Duwun Hospital

Directions Website

Duwun Hospital Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Duwun Hospital, Hospital, Mandalay.

‎Pharmacist တွေဆိုတာ ဆေးကောင်တာမှာ ဆေးပေးတဲ့ သူတစ်ယောက်ထက်ပိုပါတယ်💊‎‎ဆေးပေးတဲ့သူဆိုတဲ့ ဆိုလိုရင်းက ဆေးနာမည်တွေသိရုံ၊ ဆရာ...
25/09/2026

‎Pharmacist တွေဆိုတာ ဆေးကောင်တာမှာ ဆေးပေးတဲ့ သူတစ်ယောက်ထက်ပိုပါတယ်💊
‎
‎ဆေးပေးတဲ့သူဆိုတဲ့ ဆိုလိုရင်းက ဆေးနာမည်တွေသိရုံ၊ ဆရာဝန်ညွှန်းတဲ့ဆေးတွေကိုသိရုံနဲ့ ခေါ်လို့ရပေမယ့် Pharmacist တစ်ယောက်က အဲ့ထက်ပိုပါတယ်။ လူနာတွေအတွက် ဆေးပေးတဲ့နေရာမှာ မှန်ကန်မှုရှိစေရန် လုံခြုံစိတ်ချရမှုရှိ‌စေရန် အတွက် အမြဲစဉ်းစားပေးနေတတ်သူများဖြစ်ပါတယ်။ ဒါအပြင် ဆေးကို မှန်ကန်စွာ၊ ထိရောက်စွာ သောက်သုံးနိုင်ဖို့ လမ်းညွှန်ပြသပေးရတာကလည်း Pharmacist တွေရဲ့ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ပါတယ်။
‎
‎ဒါကြောင့် နှစ်စဉ် စက်တင်ဘာလ 25 ရက်နေ့တိုင်းမှာ ကျင်းပတဲ့ World Pharmacist Day မှာ
‎လူနာတွေရဲ့ ကျန်းမာရေးအတွက် နောက်ကွယ်ကနေ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပေးနေကြတဲ့ Pharmacist များအားလုံးကို ကျန်တော်တို့ ဓူဝံကျန်းမာရေးစင်တာမှ လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။...💙🏥
‎
‎
‎
‎
‎ #ကျန်းမာရေး
‎
‎

‎Patient Safety ဆိုတာဘယ်လိုမျိုး Safety ဖြစ်တာကို ဆိုလိုတာလဲ...💙💉‎‎လူအတော်များများ အမှတ်မှားနေတာက Patient safety ဆိုတာ ဆ...
17/09/2026

‎Patient Safety ဆိုတာဘယ်လိုမျိုး Safety ဖြစ်တာကို ဆိုလိုတာလဲ...💙💉
‎
‎လူအတော်များများ အမှတ်မှားနေတာက Patient safety ဆိုတာ ဆေးရုံ၊ဆေးခန်းတစ်ခုခုမှ လုံလုံခြုံခြုံနဲ့ ဆေးကုသနိုင်ရုံတင် လို့ထင်နေကြတာပါ...
‎
‎တကယ်တော့ Patient Safety ဖြစ်တယ်ဆို လက်ရှိဆေးခန်းမှာ ဆေးကုသခံနေစဉ်မှာပဲ လုံခြုံမှုပေးတာကိုပြောတာမဟုတ်ဘဲ လူနာတစ်ဦးအတွက် ကျန်းမာရေးစောင့်ရှောက်မှုတစ်လျှောက်မှာ ရှောင်လွှဲနိုင်တဲ့ ထိခိုက်မှုတွေကို လျှော့ချပြီး ပိုမိုလုံခြုံတဲ့ ကုသမှုရရှိစေဖို့ ဖြစ်ပါတယ်။
‎
‎နာတာရှည်ရောဂါသည်များအတွက် မှန်ကန်တဲ့ ဆေးစစ်မှုများ၊ မှန်ကန်တဲ့ ဆေးဝါးများ၊ ကုသမှုများနဲ့ ရေရှည်စောင့်ကြည့်မှုများ စတဲ့အဆင့်တိုင်းမှာ Patient Safety က လိုအပ်ပါတယ်။
‎
‎ဒါ့အပြင် ဆရာဝန်များနဲ့ ကျန်းမာရေးဝန်ထမ်းများတင်မဟုတ်ဘဲ လူနာကိုယ်တိုင်လည်း ပါဝင်ပေးသင့်ပါတယ်။
‎🔹ကိုယ်သောက်နေတဲ့ဆေးတွေကို ဆရာဝန်တွေအားပြောပြခြင်း
‎🔹 ဆေးစစ်ချက်ရလဒ်များ၊ ကုသမှု အစီအစဉ်များကို နားမလည်ပါကမေးမြန်းခြင်း
‎🔹 မိမိရဲ့ ကျန်းမာရေးအချက်အလတ်များကိုလည်း မှန်ကန်စွာ မျှဝေပေးခြင်းတို့ကလည်း ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်ကြပါတယ်။
‎
‎ဒါကြောင့် ယနေ့ကျရောက်သော World Patient Safety Day မှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေစဉ် ရှောင်လွှဲနိုင်တဲ့ ထိခိုက်မှုတွေကို လျှော့ချဖို့အတွက် ကျွန်တော်တို့ ဓူဝံကျန်းမာရေးစင်တာနဲ့အတူတူ ပါဝင်လိုက်ပါ။
‎
‎📌ယခင်ဆက်သွယ်ရန် ဖုန်းလိုင်းများခက်ခဲနေပါသဖြင့် Viber 09 778 781 799 ကိုဆက်သွယ်မေးမြန်းနိုင်သည့်အပြင်
‎ဆေးခန်းကို မနက် ၇နာရီမှ ည ၇ နာရီ အထိ ဝန်ဆောင်မှု
‎ပေးထားပြီး.. သွေးစစ်ဆေးခြင်း ၊ ဓာတ်မှန်ရိုက်ခြင်း၊
‎Ultrasound ရိုက်ခြင်း ၊ ဆေးခန်းပြသခြင်းတို့ ပြုလုပ်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ...
‎Hot Line Phone -
‎ဖုန်း-09 - 699 508 295
‎ဖုန်း-09 - 690 554 046
‎ဖုန်း-09 - 440 4600 61
‎ဖုန်း-09 - 778 781 799
‎ဖုန်း-09 - 960 910 066
‎ဖုန်း-09 - 977 181 010
‎ဖုန်း-09 - 977 640 876
‎ဖုန်း-09 - 787 899 148
‎
‎📌DUWUN Healthcare
‎Hospitals, Clinics & Diagnostic Centre
‎ဓူဝံ အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေး
‎အမှတ်(၇၃)၊ ၂၈လမ်း၊ ၇၃ x ၇၄လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
‎
‎"မိတ်‌‌ဆွေ ကျန်းမာချင်သလား ဓူဝံကိုသွား"
‎
‎
‎
‎
‎ #ကျန်းမာရေး
‎
‎

