Dr Myint Zaw Child Clinic

Dr Myint Zaw Child Clinic ကလေးအထူးကုဆေးခန်း

07/12/2022

"Screen Time များလာတာကြောင့် မျက်စိဆွေခြင်း"

အသက်၅နှစ်အောက် ကလေးငယ်တွေအတွက် Screen Time ဆိုတာက လုံးဝမရှိသင့်တာကို ကျွန်မတို့မိဘတွေက ကလေးနေရင်ပြီးရောဆိုပြီး ဖုန်းကို ပေးထားလိုက်ကြပါတယ် ။ ဒီလိုမျိုးအလွယ်တကူဖြေရှင်းလိုက်တဲ့ နည်း‌လမ်းကြောင့် ကလေးငယ်လေးတွေရဲ့ မျက်လုံးကစောင်းလာပြီး မျက်လုံးစွေလာတာမျိုးတွေအထိပါဖြစ်လာပါတယ် ။ (Screen Timeလို့ပြောလိုက်တာမျိုးက ဖုန်း ၊ Tablet တွေအပြင် TV ကို အနည်းကပ်နဲ့ အချိန်တွေအကြာကြီးကြည့်တာမျိုးတွေလည်းပါပါတယ် )
မျက်လုံးစွေတယ်ဆိုတာမျိုးက ချက်ချင်းဖြစ်လာတာမျိုးမဟုတ်ဘဲ ဖုန်းကြည့်တာများလာပြီ ၊ Screen Time များလာပြီဆို ကလေးငယ်လေးတွေက မျက်လုံးပုတ်ခတ်ပုတ်ခတ် လုပ်လာတာမျိုးကို အရင်ဆုံးလုပ်လာကြပါတယ် ။
ဒါကို သတိမထားမိဘဲ ဖုန်းကို ဆက်ပြီးကြည့်နေမယ်ဆိုရင်တော့ မျက်လုံးစွေတာဖြစ်လို့လာပါတယ် ။ ဒီအရာက အပြင်ပိုင်းမြင်တွေ့နေရတာမျိုးပါ ။ အခြားမမြင်ရတဲ့ အရာဆိုရင်တော့ ဖုန်း Screenအလင်းကြောင့် ညဘက် အိပ်ဖို့အတွက် ခက်ခဲလာတာတွေပါခံစားလာရမှာပါ ။

ဒါကြောင့်မလို့ကလေးနေရင်ပြီးရောဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ၅နှစ်အောက် ကလေး‌ငယ်လေးတွေကို ဖုန်းပေးသုံးတာမျိုးလုံးဝ မရှိသင့်ပါဘူး ။ ကလေးတွေ ဖုန်းကြည့်တာများလာတဲ့အခါ ဖြစ်တတ်တာလေးတွေကို သူတို့နားလည်လွယ်အောင်ပြောတာမျိုး ၊ ဖုန်းကိုကိုင်ရင် ဘယ်လိုဖြစ်သွားလဲဆိုတာမျိုးတွေကို‌လုပ်ပြတာမျိုး နဲ့ သူတို့ စိတ်ဝင်စားမယ့်အရာလေးတွေကိုပြတာမျိုးတွေကိုလုပ်သင့်ပါတယ် ။

ဖုန်းသုံးတာတွေ လျော့လာအောင် ကလေးနဲ့အတူတူဆော့ပေးတာမျိုး ၊ ပုံပြင်ပြောပြတာမျိုးတွေကို လုပ်ပေးသင့်ပါတယ် ။ ပုံပြင်ပြောပြတဲ့အခါမှာလည်းသူတို့ စိတ်ဝင်စားမယ့်ပုံပြင်စာအုပ်လေးတွေနဲ့ပြောပေးရပါမယ် ။ သူတို့စိတ်ဝင်စားမယ့် ပုံပြင်လေးတွေဆိုရင် ရုပ်ပုံထင်းထင်းလေးတွေနဲ့စာအုပ်လေးတွေ အများကြီးရှိပါတယ် ။ ပုံပြင်စာအုပ်လေးတွေကိုကြည့်ချင်တယ်ဆိုရင်တော့ https://trues.com.mm/collections/story-book မှာဝင်ကြည့်လို့ရပါတယ် ။

