Astro by Htet

Astro by Htet K.P Astrology

🌟 ဒီအပတ်အတွက် ကံအကောင်းဆုံး နေ့နံ (၃) ခု 🌟ဒီအပတ် (၇) ရက်သားသမီးတွေထဲမှာမှ ကံတရားက မျက်နှာသာပေးထားပြီး ကံအကောင်းဆုံး ဖြစ်...
10/01/2026

🌟 ဒီအပတ်အတွက် ကံအကောင်းဆုံး နေ့နံ (၃) ခု 🌟

ဒီအပတ် (၇) ရက်သားသမီးတွေထဲမှာမှ ကံတရားက မျက်နှာသာပေးထားပြီး ကံအကောင်းဆုံး ဖြစ်နေတဲ့ နေ့နံ (၃) ခု ရှိပါတယ်။
ကိုယ့်မွေးနေ့ ပါနေမလား၊ ကိုယ့်ချစ်သူ နေ့နံ ပါနေမလား ကြည့်လိုက်ရအောင်... 👇

🐯 (၁) တနင်္လာ သားသမီးများ (Monday)
ကံကောင်းသည့်အချက် - ငွေကြေး နှင့် လုပ်ငန်းစီးပွား။
အဟော - ဒီအပတ်မှာ "လက်ထဲ ငွေရွှင်မယ့်အပတ်" လို့ ပြောလို့ရပါတယ်။ ကြွေးဟောင်းတွေ ပြန်ရမယ်၊ အလုပ်မှာ လစာတိုးတာ၊ ဘောနပ်စ် (Bonus) ရတာမျိုး ကြုံရမယ်။ ကိုယ်ပိုင်စီးပွားရေးသမားတွေ အမြတ်အစွန်း များမယ့် ရက်သတ္တပတ်ပါ။
ယတြာ - အိမ်က ဘုရားမှာ ရေသက်စေ့ (၁၅) ခွက် ကပ်လှူပေးပါ။

🦁 (၂) အင်္ဂါ သားသမီးများ (Tuesday)
ကံကောင်းသည့်အချက် - အောင်မြင်မှု နှင့် နေရာဌာန အပြောင်းအလဲ။
အဟော - မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ ကိစ္စတွေ အောင်မြင်လာမယ်။ အလုပ်သစ် လျှောက်ထားသူတွေ အလုပ်ရမယ်။ ရာထူးတိုး၊ နေရာကောင်းရမယ့် ကိန်းရှိပါတယ်။ အပြိုင်အဆိုင်တွေကြားကနေ ထိပ်ဆုံး ရောက်လာမယ့် အချိန်ပါ။
ယတြာ - ဇီးယို၊ ဇီးထုပ် ကလေးတွေကို ဝေပေးပါ။

🐦 (၃) သောကြာ သားသမီးများ (Friday)
ကံကောင်းသည့်အချက် - မေတ္တာရေး နှင့် ကံစမ်းမဲ။
အဟော - မျက်နှာပွင့်နေတဲ့ အချိန်ပါ။ စကားပြောရင် လူချစ်လူခင် များမယ်။ အချစ်ရေးမှာ စိတ်ချမ်းသာရမယ်။ ထီထိုးတာ၊ ကံစမ်းမဲ ဖောက်တာတွေမှာ ကံထူးတတ်ပါတယ်။ လက်ဆောင်ပစ္စည်းတွေ ဝင်လာတတ်တဲ့ အချိန်ကောင်းပါပဲ။
ယတြာ - နွမ်းပါးတဲ့ သက်ကြီးရွယ်အို တစ်ဦးကို မုန့်ဖိုးပေးလှူလိုက်ပါ။

🎉 ကဲ... ဒီ (၃) ခုထဲမှာ ကိုယ့်နေ့နံ ပါနေပြီလား?
ပါရင် "Yes" လို့ ကော်မန့်ရေးပြီး ကံကောင်းခြင်းတွေ ယူသွားလိုက်ပါ။ မပါသေးရင်လည်း စိတ်မလျော့နဲ့နော်၊ နောက်အပတ် ကိုယ့်အလှည့် လာတော့မှာပါ။
(ပါတဲ့ သူငယ်ချင်းတွေကို Mention ခေါ်ပြီး ဂုဏ်ပြုပေးလိုက်ကြပါဦး...)
#နေ့နံဟောစာတမ်း

Astro by Htet တွင် မေးမြန်း ပြုလုပ်နိုင်သည့် အရာများထဲမှ တချို့တဝက်ကို ဖော်ပြပေးထားပါတယ်။ဆရာထက်ဝင်းအောင်ပယောဂနှင့် K.Pရှ...
04/05/2024