‎ပြန်လည်လှုပ်ရှားနိုင်မှုများရဲ့နောက်ကွယ်မှာ ကျွမ်းကျင်သူများရဲ့ ဂရုစိုက်မှုများ၊ စိတ်ရှည်မှုများက အဓိကပါဝင်ပါတယ်။‎‎လူနာ...
08/09/2026

‎ပြန်လည်လှုပ်ရှားနိုင်မှုများရဲ့နောက်ကွယ်မှာ ကျွမ်းကျင်သူများရဲ့ ဂရုစိုက်မှုများ၊ စိတ်ရှည်မှုများက အဓိကပါဝင်ပါတယ်။
‎
‎လူနာများ ပြန်လည်လှုပ်ရှားသွားလာနိုင်မှုများကို အားအဖြစ်ခံယူရင်း နောက်လူများကို ဆက်လက် ကုသပေးနေသော သူများအတွက် ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် စက်တင်ဘာလ 8 ရက်နေ့တိုင်းမှာ အထိန်းအမှတ်ပွဲများကိုပြုလုပ်ပေးလျက်ရှိပါတယ်။
‎
‎ဒါကြောင့် ယနေ့ကျရောက်သော World Physiotherapy Day မှာ လူနာတွေရဲ့ ပြန်လည်ကောင်းမွန်လာမှုလမ်းကြောင်းကို
‎ကျွမ်းကျင်စွာ အားဖြည့်ပေးနေကြတဲ့ Physiotherapist များအားလုံးကို ကျွန်တော်တို့ဓူဝံကျန်းမာရေးမိသားစုမှ လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည်...။💙
‎
‎
‎
‎
‎ #ကျန်းမာရေး
‎
‎

‎⚠️ ဆီးချိုရောဂါရှိသူတွေ နေ့စဉ်ဘဝမှာ မသိမသာလုပ်မိနေတဲ့ အမှားတွေက ဘာတွေလဲ?‎‎ဆီးချိုရှိတဲ့သူတွေက အချိုရှောင်ရုံ၊ သကြားမစား...
17/08/2026