ချစ်တဲ့ ❤️
True's
*******************
True Learning မှ မိခင်တို့အတွက် ရင်တွင်းဖြစ်စာလေးများကို လွတ်လပ်စွာ share ပြီး တင်နိုင်ပါတယ်ရှင်။ တစ်ဆင့်ပြန် Copy လုပ်ပြီး မတင်ဖို့ မေတ္တာရပ်ခံပါရစေနော်။


#ကလေးစာပေ #ကလေးစာအုပ်

https://trues.com.mm/

07/11/2022

ကလေးနဲ့ နွားနို့

နွားနို့ဟာ ကလေးတို့ ကိုယ်ခန္ဓာကြီးထွားဖို့ ဉာဏ်ရည်ဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ အာဟာရဖြစ်ပါတယ်။ နွားနို့နဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။

၁။ နွားနို့ကိုဘယ်အချိန်စတိုက်မလဲ

ကလေးအသက် တစ်နှစ်ပြည့်ပြီးမှစတိုက်ရပါမယ်။ တစ်နှစ်မပြည့်သေးရင် တိုက်လို့မရဘူးလား မေးစရာရှိပါတယ်။ လုံးဝမတိုက်ပါနဲ့လို့ မေမေတို့ကိုပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နှစ်အောက်ကလေးရဲ့အစာအိမ်ဟာ မိခင်နို့နဲ့ တစ်နှစ်အောက်ကလေးအတွက်ဖော်စပ်ထားတဲ့ ဖော်မြူလာနို့မှုန့်ကိုပဲ ချေဖျက်နိုင်ပါသေးတယ်။ နွားနို့ကိုမချေဖျက်နိုင်သေးတဲ့အတွက် တစ်နှစ်အောက်မှာ မတိုက်သင့်သေးပါ။

၂။ နွားနို့ကိုဘာကြောင့် တိုက်သင့်သလဲ

လွယ်လွယ်ရှင်းရှင်းပြောရရင်တော့ အရိုးတွေ သွားတွေကြီးထွားဖို့အတွက် လိုအပ်တဲ့ ကယ်လစီယမ် ခေါ် ထုံးဓာတ်ပါလို့ပါ။ အသားဓာတ်နဲ့ ကစီဓာတ်လည်းပါဝင်လို့ ကလေးကိုခွန်အားဖြစ်စေပါတယ်။

၃။ နွားနို့တိုက်ပြီဆိုတော့ အမေနို့ရပ်ရမလား

မိခင်နို့ကို လုံးဝမရပ်ရပါ။ အနည်းဆုံး ကလေးအသက် ၂ နှစ်အထိ၊ အဆင်ပြေလျှင် ကလေးသောက်သလောက် အသက် ၄ -၅-၆ နှစ်ထိဖြစ်ပါစေ မိခင်နို့ကို တိုက်ပေးပါ။

၄။ ကလေးကို နွားနို့ တစ်နေ့ဘယ်လောက်တိုက်ရမလဲ

တစ်နှစ်အရွယ်ကလေးတစ်ယောက်သည် တစ်နေ့ကိုနွားနို့ ၂ ဖန်ခွက် ( ၄၀၀ ml ) သောက်နိုင်ပါသည်။ နွားနို့မတိုက်ဖြစ်လျှင် နွားနို့ ၄၀၀ ml နှင့် ညီမျှသည့် ဒိန်ချဉ်၊ ချိစ် တို့ကိုလည်းကျွေးလို့ရပါသည်။

အသက် ၂ နှစ်အရွယ်တွင် တစ်နေ့လျှင် နွားနို့ ၂ဖန်ခွက်ခွဲ ( ၅၀၀ ml ) အထိတိုးတိုက်နိုင်ပါသည်။ နွားနို့မသောက်ဖြစ်လျှင် နို့ထွက်ပစ္စည်းများ ( ဒိန်ချဉ်၊ ချိစ် စသည် ) ကျွေးလို့ရပါတယ်။