Astro by Htet တွင် မေးမြန်း ပြုလုပ်နိုင်သည့် အရာများထဲမှ တချို့တဝက်ကို ဖော်ပြပေးထားပါတယ်။

ဆရာထက်ဝင်းအောင်
ပယောဂနှင့် K.Pရှေ့ပြေးနက္ခတ်ဗေဒင်
အမရပူရ၊ မန္တလေး။

ပျင်းနေကြမှာစိုးလို့သူများဆီက ပုံယူလာပေးတာ
06/01/2024

ပျင်းနေကြမှာစိုးလို့
သူများဆီက ပုံယူလာပေးတာ

ရန်ကုန်ခရီးမှ မန္တလေးသို့ ပြန်လည်ရောက်ရှိပါပြီခင်ဗျာ မနက်ဖြန်ကစပြီး ကျနော့ဆီ အပ်ထားတဲ့ အစီအရင်များ စတင်ဆောင်ရွက်ပေးသွားပ...
11/12/2023

ရန်ကုန်ခရီးမှ မန္တလေးသို့ ပြန်လည်ရောက်ရှိပါပြီခင်ဗျာ မနက်ဖြန်ကစပြီး ကျနော့ဆီ အပ်ထားတဲ့ အစီအရင်များ စတင်ဆောင်ရွက်ပေးသွားပါမယ်ခင်ဗျာ။

ပယောဂစစ်ဆေးကုသလိုသူများနှင့် ဗေဒင်မေးလိုသူများ ကြိုတင် bookingယူနိုင်ပါပြီခင်ဗျာ။

ဒီလအကုန်ထိပဲ မန္တလေးမှာရှိပါမယ်ခင်ဗျာ။

ဆရာထက်ဝင်းအောင်
ပယောဂနှင့် K.Pရှေ့ပြေးနက္ခတ်ဗေဒင်
အမရပူရ၊ မန္တလေး။
09-977075569

တနင်္လါသမီး နဲ့ စနေသမီးတို့ အပ်နှံထားတဲ့ ပီယအစီအရင်များ ပြုလုပ်ပေးပြီးပါပြီခင်ဗျာအချစ်ရေး အိမ်ထောင်ရေးများ အဆင်ပြေ၍ ပြန်...
25/11/2023

တနင်္လါသမီး နဲ့ စနေသမီးတို့ အပ်နှံထားတဲ့ ပီယအစီအရင်များ ပြုလုပ်ပေးပြီးပါပြီခင်ဗျာ
အချစ်ရေး အိမ်ထောင်ရေးများ အဆင်ပြေ၍ ပြန်လည်မေတ္တာသက်ဝင် ချစ်ခင်ကြကာ ပေါင်းဖက်ကြပါစေ

Astro By Htet တွင်မေးနိုင်သောမေးခွန်းများ***************************************၁။ လက်ရှိချစ်သူ (သို့) ရည်ရွယ်ထားသူနှင့်...
22/10/2023

Astro By Htet တွင်မေးနိုင်သောမေးခွန်းများ
***************************************