‎⚠️ ဆီးချိုရောဂါရှိသူတွေ နေ့စဉ်ဘဝမှာ မသိမသာလုပ်မိနေတဲ့ အမှားတွေက ဘာတွေလဲ?
‎
‎ဆီးချိုရှိတဲ့သူတွေက အချိုရှောင်ရုံ၊ သကြားမစားရုံနဲ့ ဆီးချို ထိန်းနိုင်ပြီလို့ အများစုတွေးထင်တတ်ကြပါတယ်။ ဒါပေမယ့် ဘာလို့အချို‌ရှောင်‌နေရဲ့သားနဲ့ သွေးတွင်းသကြားဓာတ် မကြာခဏမြင့်တတ်နေတာလဲဆိုပြီး တွေးနေမိရင် ဒီအချက်လေးတွေကို သတိမထားမိလို့ဖြစ်ပါတယ်။
‎
‎ဆီးချိုရောဂါကိုထိန်းချုပ်ရာမှာ အစားအသောက် တစ်ခုတည်းကို ဂရုစိုက်လို့မရဘဲ ကိုယ်လက်လှုပ်ရှားမှု၊ အနေအထိုင်၊ ဆေးဝါးနဲ့ သွေးတွင်းသကြားဓာတ်စောင့်ကြည့်မှုတို့ကလည်းအရေးပါပါတယ်။
‎
‎ဒါကြောင့် ဆီးချိုရောဂါရှိ‌သူများအနေနဲ့ အောက်ပါအချက်များကို သတိထားရှောင်ကြဉ်သင့်ပါတယ်။
‎
‎🔹အချိုရည်၊ Soft Drink များသောက်ခြင်း၊
‎🔹သကြားဓာတ်များတဲ့ မုန့်/အချိုပွဲများ စားခြင်း
‎🔹တစ်ကြိမ်တည်း အစားအစာအများကြီးစားခြင်း
‎🔹ဆေးကို ကိုယ့်သဘောနဲ့ ရပ်ခြင်း/ပြောင်းခြင်း
‎🔹ဆေးလိပ်သောက်ခြင်း
‎🔹အရက်အလွန်အကျွံသောက်ခြင်း
‎
‎ထို့အတူ ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် ဒီအချက်လေးတွေကိုလည်း လိုက်နာသင့်ပါတယ်။
‎
‎🔹အစားအစာကို ပမာဏထိန်းစားပါ
‎🔹ဟင်းသီးဟင်းရွက်၊ အမျှင်ဓာတ်များတဲ့အစားအစာတွေ ရွေးစားပါ
‎🔹ပုံမှန်ကိုယ်လက်လှုပ်ရှားပါ
‎🔹ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပါ
‎🔹သွေးတွင်းသကြားဓာတ် ပုံမှန်စစ်ပါ။
‎
‎ဆီးချိုရောဂါဆိုတာ ကုသတာထက် ထိန်းထားနိုင်ဖို့က ပိုအရေးကြီးပါတယ်။ နေ့စဉ်အလေ့အထတွေကို ပြောင်းလဲလိုက်ရုံနဲ့တင် ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို‌ လျှော့ချဖို့ရာအထောက်အကူပြုနိုင်ပါတယ်။ ထို့ကြောင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပြီး ဆီးချိုကိုစောင့်ကြည့်သင့်ပါတယ်။ ဆီးချိုနဲ့ပတ်သတ်ပြီး စစ်ဆေးလိုပါက ဓူဝံဆေးခန်းသို့ လာ‌ရောက်နိုင်ပါတယ်ခင်ဗျာ....🏥💙
‎
‎📌ယခင်ဆက်သွယ်ရန် ဖုန်းလိုင်းများခက်ခဲနေပါသဖြင့် Viber 09 778 781 799 ကိုဆက်သွယ်မေးမြန်းနိုင်သည့်အပြင်
‎ဆေးခန်းကို မနက် ၇နာရီမှ ည ၇ နာရီ အထိ ဝန်ဆောင်မှု
‎ပေးထားပြီး.. သွေးစစ်ဆေးခြင်း ၊ ဓာတ်မှန်ရိုက်ခြင်း၊
‎Ultrasound ရိုက်ခြင်း ၊ ဆေးခန်းပြသခြင်းတို့ ပြုလုပ်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ...
‎Hot Line Phone -
‎ဖုန်း-09 - 699 508 295
‎ဖုန်း-09 - 690 554 046
‎ဖုန်း-09 - 440 4600 61
‎ဖုန်း-09 - 778 781 799
‎ဖုန်း-09 - 960 910 066
‎ဖုန်း-09 - 977 181 010
‎ဖုန်း-09 - 977 640 876
‎ဖုန်း-09 - 787 899 148
‎
‎📌DUWUN Healthcare
‎Hospitals, Clinics & Diagnostic Centre
‎ဓူဝံ အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေး
‎အမှတ်(၇၃)၊ ၂၈လမ်း၊ ၇၃ x ၇၄လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
‎
‎"မိတ်‌‌ဆွေ ကျန်းမာချင်သလား ဓူဝံကိုသွား"
‎
‎
‎
‎
‎ #ကျန်းမာရေး
‎
‎ #‌InternationalYouthDay
‎

‎လူငယ်ဆိုတိုင်း အမြဲကျန်းမာရေးကောင်းနေမယ်လို့ မထင်လိုက်ပါနဲ့...‎‎ဒီနေ့က ၂၇ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့ဖြစ်တဲ့အတွက် လူင...
12/08/2026

