02/09/2022
Sri Tarot ဖြစ်ပေါ်လာပုံ
ကျွန်မကို ၂၀၁၂ လောက်မှာထဲက တားရော့ဖတ်တဲ့နည်းကို မိတ်ဆွေတစ်ဦးက သင်ပေးခဲ့ပြီး သူ့ရဲ့တားရော့ကဒ်လေးတွေ လက်ဆောင်ပေးခဲ့ပါတယ်..
သိရမယ့်သူတွေကို ကြည့်ပေးပြီး ကူညီပါလို့ပြောခဲ့တယ်..
အစက အပျော်သဘောပြောပေးရင်း တကယ်မှန်တယ်ဆိုတာ သိလာရတယ်
***မေးတဲ့သူတွေရဲ့ ကိုယ်တွေ့နဲ့ပြောတာပါမှန်တယ်ဆိုတာကလည်းလေ***
နောက်တော့ကျွန်မက အထုံပါလာပေမယ့် အားမကောင်းသေးတော့ မေးခွန်းမေးသူရဲ့ မကောင်းတဲ့နိမိတ်တွေကို မြင်ရရင်၊ ထုတ်မပြောခဲ့ရင်
လူကခေါင်းတခြမ်းကိုက်လာတယ် ..ဟောပေးပါပြောလာတာကို ငြင်းမိရင် ခေါင်းတွေကိုက်ခဲ့ပါတယ်. အဲ့ကနေစပြီး ကျွန်မမပြောပြတော့ဘူး ဘယ်သူ့ကိုမှ (ဟောပေးရမှာစိုးလို့)
ကျွန်မဟာ မွေးရာပါ ပါလာတဲ့ထူးခြားချက်လေးတွေရှိခဲ့ပါတယ်..
ဒါပေမယ့်ကျွန်မ ဘယ်တော့မှထုတ်မပြောခဲ့သလို
တတ်နိုင်သမျှလည်း မေ့ဖျောက်ထားပါတယ်..
သို့သော်လည်း ကျွန်မနဲ့အရမ်းနီးစပ်ခဲ့သူတွေ၊
မိခင်အရင်းဖြစ်သူနဲ့ ညီမလေးကတော့ သိကြပါတယ်။
ဒါတွေကို ဘာလို့ဖုံးကွယ်ထားလဲဆိုတော့...
ပထမအချက်က ဒီလောက်တိုးတတ်နေတဲ့ ခေတ်ကြီးမှာ
အချို့သဘာဝလွန်အရာတွေကို ပြောရမှာရှက်လို့ပါ
ဒုတိယအချက်က ကျွန်မလူသားဆန်စွာ
လွတ်လွတ်လပ်လပ်မနေရမှာ ကြောက်တာပါ
ဒီလိုအလုပ်ကိုရွေးခဲ့ရင် ကျွန်မလက်ရှိနေနေတဲ့
လူနေမှုပုံစံနဲ့ရော နောက်ပိုင်းလူသိလာခဲ့ရင်
ထိန်းသိမ်းနေထိုင်ရမယ့် ကျွန်မဆုံးရှုံးရမယ့်
လူ့အခွင့်အရေးတွေကို ကြည့်ပြီး လုံးဝအမှောင်ချပစ်လိုက်တယ်..
သို့သော်လည်း.. ၂၀၂၀ ခုနှစ် နောက်ပိုင်းမှာအကျိုးတွေဖြစ်ဖို့ အကြောင်းတွေဖန်လာခဲ့တယ်
ကျွန်မမျက်စိရှေ့မှာတင် နာရီနှင့်အမျှ မယုံနိုင်စရာအဖြစ်အပျက်တွေနဲ့ ကျွန်မကိုယ်ကျွန်မ ဆုံးရှုံးရတော့မယ်ဆိုတာကို သိနားလည်လိုက်ပြီးနောက်..
ဒီလမ်းကို မဖြစ်မနေရောက်လာရပါပြီ..
ကျွန်မဖက်ကအရာရာပြင်ဆင်ထားပြီး လာခဲ့ပါပြီ..
#1.1.2021