Shwe Kant Kaw Specialist Clinic & Diagnostic Center

Shwe Kant Kaw Specialist Clinic & Diagnostic Center မင်္ဂလာပါ

23/08/2026

မင်္ဂလာပါ

"လက်သန့်မှ သန့်ရှင်းပါစေ၊ 👐🙌
ဝမ်းပျက်ဝမ်းလျော ကင်းဝေးစေ"

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊ ၇၆လမ်းနှင့်၇၇လမ်း ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530









#ကျန်းမာသုတ

21/08/2026

မင်္ဂလာပါ

ကျန်းမာခြင်းဆိုတာ
လူတိုင်းပိုင်ဆိုင်ထားတဲ့
အခမဲ့လက်ဆောင်ပါ..🎁🎁
ဒီလက်ဆောင်ကို
တန်ဖိုးထားဖို့ မမေ့ကြနဲ့နော်..🎁🎁

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊ ၇၆လမ်းနှင့်၇၇လမ်း ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530









19/08/2026

မင်္ဂလာပါ

✅ Medical Check-up Package မှာဘာတွေပါလဲ?

ရွှေကံ့ကော်အထူးကု ဆေးခန်းမှဝန်ဆောင်မှုပေးနေတဲ့ Medical Check-up Package များတော့ 👇
1.Medical Check-up For Men&Women
Diamond Package 💎
Medical Check-up For Men&Women
Gold Package
3.Basic Medical Check-up Package များဘဲဖြစ်ပါတယ်။

📌၆လ(၁)ကြိမ် ကျန်းမာရေး စစ်ဆေးထားခြင်းက မိမိအသက်ကို ဉာဏ်ဖြင့်ကာကွယ်ခြင်း တစ်မျိုးပါဘဲနော်!

📌ဒါကြောင့် မိမိ ကျန်းမာရေးအတွက် Medical Check-up စစ်ဆေးလိုပါက Chat box (သို့မဟုတ်) အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင်။

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊ ၇၆ နှင့် ၇၇လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530











#ကျန်းမာသုတ

🚨လတ်တလော ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါကို ဘယ်လိုကာကွယ်ကြမလဲ? မကြာသေးမီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံရှိမြို့နယ်နှင့် ဒေသအချ...
18/08/2026

🚨လတ်တလော ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါကို ဘယ်လိုကာကွယ်ကြမလဲ?

မကြာသေးမီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံရှိမြို့နယ်နှင့် ဒေသအချို့မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ကာလဝမ်းရောဂါ လူနာတွေ ဆေးရုံတက်ရောက် ကုသမှုခံယူနေရသည့် သတင်းများတွေ့မြင်ရပါသည်။

⚠️ ကာလဝမ်းရောဂါဆိုတာဘာလဲ?ဘယ်လိုအန္တရာယ်ရှိလဲ?
ကာလဝမ်းရောဂါပိုး (cholerae)ပါဝင်နေတဲ့ မသန့်ရှင်းတဲ့ရေနဲ့ အစားအသောက်တွေကို စားသုံးမိရာကနေ အဓိက ကူးစက်တတ်ပါတယ်။
• ရောဂါလက္ခဏာအနေနဲ့ ဆန်ဆေးရေကဲ့သို့ ဖြူနောက်နောက်အရည်များ မရပ်မနား သွားခြင်း။
• နာရီပိုင်းအတွင်းခန္ဓာကိုယ်တွင်း ရေဓာတ်နဲ့ ဓာတ်ဆားများ လျင်မြန်စွာ ကုန်ခမ်းခြင်း။
• အချိန်မီ ဆေးရုံဆေးခန်းသို့ ကုသမှုမခံယူပါက အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ပြင်းထန်နိုင်ပါတယ်။

💡 ဒီလိုအခြေအနေမျိုးမှာ ကိုယ့်မိသားစုနဲ့ ကိုယ်တိုင်အတွက် ဘာတွေ ကြိုတင်ပြင်ဆင်သင့်ပါသလဲ?