‎လူငယ်ဆိုတိုင်း အမြဲကျန်းမာရေးကောင်းနေမယ်လို့ မထင်လိုက်ပါနဲ့...
‎
‎ဒီနေ့က ၂၇ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့ဖြစ်တဲ့အတွက် လူငယ်တွေကို ကျန်းမာရေးအသိပေးလိုပါတယ်။
‎အခုခေတ်လူငယ်တွေမှာ ကိုယ်တိုင်တောင် သတိမထားမိဘဲ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမူအကျင့်လေးတွေ ရှိတတ်ကြပါတယ်။ အိပ်ရေးပျက်တာ၊ Stress များတာ၊ အစားအသောက်မမှန်တာတွေက ငယ်ရွယ်စဉ်မှာ သိပ်ပြီးသတိမထားမိတတ်ပေမယ့် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။
‎
‎🍛🍴 ဥပမာ အစားအသောက်ကို အချိန်မှန်မစားခြင်း၊ အာဟာရမျှတအောင်မစားခြင်းတို့က ကျန်းမာရေးအတွက် မကောင်းတဲ့သက်‌ရောက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။
‎
‎😴 အိပ်ရေးပျက်တာများလာရင်လည်း နေ့စဉ်အလုပ်လုပ်နိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့ စိတ်ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။
‎
‎📲 အခုခေတ်မှာလူငယ်တွေက Social Media အသုံးပြုမှုများပြားလာတာကြောင့် အိပ်ချိန်မမှန်ခြင်းအပြင် နေ့စဉ်ဘဝအလေ့အထတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။
‎
‎ဒါကြောင့် အသက်ကြီးလာတဲ့အခါ ကျန်းမာရေးကောင်းမွန်စေဖို့ ငယ်စဉ်ကတည်းက—
‎
‎🔹 ညအိပ်ချိန်မှန်အောင် ဂရုစိုက်ပါ။
‎🔹 အိပ်ခါနီး ဖုန်းအသုံးပြုတာကို လျှော့ချပါ။
‎🔹 ညအိပ်ခါနီး ကဖိန်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်တို့ကို ရှောင်ကြဉ်ပါ။
‎🔹 အစားအသောက်ကို အချိန်မှန်စားသုံးပါ။
‎🔹 အစားအစာတွေကို အာဟာရမျှတအောင် စားသုံးပါ။
‎🔹လေ့ကျင့်ခန်းလုပ်ပါ။
‎
‎လူငယ်ဘဝမှာ ကျန်းမာရေးကို ဂရုစိုက်တာက အနာဂတ်ကို ဂရုစိုက်တာနဲ့အတူတူပါပဲ။ 💙
‎
‎ဒါကြောင့် ဒီနေ့ကျရောက်တဲ့ International Youth Day မှာ လူငယ်များအားလုံး မိမိတို့ရဲ့ အနာဂတ်ကို ကောင်းမွန်စွာ ဂရုစိုက်နိုင်ကြပါစေကြောင်း ဓူဝံကျန်းမာရေးစင်တာမိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ခင်ဗျာ။ 💙🏥
‎
‎📌ယခင်ဆက်သွယ်ရန် ဖုန်းလိုင်းများခက်ခဲနေပါသဖြင့် Viber 09 778 781 799 ကိုဆက်သွယ်မေးမြန်းနိုင်သည့်အပြင်
‎ဆေးခန်းကို မနက် ၇နာရီမှ ည ၇ နာရီ အထိ ဝန်ဆောင်မှု
‎ပေးထားပြီး.. သွေးစစ်ဆေးခြင်း ၊ ဓာတ်မှန်ရိုက်ခြင်း၊
‎Ultrasound ရိုက်ခြင်း ၊ ဆေးခန်းပြသခြင်းတို့ ပြုလုပ်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ...
‎Hot Line Phone -
‎ဖုန်း-09 - 699 508 295
‎ဖုန်း-09 - 690 554 046
‎ဖုန်း-09 - 440 4600 61
‎ဖုန်း-09 - 778 781 799
‎ဖုန်း-09 - 960 910 066
‎ဖုန်း-09 - 977 181 010
‎ဖုန်း-09 - 977 640 876
‎ဖုန်း-09 - 787 899 148
‎
‎📌DUWUN Healthcare
‎Hospitals, Clinics & Diagnostic Centre
‎ဓူဝံ အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေး
‎အမှတ်(၇၃)၊ ၂၈လမ်း၊ ၇၃ x ၇၄လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
‎
‎"မိတ်‌‌ဆွေ ကျန်းမာချင်သလား ဓူဝံကိုသွား"
‎
‎
‎
‎
‎ #ကျန်းမာရေး
‎
‎ #‌InternationalYouthDay

‎အခုလိုမိုးရာသီမှာ ဘာကြောင့်လူအတော်များများက တုပ်ကွေးဖြစ်လွယ်တာလဲ...?‎‎မိုးရာသီရောက်လာပြီဆိုရင် လူအတော်များများက မိုးရေစ...
08/08/2026

‎အခုလိုမိုးရာသီမှာ ဘာကြောင့်လူအတော်များများက တုပ်ကွေးဖြစ်လွယ်တာလဲ...?
‎
‎မိုးရာသီရောက်လာပြီဆိုရင် လူအတော်များများက မိုးရေစိုမှာကိုပဲပိုကြောက်နေကြတတ်ပါတယ်။ ဒါပေမယ့် လူတိုင်းသတိမထားမိတာက အခုလိုမိုးရာသီက သာမန်ထက် ရာသီတုပ်ကွေးဖြစ်ပွားမှုကို ပိုမိုတွေ့ရနိုင်ပါတယ်။ ဒါကြောင့် အခုလိုတုပ်ကွေးရာသီမှာ ကျန်းမာရေးထိခိုက်မှုများမဖြစ်ရလေအောင် ဒီအချက်လေးတွေကို သတိထားသင့်ပါတယ်။
‎
‎တုပ်ကွေးက Influenza ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတစ်မျိုးဖြစ်ပါတယ်။ လူအများစုက မိုးရာသီမှာ အခန်းအလုံပိတ်ပြီး နေတတ်ကြတာကြောင့် လေဝင်လေထွက်ကောင်းစွာမရဘဲ ဗိုင်းရပ်စ်ကူးစက်မှုကို ပိုမိုမြင့်တက်‌စေနိုင်ပါတယ်။ ဒါ့အပြင် လူအများစုက ခန္ဓာကိုယ်နဲ့ပတ်ဝန်းကျင် အေးလာတာကြောင့် တုပ်ကွေးဖြစ်တယ်လို့ ထင်နေတတ်ပါတယ်။ တကယ်တော့ ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် တုပ်ကွေးဖြစ်လာတာပါ။
‎
‎အဓိကအားဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှင်များ၊ ကိုယ်ခံအားနည်းသူများနဲ့ ကိုယ်ဝန်ဆောင်မိခင်များမှာ တုပ်ကွေးဖြစ်လာရင် ရောဂါပြင်းထန်နိုင်ခြေ ပိုများတဲ့အုပ်စုများဖြစ်ပါတယ်။ ဒါကြောင့် ဒီအုပ်စုများအနေနဲ့ ပိုမိုဂရုစိုက်သင့်ပါတယ်။
‎
‎တုပ်ကွေးရဲ့ရောဂါလက္ခဏာ‌အနေနဲ့
‎🔹 ရုတ်တရက်အဖျားတက်လာခြင်း
‎🔹 ကိုယ်လက်များ အပြင်းအထန်ကိုက်ခဲခြင်း
‎🔹 နှာရည်ယိုခြင်း၊ နှာစေးခြင်း
‎🔹ခေါင်းကိုက်ခြင်း
‎🔹လည်ချောင်းနာခြင်း တို့ဖြစ်ပါတယ်။

