Aye Thiri Hospital

Aye Thiri Hospital Our best gift to your family is your health

17/08/2025

ဝန်ထမ်း အလိုရှိသည်
၁။ သွေးဖောက်ကျွမ်းကျင် (မ) - ၂ ဦး

ပညာအရည်အချင်း -
- အထက်တန်းအောင်/ ကွန်ပျူတာ သုံးတတ်ရမည်
- ကလေးလူနာများကို ကျွမ်းကျင်စွာ သွေးဖောက်တတ်ရမည်
- ဓါတ်ခွဲခန်းတွင် ကူညီပေးရမည်
- လူနာ/ ဆရာဝန်များနှင့် ပြောဆိုဆက်ဆံရေး ကောင်းမွန်ရမည်
- ဆေးရုံလုပ်ငန်း အတွေ့အကြုံရှိသူကို ဦးစားပေးမည်

တာဝန်ချိန် -
- နေ့/ ည အလှည့်ကျ

လိုအပ်သော စာရွက်စာတမ်းများ
၁။ ကိုယ်ရေးအချက်အလက်နှင့် လိုင်စင်ဓါတ်ပုံ ၁ ပုံ (ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် မျှော်မှန်းလစာ သေချာထည့်ရေးပေးရန်)
၂။ မှတ်ပုံတင်မိတ္တူ ၁ စုံ
၃။ အိမ်ထာင်စုဇယား မိတ္တူ ၁ စုံ
၄။ နေထိုင်ရာ ရပ်ကွက်ထောက်ခံစာ မိတ္တူ ၁ စုံ
၅။ ပညာအရည်အချင်း စာရွက်စာတမ်းနှင့် သင်တန်းဆင်းအောင်လက်မှတ်မိတ္တူ ၁ စုံ

လူကိုယ်တိုင်လာရောက်လျှောက်ထားလိုပါက
နေ့စဉ် မနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း
လာရောက်လျှောက်ထားနိုင်သည်။


14/08/2025

Medical Officer 1 post

- M.B.,B.S ဘွဲ့လက်မှတ်ရထားပြီးသူ ဖြစ်ရမည်
- နေ့/ည အလှည့်ကျ တာဝန်ထမ်းဆောင်နိုင်ရမည်
- Duty Hours - Total 240 hours / month

လိုအပ်သော စာရွက်စာတမ်းများ
- ကိုယ်ရေးရာဇဝင် CV
- မှတ်ပုံတင် မိတ္တူ
- အိမ်ထောင်စုဇယား မိတ္တူ
- ဘွဲ့လက်မှတ် မိတ္တူ

လူကိုယ်တိုင်လာရောက်လျှောက်ထားလိုပါက
နေ့စဉ် မနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း
လာရောက်လျှောက်ထားနိုင်သည်။


အေးသီရိဆေးရုံပြင်ပလူနာဌာနမနက် ၇နာရီမှ ညနေ ၆နာရီအတွင်း နေ့စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်။အတွင်းလူနာဆောင်ကိုလည်း24/7 အစ...
30/03/2021

အေးသီရိဆေးရုံ

ပြင်ပလူနာဌာန
မနက် ၇နာရီမှ ညနေ ၆နာရီအတွင်း နေ့စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်။

အတွင်းလူနာဆောင်ကိုလည်း
24/7 အစဉ်အမြဲ ဖွင့်လှစ်ထားပါသည်။

စိတ်ပူပေးကြတဲ့ ဆွေမျိုးမိတ်သင်္ဂဟများကိုလည်း ယနေ့မှစ၍ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ပြသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်

မင်္ဂလာရှိသော နှစ်သစ်ကူးအခါသမယမှာ မွေးဖွားသော အမွှာစုံတွဲ သုံးတွဲ------------------++++++++++++++++++မင်္ဂလာရှိသောနှစ်သစ...
01/01/2021

မင်္ဂလာရှိသော နှစ်သစ်ကူးအခါသမယမှာ မွေးဖွားသော အမွှာစုံတွဲ သုံးတွဲ
------------------++++++++++++++++++

မင်္ဂလာရှိသောနှစ်သစ်ကူးအချိန်အခါမှာ အေးသီရိဆေးရုံတွင် မင်္ဂလာရှိစွာ မွေးဖွားလာသော အမွှာ ၃ တွဲအတွက် အေးသီရိဆေးရုံမှ မိခင်ရော ကလေးပါ ကျန်းမာပျော်ရွှင်စေကြောင်း ဆုမွန်ကောင်းများတောင်းရင်း မင်္ဂလာလက်ဆောင်အန်ပေါင်း(hóngbāo) များ ပေးအပ်ခဲ့ပါသည်။