၁။ လက်ရှိချစ်သူ (သို့) ရည်ရွယ်ထားသူနှင့် လက်ထပ်သည်အထိ ဖူးစာပါမလား

၂။ နိုင်ငံခြားရောက်မလား၊ ဘယ်တော့လဲ

၃။ ဖူးစာရှင်၏ ပုံပန်းသဏ္ဍာန်

၄။ ကိုယ်စိတ်ဝင်စားနေတဲ့သူရဲ့ စိတ်နေစိတ်ထား

၅။ crush နဲ့ ရည်းစားဖြစ်မလား၊ ဘယ်အချိန် ဖွင့်ပြောသင့်လဲ

၆။ ရေးဖြေစာမေးပွဲအောင်မလား၊ ကျမလား

၇။ အင်တာဗျူး အောင်မလား

၈။ အိမ်ထောင်ကျကံကောင်းမလား

၉။ ငွေဝင်ဖို့ရှိလား

၁၀။ ဘယ်အလုပ်နဲ့အကျိူးပေးမလဲ၊ ကိုယ်ပိုင်လုပ်ငန်းလား၊ ဝန်ထမ်းလား

၁၁။ ရာထူးတိုးမလား

၁၂။ အလုပ်ပြုတ်မလား

၁၃။ နောက်အိမ်ထောင်ကျမှာလား

၁၄။ အိမ်ဘယ်တော့ဝယ်နိုင်မလဲ

၁၅။ ကားဘယ်တော့ဝယ်နိုင်မလဲ

၁၆။ ကိုယ်ဝန်ဘယ်တော့ရမလဲ

၁၇။ အလုပ်သစ်ရမလား

၁၈။ အလုပ်ပြောင်းရင် ပိုအဆင်ပြေမလား

၁၉။ ချေးငွေရမလား၊ ဘယ်တော့လဲ

၂၀။ စကောလားရှစ်ရမလား

ဆရာထက်ဝင်းအောင်
ပယောဂနှင့် K.Pရှေ့ပြေးနက္ခတ်ဗေဒင်
အမရပူရ၊ မန္တလေး။
09-977075569

အများကြီးမပြောတော့ဘူး😁
15/10/2023

အများကြီးမပြောတော့ဘူး😁

ဆင်းရဲအောင် ဘယ်လိုလုပ်ရမလဲ******************************လူတိုင်းချမ်းသာချင်ကြပါတယ်။ ပိုက်ဆံမချမ်းသာချင်ရင်တောင် စိတ်ချမ်...
14/10/2023

ဆင်းရဲအောင် ဘယ်လိုလုပ်ရမလဲ
******************************

လူတိုင်းချမ်းသာချင်ကြပါတယ်။ ပိုက်ဆံမချမ်းသာချင်ရင်တောင် စိတ်ချမ်းသာချင်ကြတာပါပဲ။ ဒါပေမယ့် အခုမျှဝေပေးသွားမှာကတော့ ဆင်းရဲအောင် ဘာတွေ လုပ်ဆောင်ရမလဲဆိုတာနဲ့ ပတ်သတ်ပြီးတော့ နည်းလမ်းများပဲ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့တော့ မိမိအပေါ်မှာ ကျေးဇူးကြီးမားလှတဲ့ ခင်ပွန်းကြီးဆယ်ပါးကို ကာယကံ၊ ဝစီကံနဲ့ ပြစ်မှားပြောတာပါပဲ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားမိတဲ့အတွက် ဒဏ်ဆယ်ပါးသင့်ပါမယ်ဗျ။ ဒဏ်ဆယ်ပါး သင့်တဲ့အခါမှာ ပြင်းထန်သော ဦးခေါင်းဒဏ်ရာ ရရှိမယ်၊ ပိုင်ဆိုင်သောဥစ္စာပစ္စည်းများဆုတ်ယုတ်ပျက်စီးမယ်၊ ကုသ၍မရတဲ့ရောဂါများဖြစ်မယ်၊ စိတ်တည်ငြိမ်မှုမရဖြစ်မယ်၊ စသည်ဖြင့် ဒဏ်ဆယ်ပါး သင့်သောကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်စေပါမယ်။

နောက်တစ်ခုကတော့ ဘုရားတွေမှာ အဂါရဝ ဆန်တဲ့ အပြုအမူတွေ မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်မယ်။ ဒါဆိုရင်တော့ သာသနာစောင့်နတ်၊ ကမ္ဘာစောင့်နတ်၊ လောကပါလနတ်တွေ ဒဏ်ထားတဲ့အတွက် စီးပွားရှာတဲ့နေရာမှာ အခက်အခဲဖြစ်ပြီး လာဘ်ပိတ်လာပါမယ်၊ ကျန်းမာရေးအရလည်း ဖောက်ပြန်လာပါမယ်ဗျ။

နောက်တစ်ခုကတော့ ကိုယ်ကြည့်မရတဲ့ ကလေးကစ သီလသမာဓိနဲ့ ပြည့်စုံတဲ့ ရဟန်းသံဃာတွေ အဆုံး အကုန်ပစ်မှားမယ်။ ကြုံရာလူနဲ့ အတင်းတုတ်မယ်။ စိတ်ကြမ်း ကိုယ်ကြမ်းနဲ့ အကုန်ပတ်ဆဲနေမယ်ဆိုရင်တော့ ရန်လည်းများလာမယ် ဒဏ်တွေလည်း သင့်လာမှာဖြစ်တဲ့အတွက် ဘဝမှာ အခက်အခဲပေါင်း များစွာ ကြုံတွေ့လာရပါမယ်။

နောက်ဆုံးတစ်ခုကတော့ ကုသိုလ်ကောင်းမှုနဲ့ ပတ်သတ်တာ ဘာမှမလုပ်ဘူး။ သူများယောင်တိုင်း လိုက်ယောင်မယ်။ သူများဆဲတာတွေ့ရင် ကိုယ်ပါဝင်ဆဲမယ်။ ဘဝတိုးတက်ဖို့အတွက် လိုအပ်တဲ့ အသိပ​ညာ ဗဟုသုတကို မရှားမှီးဘူး။ ဘဝကို ယောင်ခြောက်ဆယ်လုပ်ပြီး ဖြတ်သန်းမယ်။ မိမိကို ကူညီလမ်းပြပေးမယ့် ဆရာကောင်းသမားကောင်း၊ မိတ်ကောင်းဆွေကောင်းများ မရှိအောင် လုပ်ဆောင်မယ်။

