ဗေဒသုတေသီ ဆရာအောင်ကျော်မိုး

  • Home
  • Myanmar
  • Mandalay
  • ဗေဒသုတေသီ ဆရာအောင်ကျော်မိုး

ဗေဒသုတေသီ ဆရာအောင်ကျော်မိုး (Your Action Is Your Destiny)
" သင့်ရဲ့လုပ်ဆောင်ချက်တွေက သင့်ရဲ့
ကံကြမ္မာဖြစ်ပါတယ် "

တချို့အချိန်တွေမှာ ဗေဒင်မေးနေမယ့်အစား လိုအပ်နေသူကိုလှူဒါန်းတာကို ပိုအကျိုးရှိစေတယ်။
26/08/2026

တချို့အချိန်တွေမှာ ဗေဒင်
မေးနေမယ့်အစား လိုအပ်နေသူကို
လှူဒါန်းတာကို ပိုအကျိုးရှိစေတယ်။

26/08/2026

ကျွန်တော်တို့တွေ အမြင်မှန်ရဖို့၊ အမှန်တရားတွေကို ရှာဖို့ လိုအပ်တယ်။

အမှန်တရားကို မရှာခင်မှာလည်း "ငါ ဘာတွေမှားနေသလဲ" ဆိုတဲ့ သံသယတွေကို အရင်ဆုံး ရှာရမယ်။ အဲ့ဒီ သံသယတွေ တွေ့လာမှ အမှန်တရားကို စတင်ရှာဖွေရမယ်။

ကျွန်တော် ဗေဒင်လောကကို စတင်ဝင်ရောက်တဲ့အခါမှာ ယတြာပေးရတဲ့ စနစ်တွေကို အရင်လေ့လာရပါတယ်။ ဥပမာ - ပစ္စည်းပျောက်သွားတယ်၊ ဘယ်တော့ရှာတွေ့မလဲဆိုရင် ရှာတွေ့ဖို့အတွက် ယတြာတွေ ပေးရတယ်ပေါ့ဗျာ။ လက်တွေ့မှာ ပြန်ရှာတွေ့တဲ့သူတွေလည်း ရှိသလို၊ မတွေ့တဲ့သူတွေလည်း အများကြီးပါပဲ။

ဒီနေရာမှာ ကျွန်တော်တစ်ခုလောက် စမ်းသပ်ချင်တာက ပိုက်ဆံမဝင်ဘူးဆိုရင် ပိုက်ဆံဝင်အောင် ယတြာချေတာနဲ့ အားလုံး အဆင်ပြေပြီးလားဆိုတာ သိချင်လာတယ်။ တချို့ကျတော့လည်း ကြိုးလည်း ကြိုးစားရမယ်၊ ပိုက်ဆံလည်း ရှာရမယ်၊ ယတြာလည်း ချေရမယ်တဲ့။ နောက်တစ်မျိုးကျတော့ ယတြာချေရင် အရာရာက သိသိသာသာ ကောင်းလာတာတဲ့။

ကျွန်တော့်အမြင်အရတော့ ဒီအချက်ကို အတော်လေး သံသယဖြစ်နေပြီ။ အဲ့တာနဲ့ ယတြာကို ခဏဘေးဖယ်ပြီးတော့ "ဗေဒင်ပညာဆိုတာ ဘာလဲ" ဆိုတဲ့ မေးခွန်းကို ထိထိရောက်ရောက် သိနိုင်ဖို့ လေ့လာဖြစ်တယ်။ နက္ခတ်ဗေဒင်မှာဆိုရင် လူသားတစ်ယောက်ရဲ့ ကံကြမ္မာကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုထားသလဲဆိုတာကို သေချာလေး ရှာဖွေဖြစ်ပါတယ်။

