Han Thi Zin

Han Thi Zin 🪐 စာတွေရေးရင်း ဗေဒင်ဟောသူတစ်ယောက်ပါ ⭐️

🍃 S E P T E M B E R  မှာ  ဘာတွေရောက်ရှိလာ  🌿🐝 ရွေးထားပါ  . . . .  1 . 9 . 2026  ဖတ်ရမှာ 🦋So Soul♾️
26/08/2026

🍃 S E P T E M B E R မှာ ဘာတွေရောက်ရှိလာ 🌿

🐝 ရွေးထားပါ . . . . 1 . 9 . 2026 ဖတ်ရမှာ 🦋

So Soul
♾️

အဖျားပျောက်ခါစ နလန်ထလေးဟာပုစွန်လှော်သုပ် နှင့် ကြက်ဥပြုတ်ကိုထမင်းနဲ့ တွဲဖက်စား ရှာသတဲ့ ကြက်ဥပြုတ်စားရင် ငရုတ်ကောင်းမှုန်...
26/08/2026

အဖျားပျောက်ခါစ နလန်ထလေးဟာ
ပုစွန်လှော်သုပ် နှင့် ကြက်ဥပြုတ်ကို
ထမင်းနဲ့ တွဲဖက်စား ရှာသတဲ့

ကြက်ဥပြုတ်စားရင်
ငရုတ်ကောင်းမှုန့်ဖြူးပြီး စားရမှ
အာဂပါးစပ် လူဖြစ်ကျိုးနပ်သလို
ခံစားရတတ်တဲ့ ကျွန်မပါ

ဒီနေ့လည်း ထုံးစံအတိုင်း
ကြက်ဥပြုတ်ပေါ် ငရုတ်ကောင်းမှုန့်ဖြူးတာ
ခါတိုင်းလို မွှေးတဲ့အနံ့ မရလို့ စိတ်ဘဝင်မကျ

ဝယ်ထားသမျှ ငရုတ်ကောင်းဘူး
တံဆိပ်အစုံ ဘူး/ပုလင်း အကုန် ဖြူးကြည့်လည်း
ဘာအနံ့မှ မရနေတော့ စိတ် အနည်းငယ်တိုချင်လာ

အိမ်ကလူတွေကို နောက် ဒီတံဆိပ်တွေ
မဝယ်ခိုင်းမှပဲလို့ တွေးရင်း လွှင့်ပစ်ဖို့ကြံ
ဝယ်ထားတာလဲ မကြာသေးပဲ အနံ့တွေပြယ်
ဘာတွေ ရောထည့်ထားလဲ မသိဘူးကွယ်
တကယ် တကယ် စိတ်တွေမပျော်ပါတယ်ပေါ့

ငရုတ်ကောင်းဘူးတွေနှင့် အလုပ်ရှုပ်နေပြီး
ထမင်းစားနေသော ကျွန်မကို ကြီးဒေါ်ကြီးက
“ သမီး ဘာလုပ်နေတာလဲ “ မေးလာတော့
သူ ဝယ်ထားတဲ့ ငရုတ်ကောင်းဘူးတွေ
ဘယ်လိုမကောင်းကြောင်း သိစေဖို့
ရှုခိုင်းကြည့်လိုက်တယ်

“ အယ် သမီး ညေးဟာတွေ အနံ့ပြင်းချက်ပါအေ့ “
“ သမီး အဖျားပျောက်ခါစ နှာခေါင်းပိတ်နေလို့ နေမှာ “
ဆိုတော့မှ ပိတ်နေတဲ့ ကိုယ့်နှာခေါင်းကို သတိရမိသွား

ငရုတ်ကောင်းဘူးတွေသာ ကုန်သွားတယ်
အနံ့ မရနေဘူး ဆိုကတည်းက ရိပ်မိသင့်တာ
ကိုယ့်နှာခေါင်းက ပိတ်နေသေးတာကို တွေးခဲ့မိသင့်တာ

ငရုတ်ကောင်းကို အပြစ်တင်ချင်စိတ်က များနေတော့
ကလေးမလေးဟာ ကိုယ့်နှာခေါင်းရဲ့ လိုအပ်ချက်ကို
မမြင်နိုင်ရှာတော့တာ

အပြစ်တင်လိုစိတ် ဝေဖန်ရှုံချလိုစိတ်တွေသည်
အမှန်တရားကို မြင်နိုင်တဲ့ဥာဏ်ကို
အမှောင်ဖုံးသွားစေနိုင်တယ်နော်