‎ထို့ကြောင့် တုပ်ကွေးရောဂါကိုကာကွယ်ဖို့အတွက် -
‎🔹လက်ဆေးပါ။
‎🔹နှာချေ၊ ချောင်းဆိုးတဲ့အခါ အုပ်ထားပါ။
‎🔹လူထူထပ်တဲ့နေရာတွေမှာ Mask တပ်ပါ။
‎🔹ဖျားနေသူနဲ့ အနီးကပ်မနေပါနဲ့။
‎🔹နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးပါ။
‎
‎သင့်အနေနဲ့ ဖျားတာက ရိုးရိုးဖျားတာလား၊ တုပ်ကွေးလားဆိုတာ မသေချာရင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ အသက်ရှူရခက်လာခြင်း၊ အဖျားရက်ကြာလာခြင်း၊ သတိလစ်ခြင်းများဖြစ်လာခဲ့ရင်တော့ နီးစပ်ရာဆေးခန်းသို့အမြန်ဆုံးသွားရောက်သင့်ပါတယ်။ ထို့အပြင် တုပ်‌ကွေးကာကွယ်ဆေးထိုးနှံဖို့လိုပါက ဓူဝံဆေးခန်းမှာ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်....🏥💙

‎📌ယခင်ဆက်သွယ်ရန် ဖုန်းလိုင်းများခက်ခဲနေပါသဖြင့် Viber 09 778 781 799 ကိုဆက်သွယ်မေးမြန်းနိုင်သည့်အပြင်
‎ဆေးခန်းကို မနက် ၇နာရီမှ ည ၇ နာရီ အထိ ဝန်ဆောင်မှု
‎ပေးထားပြီး.. သွေးစစ်ဆေးခြင်း ၊ ဓာတ်မှန်ရိုက်ခြင်း၊
‎Ultrasound ရိုက်ခြင်း ၊ ဆေးခန်းပြသခြင်းတို့ ပြုလုပ်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ...
‎Hot Line Phone -
‎ဖုန်း-09 - 699 508 295
‎ဖုန်း-09 - 690 554 046
‎ဖုန်း-09 - 440 4600 61
‎ဖုန်း-09 - 778 781 799
‎ဖုန်း-09 - 960 910 066
‎ဖုန်း-09 - 977 181 010
‎ဖုန်း-09 - 977 640 876
‎ဖုန်း-09 - 787 899 148
‎
‎📌DUWUN Healthcare
‎Hospitals, Clinics & Diagnostic Centre
‎ဓူဝံ အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေး
‎အမှတ်(၇၃)၊ ၂၈လမ်း၊ ၇၃ x ၇၄လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
‎
‎"မိတ်‌‌ဆွေ ကျန်းမာချင်သလား ဓူဝံကိုသွား"
‎
‎
‎
‎
‎ #ကျန်းမာရေး
‎

‎သက်ဦးရင်သွေးမွေးထားတဲ့ မေမေတို့အနေနဲ့ နို့ရည်အထွက်နည်းတာကို "နို့မထွက်ဘူး" လို့ထင်နေပါသလား...🤱‎‎ပထမဦးဆုံး ကလေးမွေးဖွားဖ...
05/08/2026