အဲ့ဒီမှာ အဖြေတစ်ခုတွေ့ရတာက -

"ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေရဲ့ နောက်ကွယ်မှာ ထိန်းချုပ်ထားတဲ့ Destiny Timing Roadmap တစ်ခု ရှိနေတယ်" ဆိုတာပါပဲ။

Vedic Astrology ကိုပဲ လေ့လာလေ့လာ၊ KP ဖြစ်ဖြစ်၊ Western ဖြစ်ဖြစ် နောက်ဆုံးတွေ့ရတဲ့အဖြေက ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ပြောင်းလဲလို့ မရနိုင်ဘူးဆိုတာပါပဲ။ အိမ်ထောင်ကွဲဖို့ ကံပါလာသူက ကွဲမှာပဲ။ အလုပ်မမြဲနိုင်တဲ့သူက လုံးဝ မမြဲတာပဲ။

ဥစ္စာပစ္စည်းတစ်ခုခုကို ဆုံးရှုံးဖို့ရာအတွက် ကံပါလာခဲ့ရင်လည်း ဆုံးရှုံးမှာပဲ ဖြစ်တယ်။ ဒါကို ယတြာနဲ့ အတင်းလုပ်ယူလို့ မရနိုင်ဘူး။ ဒီလို ကြုံလာရရင် ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကိုပဲ ကျွန်တော်တို့အနေနဲ့ စဉ်းစားကြရမယ်လို့ မြင်မိပါတယ်။

- ယတြာပညာကို ပြန်လည်လေ့လာကြည့်တဲ့အခါ -

ယတြာပညာအပိုင်းကို လေ့လာပြန်တော့လည်း ကျွန်တော်တို့ထင်သလိုတော့ မဟုတ်ဘူး။ ဗေဒင်မတတ်ပဲ ယတြာကို ဇွတ်လုပ်လို့မရဘူး။ ကိုယ့်ကံတရားမှာ ကိုယ်ဖြစ်ချင်တာကို ခွင့်ပြုထားသလား၊ Promise ပေးထားသလားဆိုတာကို အရင်စစ်ပြီးမှ ယတြာက ချေရတယ်။

ဒါကို Western Astrology မှာ Healing နဲ့ Remedy အဖြစ် ကဏ္ဍအသီးသီး ရှိကြသလို၊ မြန်မာနိုင်ငံမှာဆိုရင်တော့ အင်းအက္ခရာနဲ့ စီရင်ရတဲ့ ဂြိုဟ်ပြေနံပြေတွေ၊ စမဆွဲရတဲ့ ပညာရပ်တွေ ရှိကြပြန်ပါတယ်။ တော်တော်များများက ဒီအဆင့်ကို မသိကြဘဲ ယတြာချေတယ်ဆိုရင် "ဘုရားမှာ ပန်းကပ်တာတို့၊ ငှက်လွှတ်တာတို့၊ ကြက်သွန်နီနဲ့ ဘာနဲ့ ဘယ်လိုလုပ်" တို့ဆိုတာတွေပဲ ကြားနေရတော့ သိပ်ပြီး ယုတ္တိရှိမနေဘူးလို့ ခံစားရပါတယ်။

တကယ့် ယတြာကဏ္ဍကတော့ ကံကြမ္မာကို ကျော်လွန်ပြီး လုပ်ယူလို့ မရပါဘူး။ ဥပမာ အိမ်ထောင်ရေးကွဲကိန်း မရှိနေဘူး။ ဒါပေမယ့် အိမ်ထောင်ကွဲကိန်းကို ပြနေတဲ့ Dasha စားဝင်နေတယ်ဆိုရင်တော့ အိမ်ထောင်ရေး ပြဿနာတွေ၊ စကားများရတာတွေ ဖြစ်ဖို့ ရှိနေပြီ။ ဒီနေရာမှာတော့ ယတြာဆိုတာက အများကြီး အထောက်အကူပြုပေးနိုင်မှာပါ။

ယတြာကို ဘယ်လိုအသုံးချသင့်သလဲ?