📌 ၁။ သန့်ရှင်းစင်ကြယ်မှုကို အဓိကဂရုစိုက်ပါ။
• ရေကို အနည်းဆုံး (၁၀) မိနစ်ခန့် ပွက်ပွက်ဆူအောင် ကျိုချက်ပြီးမှ သောက်သုံးပါ။
• အပြင်စာတွေ၊ သန့်ရှင်းမှုမရှိတဲ့ လမ်းဘေး အစားအစာတွေနဲ့ ယင်လုံအကာအကွယ်မရှိတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
• အစားမစားမီနှင့်အိမ်သာတက်ပြီးတိုင်းလက်ကို ဆပ်ပြာနဲ့ စနစ်တကျ စက္ကန့် (၂၀) ကြာအောင် ဆေးကြောပါ။

📌 ၂။ လက္ခဏာစတင်ပြတာနဲ့ ချက်ချင်းဆောင်ရွက်ရန်
• ဝမ်းအဆက်မပျက်သွားခြင်း၊ အန်ခြင်းစတဲ့ လက္ခဏာတွေ စတင်တွေ့ရှိတာနဲ့ ဆေးမြီးတိုနဲ့ မကုသဘဲ ဓာတ်ဆား ရည်(ORS)ကို ချက်ချင်းသောက်သုံးပါ။
• ရောဂါအခြေအနေ မဆိုးရွားသွားစေရန် နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်၍ကုသမှုခံယူပါ။

💬 အတူတူလက်တွဲပြီး အသိပညာမျှဝေကြပါစို့
ဒီအချက်အလက်လေးတွေက ကိုယ့်ချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေအတွက် အရေးကြီးတာကြောင့်
ဒီပိုစ့်လေးကို "Share" လုပ်ပြီး အသိပညာ ဖြန့်ဝေပေးလိုက်ပါ။

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊ ၇၆ လမ်း နှင့် ၇၇လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530






မင်္ဂလာပါယနေ့ခေတ် လူငယ် နှင့် ကျန်းမာရေး  ⛹️🩺💉🙍ယနေ့ခေတ် လူငယ်များတွင် လူနေမှုပုံစံပြောင်းလဲလာခြင်း၊ စိတ်ဖိစီးမှုများခြင်...
17/08/2026

မင်္ဂလာပါ

ယနေ့ခေတ် လူငယ် နှင့် ကျန်းမာရေး ⛹️🩺💉

🙍ယနေ့ခေတ် လူငယ်များတွင် လူနေမှုပုံစံပြောင်းလဲလာခြင်း၊ စိတ်ဖိစီးမှုများခြင်းနှင့် အစားအသောက်ပုံစံ မမှန်ခြင်းတို့ကြောင့်အဖြစ်များလာသောကျန်းမာရေးပြဿနာများနှင့် ရောဂါများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ
စိုးရိမ်ပူပန်မှုလွန်ကဲခြင်း နှင့် စိတ်ကျဝေဒနာ - ပညာရေးဖိစီးမှု၊ အလုပ် အကိုင်အခက်အခဲနှင့် ဆိုရှယ်မီဒီယာ သုံးစွဲမှု များပြားခြင်းတို့ကြောင့် လူငယ်များတွင် စိတ်ဖိစီးမှုနှင့် စိတ် ကျဝေဒနာ ခံစားရမှုနှုန်း အလွန်များပြား လာပါသည်။

၂။ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ
အစာအိမ်နာခြင်း - ပုံမှန်မဟုတ်သော စားသောက်ချိန်၊ အဆီအဆိမ့်နှင့် အပူအစပ်များလွန်ကဲစွာ စားသုံးခြင်း၊ ကော်ဖီနှင့်အရက်သေစာ သောက်သုံးခြင်းတို့ကြောင့် အစာအိမ်ပြဿနာများ ငယ်ရွယ်စဉ်ကတည်းက ခံစားလာကြရပါသည်။

၃။ ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါများ
အဝလွန်ခြင်း နှင့် ဆီးချို၊ သွေးတိုးရောဂါများ - လှုပ်ရှားသွားလာမှု နည်းပါးခြင်း၊ အသင့်စား အစားအစာများ စားသုံးခြင်းနှင့် ကွန်ပျူတာ/ဖုန်းရှေ့တွင် အချိန်ကုန်များခြင်းတို့ကြောင့် လူငယ်များတွင် ကိုယ်အလေးချိန် တက်လာပြီး အသက်ငယ်ငယ်နှင့် ဆီးချို၊ သွေးတိုးရောဂါ လက္ခဏာများ စတင်တွေ့ရှိ လာရပါသည်။