တခါတလေ တချို့ပြသနာတွေရဲ့ အရင်းအမြစ်ဟာ
ကိုယ်တိုင်ပဲ ဖြစ်နေတတ်တယ် ဆိုတာ သတိရစေဖို့
တနေ့တာရဲ့ သင်ခန်းစာလေး တဖြတ်ပေါ့ကွယ်

So Soul
♾️

✨ မင်္ဂလာရှိသော စကားများသာ ကြားရပါတော့မည် ✨💫 ကြားရတဲ့အခါ ပြန်လာမျှဝေ မင်္ဂလာပွါးပါအုံး 💫So Soul♾️
26/08/2026

✨ မင်္ဂလာရှိသော စကားများသာ ကြားရပါတော့မည် ✨

💫 ကြားရတဲ့အခါ ပြန်လာမျှဝေ မင်္ဂလာပွါးပါအုံး 💫

So Soul
♾️

✨ ချမ်းသာခြင်း ကြွယ်ဝခြင်း ပြည့်စုံခြင်းများ စီးဖြာဝင်လာစေရာ နိမိတ်မင်္ဂလာ ✨So Soul♾️
25/08/2026

✨ ချမ်းသာခြင်း ကြွယ်ဝခြင်း ပြည့်စုံခြင်းများ စီးဖြာဝင်လာစေရာ နိမိတ်မင်္ဂလာ ✨

So Soul
♾️

✨ မျှော်လင့်ထားသော ကံကောင်းခြင်းများ ဝဲကာပျံကာ လာနေတာ ရရှိနိုင်မည့် နိမိတ်ပါ ✨So Soul♾️
24/08/2026

✨ မျှော်လင့်ထားသော ကံကောင်းခြင်းများ ဝဲကာပျံကာ လာနေတာ ရရှိနိုင်မည့် နိမိတ်ပါ ✨

So Soul
♾️

🌿 မင်္ဂလာသတင်းစကား ကြားရပါလိမ့်မယ်ကွယ် 💫✨ တိုးတိုးလေး ထပ်ပြောရရင် (၉) နာရီအတွင်း ✨So Soul♾️
23/08/2026

🌿 မင်္ဂလာသတင်းစကား ကြားရပါလိမ့်မယ်ကွယ် 💫

✨ တိုးတိုးလေး ထပ်ပြောရရင် (၉) နာရီအတွင်း ✨

So Soul
♾️

🍃 တချို့တွေနှင့် ဒုက္ခမရောက်ခင် ဆုံဆည်းခွင့်ရရင်       သိပ်ကောင်းမှာပဲကွယ်။🌿 ငွေတွေ အလိမ်မခံရခင်      အိမ်ထောင် မပြုခင် ...
22/08/2026

🍃 တချို့တွေနှင့် ဒုက္ခမရောက်ခင် ဆုံဆည်းခွင့်ရရင်
သိပ်ကောင်းမှာပဲကွယ်။

🌿 ငွေတွေ အလိမ်မခံရခင်
အိမ်ထောင် မပြုခင်
လူမှုရေး မဖောက်ပြန်မိခင်
မှားတဲ့လမ်းတွေ မလျှောက်မိခင်

🌿 နေ့စဉ် လူတွေ မျက်ရည်တွေကျ ငိုနေကြရတာ
မြင်တွေ့ ကြားသိ နေရတဲ့ လူတစ်ဦးဘဝမှာလည်း
တစ်ယောက်နှင့် စီးမျော အဖြေရှာပေးပြီးရင် စိတ်ဝိဥာဉ်ကို
ပြန်သန့်စင်ရတာ အင်မတန် အချိန်ယူ အားယူရတယ်

🌿 ငါ့ဆီရောက် ငါနှင့်ရေစက်ဆုံမယ့်အတူတူ
လုပ်ချင်တာတွေ တဇွတ်ထိုး မလုပ်မိခင်
ဘဝတွေ တစစီ ဖရိုဖရဲ မကြေကွဲသေးခင်
ငါ့ဆီ ရောက်လာခဲ့ကြပါလားဟယ် လို့ တွေးမိတယ်

