ဆရာမသူဇာ တားရော့ ဗေဒင် ယတြာ

  • Home
  • Myanmar
  • Mandalay
  • ဆရာမသူဇာ တားရော့ ဗေဒင် ယတြာ

ဆရာမသူဇာ တားရော့ ဗေဒင် ယတြာ မင်္ဂလာပါရှင်။ ဆရာမဆီ တားရော့ ဗေဒင်

09/08/2026
သို့      ၇ ရက် သား သမီး များအားလုံးတွက်     ကျွန်မ ဆရာမသူဇာမှ - - - ✍️မိမိက သူများကို ချစ်တာ မချစ်တာသူများက မိမိကို ချစ...
15/03/2026

သို့
၇ ရက် သား သမီး များအားလုံးတွက်
ကျွန်မ ဆရာမသူဇာမှ - - - ✍️

မိမိက သူများကို ချစ်တာ မချစ်တာ
သူများက မိမိကို ချစ်တာ မချစ်တာ
သိပ်အရေးမကြီးပေမယ့်

မိမိအနေနဲ့

ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့
ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့
ကိုယ့်က်ိုယ်ကို လေးစားတတ်ဖို့
ကိုယ့်ကိုယ်ကို သနားတတ်ဖို့
ကိုယ့်ကိုယ်ကို ပျော်ရွှင်မှုကို
ထိုက်သင့်သလောက်
ခံစားနိုင်ဖို့

သိပ် အရေးကြီးပါတယ် ။

ဘာကြောင့်လဲ ဆိုတော့

မိမိကို သူများတုတ်တဲ့ကြိုးကို
ဖြေရလွယ်ပေမယ့်
မိမိက ကိုယ့်ကိုယ်ကို တုတ်တဲ့ကြိုးကို
ဖြေရခက်ပါတယ်
အဲ့ဒါက ဘာကြိုးလဲမေးရင်
ဖြေပေးရမှာက
သံယောဇဥ် ဆိုတဲ့ ကြိုး ပါပဲ ။ ✍️

(( မည်သူ့ကို မဆို လွတ်လပ်စွာ
ချစ်ပိုင်ခွင့် ရှိပေမယ့်
သံယောဇဥ် ထားမိရင်
ကိုယ့်ဘက်က
ဒုက္ခတွေကို ဖိတ်ခေါ်သလို
ဖြစ်သွားတတ်ကြောင်းပါ ))
#ဆရာမသူဇာ

THE STAR  #ဟောချက်တစ်ခုပါမေးသူ - - -ဆရာမခင်ဗျ မင်္ဂလာပါဗျ ။ကျွန်တော့်ရဲ့ စီးပွား​ရေး အလုပ်အကိုင် နဲ့ အချစ်ရေး အတွက် ကြည်...
26/02/2026

THE STAR
#ဟောချက်တစ်ခုပါ

မေးသူ - - -
ဆရာမခင်ဗျ မင်္ဂလာပါဗျ ။
ကျွန်တော့်ရဲ့ စီးပွား​ရေး အလုပ်အကိုင် နဲ့ အချစ်ရေး အတွက် ကြည့်ပေးပါခင်ဗျ ။
စီးပွားရေးက လက်ရှိ - - - လုပ်ကိုင်ပြီး နောက်ထပ် - - - ကို ထပ်ပြီး လုပ်ကိုင်ဖို့
စီစဥ်မှုမှာ အဆင်ပြေနိုင်လား သိချင်တာပါ ခင်ဗျ ။ ကျွန်တော့အမည်က
မောင် - - - နဲ့ ချစ်သူအမည်က မ - - - ဖြစ်ပါတယ် ။

