01/06/2026
🎗️ သားအိမ်ခေါင်းကင်ဆာ (Cervical Cancer) ဘာကြောင့်ဖြစ်တာလဲ? 🎗️
သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးများတွင် အဖြစ်များသော ကင်ဆာရောဂါတစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် HPV (Human Papillomavirus) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်ပွားပါသည်။
⚠️ HPV ပိုး ဘယ်လိုကူးစက်သလဲ?
• လိင်ဆက်ဆံမှုမှတဆင့် အများဆုံးကူးစက်သည်
• လိင်ဖက်အများအပြားရှိခြင်း
• အသက်ငယ်ငယ်တွင် လိင်ဆက်ဆံမှုစတင်ခြင်း
• ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်း
• HPV ပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း
🔴 သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေ မြင့်စေသော အကြောင်းရင်းများ
✅ HPV ပိုး ကူးစက်ခံရခြင်း
✅ ဆေးလိပ်သောက်ခြင်း
✅ ကိုယ်ခံအားကျဆင်းနေခြင်း
✅ လိင်မှတဆင့်ကူးစက်သော ရောဂါများရှိခြင်း
✅ Pap Smear စစ်ဆေးမှု မပြုလုပ်ခြင်း
⚠️ ရောဂါလက္ခဏာများ
• လိင်ဆက်ဆံပြီး သွေးဆင်းခြင်း
• ရာသီမမှန် သွေးဆင်းခြင်း
• သွေးဆုံးပြီးနောက် သွေးပြန်ဆင်းခြင်း
• မိန်းမကိုယ်မှ အနံ့ဆိုးသော အရည်ဆင်းခြင်း
• ခါးနာ၊ တင်ပါးဆုံနာခြင်း
🛡️ ကာကွယ်နိုင်သော နည်းလမ်းများ
Vaccine ကာကွယ်ဆေး ထိုးနှံခြင်း
🩺 Pap Smear နှင့် HPV Test ပုံမှန်စစ်ဆေးခြင်း
❤️ လုံခြုံသော လိင်ဆက်ဆံမှု ပြုလုပ်ခြင်း
🚭 ဆေးလိပ်ရှောင်ခြင်း
✅✅✅သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV Vaccine) ကို ဘယ်အရွယ်ကစ ထိုးသင့်သလဲ?
💉 HPV ကာကွယ်ဆေးကို အသက် ၉ နှစ်မှ ၁၄ နှစ်အတွင်း ထိုးနှံရန် အကောင်းဆုံးဖြစ်ပါသည်။ ဤအရွယ်တွင် HPV ပိုးနှင့် မထိတွေ့သေးမီ ကာကွယ်ဆေးထိုးထားခြင်းကြောင့် ကာကွယ်မှုအာနိသင် အမြင့်ဆုံးရရှိနိုင်ပါသည်။
✅ အသက် ၉ - ၁၄ နှစ် : ၂ ကြိမ်ထိုးရသည်
✅ အသက် ၁၅ နှစ်နှင့်အထက် : ၃ ကြိမ်ထိုးရသည်
✅ အသက် ၂၆ နှစ်အထိ ထိုးရန် အထူးအကြံပြုပါသည်
✅ အချို့သူများတွင် အသက် ၂၇ မှ ၄၅ နှစ်အထိ ဆရာဝန်နှင့် တိုင်ပင်ပြီး ထိုးနိုင်သေးသည်
🌸 အိမ်ထောင်ရှိပြီးသား၊ ကလေးမွေးပြီးသား အမျိုးသမီးများလည်း HPV ကာကွယ်ဆေး ထိုးနိုင်ပါသည်။ HPV ပိုး ကူးစက်ထားပြီးဖြစ်နိုင်သော်လည်း အခြား HPV အမျိုးအစားများမှ ကာကွယ်ပေးနိုင်သေးပါသည်။
🩺 HPV ကာကွယ်ဆေးထိုးထားသော်လည်း Pap Smear စစ်ဆေးမှုကို ပုံမှန်ပြုလုပ်ရန် လိုအပ်ပါသေးသည်။
🌸 သားအိမ်ခေါင်းကင်ဆာသည် ကာကွယ်နိုင်သလို စောစီးစွာတွေ့ရှိပါက ကုသပျောက်ကင်းနိုင်သည့် ကင်ဆာရောဂါတစ်မျိုး ဖြစ်ပါသည်။ HPV ကာကွယ်ဆေးထိုးပြီး ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ကြပါစို့။
#သီတာညိမ်းအထူးကုဆေးခန်း
#ဒေါပုံမြို့နယ်၊ရန်ကုန်မြို့၊ မင်းနန္ဒာလမ်းမ CB Bankဘေး၊ သဒ္ဒါရုံမှတ်တိုင်အနီး
☎️ 09447718388, 09447718338
#မကွေးမြို့ရန်ပယ်စျေးတောင်ဘက်၊၂၁လမ်း၊ဇီဇဝါနှင့်မြတ်လေးလမ်းကြား
☎️ 09448015225
#သားအိမ်ခေါင်းကင်ဆာ
#အမျိုးသမီးကျန်းမာရေး
#ကျန်းမာရေးပညာပေး