၄။ မျက်စိနှင့် ကြွက်သားအရိုးစုဆိုင်ရာပြဿနာများ
ဇက်ကြောတက်ခြင်း၊ခါးနာခြင်းနှင့်မျက်စိညောင်းညာခြင်း - ကွန်ပျူတာနှင့် ဖုန်းကို နာရီပေါင်းများစွာ ကိုယ်ဟန်အနေအထား မမှန်ဘဲ အသုံးပြုခြင်ကြောင့်လည်ပင်း၊ဇက်ကြောနှင့် ကျောရိုးနာကျင် ကိုက် ခဲမှုများ အဖြစ်များလာပါသည်။

၅။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
ဓာတ်မတည့်ခြင်း နှင့် ပန်းနာရင်ကြပ် - လေထုညစ်ညမ်း မှု၊ ဖုန်မှုန့်နှင့် အိမ်တွင်းလေထု အရည် အသွေး ညံ့ဖျင်းမှုတို့ကြောင့် ရာသီဥတု ပြောင်းလဲချိန်တိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် ဓာတ်မတည့်ဝေဒနာများကို ခံစားရတတ်ပါသည်။

၆။ ကူးစက်ရောဂါများ
လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ - ကျန်းမာရေးအသိပညာ အားနည်းခြင်း သို့မဟုတ် လုံခြုံစိတ်ချရသော အပြုအမူများကို လိုက်နာရန် ပေါ့လျော့ခြင်းတို့ကြောင့် လူငယ်များကြားတွင် HIV အပါအဝင် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများဖြစ်ပွားနိုင် ခြေရှိနေဆဲဖြစ်ပါသည်။

📌 အကြံပြုချက်
ဤရောဂါအများစုမှာ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံသို့ ပြောင်းလဲခြင်း လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အာဟာရ ပြည့်ဝစွာစားသုံးခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း နှင့် စိတ်ဖိစီးမှုကို ထိန်းချုပ်ခြင်းတို့ဖြင့် ကာကွယ်ကုသ နိုင်ပါသည်။

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊ ၇၆လမ်း နှင့် ၇၇လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530









#ကျန်းမာသုတ

16/08/2026

မင်္ဂလာပါ

🚭ဆေးလိပ်မသာက်ဘဲ အဆုတ်ကင်ဆာဖြစ်နိုင်တယ်
ဆိုတာ သိပါသလား?

🚭 ဘာကြောင့် ဖြစ်ရတာလဲလည်းဆိုတာ သိရအောင် အခု Videoကို ဆုံးအောင်ကြည့် လိုက်ကြရအောင်နော်!

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊
၇၆လမ်း နှင့် ၇၇လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530








13/08/2026

မင်္ဂလာပါ

🚨 မိုးတွင်းကာလ အထူးသတိပြုရမည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ 🚨

🚨 ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံရဲ့ မြို့နယ်အချို့မှာ ပြင်းထန် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုတွေ
မြင့်တက်လာနေတာကို တွေ့ရှိရပါတယ်။

🚨 ဒါကြောင့် မိဘပြည်သူများအနေဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျော အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်ရှင့်။

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊၇၆လမ်း နှင့် ၇၇လမ်း ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530








မင်္ဂလာပါဘယ်လိုလူတွေ Ultrasound (အာထရာဆောင်း) ရိုက်သင့်လဲ? 🩺 ကျန်းမာရေး စစ်ဆေးမှုတွေလုပ်တဲ့အခါ "Ultrasound (အာထရာဆောင်း)...
12/08/2026

မင်္ဂလာပါ

ဘယ်လိုလူတွေ Ultrasound (အာထရာဆောင်း) ရိုက်သင့်လဲ?