၅။ ကလေးကို ဘယ်လိုနွားနို့တိုက်သင့်ပါသလဲ

Ready made လာတဲ့နွားနို့တွေမှာ အဆီထုတ်ထားတဲ့နို့နဲ့ မလိုင်အပြည့်ပါတဲ့နို့ဆိုပြီးရှိပါတယ်။ အသက် တစ်နှစ်ကနေ ၂နှစ်အထိ ကလေးကို မလိုင်အပြည့်ပါတဲ့ Full cream milk အမျိုးအစားကိုပဲတိုက်ရမှာဖြစ်ပါတယ်။ ၂ နှစ်ကျော်ကလေးကိုတော့ အဝလွန်တဲ့လက္ခဏာရှိရင် အဆီထုတ်ထားတဲ့နို့တိုက်ရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ ပုံမှန်အဆီမထုတ်ထားတဲ့နို့ကိုပဲတိုက်နိုင်ပါတယ်။ ခြံထွက်နွားနို့ကို တိုက်လို့မရဘူးလားဆိုရင်တော့ သေချာစွာကျိုချက် ပိုးသတ်ထားလျှင်တိုက်လို့ရပါသည်။ အစိမ်းတိုက်လို့မရပါ။

၆။ နွားနို့မသောက်ချင်တဲ့ကလေးလေးတွေကို ဘယ်လိုကျင့်ပေးမလဲ

အချို့ကလေးက နွားနို့ကိုပြောင်းတိုက်လျှင်မသောက်တတ်သေးပါ။ ဒီလိုအဖြစ်မျိုးရှိလာလျှင် နွားနို့တစ်ဆ၊ မိခင်နို့ သို့မဟုတ် ဖော်မြူလာ ၃ ဆ ရောပြီးစတိုက်ပါ။ နွားနို့ပါဝင်မှု အချိုးကို တစ်ဖြည်းဖြည်း တိုးသွားပြီး မိခင်နို့ကိုလျှော့သွားပါ။ နောက်ဆုံးတွင် နွားနို့ချည်းသောက်တတ်သွားပါလိမ့်မယ်။ နွားနို့ကို တစ်နေ့တာလိုအပ်သည့်ပမာဏအထိ ကလေးကမသောက်ချင်ပါက ကလေးစားတတ်သော အစားအစာများတွင် ထည့်သွင်းကျွေးနိုင်ပါသည်။ ဥပမာ- နို့ထမင်း၊ ပူတင်း၊ ဒိန်ချဉ်၊ ချိစ် စသည်။

၇။ ဒိန်ချဉ်ကို ဘယ်လိုကျွေး

ဒိန်ချဉ်ကိုကျွေးရာမှာ ပိုးသဆ်ထားတဲ့နို့နဲ့ ပြုလုပ်ထားတာဖြစ်ရပါမယ်။ သကြားမပါရသေးပါဘူး။ သဘာဝအချိုဓာတ်ရစေတဲ့ အသီးအနှံလေးတွေနဲ့ဖြစ်ဖြစ်၊ ပျားရည်နဲ့ဖြစ်ဖြစ် ရောကျွေးလို့ရပါတယ်။ ကလေးအတွက်သီးသန့်ထုတ်ထားတဲ့ ဒိန်ချဉ်ဗူးလေးတွေလည်းရှိပါတယ်။ တစ်နေ့ကို ၂ အောင်စကနေ ၄ အောင်စအထိ ကျွေးနိုင်ပါတယ်။

၈။ နွားနို့နဲ့မတည့်တာကော ဖြစ်နိုင်လား

​ကလေးအနည်းစုမှာတော့ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် စတိုက်ခါစရက်တွေမှာ သတိထားကြည့်ဖို့လိုပါတယ်။ ခန္ဓာကိုယ်မှာ အနီပြင်ထွက်ပြီးယားသလား ( ပါးစပ်ဝန်းကျင်မှာ ပိုထွက်တတ် )၊ ဝမ်းပျက်သလား၊ အန်သလား စတဲ့အချက်တွေကိုကြည့်ရပါမယ်။ သံသယရှိလျှင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ဒါပေမယ့် ဖြစ်ခဲပါတယ်။

နွားနို့တိုက်ခြင်းရဲ့အကျိုးကျေးဇူးကပိုများတာမို့ ကလေးငယ်တိုင်းကို သူတို့ရဲ့တစ်နေ့တာလိုအပ်ချက်ပြည့်မီအောင် ကြိုးစားတိုက်ပေးကြဖို့ မေမေ၊ ဖေဖေတို့ကို တိုက်တွန်းချင်ပါတယ်။

ရင်သွေးငယ်များ ကျန်းမာပျော်ရွှင်ကြပါစေ

မေတ္တာဖြင့်

#ဒေါက်တာအိ_ကလေးကျန်းမာ
's_milk_for_toddlers

Credid: Baby center: How to switch to cow's milk
Photos : internet

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Dr Myint Zaw Child Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category