ဒီအချက်တွေကို သေချာလိုက်လုပ်မယ်ဆိုရင် သင် ဆင်းရဲဖို့ကို ကျွန်ုပ် အာမခံပါတယ်။

ချမ်းသာချင်ရင်တော့ အထက်ပါ အချက်တွေကို ရှောင်ပြီး ဆန့်ကျင်ဘက်လုပ်ပါ။ လူတိုင်းမှာ ချမ်းသာဖို့ အခွင့်အရေး ရှိပါတယ်။

မိတ်ဆွေတို့ဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သတ်ပြီး လုပ်များကိုင်မှားများရှိနေတာ၊ ဒဏ်သင့်နေတာ၊ သူများနှောင့်ယှက်ထားတာ စသည်ဖြင့် အကြောင်းရင်း တစ်ခုခုကြောင့် ကိုယ် ရည်မှန်းထားသလို ဖြစ်မလာတာလဲဆိုတဲ့ အဖြေတစ်ခုကို ကျွန်ုပ်တတ်ကျွမ်းသည့် ဗေဒင်ပညာ၊ ပယောဂပညာများဖြင့် အဖြေရှာပေးပြီး နည်းမှန်လမ်းမှန်ရောက်ပြီး အဆင်ပြေအောင် ကူညီပေးပါရစေ။

ဆရာထက်ဝင်းအောင်
ပယောဂနှင့် K.Pရှေ့ပြေးနက္ခတ်ဗေဒင်
အမရပူရ၊ မန္တလေး။
09-977075569

လွတ်လပ်စွာ shareနိုင်ပါတယ်။ copy ယူခွင့်မပြုပါ

မြဝတီမှာ နေထိုင်တဲ့ သောကြာသမီးရဲ့စီးပွားရေး အဆင်ပြေစေရန်နှင့် လူနတ် ချစ်ခင်စေရန် ပွဲတင်၍ အစီအရင် ဖယောင်းတိုင်များ ပူဇော်...
11/10/2023

မြဝတီမှာ နေထိုင်တဲ့ သောကြာသမီးရဲ့
စီးပွားရေး အဆင်ပြေစေရန်နှင့် လူနတ် ချစ်ခင်စေရန် ပွဲတင်၍ အစီအရင် ဖယောင်းတိုင်များ ပူဇော်ပေးလိုက်ပါတယ်။

ဆရာထက်ဝင်းအောင်
ပယောဂနှင့် K.Pရှေ့ပြေးနက္ခတ်ဗေဒင်
အမရပူရ၊ မန္တလေး။
09-977075569

ဒီနေ့ အလုပ် အရမ်းများသွားတဲ့အတွက်  ဗေဒင်မေးထားတဲ့ မိတ်ဆွေများရဲ့ ဟောစာတမ်းများကို မနက်ဖြန်အပြီး ပေးပို့သွားပါမယ်ခင်ဗျာ
24/09/2023

ဒီနေ့ အလုပ် အရမ်းများသွားတဲ့အတွက်
ဗေဒင်မေးထားတဲ့ မိတ်ဆွေများရဲ့ ဟောစာတမ်းများကို မနက်ဖြန်အပြီး ပေးပို့သွားပါမယ်ခင်ဗျာ

ဗေဒင်က အတိတ်ကံကို ရည်ညွှန်းပါတယ်ပစ္စုပ္ပါန်ကံကတော့ ကိုယ်တိုင်လုပ်ယူရပါတယ်ဗျအတိတ်ကံမကောင်းသော်လည်း ကိုယ်က ကြိုးစားရင် အထိ...
23/09/2023

ဗေဒင်က အတိတ်ကံကို ရည်ညွှန်းပါတယ်
ပစ္စုပ္ပါန်ကံကတော့ ကိုယ်တိုင်လုပ်ယူရပါတယ်ဗျ
အတိတ်ကံမကောင်းသော်လည်း ကိုယ်က ကြိုးစားရင် အထိုက်အလျောက်တော့ အဆင်ပြေနိုင်ပါတယ်ခင်ဗျာ

Address

W353+49G, Amarapura
Mandalay
05061

Telephone

+959977075569

Website

Alerts

Be the first to know and let us send you an email when Astro by Htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share