ဒါကြောင့် မိတ်ဆွေတို့ကို ပြောချင်တာကတော့ ယတြာဆိုတာကို နေ့စဉ်တိုင်း အားကိုးနေကြတာထက် အမှန်တရားကို ရှာပြီး "ဘယ်အရာက ယတြာချေလို့ရတာလဲ?" "ဘယ်အရာက ချေလို့မရတာလဲ?" ဆိုတာကို နားလည်သဘောပေါက်အောင် လေ့လာပါ။

ကိုယ်ကရော အရာရာကို ယတြာနဲ့ ဖြေရှင်းနေတဲ့သူတစ်ယောက်လား? 😀

ယတြာဆိုတာကို ဘယ်လို အယုံအကြည်ရှိလဲဆိုတာ ကွန်မန့်မှာ ရေးခဲ့လို့ရပါတယ်နော်။

#ဗေဒသုတေသီဆရာအောင်ကျော်မိုး

Manifesting လုပ်တယ်ပြောမှ လူတွေသိတော့တယ် 😅
25/08/2026

Manifesting လုပ်တယ်ပြောမှ လူတွေသိတော့တယ် 😅

အိမ်ထောင်ကျပြီးနောက်ပိုင်း စီးပွားရေးပိုကောင်းလာတဲ့ သူတစ်ချို့အကြောင်းပြောပြပေးပါမယ်။ မိတ်ဆွေတို့ ယုံလား မယုံလားတော့မသိဘ...
25/08/2026

အိမ်ထောင်ကျပြီးနောက်ပိုင်း စီးပွားရေးပိုကောင်းလာတဲ့ သူတစ်ချို့အကြောင်းပြောပြပေးပါမယ်။

မိတ်ဆွေတို့ ယုံလား မယုံလားတော့မသိဘူး၊ ကျွန်တော်ကတော့ Energy Match ဖြစ်သွားတယ်ဆိုတာကိုတော့ လက်တွေ့မြင်ရတယ်၊ ဥပမာ - အိမ်ထောင်ကျပြီးနောက်ပိုင်း ချမ်းသာတာတို့၊ သားသမီးရတနာထွန်းကားပြီးနောက်ပိုင်း ကားတွေ ဆိုင်ကယ်တွေကို ဝယ်နိုင်သွားတာတို့ ဆိုတာတွေက တိုက်ဆိုင်တာမဟုတ်ပါဘူး၊ စွမ်းအင်တွေ ပေါင်းစည်းသွားတယ်လို့ အဓိပ္ပါယ်ရတယ်။

ကိုယ့်မှာ စီးပွားရေးကောင်းဖို့ကံပါမလာဘူး၊ ဒါပေမယ့် ကိုယ့်အိမ်ထောင်ဘက်က စီးပွားရေးကံကောင်းတယ်ဆိုရင် နှစ်ယောက်စလုံး လက်တွဲအလုပ်လုပ်တဲ့အခါ Energy Match ဖြစ်သွားပါတယ်၊ တစ်ဖက်လူရဲ့ စွမ်းအင်တွေကို နောက်လူဆီကို ပံ့ပိုးပေးတဲ့ သဘောဖြစ်စေတတ်ပါတယ်။ ဒါက အကောင်းရော အဆိုးရော နှစ်ခုစလုံးကို အချင်းချင်း ပံ့ပိုးတာမို့ အိမ်ထောင်ပြုပြီးနောက်ပိုင်း စီးပွားရေးတွေ ကောင်းလာသလောက် အခြား တစ်ဖက်မှာတော့ အဆိုးတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။

ဒါကို ဗေဒင်ပညာရပ်မှာ Risk & Return လို့ခေါ်တဲ့ အခက်အခဲတွေနဲ့ အကျိုးအမြတ်ဆိုပြီး House 8 နဲ့ ဆုံးဖြတ်ကြပါတယ်။