ကျွန်မ - - -
မေးသူအတွက် ကဒ်ဆွဲလိုက်တော့
THE STAR ကဒ် ရပါတယ် ။
မောင်လေးရေ ဆရာမအမြင်မှာ အခုလက်ရှိ မောင်လေး လုပ်လက်စ အလုပ်မှာ အဆင်ပြေပါတယ် ။ ထပ်တိုးမယ့် အလုပ်မှာတော့ အနှောက်အယှက်လည်း ရှိနေသလို မောင်လေးကိုယ်တိုင်လည်း အဲ့ဒီအလုပ်ကို လုပ်ရကောင်းလား ၊ မလုပ်ရင်ပဲကောင်းမလား ဆိုတဲ့အတွေးနဲ့ စိတ်ကနှစ်ခွ ဖြစ်နေပါတယ် ။ အလုပ်သစ်ပေါ်မှာ မောင်လေးကိုယ်တိုင်ရဲ့ စိတ်က ပြတ်သားမှုမရှိဘူးလို့ မြင်ပါတယ် ။ အနှောက်အယှက်ဆိုရာမှာ မိတ်ဆွေ ၊ သူငယ်ချင်း ၊ မိသားစုဝင် တွေထဲကပဲ ရှိနေတတ်ပါတယ် ။ အခြား သူစိမ်းဘက်က မဟုတ်ဘဲ ရင်းနှီးတဲ့သူက နှောက်ယှက်ဖို့ သေချာပါတယ် ။ အလုပ်သစ်ကို စလုပ်ချိန်မှာ မြန်ရင် ၂ လ ကြာရင် ၃ လ အခက်အခဲ ရှိပါတယ် ။ သွားရင်း လာရင်း လည်း အန္တရာယ် သတိထားပါ ။ နောက်ပိုင်းမှာတော့ ကံကောင်းခြင်းတွေက များစွာရရှိနိုင်ပါတယ် ။ အထူးသဖြင့် လူတွေရဲ့
အနှောက်အယှက်ကို သတိထားပါ ။ သဘာဝနဲ့ပတ်သက်တဲ့ အန္တရာယ်က မရှိသလောက်ပါပဲနော် ။
အချစ်ရေးမှာတော့ သူကမောင်လေးကိုလည်း စိတ်မပြတ်သလို
အခြားတစ်ယောက်လည်း ရှိနေပါတယ် ။ သူက အဲ့ဒီဘက်မှာ စိတ်အားများတယ် ။ မောင်လေးက သူ့ကို အမြဲတမ်းအတွက် လက်တွဲဖို့ စိတ်ကူးထားရင်တော့ ရေရှည်အဆင်ပြေအောင် တစ်ခုခုတော့ ဆောင်ရွက်ထားမှ ကောင်းပါမယ် ။ မဟုတ်ရင်တော့ သိပ်မကြာခင်မှာ
ဟိုဘက်ကို လိုက်သွားဖို့ သေချာသလောက်ပါပဲနော် ။ မောင်း​လေးတို့မှာ သူက တစ်ခုခုလုပ်ရင် စိတ်မြန် လက်မြန်နဲ့ မစဥ်းစား မဆင်ခြင်ပဲ
လုပ်တတ်သလို သူသာ ဟိုဘက်က
လူကို တကယ် စိတ်ဝင်စားတာ မှန်ရင်
ပိုပြီးတော့တောင် မောင်လေးဘက်ရောက်ဖို့ မသေချာသလို ၊ မောင်လေးကလည်း သူ့စိတ်နဲ့ ဆန့်ကျင်ဘက် အနေအထားမှာ ရှိနေပါတယ် ။ ယူဖြစ်ခဲ့ရင်လည်း အခြားသူတွေထက်
မောင်လေးတို့က ပိုပြီး သီးခံစိတ်နဲ့ လက်တွဲနိုင်မှ အဆင်ပြေမှာ ဖြစ်ပါတယ် ။

