23/08/2026
Oxalates တွေနော် ———-
အနောက်နိုင်ငံမှာ ခံစားနေရသည့်ရောဂါချင်း တူသည့်လူတွေဟာ ရောဂါအလိုက် အုပ်စုမျိုးစုံ ဖွဲ့ထားလေ့ရှိကြပြီး ရောဂါဆိုင်ရာဗဟုသုတတွေကို အချင်းချင်း ပြန်လည်ဝေမျှကြပါတယ်။
ကိုယ်တွေ့ အတွေ့အကြုံကလေးတွေကိုလည်း တင်ပြတတ်ကြပါတယ်။
ရောဂါဆိုင်ရာ သတင်းတွေလည်း ပါပါတယ်။
ရောဂါဆိုင်ရာ ဗဟုသုတပွါးနည်းတစ်မျိုးပါပဲ။
လေ့လာလိုက်စားတဲ့လူ အတော်များများဟာ ကိုယ့်ရောဂါအကြောင်းကို ပိုပြီး နားလည်လာနေကြတာကို တွေ့ရပါတယ်။
Information highway ခေတ်မှာ အလွယ်တကူရနိုင်တဲ့ ကျန်းမာရေးဗဟုသုတကို ရအောင် မယူဘူးဆိုရင် နစ်နာတာပေါ့။
အချိန်ကုန်ခံရမည့်အတူ ကိုယ့်အတွက်အကျိုးရှိမည့် ဗဟုသုတကိုယူတာ အကောင်းဆုံးအချိန်ကုန်ခံနည်းပါပဲ။
အမျိုးသားတစ်ယောက် ရေးတင်ထားတာကို ဖတ်မိပါတယ်။
သူကတော့ အသက်အားဖြင့် လူကြီးပိုင်းကပါ။
သူခံစားနေရတဲ့ရောဂါက Autoimmune Psoriasis ပါ။
သူ့ရောဂါက နွားနို့နဲ့ အဆင်မပြေတာမို Almond milkကိုပဲ သောက်နေတာ နှစ်အတော်ကြာခဲ့ပါပြီတဲ့။
ရောဂါကလဲ ရှင်းရှင်းမပျောက်ပါ။
သက်သာလိုက် ပြန်ဆိုးလာလိုက်နဲ့ ရောဂါသံသရာမှာ ချာချာလယ်နေပါတယ်တဲ့။
တစ်နေ့ကျတော့ ဆီးသွားသည့် ပြဿနာစလာပြီ ဖြစ်ပါတယ်။
ဆီးခဏခဏသွားချင်နေတယ်။ frequency
ဆီသွားရင် မအောင့်နိုင် / ချက်ချင်းကို သွားရမှ urgency
ဆီးပူ dysuria
ချက်ချင်းမသွားရင် ဆီးမထိန်းနိုင် urgency incontinence.
အမျိုးသားလဲ ဖြစ်နေသည့်အပြင် အသက်အရွယ်အားဖြင့်လဲ သက်ကြီးပိုင်းမှာ ပါနေတော့ ပထမတော့ Prostateကြောင့်လို့ ထင်မိတာပေါ့တဲ့။
သို့ပါသော်လည်း စာဖတ်ပြီး ဗဟုသုတကြွယ်ဝသူ ဖြစ်နေတော့ ပြန်စဉ်းစားမိပါတယ်။
သူအမြဲသောက်နေတဲ့ Almond milk တွေဟာ Oxalates ဓာတ်တွေ အလွန်ကြွယ်ဝနေတယ်ဆိုတာ သတိပြုမိပါတယ်။
စာဖတ်ပြီး သိလာတဲ့အသိက Oxalates မှန်ကျောက် or Oxalates crystals တွေဟာ ဆီးအိမ်အပေါ် အခုလို သက်ရောက်တတ်တယ်ဆိုတဲ့အချက်ပါ။
ဖြစ်နိုင်ချေရှိနေတာမို့ Almond milkကို လုံးဝဖြတ်ပစ်လိုက်တာ ၅ ရက်လောက်အကြာမှာ ဆီးပြဿနာ လုံးဝပျောက်ကင်းသွားပြီး သက်သာသွားပါသတဲ့။
ပိုစိတ်ဝင်စားဖို့ကောင်းတာက ၈ပတ်လောက်အကြာမှာ သူနှစ်ရှည်လများ ခံစားနေရတဲ့ Psoriasis လုံးဝကောင်းသွားပါသတဲ့။
သူက ဘယ်လို ကောက်ချက်ချသလဲဆိုတော့ Oxalates တွေရဲ့ ခန္ဓာကိုယ်အပါ် သက်ရောက်မှုကို ကိုယ်တွေ့ဖြစ်နေတာမို့ အကြွင်းမဲ့ယုံကြည်သွားပါပြီတဲ့။
နောက်ဆုံးမတော့ ရောဂါမျိုးစုံဟာ အစားအသောက်ကနေ လာနေတယ်ဆိုတာပါပဲ။
တစ်ယောက်နဲ့တစ်ယောက်ကလဲ တုန့်ပြန်မှုတွေက မတူကြပါ။
ဒီအကြောင်းကို Zoom session မှာ ထပ်ပြောပြပါဦးမယ်။
လူအတော်များများနဲ့ သက်ဆိုင်နေလို့ပါ။
ဘာဆေးမှသောက်ရတာမဟုတ်ဘဲ အစားအသောက်ကို ရှောင်လိုက်ရုံနဲ့ ရောဂါတွေမှ သက်သာမယ်ဆိုရင်