8H Sublord က 2/11 ဆက်သွယ်ထားရင် အိမ်ထောင်ဘက်၏ ကြွယ်ဝခြင်းကို ကိုယ်က ခံစားရနိုင်ပေမယ့် 5/8 ဆက်သွယ်ထားရင်တော့ ကိုယ့်ဘက်ကနေပဲ ကောင်းတဲ့စွမ်းအင်ကို သူ့ဆီမှာ ပံ့ပို့ပေးရတတ်တယ်ဆိုတဲ့သဘောပြသနေခြင်းဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ဝဋ်ကြွေးလား၊ ရေစက်လားဆိုတာကို H8 ကနေကြည့်ပြီးတော့မှ ဆုံးဖြတ်လို့ရတယ်ဆိုတာ ဒီသဘောပါပဲ။ အိမ်ထောင်ပြုပြီး ကြွယ်ဝလာတယ်၊ ဘဝတိုးတက်လာတယ်ဆိုတာ 2/11 ဆက်သွယ်ထားလို့ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ရေစက်ကြောင့် တွေ့ဆုံကြရတဲ့ အတွဲလိုဖြစ်သွားတာပေါ့ ။

===

ဇာတာထဲမှာ ဘယ်လိုကြည့်ကြမလဲ ?

H8 မှာ ရပ်တည်နေတဲ့ ဂြိုဟ်တွေက 2/11 ဆက်သွယ်ထားတဲ့ ဂြိုဟ်တွေလား၊ H8 ရဲ့ သခင်ဂြိုဟ်က 2/11 ဆက်သွယ်ထားသလား ဒါမှမဟုတ် H8 ရဲ့ Sublord က 2/11 ဆက်သွယ်ထားတာမျိုး တစ်ခုခုပါလာရင်တော့ ပံ့ပိုးမှုကောင်းတွေ ရရှိစေမှာပါ။

ဆန့်ကျင်ဘက်အနေနဲ့သာ 5/8 တွေပါနေခဲ့ရင် ကိုယ့်ဘက်ကနေ ဝဋ်ကြွေးဆပ်ရတတ်တယ်လို့ မှတ်ထားလို့ရပါတယ်။

ဘာကြောင့် H8 ကိုပဲ ကြည့်တာလဲဆိုရင် H7 သည် အိမ်ထောင်ဘက်ကိုပြသလို H8 ဆိုတာ သူ့ရဲ့ ငွေကြေးချမ်းသာမှု၊ မိသားစုအခြေအနေ၊ စကားအပြောအဆိုပိုင်းဆိုင်ရာနဲ့ Attitude ကို ကိုယ်စားပြုသွားလို့ပဲ ဖြစ်ပါတယ်။

ဒီအချက်ကို စစ်ဆေးပြီး ကိုယ်ကရော ဘယ်လို ဆက်သွယ်ချက်တွေရှိနေလဲဆိုတာ ကွန်မန့်မှာရေးခဲ့ပေးပါဦးခင်ဗျာ။

#ဗေဒသုတေသီဆရာအောင်ကျော်မိုး

အိမ်ထောင်ကျကိန်းရှိလား အရင်မေးကြပါ။ 😀
24/08/2026

အိမ်ထောင်ကျကိန်းရှိလား အရင်မေးကြပါ။ 😀

24/08/2026

နိုင်ငံခြားသွားတိုင်း ကံမကောင်းတတ်ဘူး။

လူတွေရဲ့ ဗီဇအရ နိုင်ငံရပ်ခြားသွားတဲ့သူတွေကို မြင်လိုက်ရရင် ကိုယ်လည်း သွားချင်တယ်၊ ကိုယ်လည်း သူတို့လို သွားရင် အောင်မြင်မလား မသိဘူးဆိုတဲ့ စိတ်တွေ ရှိနေတတ်ပါတယ်။