မေးသူ - - -
ဟုတ်ကဲ့ပါဗျ ဆရာမပြောတာတွေ မှန်ပါတယ် ။ ကျွန်တော်ကို ဘာမှ စကားမပြန်သလို ဟိုမှာလည်း နောက်တစ်ယောက် ရှိနေပါတယ်ဗျ ။ စီးပွားရေးမှာလည်း ကျွန်တော့်စိတ်က ဆရာမပြောသလို
မတည်ငြိမ်ဘူး ၊ စိတ်မပြတ်ဘူး ဖြစ်နေပါတယ် ။အလုပ်သစ်အတွက်လည်း အဆင်ပြေချင်ပါတယ်ဗျ ။ ယတြာလုပ်သင့်ရင်ပြောပါခင်ဗျ ။ ကျွန်တော် သေချာ ဆောင်ရွက်ပါမယ်ဗျ ။ ဆရာမနဲ့ တွေ့မှ စိတ်ထဲ ပေါ့သွားပါပြီဗျ ။ မဟုတ်ရင် အလုပ်အတွက် စိတ်တွေ လေးနေတာပါဗျ ။ အားလည်းကိုးပါတယ် ။ ကျေးဇူးလည်း တင်ပါတယ်ခင်ဗျ ။

( လုပ်သင့်တဲ့ ယတြာ ပြောပေးလိုက်ပါတယ် )

🌹 အခုလို ကျွန်မရဲ့ ဟောချက်တွေ ရေးပေး ပို့စ်တင်ပေးနေတာက တားရော့ပညာကို လေ့လာသင်ယူနေတဲ့သူတွေ လေ့လာရ လွယ်ကူစေဖို့ ရည်ရွယ်ပြီး ရေးပေးတာ ဖြစ်ပါတယ် ။

ကျွန်မရဲ့ ဟောချက်တွေက မှန်ပါတယ်ဆိုတဲ့ ကြွားဝါခြင်တဲ့ စိတ်မျိုးနဲ့ ရေးပေးနေတာ မဟုတ်ပါဘူးရှင့် ။ 🌹

#ဆရာမသူဇာ
09 - 257181800
09 - 680730743

Six of Swords #ဟောချက်တစ်ခုပါမေးသူ - - -ဆရာမရှင့် ညီမက တားရော့ဗေဒင် မေးချင်လို့ပါရှင့် ။ညီမနာမည်က မ - - -  ပါရှင့် ။ကျွန...
21/07/2025

Six of Swords
#ဟောချက်တစ်ခုပါ

မေးသူ - - -
ဆရာမရှင့် ညီမက တားရော့ဗေဒင်
မေးချင်လို့ပါရှင့် ။
ညီမနာမည်က မ - - - ပါရှင့် ။

ကျွန်မ - - -
ညီမ အဓိက သိချင်တာကို ပြောပေးပါ ။

မေးသူ - - -
ညီမက နိုင်ငံခြားမှာ သွားချင်လို့
သွားလို့ ရ မရ သိချင်ပါတယ် ။
အခုက သွားလို့ ဖြစ် မဖြစ် အဆင် ပြေ
မပြေ သိချင်ပါတယ်ရှင့် ။

ကျွန်မ - - -
မေးသူ ညီမအတွက် ကဒ်ဆွဲတော့
SIX OF SWORDS ကဒ် ရပါတယ် ။
ညီမ အနေနဲ့ နောက် ၅ လ အတွင်း
သွားရင် အရင်ဆုံး စိတ် အနှောက်အယှက်လေးတွေ ကြုံရပါမယ် ။
ငွေကြေးကိစ္စ ၊ မိသားစုကိစ္စ ၊ စာရွက်စာတန်းကိစ္စ စသဖြင့် ကိစ္စတစ်ခုခုကြောင့် စိတ်အနှောက်အယှက် ဖြစ်ပြီးမှ သွားနိုင်ပါမယ် ။ အစပိုင်းမှာ အဆင်မပြေပေမယ့် သွားပြီးလို့ တစ်ဘက်မှာ ရောက်ရင်တော့ အဆင်ပြေသွားမယ် ။ တကယ်လို့ ညီမက နောက်မှ သွားလဲ ရတယ် ဆိုရင်တော့ အားလုံး အဆင်ပြေပါမယ် ။ ညီမရဲ့ ကံအရ လမ်းမှာ အခန့်မသင့်ရင် ယာဥ်တိုက်မှုလည်း သတိထားမှ ဖြစ်မယ် ။
ညီမ သိချင်တာရှိရင် ပြောပါ ။