‎သက်ဦးရင်သွေးမွေးထားတဲ့ မေမေတို့အနေနဲ့ နို့ရည်အထွက်နည်းတာကို "နို့မထွက်ဘူး" လို့ထင်နေပါသလား...🤱
‎
‎ပထမဦးဆုံး ကလေးမွေးဖွားဖူးတဲ့ မေမေတို့မှာ နို့ရည်ပမာဏနည်းတာနဲ့ ပတ်သတ်ပြီး စိုးရိမ်‌တတ်ကြတာ သဘာဝပဲဖြစ်ပါတယ်။ ဒါပေမယ့် နို့ရည်အထွက်နည်းတာက မေမေတို့သတိမထားမိတဲ့ အောက်ပါအချက်လေးတွေကြောင့်ဖြစ်ပါတယ်။
‎
‎🔹 ကလေးမွေးပြီး ၁ နာရီအတွင်း နို့မတိုက်နိုင်ရင် နို့ရည်ထွက်ဖို့ လှုံ့ဆော်မှု လျော့နည်းနိုင်တယ်။
‎🔹 ကလေးကို မကြာခဏ နို့မတိုက်ခြင်း
‎🔹 ကလေးရဲ့ စုပ်ပုံ (Latch) မမှန်ခြင်း နဲ့
‎🔹 မိခင်အနေနဲ့ စိတ်ဖိစီးမှုများခြင်း၊ ပင်ပန်းနေခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။
‎
‎အဓိကအချက်အနေနဲ့ မွေးဖွားပြီးချင်းမှာ နို့ရည်နည်းနည်းပဲထွက်တာက ပုံမှန်ဖြစ်စဉ် တစ်ခုဖြစ်ပါတယ်။ အစပိုင်းမှာ ထွက်တဲ့ နို့ဦးရည်က ပမာဏနည်းပေမယ့်လည်း မိမိရင်သွေးလေးအတွက် လုံလောက်ပြီး အာဟာရဓာတ်ပါဝင် ပြီးသားဖြစ်ပါတယ်။ မွေးဖွားပြီး ပထမ ၂ရက် ၃ရက်အတွင်းမှာ နို့ရည်အထွက်နည်းတာက သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်တာကြောင့် "နို့မထွက်ဘူး" ဆိုပြီး ဆုံးဖြတ်မစောပါနဲ့ဦးနော်။
‎
‎ဒါ့အပြင်ကလေးမွေးထားတဲ့မေမေ တို့အတွက်ရော ရင်သွေးလေးတွေအတွက်ပါ ကျန်းမာရေးစောင့်ရှောက်မှုအမြဲပေးနေမယ့် ဒေါက်တာတို့ရဲ့ ဓူဝံဆေးခန်းကလည်း အဆင်သင့်ရှိနေမှာဖြစ်ပါတယ်ခင်ဗျာ...💙 အကယ်၍သာ ရင်သွေးငယ်လေးက
‎🔹 နို့သောက်ရန် ငြင်းဆန်နေခြင်း
‎🔹 ကိုယ်အလေးချိန်ကျနေခြင်း
‎🔹 မိခင်မှ ၃ရက်ကျော်တဲ့အထိ နို့ရည်အထွက်နည်းပြီး ကလေးကလည်း နို့မစို့နိုင်ဘူးဆိုရင်တော့ ဒေါက်တာတို့ ဓူဝံဆေးခန်းကို ချက်ချင်းလာခဲ့ဖို့ အကြံပေးလိုပါတယ်...💙🤱
‎
‎📌ယခင်ဆက်သွယ်ရန် ဖုန်းလိုင်းများခက်ခဲနေပါသဖြင့် Viber 09 778 781 799 ကိုဆက်သွယ်မေးမြန်းနိုင်သည့်အပြင်
‎ဆေးခန်းကို မနက် ၇နာရီမှ ည ၇ နာရီ အထိ ဝန်ဆောင်မှု
‎ပေးထားပြီး.. သွေးစစ်ဆေးခြင်း ၊ ဓာတ်မှန်ရိုက်ခြင်း၊
‎Ultrasound ရိုက်ခြင်း ၊ ဆေးခန်းပြသခြင်းတို့ ပြုလုပ်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ...
‎Hot Line Phone -
‎ဖုန်း-09 - 699 508 295
‎ဖုန်း-09 - 690 554 046
‎ဖုန်း-09 - 440 4600 61
‎ဖုန်း-09 - 778 781 799
‎ဖုန်း-09 - 960 910 066
‎ဖုန်း-09 - 977 181 010
‎ဖုန်း-09 - 977 640 876
‎ဖုန်း-09 - 787 899 148
‎
‎📌DUWUN Healthcare
‎Hospitals, Clinics & Diagnostic Centre
‎ဓူဝံ အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေး
‎အမှတ်(၇၃)၊ ၂၈လမ်း၊ ၇၃ x ၇၄လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
‎
‎"မိတ်‌‌ဆွေ ကျန်းမာချင်သလား ဓူဝံကိုသွား"
‎
‎
‎
‎
‎ #ကျန်းမာရေး
‎
‎

‎မိမိရင်သွေးငယ်လေး ကျန်းမာနေဖို့ဆိုတာ မွေးပြီးမှ စောင့်ရှောက်ရုံနဲ့ မလုံလောက်ပါဘူး...🤱‎‎မိခင်လောင်းလေးတို့အနေနဲ့ ကိုယ်ဝန...
03/08/2026