ကျွန်တော့်အမြင်အရ ပြောရရင် နိုင်ငံရပ်ခြားသွားပြီး အစစအရာရာ အဆင်ပြေတဲ့သူ ဖြစ်ဖို့ဆိုရင် ဒီသုံးချက် ပါရပါတယ်။

၁ — ကံတရား၏ အကျိုးပေးမှု လိုတယ်။

နိုင်ငံရပ်ခြားကို သွားတယ်ဆိုတဲ့နေရာမှာ နိုင်ငံခြားကံ ရှိဖို့လိုပါတယ်။ ကံမပါသူဟာ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတတ်တယ်၊ အဆင်မပြေမှုတွေ ကြုံရတယ်၊ ပြဿနာတွေ ခဏခဏ တက်ပြီး မပျော်မရွှင် ဖြစ်ကြရတယ်။ ဒါကြောင့် ကံတရားကို ကျော်လွှားဖို့ မစွန့်စားပါနဲ့၊ ခက်ခဲပါတယ်။

၂ — Skill (တတ်ကျွမ်းမှု) တစ်ခုခု ရှိဖို့လိုတယ်။

မြန်မာနိုင်ငံမှာပဲ နေပါစေ၊ နိုင်ငံရပ်ခြားပဲ ထွက်ပါစေ၊ ဘယ်လောက်ပဲ ကံတွေကောင်းနေပါစေ၊ Skill တစ်ခုခု မရှိဘူးဆိုရင်တော့ အလုပ်ကောင်းရဖို့ ခက်ခဲစေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ကိုယ့်ကို အခကြေးငွေပေးဖို့ဆိုရင် အဲ့ဒီအခကြေးငွေနဲ့ ထိုက်တန်တဲ့ အသိပညာတွေ ရှိနေဖို့ လိုပါတယ်။

၃ — ကြိုးစားအားထုတ်မှု (ဝီရိယ)

ကြိုးစားမှုမရှိသူတိုင်းက ဘဝမှာ နေရာတစ်ခုကို မရောက်လာတတ်ဘူး။ အခြေအနေတစ်ခုအောက်မှာပဲ တစ်နေတတ်ပါတယ်။ အထူးသဖြင့် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်သူတိုင်းက ဘာဖြစ်လို့ အလုပ်လုပ်ရတာ မတည်မြဲမှုတွေ ရင်ဆိုင်နေရတာလဲဆိုရင် ကြိုးစားအားထုတ်မှုကို နည်းလမ်းမှန်မှန်၊ စနစ်တကျ မလုပ်ကြတာကြောင့် ဖြစ်ပါတယ်။

===

အမှန်တရားလေးတစ်ခုကို ပြောရမယ်ဆိုရင် လောကမှာ ကံတစ်ခုတည်း ကောင်းနေရုံနဲ့ မရပါဘူး။ Skill တွေ ရှိနေဖို့လိုတယ်၊ ဒီထက်ပိုကောင်းတဲ့ နေရာတစ်ခုကို သွားဖို့ ကြိုးစားအားထုတ်မှု (ဝီရိယ) တွေ ရှိနေဖို့ လိုပါတယ်။ ကျွန်တော့်ကို မိတ်ဆွေတွေလာမေးကြတယ်၊ နိုင်ငံရပ်ခြားကံ ကောင်းမလား၊ နိုင်ငံရပ်ခြားသွားသင့်သလားပေါ့။ ကျွန်တော်ကတော့ ကံဇာတာအရ ခွင့်ပြုထားရင် ဘယ်အချိန်မှာ ထွက်ရမယ်၊ ဘယ်လောက်ကြာတဲ့အထိ နေနိုင်မယ်ဆိုတာတွေ အထိ တွက်ပေးလို့ ရပေမယ့် မိတ်ဆွေတို့ဆီမှာ Skill မရှိနေရင်၊ ဝီရိယ မရှိနေရင်တော့ ကံကောင်းသလောက်ပဲ ကျန်ရစ်လိမ့်မယ်။

