Arcorose Myanmar

Arcorose Myanmar Arcorose

မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ် သာသနာတော်နှစ်၂၅၆၈ခုနှစ် ဒုတိယ ဝါဆိုလပြည့် စနေနေ့... (၂၀.၇.၂၀၂၄)ရက်နေ့တွင် ကျရောက်သော  #ဝါဆိုလပ...
20/07/2024

မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်
သာသနာတော်နှစ်၂၅၆၈ခုနှစ်
ဒုတိယ ဝါဆိုလပြည့် စနေနေ့... (၂၀.၇.၂၀၂၄)ရက်နေ့တွင် ကျရောက်သော
#ဝါဆိုလပြည့် (ဓမ္မစကြာနေ့) အခါသမယအချိန်တွင်
ကမ္ဘာသူ ကမ္ဘာသားအပေါင်း မြန်မာနိုင်ငံသူ၊နိုင်ငံသားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘေးအန္တရာယ်ကင်းဝေးပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း ကျနော်တို့
Arcorose မှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်🙏🙏🙏

ဘယ်လိုအမျိုးသမီးတွေမှာ အရွယ်မတိုင်မီ သွေးဆုံးလေ့ရှိကြသလဲ ? -------------------------------------------------------------...
13/07/2024

ဘယ်လိုအမျိုးသမီးတွေမှာ အရွယ်မတိုင်မီ သွေးဆုံးလေ့ရှိကြသလဲ ?
-----------------------------------------------------------------------

အမျိုးသမီးရယ်လို့ဖြစ်လာရင် အပျိုဖော်ဝင်တဲ့အချိန်မှာ ရာသီသွေးစပေါ်ပြီး အသက်အရွယ်ကြီးလာတဲ့အချိန်မှာ ရာသီသွေးဆုံးတဲ့ ဖြစ်ရပ်ကို ကြုံတွေ့ခံစားရပါတယ်။ သွေးဆုံးတယ်ဆိုတာဟာ အကြမ်းအားဖြင့် လွယ်လွယ်ပြောရရင် လစဉ်ပေါ်နေကျသွေး မပေါ်တော့ခြင်းဖြစ်ပါတယ်။

အဲ့လိုဆိုရင် သွေးမပေါ်တိုင်း သွေးဆုံးတယ်လို့ သတ်မှတ်မှာလားဆရာလို့ ထပ်မေးစရာရှိနိုင်ပါတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ ကိုယ်ဝန် သို့မဟုတ် တားနည်းတခုခုသုံးထားတာ မရှိတဲ့အမျိုးသမီးတယောက်မှာ ခြောက်လဆက်တိုက် ရာသီမပေါ်ဘူးဆိုမှ သွေးဆုံးတယ်လို့ သတ်မှတ်လို့ရပါတယ်။ တချို့ ဆေးစာအုပ်တွေကလည်း ကိုယ်ဝန် သို့မဟုတ် တားနည်းတခုခုသုံးထားတာ မရှိတဲ့အမျိုးသမီးတယောက်မှာ တနှစ်နဲ့အထက်သွေးမပေါ်ဘူးဆိုမှသာ သွေးဆုံးတယ်လို့ သတ်မှတ်ကြောင်းရေးထားပါတယ်။

အမျိုးသမီးအတော်များများဟာ အသက် ၄၇ နဲ့ ၅၅ အကြားမှာ လစဉ်ပေါ်နေကျ ဓမ္မတာ မပေါ်တော့ဘဲ သွေးဆုံးလေ့ရှိပါတယ်။ သို့သော် အသက် ၃၀ သို့မဟုတ် ၃၅ လောက်မှာပဲ သွေးဆုံးတဲ့ အမျိုးသမီးတွေလည်းရှိပါတယ်။ ဒီလိုအသက် ၄၀ မတိုင်မှီမှာသွေးဆုံးရင်ကျ အရွယ်မတိုင်မှီသွေးဆုံးခြင်း (Premature Menopause) လို့ ဆေးပညာမှာသတ်မှတ်ပါတယ်။

အရွယ်မတိုင်ခင်သွေးဆုံးခြင်းဟာ အဖြစ်မများတတ်ပါဘူး။ လေ့လာမှုတွေအရ အမျိုးသမီးအယောက် ၁၀၀ မှာ ၁ ယောက်နှုန်းလောက်ပဲဖြစ်နိုင်ပါတယ်။

