပင် အသုံးပြုဖို့လိုအပ်ပါတယ်။
အကျဉ်းချုပ် ပြောရရင်
* Semaglutide → GLP-1
* Tirzepatide → GIP + GLP-1
* နှစ်မျိုးစလုံးသည် Type 2 diabetes ကို ထိန်းချုပ်ရာတွင် ထိရောက်သည်။
* Tirzepatide သည် ပုံမှန်အားဖြင့် ကိုယ်အလေးချိန်လျှော့ချမှုနှင့် သွေးတွင်းသကြားလျှော့ချမှု ပိုမိုအားကောင်းသည်။
* လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေအပေါ် မူတည်၍ ဆေးရွေးချယ်သင့်သည်။