ပျော်မှာ မဟုတ်ဘူး၊ စိတ်ချမ်းသာမှာ မဟုတ်ဘူး၊ သောကတွေ များနေရမယ့် သဘော ဖြစ်နေပါလိမ့်မယ်။ ဒီစာလေးကို ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် Remind ဖြစ်စေတယ်ဆိုရင် ကွန်မန့်မှာ "Yes" လို့ ရေးခဲ့ပါ။

ကျေးဇူးတင်ပါတယ်။

#ဗေဒသုတေသီဆရာအောင်ကျော်မိုး

ပြတ်သားမှုရှိဖို့လိုတယ်။
23/08/2026

ပြတ်သားမှုရှိဖို့လိုတယ်။

22/08/2026

စစ်မှန်တဲ့ ချမ်းသာကြွယ်ဝမှု ဆိုတာ ဘာလဲ

လူအများစုက ချမ်းသာမှုကို ပစ္စည်းဥစ္စာ၊ ငွေကြေး၊ ရာထူး၊ ဂုဏ်သတင်းတို့နဲ့ တိုင်းတာကြပါတယ်။ ဒါပေမယ့် မြတ်စွာဘုရားရဲ့ အဆုံးအမအရ ဒီအရာတွေက စစ်မှန်တဲ့ ချမ်းသာမှု မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရာအားလုံးဟာ အနိစ္စ - (မမြဲခြင်း) - ဒုက္ခ (ဒုက္ခဖြစ်ခြင်း) - အနတ္တ (အတ္တမရှိခြင်း) ဆိုတဲ့ တရားသုံးပါးနဲ့ ဖုံးလွှမ်းနေလို့ပါ။

ဒီတရားသုံးပါးကို နက်နက်ရှိုင်းရှိုင်း နားလည်ပြီး ကျင့်သုံးနိုင်မှသာ စိတ်အမှန်တကယ် ငြိမ်းချမ်းတဲ့၊ တည်ငြိမ်တဲ့ ချမ်းသာမှုကို ရရှိနိုင်ပါတယ်။

၁ — အနိစ္စ (မမြဲခြင်း) နှင့် ချမ်းသာမှု

ကမ္ဘာပေါ်က အရာအားလုံး မမြဲပါဘူး။ ငွေရှိတာ မမြဲ၊ကျန်းမာရေးဆိုတာလည်းမမြဲ၊ အလှအပဆိုတာလည်း မမြဲ၊ ဆက်ဆံရေးဆိုတာလည်း မမြဲ၊ အသက်ရှင်နေရတာတောင် မမြဲပါဘူး။ ဒီအမှန်တရားကို မမြင်ရင် လူတွေဟာ ပစ္စည်းတွေကို “ငါ့ဟာ” လို့ ဆုပ်ကိုင်ထားပြီး၊ ဆုံးရှုံးမှာ ကြောက်ရွံ့နေရင်း စိတ်ဒုက္ခ ရောက်ပါတယ်။

ဥပမာအားဖြင့် — ငွေများများ စုဆောင်းထားသူတစ်ဦးဟာ စျေးကွက်ပြိုကျတာ၊ အလုပ်ပြုတ်တာ၊ ဖျားနာတာ စတဲ့ အကြောင်းတွေကြောင့် ငွေဆုံးရှုံးသွားနိုင်ပါတယ်။ ဒီအခါမှာ သူ့စိတ်မှာ ကြီးမားတဲ့ ဒုက္ခ ဖြစ်ပေါ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက “ငွေဆိုတာ မြဲမယ်” လို့ ထင်မှတ်ထားလို့ပါ။

