25/05/2026
🤒တဖြည်းဖြည်းနဲ့ ရာသီဥတုကလည်း ပူလာပြီမို့လို့ ဒီလိုကာလမျိုးကြီးမှာ မလိုအပ်ဘဲ အပြင်မထွက်ဖို့ကိုတော့ အရင်ဆုံးပြောပါရစေခင်ဗျာ။
👉🏻ဘာကြောင့်လဲဆိုတော့ ရာသီဥတုပူလာတာကြောင့် ချွေးထွက်များလာကြတယ်။ ချွေးထွက်များတဲ့အခါ ခံနိုင်ရည်အားကလည်း ကျဆင်းလာတယ်။ အဲ့လိုအချိန်မှာ Heat Stroke က အလွယ်တကူ ဖြစ်ပေါ်တတ်ပါတယ်။
====
⁉️ဒါဆိုHeat Stroke ဆိုတာကဘာလဲ
====
☀️ရာသီဥတုအပူချိန်ကြောင့် ခန္ဓာကိုယ်ရဲ့ အပူချိန်ကလည်း (၄၀ဒီဂရီစင်တီဂရိတ်ထက်) ကျော်လွန်သွားပြီး ဆိုးရွားတဲ့ အခြေအနေမျိုးအထိဖြစ်သွားတတ်တာကို Heat Stroke ဖြစ်တယ်လို့ ခေါ်ပါတယ်ခင်ဗျာ..
⁉️ဆိုးရွားတဲ့ အခြေအနေဆိုတာ ဘယ်လိုမျိုးလဲ
====
🔸အချိန်မီ ကုသမှုမရှိဘူးဆိုရင်
🔸အဆုတ်ပျက်စီးခြင်း။
🔸ကြွက်သားပျက်စီးခြင်း။
🔸ကျောက်ကပ်ပျက်စီးခြင်း။
🔸နောက်ဆုံးမှာ အသက်ဆုံ: -ရှုံးရတဲ့အထိ ဖြစ်တတ်ပါတယ်။
⁉️ဘယ်လိုအသက်အရွယ်တွေကို ပိုဂရုစိုက်သင့်လဲ
====
🔸ကလေးငယ်များ။
🔸အသက် (၆၅)နှစ်အထက် လူကြီးများ။
🔸နာတာရှည်ရောဂါသည်များ (နှလုံး၊ အဆုတ်၊ သွေးတိုးရောဂါအခံရှိသူများ။)
⁉️ဘယ်လိုနေရာမှာ အလုပ်လုပ်သူတွေ ပိုဂရုစိုက်သင့်လဲ
====
🔸ဆောက်လုပ်ရေးလုပ်သားများ၊ ဈေးသည်များ။
🔸အားကစားသမားများ၊ စက်ရုံအလုပ်သမားများ။
🔸လေဝင်လေထွက် မကောင်းသော နေရာတွင် အလုပ်လုပ်ရသူများ။
⁉️ဒါဆိုရင် Heat Stroke မရအောင် ဘယ်လိုနေထိုင်ကြမလဲ
====
🔸ရေများများသောက်ပါ။
🔸မဖြစ်မနေ လိုအပ်မှ အပြင်ထွက်ပါ။
🔸လုံလောက်စွာ အနားယူပါ။
🔸ခန္ဓာကိုယ်ကို ပူအိုက်စေတဲ့ အဝတ်အစားများကို ရှောင်ပါ။
⁉️Heat Stroke ရဲ့လက္ခဏာတွေကရော ဘာလဲ
====
🔸ခန္ဓာကိုယ်အပူချိန်မြင့်ခြင်း။
🔸နှလုံးခုန်မြန်လာခြင်း၊မူးဝေခြင်း။
🔸စိတ်ဓာတ်ကျလွယ်ခြင်း။
🔸ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်း။
🔸စိတ်ကရောင်ကတန်းဖြစ်ခြင်း။
အစရှိတဲ့ ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။
👉🏻အထက်မှာ ပြောပြခဲ့တဲ့အချက်တွေကတော့ နွေရာသီကာလမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ Heat Stroke ရဲ့ရောဂါလက္ခဏာတွေနဲ့ ဘယ်လိုကာကွယ်ကြမလဲဆိုတာတွေကို ပြောပြပေးခဲ့တာဖြစ်ပါတယ်။
“ကျန်းမာခြင်းသည် လာဘ်တစ်ပါး”မို့ အားလုံးလည်း ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းရင်း ပျော်ရွှင်ကျန်းမာတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ပါစေလို့ “ထက်နေလင်း” မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျား..
🏣ထက်နေလင်း (အထူးကုဆေးခန်း)
☎ Phone - 09 757 720 009, 09 448 720 009
📍 Address - 33(B) Street- Between (73x74), Mandalay.
🏣ထက်နေလင်း (ဆေးရုံ)
☎ Phone - 09 761 777 781
📍 Address - 32 Street- Between (72x73), Mandalay.
ထက်နေလင်း (၂၄နာရီဆေးခန်း)
☎ Phone - 09 255 570 110, 09 751 071 100
Address - (အောင်မင်္ဂလာ-၁)၊ ပုသိမ်ကြီးလမ်းမကြီးဘေး၊ ပြည့်ဝချမ်းသာတိုက်တန်း (KT အိမ်ရာ)၊ စည်ပင်ရုံးမြောက်ဘက်၊ ပုသိမ်ကြီးမြို့နယ္၊မန္တလေးမြို့။