‎မိမိရင်သွေးငယ်လေး ကျန်းမာနေဖို့ဆိုတာ မွေးပြီးမှ စောင့်ရှောက်ရုံနဲ့ မလုံလောက်ပါဘူး...🤱
‎
‎မိခင်လောင်းလေးတို့အနေနဲ့ ကိုယ်ဝန်ဆောင်ထားတဲ့ ကာလအတွင်းမှာ ကျန်းမာရေးကို နှစ်ယောက်လုံးအတွက် ပိုဂရုစိုက်ရပါတယ်။ အဘယ်ကြောင့်ဆိုသော် မိခင်ရဲ့ ကျန်းမာရေးနဲ့ ကလေးရဲ့ကျန်းမာရေးက ဆက်စပ်နေတာကြောင့်ပဲဖြစ်ပါတယ်။ WHO အနေနဲ့လည်း ကိုယ်ဝန်ဆောင်ထားချိန်ကာလအတွင်းမှာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အနည်းဆုံး 8 ကြိမ်ပြုလုပ်ရန် တိုက်တွန်းထားပါတယ်။ ထိုသို့စောင့်ရှောက်ခြင်းက မွေးဖွားချိန်နီးပါးကာလမှာ ကလေးသေဆုံးခြင်း ကို လျှော့ချပေးနိုင်တယ်လို့လဲ ဆိုထားပါတယ်။ ထို့အပြင် ကိုယ်ဝန်ဆောင်ချိန် သွေးပေါင်တက်ခြင်းက မိခင်ရော ကလေးပါ အသက်အန္တရာယ်ရှိနေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ပို၍ဂရုစိုက်သင့်ပါတယ်🫄။
‎

‎ထို့အပြင် မိမိရဲ့ ကလေးငယ်က -
‎🔹နို့ကောင်းကောင်းမစို့ခြင်း
‎🔹 အသက်ရှုမြန်ခြင်း သို့မဟုတ် အသက်ရှုရခက်ခြင်း
‎🔹 ကိုယ်ပူခြင်း/အေးခြင်း
‎🔹 လှုပ်ရှားမှု နည်းခြင်း
‎🔹 တက်ခြင်းများ
‎ဖြစ်ပွားပါက ချက်ချင်း ဆေးကုသမှုများခံယူရန်လိုအပ်ပါသည်။
‎
‎အရေးကြီးအချက်အနေဖြင့် ကိုယ်ဝန်ဆောင်ကာလ၊ မွေးဖွားပြီးကာလတွေမှာ မိခင်ရော ကလေးပါ ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့လိုအပ်ပါတယ်။ မိမိရင်သွေးဟာ မိမိဘဝဖြစ်သော ကြောင့် မိမိနှင့် မိမိရင်သွေးရဲ့ ကျန်းမာရေးကို တက်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများထံတွင်သာပြသသင့်ပါသည်။ မိခင်နဲ့ကလေးကျန်းမာရေးအတွက် အထူးဂရုစိုက်ကုသပေးနေတဲ့ ဒေါက်တာတို့ ဓူဝံဆေးခန်းဟာဆိုရင်လည်း မိခင်တို့အတွက် ယုံကြည်စိတ်ချရွေးချယ်စရာတစ်ခုဖြစ်ကြောင်း တစ်ပါတည်းသတင်းကောင်းပါလိုက်ရပါတယ်...🏥
‎
‎📌ယခင်ဆက်သွယ်ရန် ဖုန်းလိုင်းများခက်ခဲနေပါသဖြင့် Viber 09 778 781 799 ကိုဆက်သွယ်မေးမြန်းနိုင်သည့်အပြင်
‎ဆေးခန်းကို မနက် ၇နာရီမှ ည ၇ နာရီ အထိ ဝန်ဆောင်မှု
‎ပေးထားပြီး.. သွေးစစ်ဆေးခြင်း ၊ ဓာတ်မှန်ရိုက်ခြင်း၊
‎Ultrasound ရိုက်ခြင်း ၊ ဆေးခန်းပြသခြင်းတို့ ပြုလုပ်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ...
‎Hot Line Phone -
‎ဖုန်း-09 - 699 508 295
‎ဖုန်း-09 - 690 554 046
‎ဖုန်း-09 - 440 4600 61
‎ဖုန်း-09 - 778 781 799
‎ဖုန်း-09 - 960 910 066
‎ဖုန်း-09 - 977 181 010
‎ဖုန်း-09 - 977 640 876
‎ဖုန်း-09 - 787 899 148
‎
‎📌DUWUN Healthcare
‎Hospitals, Clinics & Diagnostic Centre
‎ဓူဝံ အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေး
‎အမှတ်(၇၃)၊ ၂၈လမ်း၊ ၇၃ x ၇၄လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
‎
‎"မိတ်‌‌ဆွေ ကျန်းမာချင်သလား ဓူဝံကိုသွား"
‎
‎
‎
‎
‎ #ကျန်းမာရေး
‎
‎

‎🫁 ဆေးလိပ်မသောက်တဲ့သူတွေလည်း… ဘာကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်တာလဲ? 🚭‎‎“ဆေးလိပ်မသောက်ဘူးဆိုတော့ အဆုတ်ကင်ဆာ မဖြစ်နိုင်ပါဘူး...
01/08/2026