🩺 ကျန်းမာရေး စစ်ဆေးမှုတွေလုပ်တဲ့အခါ "Ultrasound (အာထရာဆောင်း) ရိုက်သင့်လား?ဘယ်အချိန်မှာ လိုအပ်လဲ" ဆိုတာကို လူအများစု သိချင်နေကြပါတယ်။

🩺 ခန္ဓာကိုယ်အတွင်းပိုင်းက အင်္ဂါအစိတ်အပိုင်းတွေကို ခြုံငုံမိစေဖို့နဲ့ ရောဂါတွေကို စောစီးစွာသိရှိနိုင်ဖို့အတွက် အောက်ပါ လူပုဂ္ဂိုလ်တွေအနေနဲ့ Ultrasound ရိုက်သင့်ပါတယ်။

🔍 ဘယ်သူတွေ ရိုက်သင့်လဲ?
• ဝမ်းဗိုက်အောင့်ခြင်း၊ တင်းခြင်း ခံစားနေရသူများ (အစာအိမ်၊ သည်းခြေ၊ အသည်း၊ ကျောက်ကပ် နဲ့ ပန်ကရိယ အခြေအနေများကို စစ်ဆေးရန်)
• ဝမ်းဗိုက်ပိုင်း ပုံမှန်မဟုတ်ဘဲ ဖောင်းပွလာသူများ
• ဆီးသွားစဉ် နာကျင်ကိုက်ခဲခြင်း သို့မဟုတ် ဆီးလမ်းကြောင်းပြဿနာ ရှိသူများ (ကျောက်ကပ်နဲ့ ဆီးအိမ်အခြေအနေ ကြည့်ရန်)
• ကိုယ်ဝန်ဆောင်မိခင်များ (ရင်သွေးငယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို စောင့်ကြည့်ရန်)
• သားအိမ်နဲ့ မမျိုးဥအိမ်ဆိုင်ရာ ရောဂါလက္ခဏာရှိသူများ (ဓမ္မတာမမှန်ခြင်း)
• အမျိုးသမီးများ (အသက် ၄၀ ကျော်နှင့် အထက်) သို့မဟုတ် ရင်သားတင်းခြင်း၊ အကျိတ်စမ်းမိခြင်းရှိသူများ (ရင်သား Ultrasound စစ်ဆေးရန်)
• ဆီးချို၊ သွေးတိုး ရောဂါအခံရှိသူများ (အသည်းအဆီဖုံးခြင်း ရှိ/မရှိ စစ်ဆေးရန်)
• ခန္ဓာကိုယ် အလေးချိန် ရုတ်တရက်ကျဆင်းလာပြီး အကြောင်းရင်းရှာမတွေ့သူများ

💡 အထူးသတိပြုရန် - Ultrasound ရိုက်ကူးခြင်းဟာ ဓာတ်ရောင်ခြည် (Radiation) လုံးဝမရှိတဲ့အတွက် ကျန်းမာရေးအတွက် အလွန်ဘေးကင်းပြီး စိတ်ချလက်ချ ရိုက်ကူးနိုင်ပါတယ်။

🩺 သင်ရော နောက်ဆုံးအကြိမ် Ultrasound ဘယ်တုန်း က စစ်ဆေးဖူးလဲ?
မိမိတို့ရဲ့ ကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ မမေ့နဲ့နော်။ ရောဂါကို စောစောသိလေ
ကုသရ ပိုလွယ်ကူလေပါပဲ။ ❤️

💬 ကျန်းမာရေး ဗဟုသုတအဖြစ် ဒီပို့စ်လေးကို Like & Shareလုပ်ပြီး ချစ်ရတဲ့သူငယ်ချင်းတွေကို မျှဝေပေး လိုက်ပါဦး။

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊၇၆လမ်း နှင့် ၇၇လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530









11/08/2026

မင်္ဂလာပါရှင်

ကာကွယ်ဆေးထိုးခြင်းက ကင်ဆာရောဂါကို
ကြိုတင် ကာကွယ်ထားနိုင်တယ်ဆိုတာ သိပါသလား?