အနိစ္စကို သိရှိနားလည်သူကတော့ ပစ္စည်းရှိရင် အသုံးပြုရုံသာ အသုံးပြုပြီး၊ မရှိရင်လည်း စိတ်မပူတော့ပါဘူး။ “ရှိတာနဲ့ ကျေနပ်နိုင်တဲ့ စိတ်” ကသာ တည်ငြိမ်ပြီး စစ်မှန်တဲ့ ချမ်းသာမှု ဖြစ်လာပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက “အနိစ္စကို မြင်နိုင်သူသာ တကယ့် ချမ်းသာသူ” လို့ ဆိုပါတယ်။

----

၂ — ဒုက္ခ (ဒုက္ခဖြစ်ခြင်း) နှင့် ချမ်းသာမှု

ပစ္စည်းဥစ္စာတွေကို ဆုပ်ကိုင်ထားလေလေ ဒုက္ခပိုများလေလေ ဖြစ်ပါတယ်။ ဒီဒုက္ခက အဆင့်ဆင့် ရှိပါတယ်

- ရချင်လို့ ကြိုးစားရတာ ဒုက္ခ
- ရပြီးရင် စောင့်ရှောက်ရတာ ဒုက္ခ
- ဆုံးရှုံးမှာကို ကြောက်ရတာ ဒုက္ခ

ဥပမာ — အိမ်ကြီးတစ်လုံး ဝယ်ချင်သူဟာ ငွေစုရင်း ပင်ပန်းပါတယ်။ ဝယ်ပြီးရင် အိမ်ပြုပြင်ထိန်းသိမ်းရတာ၊ အခွန်ပေးရတာ၊ ခိုးဆိုးမှု ကြောက်ရတာ စတဲ့ ဒုက္ခတွေ ဆက်ဖြစ်ပါတယ်။
အိမ်ဆုံးရှုံးသွားရင်တော့ စိတ်ဒုက္ခ ပိုကြီးမားပါတယ်။

ဒါကြောင့် ဗုဒ္ဓက ပစ္စည်းချမ်းသာမှုကို “ဒုက္ခရဲ့ အရင်းအမြစ်” လို့ မြင်ပါတယ်။ စစ်မှန်တဲ့ ချမ်းသာမှုက တဏှာ (လိုချင်မှု) ကို လျှော့ချနိုင်ခြင်း ဖြစ်ပါတယ်။ လိုချင်မှု နည်းလေလေ စိတ်ဒုက္ခ နည်းလေလေ။ စိတ်ဒုက္ခ နည်းမှသာ တည်ငြိမ်တဲ့ ချမ်းသာမှု ရရှိနိုင်ပါတယ်။

----

၃ — အနတ္တ (အတ္တမရှိခြင်း) နှင့် ချမ်းသာမှု

လူတွေဟာ “ငါ” ဆိုတဲ့ အယူအဆကို အစဉ်အမြဲ ဆုပ်ကိုင်ထားကြပါတယ်။ “ငါ့ငွေ၊ ငါ့အိမ်၊ ငါ့ဂုဏ်၊ ငါ့မိသားစု” ဆိုပြီး တွယ်တာနေကြပါတယ်။ “ငါ” ဆိုတာ အစဉ်အမြဲ တည်ရှိနေတဲ့ အရာ မဟုတ်ပါဘူး။

ခန္ဓာငါးပါး (ရုပ်နာမ်) က အဆက်မပြတ် ပြောင်းလဲနေပါတယ်။
ဒီနေ့က ကိုယ့်ခန္ဓာဟာ မနက်ဖြန်မှာ တူညီတဲ့ ခန္ဓာ မဟုတ်တော့ပါဘူး။ ခံစားမှု၊ အတွေးအခေါ်၊ သတိတွေကလည်းအဆက် မပြတ် ပြောင်းလဲနေပါတယ်။ ဒါကြောင့် “ငါ” ဆိုပြီး ဆုပ်ကိုင်ထားတာက အမှားပါ။