အရွယ်မတိုင်ခင်သွေးဆုံးတာဟာ နှလုံးရောဂါ၊ အရိုးပွခြင်း၊ သတိမေ့ခြင်း၊ စိတ်ဓါတ်ကျခြင်း စတဲ့ရောဂါတွေဖြစ်ပွားနိုင်ခြေကို ပိုများလာစေနိုင်ပါတယ်။

အရွယ်မတိုင်ခင် မှာသွေးဆုံးတဲ့ အမျိုးသမီးတွေဟာလည်း အရွယ်တိုင်မှ သွေးဆုံးတဲ့အမျိုးသမီးတွေလိုပဲ သွေးဆုံးခါနီးအချိန်မှာ

– ရာသီပေါ်တာမမှန်တာ (ဒီလပေါ်လိုက် နောက်နှစ်လ သုံးလလောက်ထိန်လိုက် တခါပြန်ပေါ်လာလိုက်ဖြစ်တာ)
– ရာသီသွေးဆင်းတဲ့ပမာဏ အပြောင်းအလဲဖြစ်တာ (တအားနည်းသွားတာ၊ တအားများလာတာ)
– ကြာချိန် အပြောင်းအလဲဖြစ်တာ (ရက်တိုသွားတာ၊ ရက်ရှည်လာတာ)
– နေရထိုင်ရတာ ဖိန်းဖိန်းရှိန်းရှိန်းဖြစ်သလို ခံစားရတာ
– ခဏနေချမ်းလိုက် တော်ကြာနေ ပူအိုက်လိုက်ဖြစ်တာ
– ကိုယ်လက်ကိုက်ခဲ၊ ခေါင်းကိုက်ခဲ၊ ဆီးစပ်ကိုက်ခဲတာ
– မိန်းမကိုယ်လမ်းကြောင်း ခြောက်သွေ့တာ
– လိင်စိတ်ဆန္ဒလျော့ကျလာတာ
– အရေပြားနဲ့ ပါးစပ်တွေ ခြောက်သွေ့တာ
– အိပ်မပျော်တာ စတဲ့ဝေဒနာတွေကို ခံစားကြရပါတယ်။

ဒါ့အပြင် စိတ်ခံစားမှုအပိုင်းအနေနဲ့ပြောရရင် သွေးဆုံးချိန်နားတဝိုက်မှာ အမျိုးသမီးတွေဟာ စိတ်ခံစားမှု အတက်အကျအရမ်းမြန်နေတက်ပါတယ်။ တခုခုကို အလိုမကျတာမျိုး ဖြစ်နေတတ်သလို အလိုလိုနေရင်းနဲ့ကို ဒေါသထွက်နေတတ်ပါတယ်။ အဲ့လိုဖြစ်နေရင်းကပဲ စိတ်ဓါတ်ကျတာ သူ့အလိုလိုဝမ်းနည်းပြီးငိုချင်တာ တွေပါ ခံစားရနိုင်ပါတယ်။ သိုပေမယ့် မီးယပ်သွေးဆုံးချိန်ရောက်ရင် အမျိုးသမီးတိုင်းဟာ အပေါ်မှာ ဖော်ပြခဲ့တဲ့အချက်တွေ အကုန်ဖြစ်ချင်မှ ဖြစ်မှာပါ။ အများအားဖြင့်တော့ အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေအကုန်မဖြစ်ဘဲ လေး ငါး ချက်လောက်ပဲ ခံစားကြရတာများပါတယ်။ ဘာဆိုဘာမှထွေထွေထူးထူး မခံစားရဘဲ သွေးဆုံးချိန်ကို သက်တောင့်သက်သာ ဖြတ်ကျော်သွားတဲ့ အမျိုးသမီးတွေလည်းရှိပါတယ်။

တကယ်လို့ သင့်မှာ ခုဖော်ပြပါ ဝေဒနာတွေထဲကတချို့ခံစားနေရပြီး သင့်အသက်ကလည်း ၄၀ အောက်ပဲရှိသေးတယ်။ လက်ထပ်ပြီး တနှစ်ကျော်လောက်ထိ ဘာတားနည်းမသုံးဘဲ ကိုယ်ဝန်မရဘူး။ မိခင်၊ အမတွေဟာလည်း အရွယ်မတိုင်ခင်သွေးဆုံးခဲ့တယ်။ ကင်ဆာဆေးသွင်းကုသမှု၊ ဓါတ်ရောင်ခြည်ကုသမှု ခံယူဖူးတယ်။ ကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့ ရောဂါတခုခုရှိတယ် ဆိုရင် သင်ဟာ အရွယ်မတိုင်ခင် သွေးဆုံးခြင်းကို ခံစားနေရတာဖြစ်နိုင်ခြေများပါတယ်။ သေချာသိအောင်ကတော့ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုလုပ်ကြည့်ဖို့လိုပါတယ်။