(ကျန်ကလေးမိဘနှစ်ဦးရဲ့ ခွင့်ပြုချက်မရ၍ ဓာတ်ပုံဖေါ်ပြနိုင်ခြင်း မရှိကြောင်းပါ)

ကလေးမွေးဖွားပြီး မိခင်တွေဟာ အစားအစာ အစုံစားသင့်/ မစားသင့်***********************************👦🏻 ဟေ့ကောင်၊ ငါ့မိန်းမ ကလေးမ...
19/11/2020

ကလေးမွေးဖွားပြီး မိခင်တွေဟာ အစားအစာ အစုံစားသင့်/ မစားသင့်
***********************************

👦🏻 ဟေ့ကောင်၊ ငါ့မိန်းမ ကလေးမွေးပြီးကတည်းက ပိန်လိုက်လာတာကွာ၊ ကလေးကလည်း နို့ဆွဲချက်က လန်ထွက်နေတာပဲ၊ အမေကတော့ ပိန်သွားတာ တအားပဲ။

👨🏾‍⚕️ မင်းမိန်းမ အစုံစားခိုင်းလေကွာ။

👦🏻 ဟ ငါ့အမေနဲ့ အဒေါ်တွေက အကုန်ရှောင်ခိုင်းတာကွာ။ ဆီဆမ်း ဆားဖြူးနဲ့ အကြော်အလှော် နည်းနည်းလောက်ပဲ စားခိုင်းတာကွ။

👨🏽‍⚕️ မင်းမိန်းမကလည်း စားနိုင်လား။

👦🏻 မစားနိုင်လို့ပေါ့ကွ။ စားနိုင်နေရင် အခုလိုပိန်မလားဟ။

👨🏽‍⚕️ မင်းတို့က အိမ်မှာ ကိုယ့်အခန်းနဲ့ကိုယ် အေးဆေးမဟုတ်လား။

👦🏻 အေး။

👨🏽‍⚕️ အဲဒါဆို မင်းမိန်းမ စားချင်တာမှန်သမျှ ပါဆယ်ဝယ်သွားကွာ။ အခန်းထဲမှာ ‌စားကြပေါ့။ အိမ်ကမေးရင် ကျွန်တော်စားဖို့ ဝယ်လာတာပြောပေါ့။ ခိုးကျွေးကွာ။ စားချင်တာမှန်သမျှ အစုံစား၊ အကုန်စား၊ တရားလွန်တော့ မလုပ်နဲ့ပေါ့။

👦🏻 အေးကွာ။ ချမယ်။ 📱တီ....တီ.... ချစ် ကိုယ့်သူငယ်ချင်းက စားလို့ရတယ်တဲ့။ ချစ် ဘာစားမလဲ တခါတည်း ပါဆယ်ဝယ်ခဲ့လိုက်မယ်.....................
-----------------------------------------------------

နောက်တစ်လခန့်ကြာသော်

‌👦🏻 ဟေ့ကောင် ငါ့မိန်းမ ပြန်ဝလာပြီ၊ အစုံစား အကုန်စားလွန်လို့ မနည်းတောင် ပြန်တားယူနေရသေးတယ်၊ ‌ကလေးလည် အိုကေပဲ။

👨🏽‍⚕️ အိုကေတယ်ပေါ့။ အလွန်အကျူးတော့ မစားစေနဲ့ပေါ့။ ပုံမှန်အတိုင်း အကုန်စား အစုံစားလို့ရတယ်။ စားမှလည်း ရမှာ။

👦🏻 အခုတောင် ဝိုင်သောက်ချင်လို့တဲ့ ရလား???

👨🏽‍⚕️ ဟေ့ကောင် 😡😡😡

#ကလေးမွေးဖွားပြီးအချိန်များမှာမိခင်‌တွေဟာအာဟာရပြည့်ဝအောင်အစာအစားမျိုးစုံစားသုံးသင့်ပါတယ်

အောက်ဖေါ်ပြပါ ပုံလေးမှာ
၁။ စားသုံးသင့်သည့် အစားအစာများ
၂။ ရှောင်ရမည့် အစားအစားများကို ဖေါ်ပြထားပါတယ်




Photo credit to pinterest.com

Address

At The Corner Of 26th Street And 72nd Street, Chanayetharzan Township, Mandalay, Myanmar
Mandalay

Telephone

+959751777730

Website

Alerts

Be the first to know and let us send you an email when Aye Thiri Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category