28/09/2026
"လည်ပင်းမှာ အကျိတ်တစ်ခု ပေါ်လာတာနဲ့ အစိုးရိမ်လွန် မသွားကြပါနဲ့နော်…"
💁♀️ များသောအားဖြင့်တော့ လူတော်တော်များများဟာ လည်ပင်းမှာ သိုင်းရွိုက်အကျိတ်ရှိတယ်လို့ သိလိုက်ရတဲ့အခါ မိမိကိုယ်ကို "ငါ သိုင်းရွိုက်ကင်ဆာ ဖြစ်နေပြီလား" ဆိုတဲ့ ထိတ်လန့်စိုးရိမ်မှုနဲ့အတူ အကြောက်တရားကို စတင်ရင်ဆိုင်ကြရပါတယ်။
👉 ဒါပေမဲ့ သိထားရမှာတစ်ခုက သိုင်းရွိုက်ရောဂါဟာ စောစီးစွာ သိရှိပြီး စနစ်တကျ ကုသမှုခံယူရင် အမြစ်ပြတ် သက်သာပျောက်ကင်းနိုင်ခြေ အမြင့်မားဆုံး ရောဂါတွေထဲက တစ်ခု ဖြစ်နေတာပါပဲ။
သိုင်းရွိုက်ရောဂါကို အဓိကအားဖြင့် အမျိုးအစား (၄) မျိုး ခွဲခြားနိုင်ပါတယ်။
၁။ Papillary Thyroid Cancer (ပက်ပီလာရီ သိုင်းရွိုက်ကင်ဆာ)
• အဖြစ်အများဆုံးအမျိုးအစား: သိုင်းရွိုက်ကင်ဆာဝေဒနာရှင် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းခန့် တွင် ဤအမျိုးအစား ဖြစ်ပွါးတတ်ပါတယ်။ ကင်ဆာဆဲလ် ကြီးထွားမှု အလွန်နှေးကွေးပြီး စောစီးစွာ သိရှိပါက လုံးဝပျောက်ကင်းအောင် ကုသနိုင်ခြေ အလွန်မြင့်မားပါတယ်။
၂။ Follicular Thyroid Cancer (ဖော်လီကူလာ သိုင်းရွိုက်ကင်ဆာ)
• ဒုတိယအဖြစ်အများဆုံး: သိုင်းရွိုက်ကင်ဆာများထဲတွင် ဒုတိယ အဖြစ်အများဆုံး အမျိုးအစား ဖြစ်ပါတယ်။ အထက်ပါ Papillary နှင့် Follicular အမျိုးအစား နှစ်ခုပေါင်းသည် သိုင်းရွိုက်ကင်ဆာအားလုံး၏ ၉၅ ရာခိုင်နှုန်းခန့် ရှိပြီး ကုသရ ပိုမိုလွယ်ကူသော အမျိုးအစားများ ဖြစ်ကြပါတယ်။
၃။ Medullary Thyroid Cancer (မက်ဒူလာရီ သိုင်းရွိုက်ကင်ဆာ)
• မျိုးရိုးလိုက်တတ်သောအမျိုးအစား: သိုင်းရွိုက်ကင်ဆာအားလုံး၏ ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းဝန်းကျင်တွင်သာ တွေ့ရတတ်သည့် ရှားပါးအမျိုးအစား ဖြစ်ပါတယ်။ ခန္ဓာကိုယ်၏ အခြားနေရာများရှိ အကျိတ်များနှင့် တွဲလျက်တွေ့ရတတ်ပြီး စောစီးစွာ ရှာဖွေကုသရန် မိသားစုဝင်များကိုပါ စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်တတ်ပါတယ်။
၄။ Anaplastic Thyroid Cancer (အနာပလတ်စတစ် သိုင်းရွိုက်ကင်ဆာ)
• အပြင်းထန်ဆုံးအမျိုးအစား: အလွန်ရှားပါးသော်လည်း အန္တရာယ်အရှိဆုံးနှင့် အပြင်းထန်ဆုံး အမျိုးအစား ဖြစ်ပါတယ်။ ကင်ဆာဆဲလ်များ ကြီးထွားမှု အလွန်မြန်ဆန်ပြီး အခြားခန္ဓာကိုယ် အစိတ်အပိုင်းများဆီသို့ လျင်မြန်စွာ ပြန့်နှံ့သွားတတ်သောကြောင့် ကုသရန် အလွန်ခက်ခဲတတ်ပါတယ်။
ဒါကြောင့် သင် သို့မဟုတ် သင့်နီးစပ်သူတစ်ဦးဦးမှာ လည်ပင်း၌ အလုံးအကျိတ်စမ်းမိခြင်း၊ အသံဝင်ခြင်း သို့မဟုတ် အစာမျိုရခက်ခဲခြင်း ကဲ့သို့သော လက္ခဏာများ ခံစားနေရပါက တိကျသေချာသော ရောဂါရှာဖွေမှု ခံယူနိုင်ရန်
အတွက် ”လင်းရောင်ဦးဆေးရုံ” တွင် နေ့စဉ်လာရောက်ပြသနိုင်ပါပြီ။ 🏥
ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”
“လင်းရောင်ဦးဆေးရုံ”
🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။
☎️- 09 949 241 001 ~ 3, 09 740 900 961