11/12/2025
စိတ်ဆေးတွေက တစ်သက်လုံး သောက်ရမှာလား? စွဲသွားမှာလား?
- စိတ်ရောဂါတွေဟာ နာတာရှည်ဦးနှောက်နှင့် ဆိုင်သော ရောဂါတစ်မျိုးပါ
- သွေးတိုး/ ဆီးချိုကဲ့သို့ ဆေးကို ပုံမှန်သောက်ဖို့ လိုပါတယ်
- ဒီနေရာမှာ ခဏတာ ဖြစ်တဲ့ စိတ်ဝေဒနာ (ဥပမာ- သဘာဝဘေးကြောင့် ခံစားရတာ/ ချစ်ရသူဆုံးရှုံးလို့ ပူဆွေးဝမ်းနည်းတာ) နဲ့ စိတ်ရောဂါများ(စိတ်ကစဉ့်ကလျား/ စိတ်ကြွ/စိတ်ကျရောဂါ) ပေါ်လည်း မူတည်ပါတယ်
- ပထမဆုံးအကြိမ်ဖြစ်တာနဲ့ အကြိမ်ရေ ခဏခဏ ဖြစ်တဲ့ အပေါ်လည်း မူတည်ပါတယ်
- တစ်ချို့ကတော့ ပထမဆုံးအကြိမ်ဆိုပေမယ့် ဆိုးရွားမှုနှုန်းနဲ့ အလုပ်အကိုင်ပေါ်လည်း မူတည်ပါတယ်
- ကောင်းနေလို့ ဆေးဖြတ်လိုက်တာလိုက်တာလို့ လူနာတွေအနေနဲ့ ပြောဆိုနေခြင်းဟာ ဆေးပုံမှန်သောက်နေ၍သာ ကောင်းနေခြင်း ဖြစ်ပါတယ်
- ဖြစ်တဲ့ အချိန်မှ ဆေးကုသခြင်းဟာ နောက်ဆက်တွဲ မလိုလားအပ်သော ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ပါတယ်
-
ဒါကြောင့် ဆေးဆက်သောက်/ဖြတ်ချင်းအတွက် မိမိသဘောအရ ဆုံးဖြတ်ခြင်းထက် မိမိရဲ့ ဆရာဝန်နဲ့ တိုင်ပင်ခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်