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊ ၇၆လမ်း နှင့် ၇၇လမ်း ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530









မင်္ဂလာပါ🩺 Medical Check-up စစ်ဆေးခြင်းက ဘယ်လိုအကျိုးရှိစေတာလဲ?ကိုယ်ခံစွမ်းအားတွေ၊ ကျန်းမာရေးအခြေအနေတွေကို ပြင်ပလက္ခဏာတွ...
10/08/2026

မင်္ဂလာပါ
🩺 Medical Check-up စစ်ဆေးခြင်းက ဘယ်လိုအကျိုးရှိစေတာလဲ?
ကိုယ်ခံစွမ်းအားတွေ၊ ကျန်းမာရေးအခြေအနေတွေကို ပြင်ပလက္ခဏာတွေနဲ့ တိုက်ရိုက်ခန့်မှန်းလို့ မရနိုင် ပါဘူး။ ဘာကြောင့် ပုံမှန် Medical Check-up စစ်ဆေးမှု ခံယူသင့်လဲဆိုတာကို ဒီအချက်လေးတွေက သက်သေပြနေပါတယ်။

၁။ ရောဂါများကို စောစီးစွာ သိရှိနိုင်ခြင်း (Early Detection)
ရောဂါလက္ခဏာတွေ မပြသေးတဲ့ အစောပိုင်းအဆင့်မှာ သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ ကင်ဆာရောဂါအချို့ကို ကြိုတင်ရှာ ဖွေတွေ့ရှိ နိုင်တာကြောင့် အမြန်ဆုံးကုသပျောက်ကင်းနိုင်ခြေ ပိုများစေပါတယ်။

၂။ ရောဂါဖြစ်ပွားနိုင်ခြေကို ကြိုတင်ကာကွယ်နိုင်ခြင်း (Prevention & Risk Assessment)
သွေးတွင်းသကြားဓာတ်၊ ကိုလက်စထရောနဲ့ သွေးပေါင်ချိန်အခြေအနေတွေကို သိရှိရခြင်းအားဖြင့် နောင်တစ်ချိန် ဖြစ်လာနိုင်ချေရှိတဲ့ ကျန်းမာရေး အန္တရာယ်တွေကို အစားအသောက်နဲ့ လူနေမှုပုံစံ ပြောင်းလဲပြီး ကာကွယ်နိုင်ပါတယ်။

၃။ ရေရှည်ကုသစရိတ်ကို သက်သာစေခြင်း
(Cost Savings)
ရောဂါအခြေအနေ ဆိုးရွားလာမှ ဆေးရုံတက်ကုသရတာထက်၊ အစောပိုင်းအဆင့်မှာ စစ်ဆေးကုသမှုခံ ယူခြင်းက ကုန်ကျစရိတ်တွေကို သိသိသာသာ သက်သာစေပါတယ်။

၄။ စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုရရှိခြင်း
(Peace of Mind)
မိမိရဲ့ ခန္ဓာကိုယ်ကျန်းမာရေး အခြေအနေမှန်ကို တိကျသေချာစွာ သိရှိထားခြင်းက စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေပြီး စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ ယုံကြည်မှုကို ပေးစွမ်းပါတယ်။

၅။ ကိုယ်နဲ့ကိုက်ညီသော ကျန်းမာရေးလမ်းညွှန်မှု ရရှိခြင်း (Personalized Guidance)
အထူးကုဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးခွင့်ရရှိလို့ မိမိရဲ့ အသက်အရွယ်နဲ့ လူနေမှုဘဝပုံစံအပေါ် မူတည်တဲ့ ကျန်းမာရေးအကြံဉာဏ်ကောင်းများကို ရယူနိုင်ပါတယ်။

🎯 မိသားစုနဲ့ ကိုယ့်ရဲ့ အနာဂတ်ကျန်းမာရေးအတွက် ယခုပဲ ကြိုတင်ပြင်ဆင်လိုက်ပါ!
ကျွန်မတို့ ရွှေကံ့ကော်အထူးကုဆေးခန်းမှာ ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးပြီး သင့်လျော်တဲ့ Medical Check-up Package များကို ရွေးချယ်စစ်ဆေးနိုင်ပါပြီ။

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊ ၇၆လမ်း နှင့် ၇၇လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530








Address

အမှတ်(၁၅၁)၊ ၂၈ လမ်း ၊ ၇၆ လမ်း နှင့် ၇၇ လမ်းကြား
Mandalay

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959764155530

Website

Alerts

Be the first to know and let us send you an email when Shwe Kant Kaw Specialist Clinic & Diagnostic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Kant Kaw Specialist Clinic & Diagnostic Center:

Shortcuts

Share