မေးသူ - - -
ဟုတ်ကဲ့ပါ ဆရာမ ညီမရဲ့ အချစ်ရေးလည်း သိချင်ပါတယ်ရှင့် ။

ကျွန်မ - - -
ညီမရဲ့ အချစ်ရေးကတော့ မြန်ရင်
၃ လ အတွင်း ကြာရင် ၁ နှစ် အတွင်း တွေ့နိုင်ပါတယ် ။ တွေ့ခဲ့ရင်လည်း သေချာစဥ်းစားပြီးမှ လက္ခံစေချင်ပါတယ် ။ နဲနဲ အခက်တွေ့နိုင်လို့ပါ ။ ချစ်သူ ရည်းစား နဲ့ ပတ်သက်ပြီး စိတ်ညစ်စရာ ကြုံရတတ်လို့ပါ ။

မေးသူ - - -
အခုလို သေချာရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ် ဆရာမရှင့် ။
#ညီမကအရင်တုန်းကလည်းဆရာမကိုခဏခဏမေးဘူးပါတယ်။
#အားလုံးလဲဟောတဲ့အတိုင်းမှန်ခဲ့ပါတယ်ရှင့်။
နောက်လည်း ဆက်သွယ်ပါမယ် ။
အားကိုးပါတယ်ရှင့် ။

🌹 ကျွန်မရဲ့ ဟောချက်တွေကို အခုလို ရေးပေး ပို့စ်တင်ပေးတာက တားရော့ပညာကို လေ့လာသင်ယူနေတဲ့သူတွေ လေ့လာရ လွယ်ကူစေရန် ရည်ရွယ်ပြီး ရေးပေးတာပါရှင့် ။

ကျွန်မရဲ့ ဟောချက်တွေက မှန်ပါတယ်ဆိုတဲ့ ကြွားဝါချင်တဲ့ စိတ်မျိုးနဲ့ ရေးပေး ပို့စ်တင်ပေးတာ မဟုတ်ပါဘူး
ရှင့် ။🌹

#ဆရာမသူဇာ
09 - 257181800
09 - 694601133

မနက်ဖြန်   ၆   ရက်  ၇  လ ၂၀၂၅ ခု  တနင်္ဂနွေနေ့ မနက်   ၆  နာရီ  မှ  ၇  နာရီ  ၃၀ မိနစ်   အတွင်းမိမိတို့ အိမ်ရှိ မြတ်စွာဘုရ...
05/07/2025

မနက်ဖြန် ၆ ရက် ၇ လ ၂၀၂၅ ခု တနင်္ဂနွေနေ့

မနက် ၆ နာရီ မှ ၇ နာရီ ၃၀ မိနစ် အတွင်း

မိမိတို့ အိမ်ရှိ မြတ်စွာဘုရားအား

အုန်းညွှန့် ကပ်လှူပါ။

ဖယောင်းတိုင် နှင့်
အမွှေးတိုင် ပူဇော်ပါ ။


အုန်းသီး / အုန်းသီးစိပ် နှင့်
သောက်တော်ရေ တစ်ခွက် ကပ်လှူပါ ။

အရဟံ ဂုဏ်တော်အား
ပုတီး ၆ ပတ် စိပ်ပါ ။

ပြီးလျှင်
​​​​​​​​​​​​​​​​​​​​​​​
လိုရာဆုတစ်ခုကို လေးနက်စွာ
တောင်းဆိုပါ ။

( ပေးထားသော အချိန်မမှီပါက
နေ့လည် ၁၂ မထိုးခင် ပြုလုပ်ပါ )

♥️ဆရာမသူဇာ
09 - 257181800
09 - 694601133

🙏 မိတ်ဆွေ သင်သာလျှင်
ယုံကြည်မှု အပြည့်ရှိပါစေ
ကျွန်ုပ်ပေးသော ယတြာဖြင့်
သိသာထင်ရှားစွာ
အောင်မြင်မှု ရရှိပါမည် ။🙏

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when ဆရာမသူဇာ တားရော့ ဗေဒင် ယတြာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share