‎🫁 ဆေးလိပ်မသောက်တဲ့သူတွေလည်း… ဘာကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်တာလဲ? 🚭
‎
‎“ဆေးလိပ်မသောက်ဘူးဆိုတော့ အဆုတ်ကင်ဆာ မဖြစ်နိုင်ပါဘူး…”
‎ဒီလိုထင်နေတယ်ဆိုရင်တော့ အယူအဆလွဲနေတာ ဖြစ်နိုင်ပါတယ်။
‎
‎ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပေမယ့် ဆေးလိပ်မသောက်သူတွေလည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ပါတယ်။
‎
‎🚬 တစ်ဆင့်ခံ ဆေးလိပ်ငွေ့ထိတွေ့ခြင်း
‎🌫️ လေထုညစ်ညမ်းမှု
‎🏭 အလုပ်ခွင်မှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း
‎🧬 မျိုးရိုးဗီဇနှင့် အခြားကျန်းမာရေးဆိုင်ရာ အချက်များ
‎စတဲ့အရာတွေကလည်း အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။
‎
‎ဒါကြောင့် “ချောင်းဆိုးတာလေးပါပဲ” ဆိုပြီး လျစ်လျူမရှုသင့်ပါဘူး။
‎
‎အထူးသဖြင့်—
‎
‎🔹 ချောင်းဆိုးတာ ကြာရှည်ပြီး မပျောက်ခြင်း
‎🔹 ချောင်းဆိုးတဲ့အခါ သွေးပါခြင်း
‎🔹 အသက်ရှူမဝခြင်း
‎🔹 ရင်ဘတ်နာခြင်း
‎🔹 အကြောင်းပြချက်မရှိဘဲ ကိုယ်အလေးချိန်ကျလာခြင်း
‎စတဲ့လက္ခဏာတွေ ရှိနေတယ်ဆိုရင် ရောဂါလက္ခဏာတွေကို ပေါ့ပေါ့ဆဆ မထားဘဲ ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးသင့်ပါတယ်။ ဒီလက္ခဏာတွေရှိတိုင်း အဆုတ်ကင်ဆာလို့ မဆိုလိုပေမယ့် အကြောင်းရင်းကို စောစီးစွာ သိရှိနိုင်ဖို့ စစ်ဆေးခြင်းက အရေးကြီးပါတယ်။
‎
‎ဓူဝံဆေးခန်းမှာ ကျွမ်းကျင်သော ဆရာဝန်ကြီးများမှ လူနာများကို စမ်းသပ်စစ်ဆေးပေးနေပြီး ခေတ်မီစက်ကိရိယာများဖြင့် လိုအပ်သော ရောဂါရှာဖွေစစ်ဆေးမှုများကိုလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။
‎အဆုတ်ရောဂါနှင့် ပတ်သက်ပြီး စစ်ဆေးကုသမှု လိုအပ်နေပါက ဓူဝံဆေးခန်းသို့ လာရောက်တိုင်ပင် နိုင်ပါကြောင်း သတင်းကောင်းပါးရင်း ယနေ့ကျရောက်သော ကမ္ဘာ့ကင်ဆာနေ့မှာ ကင်ဆာရောဂါရှင်များနှင့် ကင်ဆာရောဂါတိုက် ဖျက်ရာမှာ ကူညီပေးနေကြသော ကျန်းမာရေးဝန်ထမ်းများအား လေးစားဂုဏ်ပြုလိုက်ရပါတယ်ခင်ဗျာ…🤍
‎
‎📌ယခင်ဆက်သွယ်ရန် ဖုန်းလိုင်းများခက်ခဲနေပါသဖြင့် Viber 09 778 781 799 ကိုဆက်သွယ်မေးမြန်းနိုင်သည့်အပြင်
‎ဆေးခန်းကို မနက် ၇နာရီမှ ည ၇ နာရီ အထိ ဝန်ဆောင်မှု
‎ပေးထားပြီး.. သွေးစစ်ဆေးခြင်း ၊ ဓာတ်မှန်ရိုက်ခြင်း၊
‎Ultrasound ရိုက်ခြင်း ၊ ဆေးခန်းပြသခြင်းတို့ ပြုလုပ်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ...
‎Hot Line Phone -
‎ဖုန်း-09 - 699 508 295
‎ဖုန်း-09 - 690 554 046
‎ဖုန်း-09 - 440 4600 61
‎ဖုန်း-09 - 778 781 799
‎ဖုန်း-09 - 960 910 066
‎ဖုန်း-09 - 977 181 010
‎ဖုန်း-09 - 977 640 876
‎ဖုန်း-09 - 787 899 148
‎
‎📌DUWUN Healthcare
‎Hospitals, Clinics & Diagnostic Centre
‎ဓူဝံ အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေး
‎အမှတ်(၇၃)၊ ၂၈လမ်း၊ ၇၃ x ၇၄လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
‎
‎"မိတ်‌‌ဆွေ ကျန်းမာချင်သလား ဓူဝံကိုသွား"
‎
‎
‎
‎
‎ #ကျန်းမာရေး
‎

‎

‎🌕 ဝါဆိုလပြည့်နေ့ အခါသမယတွင်‎‎ဝါဆိုလပြည့်နေ့၏ ကုသိုလ်ကောင်းမှုများကြောင့်‎မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ...
29/07/2026

‎🌕 ဝါဆိုလပြည့်နေ့ အခါသမယတွင်
‎
‎ဝါဆိုလပြည့်နေ့၏ ကုသိုလ်ကောင်းမှုများကြောင့်
‎မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍
‎စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကာ
‎လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်းဓူဝံကျန်းမာရေးမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
‎
‎
‎
‎
‎
‎
‎

Address

Mandalay
05022

Alerts

Be the first to know and let us send you an email when Duwun Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category