🌿 ဒုက္ခမရောက်ခင် ဆုံခဲ့ကြရင်လည်း
လူဆိုတဲ့အမျိုးက ငါတားလို့ ရချင်မှရမှာပဲ
ဒုက္ခတွေကို ငါ တားပေးလို့ မရပေမယ့်
ဒုက္ခတွေကို လက်ခံတတ် ကျော်ဖြတ်တတ်ဖို့တော့
ငါ ကူညီပေးလို့ရတာမို့ သူတို့ ခံစားနေရတာ
သက်သာ ဖြေလျှော့နိုင်လိမ့်မယ် ထင်မိတယ်

🌿 တကိုယ်ရေ ခံယူချက်အရဆို
ရှေ့နောက်မကြည့် တားဆီးမရ
လုပ်ချင်တာလုပ်ပြီး ဒုက္ခတွေရောက်မှ
ငိုတဲ့သူတွေရဲ့ မျက်ရည်ကို သုတ်မပေးချင်ဆုံးပဲ

🌿 မိုက်အုံးဟယ် ခေါင်းမာအုံးဟယ်
ဥာဏ်နည်းအုံးဟယ် ဆိုပြီး ထရိုက်ချင်စရာ
လူတွေမှ ကြုံရတာ အများကြီးပဲ
အသက် (၃၀ ~ ၅၀) တွေ ပိုများတယ်

🌿 ကိုယ့်နေရာက မည်သူမဆိုရဲ့ဒုက္ခကို
စာနာဖေးမ အဖြေရှာပေးရမယ့် ဇာတ်ရုပ်ဖြစ်နေလို့သာ
မိုက်လုံးကြီးသူတွေ ငိုတာကို စိတ်ရှည်ရှည်ထား
ထိုင်ကြည့်ပေးနေရတာ

🌿 ကိုယ့်ဆီ ရောက်လာချိန်ကျ သူတို့က
လုပ်ချင်တာတွေလုပ် ရှိတာတွေကုန်
ဘေးနားကလူတွေ ဖယ်ခွါလို့
ပျော့ဖတ် အားကုန် နေကြပြီမို့
ကိုယ်သာ ထပ်ဆူရင် ထပ်ငြူစူလိုက်ရင်
ဆော်တကူ ဆော်တကိုက် လုနီးနီးတွေဆိုတော့လေ

🌿 နောက်ဆုံးတော့ ဖြစ်စရာရှိတာတွေဟာ
ဖြစ်ကို ဖြစ်ရမှာမို့ ဖြစ်ခဲ့ကြတာပဲပေါ့လေ
တကယ်ကို အသိဥာဏ် အမှောင်ဖုံးလို့
ဒုက္ခများနေကြသူတွေ ဒု နဲ့ ဒေးနော်
ကိုယ်တစ်ယောက်ထဲ ကံဆိုးနေတယ်ထင်ပြီး
စိတ်ဓာတ်ကျ လမ်းပျောက် အားငယ်မနေနဲ့

🌿 ဗေဒင်မေးသူတစ်ဦးရဲ့ ရှိုက်ကြီးတငင်ငိုနေတဲ့
အသံဖိုင်တစ်ခု နားထောင်ရင်း လုပ်လက်စ ခဏရပ်
စိတ်အနားယူဖို့လိုသွားလို့ စိတ်ကို အာရုံပြောင်း
အနားယူနေရင်း တွေးမိတာလေးတွေပါ

ကဲ ဆက်လက် နားဆင် အဖြေရှာပေးလိုက်အုံးမယ်ရှင်

So Soul
♾️

✨ ကြုံတွေ့နေရသော အခက်အခဲများမှ လွတ်မြောက်တော့မည် နိမိတ်မင်္ဂလာ ✨So Soul♾️
22/08/2026

✨ ကြုံတွေ့နေရသော အခက်အခဲများမှ လွတ်မြောက်တော့မည် နိမိတ်မင်္ဂလာ ✨

So Soul
♾️

✨ ပိုင်ဆိုင်မှုများ တိုးပွါးလာလိမ့်မည် ✨💫 လိုချင်စိတ်ကို လျှော့လေလေ ရလာလေလေ 💫So Soul♾️
21/08/2026

✨ ပိုင်ဆိုင်မှုများ တိုးပွါးလာလိမ့်မည် ✨

💫 လိုချင်စိတ်ကို လျှော့လေလေ ရလာလေလေ 💫

So Soul
♾️

Address

Mandalay

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959421133132

Website

Alerts

Be the first to know and let us send you an email when Han Thi Zin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Han Thi Zin:

Shortcuts

Share