အရွယ်မတိုင်ခင်သွေးဆုံးခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့
– မျိုးရိုးလိုက်တာ
– ပိန်လွန်းတာ
– ဆေးလိပ်သောက်တာ
– မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ရောဂါတွေရှိတာ
– ကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့ရောဂါတွေရှိတာ
– ဟော်မုန်းဆိုင်ရာ ပြဿနာတွေရှိတာ
– အကြောင်းအမျိုးမျိုးကြောင့် သားဥအိမ်နှစ်ဖက်လုံး ဖြတ်ထုတ်ရတာ၊ သားအိမ်ထုတ်လိုက်ရတာ စသဖြင့်ပါ။

အရွယ်မတိုင်မှီသွေးဆုံးခြင်းအတွက် ကုထုံးမရှိပါဘူး။ ဆိုလိုတာက ရာသီပြန်လာအောင်လုပ်လို့မရပါဘူး။ ခံစားနေရတဲ့ဝေဒနာတွေသက်သာအောင်ပဲလုပ်လို့ရပါတယ်။ ခံစားရတဲ့ဝေဒနာ မပြင်းထန်ပါက ဆေးဝါးကုထုံးခံယူစရာမလိုဘဲ အစားအသောက်အနေအထိုင် နည်းနည်းပြင်လိုက်ရင် အဆင်ပြေနိုင်ပါတယ်။

ညအိပ်ချိန်ကို ၇ နာရီအနည်းဆုံးထားပါ။ ဖြစ်နိုင်ရင် ည ၁၀ နာရီလောက်မှာအိပ်ပြီး မနက် ၆ နာရီလောက်မှထပါ။ အိပ်ရေး၀၀အိပ်ပါ။

အိပ်ရာနိုးနိုးချင်းရေအဝသောက်ပါ။

အခန်းအတွင်း လေဝင်လေထွက်ကောင်းအောင် ပိတ်လှောင်နေတာမျိုးမရှိအောင်လုပ်ပါ။

အဆီများတာရှောင်ပြီး သဘာဝသစ်သီးဖျော်ရည်မျိုး များများသောက်ပေးပါ။ တနေကုန် အရင်ထက်ပိုပြီးရေများများ သောက်ပေးပါ။

နို့နဲ့နို့ထွက်ပစ္စည်းများများစားသုံးပေးပါ။

ကဖင်းဓါတ်ပါတဲ့ အစားအသောက် (လက်ဖက်၊ ကော်ဖီ၊ လက်ဖက်ရည်စသဖြင့်) ရှောင်ပါ။

ဆေးလိပ်ဖြတ်ပါ။

ညနေဘက် လေကောင်းလေသန့်ရအောင် ပေါ့ပေါ့ပါးပါး လမ်းလျှောက်ပါ။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကိုတော့ ရှောင်ပါ။

ဖုန်းကွန်ပြူတာ တီဗီကြည့်တာတွေလျော့ပေးပါ။

နားနားနေနေ နေပါ။ ဘာသာရေးလိုက်စားပါ။ တရားထိုင်တာ၊ သီချင်းနားထောင်တာတွေ လုပ်ပါ။

သွေးဆုံးခါနီးအချိန်မှာ အအေးမမိပါစေနဲ့။ အထူးသဖြင့် ရာသီပေါ်နေစဉ်မှာ အအေးမမိအောင် နွေးနွေးထွေးထွေးနေပါ။ သွေးဆုံးခါနီး ရာသီလာချိန်မှာ ညနေဘက် ရေအေးအေးနဲ့ (လှောင်ထားတဲ့ရေနဲ့) ခေါင်းလျှော်ရေချိုးတာကိုရှောင်ပါ။ ရေကို မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက် တနေ့တကြိမ်ပဲ ချိုးသင့်ပါတယ်။ ခံစားရတဲ့ဝေဒနာပြင်းထန်တယ် ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ဟော်မုန်းအစားထိုးကုထုံး (Hormonal replacement therapy)၊ စိတ်ပိုင်းဆိုင်ရာကုထုံး စသဖြင့်ကို ခံယူနိုင်ပါတယ်။

# Crd Dr. Thet Aung
#ပျိုမေတို့အစဉ်နုပျိုကျန်းမာလှပနေစေဖို့

-1000

Address

No (D-7) , Yadanar Mandalay Housing , 60 Street, Bet 30 ​* 32 Street
Mandalay

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Website

Alerts

Be the first to know and let us send you an email when Arcorose Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share