အနတ္တကို သိရှိနားလည်သူက ပစ္စည်းတွေကို “ငါ့ဟာ” လို့ မထင်တော့ဘဲ အသုံးပြုရုံသာ အသုံးပြုနိုင်ပါတယ်။ ဆုပ်ကိုင်မှု လျော့သွားတဲ့အခါ စိတ်လွတ်လပ်လာပြီး၊ ဘယ်အရာမှဆုံးရှုံးသွားရင်မတောင် စိတ်မပူတော့ပါဘူး။ ဒါကပဲ တကယ့် စိတ်ချမ်းသာမှု ဖြစ်ပါတယ်။

====

— ဒါဆို စစ်မှန်တဲ့ ချမ်းသာမှု ဆိုတာ ဘာလဲ - ?

ဗုဒ္ဓရဲ့အဆုံးအမအရ စစ်မှန်တဲ့ ချမ်းသာကြွယ်ဝမှုဆိုတာ

ပစ္စည်းဥစ္စာ များများစုဆောင်းနိုင်ခြင်း မဟုတ်ဘဲ

- အနိစ္စ ကို သိပြီး ပစ္စည်းတွေကို မစွဲလမ်းနိုင်ခြင်း၊
- ဒုက္ခကို သိပြီး တဏှာကို လျှော့ချနိုင်ခြင်း၊
- အနတ္တ ကို သိပြီး “ငါ” ဆိုတဲ့ အယူကို ဖြေလျှော့နိုင်ခြင်း

တို့ ဖြစ်ပါတယ်။

ငွေရှိရင် ကောင်းပါတယ်။ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ငွေရှိရုံနဲ့ စိတ်ချမ်းသာမှု မရနိုင်ပါဘူး။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘော တရား သုံးပါးကို နားလည်ပြီး နေ့စဉ်ဘဝမှာ ကျင့်သုံးနိုင်မှသာ
ဘယ်အခြေအနေမှာမဆို စိတ်ငြိမ်းချမ်းနေနိုင်တဲ့ "စစ်မှန်တဲ့ ချမ်းသာမှု" ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီတရားသုံးပါးကို နားလည်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ သတိ ဆိုတဲ့ (Mindfulness) ကို ကပ်ထားခြင်း နဲ့ ဘုရားရဲ့အဆုံးမတွေကို နာယူခြင်းပဲဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ ဖြစ်ပေါ်လာတဲ့ ခံစားမှု၊ အတွေးအခေါ်တွေကို သတိနဲ့ ကြည့်ရှုရင်း အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ကိုယ်တိုင် တွေ့မြင်လာနိုင်ပါတယ်။

ဒီအကြောင်းအရာလေးတစ်ခုကနေ မိတ်ဆွေတို့အနေနဲ့ တွေးစရာလေးရသွားတယ်ဆိုရင် ကိုယ့်ရဲ့ အမြင်လေးကို ကွန့်မန့်မှာ ရေးခဲ့ပေးလို့ရပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

#ဗေဒသုတေသီဆရာအောင်ကျော်မိုး

စီးပွားရေးကောင်းချင်ရင် Strategy ကို ချိန်းလိုက်ပါယတြာလိုက်ချေမနေပါနဲ့  #ဗေဒသုတေသီဆရာအောင်ကျော်မိုး
22/08/2026

စီးပွားရေးကောင်းချင်ရင်
Strategy ကို ချိန်းလိုက်ပါ

ယတြာလိုက်ချေမနေပါနဲ့

#ဗေဒသုတေသီဆရာအောင်ကျော်မိုး

21/08/2026

အချိန်အခါကိုသိမှ စီးပွားရေးလုပ်သင့်တယ်

Address

35 St (56×57) 32C Street
Mandalay

Telephone

+959455846971

Website

Alerts

Be the first to know and let us send you an email when ဗေဒသုတေသီ ဆရာအောင်ကျော်မိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဗေဒသုတေသီ ဆရာအောင်ကျော်မိုး:

Shortcuts

Share